လုရန်ရဲ့ အမူအရာ အလွန်တင်းမာနေ၏။ လုရှန်း သူ့ကိုကြည့်ပြီး အနည်းငယ် စိတ်မသက်မသာ ခံစားရတယ်။
လုဂျန်နဲ့ လုရှင်းတို့ သူ့ကို ကြောက်ကြတာ အံ့သြစရာမဟုတ်တော့ဘူးပဲ။
“ညီမလေး ဒီတစ်ခေါက် လင်းဂျန်အိမ်တော်ဆီ ပစ္စည်းသယ်ဖို့ တာဝန်အပ်နှင်းထားလို့ သွားရတယ်။ ပြန်လာတော့ လက်ဆောင်တွေပြန်ရခဲ့တာ…”
လုရှန်း တစ်စိတ်တစ်ပိုင်းအဖြစ်မှန်ကို ဖန်တီးခဲ့တယ်။ “အစ်ကို့လက်ထဲက ပစ္စည်း၊ မြင်းလှည်းနဲ့ ဈေးဆိုင်တွေ၊ ခြံဝန်းတွေပဲ။”
“ဘာပစ္စည်း သွားပို့တာလဲ?”
လုရန် ယုံပုံ မပေါ်ပါ။
သူမက ပျော့ညံ့တဲ့ မိန်းကလေးတစ်ယောက်လေ။ ပစ္စည်းပို့ဆောင်တာကို ဘယ်သူက သူမကို တောင်းဆိုမှာလဲ? သူမက စောင့်ကြပ်လိုက်ဖို့တဲ့အဖွဲ့က လူလည်း မဟုတ်ဘူး။
“အစ်ကိုသိလား? သခင်လေး’ချု’က လုံးဝကို တရားသူကြီး’ချု’ ဖြစ်နေပြီ။ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ညီမလေး ကူညီခဲ့တယ်။”
“သခင်လေး’ချု’က တရားသူကြီးလို့ ပြောလိုက်တာလား?”
လုရန် အံ့သြသွားတယ်။
လုရန် ခရိုင်တရားသူကြီးကို လေးစားတာ အံ့သြစရာမရှိဘူး။ သူက ချုစစ်ဟန် ဖြစ်သည်လေ။
တစ်နည်းဆိုရရင် သူ့ညီမကို လက်ထပ်ချင်သော သူက ဒီလူပဲ။
ချုစစ်ဟန် လုရှန်းကို အရင်က မြင်ဖူးသည်။ ထိုယောကျာ်းက သူစိတ်ဝင်စားတဲ့အရာကို လာကြည့်သည့် အကြည့်နဲ့ တူနေခဲ့သည်လေ။
ဒါဆိုရင် ‘သယ်ယူပို့ဆောင်ပေးသည်’ ဆိုတာ ဆင်ခြေတစ်ခုပဲ ဖြစ်လောက်တယ်။ လုရှန်းကို သယ်ယူပို့ဆောင်ခြင်းမှာ လိုက်ခဲ့ဖို့ခေါ်တာဟာ ချုစစ်ဟန်ရဲ့ မူလရည်ရွယ်ချက် ဖြစ်နိုင်တယ်။
“သေချာပေါက် ညီမလေး တစ်စုံတစ်ယောက်အတွက် ကြီးမားတဲ့အရာကို လုပ်ပေးခဲ့လို့ တစ်စုံတစ်ယောက်က ခြံဝန်းနဲ့ ဆိုင်ကို ညီမလေးကို ပေးခဲ့တာ။”
ဆိုင်နဲ့ ခြံဝင်းကို ချုစစ်ဟန်က လက်ဆောင်ပေးတာ မဟုတ်ဘူးလား?
လုရန် မျက်မှောင်ကြုံ့သွား၏။ “ဘယ်သူလဲ?”
“သူမ အဝေးတစ်နေရာကို သွားပြီ။ အစ်ကို သူမကို မသိပေမဲ့ စိတ်မပူပါနဲ့။ အစ်ကို ညီလေးမှာ ပိုင်ဆိုင်မှု စာရွက်တွေရှိတယ်။ အမှားအယွင်း ရှိမှာမဟုတ်ဘူး။”
“ငါ့ကိုကြည့်ခွင့်ပေး။”
သူ့ညီမက စာမတတ်တာမို့ စာရွက်လေးတစ်ရွက်၊ နှစ်ရွက်ကတောင် မှားသွားနိုင်သည်။
လုရှန်းလည်း သတိမမူခဲ့ဘူး။ သူမလည်း တဖက်သို့ လှည့်ကာ အင်္ကျီလက်ထဲ စာရွက်စာတမ်းရှာဖို့ ဟန်ဆောင်တယ်။ အမှန်တော့ သူမရဲ့လက်စွပ်ကို သုံးဖို့ ဖုံးကွယ်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်။
လုရန် စာရွက်စာတမ်းကို လက်ခံရရှိပြီး အပေါ်မှအောက်ခြေအထိ ဖတ်ကြည့်သည်။ စာရွက်စာတမ်းသည် အစစ်အမှန်ဖြစ်ပြီး အစိုးရရဲ့ တရားဝင်တံဆိပ်ပါရှိနေတာကို တွေ့ရတော့ အံ့အားသင့်သွားတယ်။
ဒါ့အပြင် အိမ်နှင့် ဆိုင်က တောင်ပိုင်းမြို့မှာ။
“အင်း။ မင်း သူ့ကို ဘာကူညီပေးခဲ့တာလဲ?”
