“ခေါက်ဆွဲပဲ စားထားတာလား?”
လုရန်က လုရှန်းကို ကြည့်ပြီး “တခြား ဘာစားချင်သေးလဲ?”
လုရှန်း ခေါင်းညိတ်တယ်။ “ညီမလေး အရှေ့ပိုင်းကို ရောက်ဖူးတာပထမဆုံးပဲ။ ဘာကောင်းလဲတော့ မသိဘူး။”
“ဟုတ်ပြီ။”
လုရန် ခေါင်းညိတ်တယ်။ “ငါ့ကို ခဏစောင့်။ ပစ္စည်းတွေ ထုပ်ပိုးပြီးတာနဲ့ ပြန်လာခဲ့မယ်။”
ထို့နောက် သူ့ပစ္စည်းများကို သယ်ဆောင်ကာ ထွက်လာတယ်။
သူတို့သည် လူ ၈ ယောက်နေ အဆောင်ထဲ အတူနေထိုင်ကြသည်။ လူနှစ်ယောက်ကလွဲလို့ ကျန်သည့်လူများ မရှိကြပါ။
ဒီပုဂ္ဂလိကကျောင်းတွင် ကျောင်းသား ၃၀ ရှိသည်။
လူငယ်ပညာရှင် သွမ့်ကျန်း ပေါ်လာပြီးမှသာ ဒီလိုဖြစ်လာတာဖြစ်တယ်။ အရင်က လူတစ်ဒါဇင်လောက်သာ စုဆောင်းနိုင်ခဲ့သည်။
အခုတော့ ဒီအဆောင်မှာနေထိုင်သူ များပြားတယ်။ အချို့က ဆင်းရဲကြပြီး အချို့မှာ ချမ်းသာကြသည်။
ကျေးဇူးတင်စွာနဲ့ အားလုံးအဆင်ပြေကြသည်။
“အစ်ကို လု ပြန်လာပြီ။”
ယုရန် ပြုံးရင်း မတ်တပ်ထရပ်တယ်။
သူသည် ‘ယု’မိသားစုရဲ့ အကြီးဆုံးသား၊ ယုမင်ယွဲ့ရဲ့ အစ်ကိုလည်းဖြစ်ကာ နူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူ ဖြစ်သည်။
ကျန်တစ်ဦးက ‘တန်ရှန်’စားသောက်ဆိုင် ပိုင်ရှင်ရဲ့သား မုရန် ဖြစ်တယ်။ ပိုသွက်လက်သူလည်း ဖြစ်သည်။
လုရန် ပြန်လာတာကို ကြည့်ရင်း သူ့လက်ထဲက ပစ္စည်းတွေကို လုယူဖို့ ပြေးလာကြတယ်။
“မိန်းမလှလေးတစ်ယောက်က ညီအစ်ကို’လု’ ကိုလာရှာတယ် ကြားတယ်။ ဒါ အဲမိန်းကလေး ပေးတဲ့လက်ဆောင်တွေလား?”
လုရန် သူ့အပြုအမူကို ကျင့်သားနေရပြီ။ “ညီအစ်ကို’မု’ပြောတဲ့ အဲမိန်းကလေးက ငါ့ညီမလေးပါ။”
“ဒါဆို မင်းညီမပဲ!”
မုရန် ပြုံးပြီး ပါလာသည့် ပစ္စည်းများကို ဖြည်လိုက်တယ်။
“ဝိုး!”
သူ လုရန်ကို ထိတ်လန့်စွာကြည့်ကာ မတတ်နိုင်ပဲ ဝေဖန်တယ်။ “အို အစ်ကို’လု’၊ မင်းက ငါတို့ကို တော်တော်လှည့်စားခဲ့တာပဲ!”
ယုရန် သံသယစိတ်နဲ့ ကြည့်လိုက်မိတယ်။ အိတ်ထဲက ပစ္စည်းတွေကို မြင်တော့ လုရန်ကို ထိတ်လန့်စွာ ကြည့်တယ်။
ပိုက်ဆံစုဖို့အတွက် လုရန်ဟာ များသောအားဖြင့် အသားမစားဘူး။ အချိန်အများစု ခေါက်ဆွဲပေါင်းနဲ့ ဆားနယ်ထားသော အသီးအရွက်အချို့ပဲ စားလေ့ရှိသည်။ သူ့စုတ်တံ၌ အမွှေးများ မကျန်တော့ပေမဲ့ သူ စုတ်တံမပြောင်းသေးဘူး။
အခု ပိုးထည်အဝတ်အစား အနည်းငယ်ရှိရုံမက သူက ရာဂဏန်းတန်သော စုတ်တံ၊ မှင်နဲ့ မင်ပြားတို့ကိုလည်း အသုံးပြုနေသည်။
ယုရန် ပြုံးပြီး “ညီအစ်ကို’လု’၊ မင်းက တစ်ကမ္ဘာလုံးကို အံ့အားသင့်အောင် လုပ်လိုက်တာပဲ!”