သူမ အလွန်ရက်ရောခဲ့တာဖြစ်သည်။ ဒါသေးငယ်သော မျက်နှာသာ ပေးခြင်းမျိုး မဟုတ်ဘူး။
“သူ့အသက်ကို ကယ်တင်ခဲ့တာလို့ ယူဆလို့ရတယ်။” လုရှန်း လေးလေးနက်နက် ရှင်းပြတယ်။ “သူတို့အိမ်ကို သူခိုးက လုယက်ပြီး သော့ခတ်ထားသေးတယ်။ ညီမလေး ဖြတ်သွားရင်းနဲ့ သူတို့ကို တွေ့လိုက်တယ်။ သူခိုးမရှိတာကိုမြင်တော့ သူတို့ကို ကယ်ခဲ့တာ။”
သူမ မရပ်မနား စကားပြောနေစဉ် လုရန် ကြည်လင်ပြတ်သားသော မျက်လုံးများက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏၊ သူမ လိမ်နေပုံ မပေါ်ဘူး။
“ဒါဆို တစ်နေ့နေ့ကျရင် ပိုင်ဆိုင်မှုကို ပြန်ယူမှာလား?”
ပိုင်ဆိုင်မှုပေါ် လုရှန်းရဲ့နာမည် ရေးမထားပါ။
“မဟုတ်ဘူး။ သူတို့ ဟောင်ရန်မြို့က ထွက်သွားပြီ။ ပြန်မလာတော့ဘူး။”
သူတို့ မရှိတော့ဘူးလေ။ ဘယ်လိုလုပ် ပြန်လာမှာလဲ?
လုရှန်း လုရန်ကို မပြောရဲပါ။
“ဒါဆို ကောင်းကောင်းထိန်းထားဖို့ မမေ့နဲ့နော်။”
လုရန် ပြောတဲ့စကားကိုကြားချိန်တွင် လုရန် သူမရဲ့စကား တစ်စိတ်တပိုင်းကို ယုံကြည်သွားတာ သိလိုက်တယ်။
လုရန် လုရှန်းဆီ ပိုင်ဆိုင်မှု စာချုပ်စာတမ်များကို ပြန်ပေးပြီး “ ဒီလို အန္တရာယ်ရှိတဲ့ အရာတွေကို နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ခွင့်မပြုဘူး။”
လုရှန်း ပြုံးပြီး “အဲဒီတုန်းက တရားသူကြီး’ချု’ ရှိခဲ့တာ ညီမလေး မကြောက်ပါဘူး။”
အစကတော့ လုရန်က လုရှန်းတို့နဲ့ အရှေ့မြို့မှာ ဈေးဝယ်ထွက်ချင်ခဲ့သည်။ သို့သော်လည်း သူမ အရာအားလုံးကို ရှင်းပြပြီးချိန် အတန်းချိန်နီးပြီ ဖြစ်သည်။
လုရှန်း သူ့အတန်းကို မနှောင့်ယှက်ချင်တာမို့ နောက်တစ်ကြိမ်မှ ထပ်လာမယ်လို့သာ ပြောခဲ့တယ်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် မုရန်နှင့် ယုရန်ကို စိုးရိမ်စိတ်ကြောင့် လာရောက်ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သို့သော် လုရန် ထိုနေရာတွင် တစ်ယောက်တည်း ရပ်နေပြီး မြင်းလှည်း ထွက်ခွာသွားတာကိုသာ မြင်ရတယ်။
“အစ်ကို’လု’၊ မင်း ညီမ ဘယ်မှာလဲ?”
မုရန် ရှေ့တိုးလာပြီး မေးတယ်။
လုရန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းရှင်းလင်းလင်း ပြောတယ်။ “ပြန်သွားပြီ။”
“သွားပြီ?”
မုရန် နောင်တရသွား၏။
လမ်းတစ်လျှောက်မှာ ဒီမိန်းကလေး ဘယ်လောက်လှပကြောင်း လူအများပြောသည်ကို ကြားခဲ့ရသည်။
သူမအလှကို သူကိုယ်တိုင်မြင်ချင်ပေမဲ့ နောက်ကျသွားလေပြီ။