ဒီအိပ်ဆောင်တွင် ယုရန်နဲ့ မုရန်ပဲ ဒီပစ္စည်းများကို အသုံးပြုဖို့ တတ်နိုင်သူတွေ ဖြစ်တယ်။
ကပ်စေးနည်း လုရန်က ဒီအရာများကို ဝယ်လိုစိတ်ရှိမယ်လို့ မမျှော်လင့်ထားပေ။
လုရန် မျက်မှောင်ကြုံ့သွားပြီး နှစ်ယောက်သားကို ရူပ်ထွေးစွာကြည့်နေ၏။
“မင်း ဘာအကြောင်းပြောနေတာလဲ?”
သူဘာလို့ နားမလည်တာလဲ?
“ဟန်ဆောင်နေတုန်းလား?” မုရန် အေးစက်စက်နှာခေါင်းရူံ့တယ်။ “ဒါက အကောင်းဆုံးစုတ်တံတွေထဲက တစ်ခုပဲ။ အနည်းဆုံး ငွေတုံး ၁၀၀ ကုန်ကျတယ်။ ဒါ့အပြင် ဒီမင်ကျောက် အနည်းဆုံး ၃၀၀ ပဲ။ ဒီမင်က ငွေ ဒါဇင်လောက် ကုန်တယ်။ ညီအစ်ကို’လု’ မင်း အရမ်းရက်ရောပါလား။”
လုရန် မျက်မှောင်ကြုံ့သွား၏။ “နောက်နေတာ မဟုတ်တာ သေချာလား?”
လုရှန်း သူ့အတွက် ဒီလောက်ဈေးကြီးတဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ပိုက်ဆံအများကြီး ဘယ်ကရခဲ့တာလဲ?
“နောက်နေတယ်? ဘယ်လို ဟာသမျိုးလဲ?”
မုရန် သူ့ကို အံ့အားသင့်စွာ ကြည့်တယ်။ “ဒီပစ္စည်းတွေရဲ့ စျေးနှုန်းကို မင်းတကယ် မသိဘူးလား?”
ယုရန်လည်း လုရန်ကို အံ့သြစွာ ကြည့်၏။ လုရန် မျက်မှောင်ကြုံ့နေတာမြင်တော့ လုရန် တကယ်မသိကြောင်း သိလိုက်တယ်။
“ညီအစ်ကို’လု’၊ ဒီပစ္စည်းတွေကို ဘယ်သူပေးတာလဲ။?” ယုရန် သေသေချာချာ စုံစမ်းတယ်။
“ဒီအဝတ်အစားတွေက ပိုးသားနဲ့ လုပ်ထားတာ။ အထည်ဆိုင်တစ်ဆိုင်မှာ ဝယ်ရင် အနည်းဆုံး ငွေတုံး ၁၀၀ လောက် တန်ဖိုးရှိတယ်။”
မုရန် အင်္ကျီတစ်ထည်ကို ကောက်ကိုင်လိုက်ပြီး လုရန်ကို ပြောတယ်။
“ငါ အပြင်ခဏသွားဉီးမယ်…”
လုရန်က မုရန်ရဲ့ ခေါ်သံကို လျစ်လျူရှုပြီး သူ့ပစ္စည်းတွေနဲ့ အိပ်ဆောင်က ထွက်လာခဲ့တယ်။
လုရှန်း၊ လုဂျန်နဲ့ လုရှင်းတို့ တံခါးအပြင်ဘက်မှာ စောင့်နေကြ၏။ လုရန် သူ့ပစ္စည်းများနဲ့အတူ လျှောက်လာသည်ကိုကြည့်ရင်း သူတို့ မတတ်နိုင်ပဲ သက်ပြင်းချမိတယ်။
သူတို့အစ်ကိုက ဒီပစ္စည်းတွေကိုမြင်ပြီး ဈေးနှုန်းကို မှန်းဆမိသွားပုံရတယ်။
လုံးဝကို လုရန် သူမကို ချက်ချင်းဆွဲခေါ် ပြီး အေးစက်စက်မေးတယ်။ “ဒီပစ္စည်းတွေကို မင်းဘယ်ကရခဲ့တာလဲ? နောက်ပြီး မင်းဘာလို့ လင်းဂျန်အိမ်တော်ကို ရောက်သွားတာလဲ?”
ဟောင်ရန်မြို့ကို မကြာခဏ မရောက်ဖူးသော မိန်းမပျိုလေးက အကြောင်းပြချက်မရှိဘဲ လင်းဂျန်အိမ်တော်ကို ဘာလို့ရောက်သွားခဲ့တာလဲ? အဖိုးတန်ပစ္စည်းတွေ အများကြီး ပြန်ယူလာသေးတယ်။