ဟောင်ရန်မြို့အပြင်ဘက် ဆယ်မိုင်ကျော်လောက်တွင် ကြာပန်းတွေနဲ့ပြည့်နေသော ရေကန်တစ်ခုရှိ၏။
ဒီရာသီတွင် ကြာပန်းတွေက အရမ်းအိုဟောင်းနေတာ စိတ်မကောင်းစရာပဲ။ ငယ်ငယ်တုန်းကလို အရသာမရှိဘူး။
လုရှန်း မြင်းလှည်းနဲ့ ရေကန်ဘေးကို ဖြတ်လာခဲ့သည်။ မြင်းလှည်းထဲ လုဂျန်နဲ့ လုရှင်းရယ် ရွာထဲက လူကြီးနှစ်ယောက်ရယ် ပါလာ၏။
မြင်းလှည်းကို မြို့လယ်ခေါင်၌ ရပ်တန့်ပြီး ခြင်းတောင်းများထမ်းကာ လူကြီးနှစ်ယောက်ဆင်းသွားကြသည်။
“ကျေးဇူးတင်ပါတယ်။ လုရှန်း အဖွားတို့ဒီကိုရောက်နေပြီဆိုတော့ သမီးလုပ်သင့်တာကိုလုပ်ပါ။”
“အဖွားတို့နှစ်ယောက် ဘယ်တော့ ရွာကို ပြန်လာမှာလဲ?” လုရှန်း မေးလိုက်သည်။
သူတို့နှစ်ယောက်လုံးက လျိုယွဲ့ရွာမှာ ချစ်စရာကောင်းတဲ့ လူကြီးများဖြစ်ကြသည်။ အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သော်လည်း အလုပ်ကြိုးစားနေဆဲ။
“ဒါတွေကိုရောင်းပြီးရင်…” အဖွားက ပြုံးပြီး “သမီး အဖွားတို့အတွက် စိတ်ပူစရာ မလိုဘူး။ မြို့ပြင်မှာ နွားလှည်းတွေ အများကြီးပဲ။”
အဘွားစုန့် ပြုံးပြီး ခေါင်းညိတ်တယ်။ “ဟုတ်တယ်။”
လုရှန်း ခေါင်းညိတ်လိုက်တယ်။ “စောစောပြန်လာရင် လာခေါ်ပေးပါ့မယ်။”
“ကောင်းပြီ။”
အဖွားနှစ်ယောက်လုံး ပြုံးပြီး ခေါင်းညိတ်တယ်။
လုရှန်းက တင်းကုပ်တွင် လှည်းကို ထားကာ ထွက်လာခဲ့တယ်။
လုရန်ရဲ့ ကျောင်းက တောင်ပိုင်းမြို့နဲ့ အတော်အလှမ်းဝေးပြီး အရှေ့မြို့မှာ ဖြစ်သည်။ ဒီနေရာကို သွားလာဖို့ အနည်းဆုံး တစ်နာရီခန့် ကြာ၏။
ထို့ကြောင့် လုရှန်း ကလေးနှစ်ယောက်ကို နံနက်စာစားဖို့ အရှေ့မြို့ကို ဦးစွာခေါ်လာခဲ့တယ်။
မူလက ရွာမှာ ကိုယ်ပိုင်ကျောင်းရှိသည်။ ဒါပေမယ့် ဆရာက မြို့ကို ပြောင်းသွားတော့ ရွာက ကျောင်းသားတွေ အားလုံး နောက်ကလိုက်သွားခဲ့ကြသည်။
နေရာက ကြီးကြီးမားမားမဟုတ်ပေမဲ့ တိတ်ဆိတ်ငြိမ်သက်ပြီး ကျောင်းသားတွေ အေးအေးဆေးဆေး စာကျက်ဖို့ သင့်တော်တယ်။
ရွာထက် ပတ်ဝန်းကျင် ပိုကောင်းသည်။
တံခါးစောင့်မှာ ဆရာ့ဇနီးဖြစ်ပြီး ‘ဟောင်’ လို့ခေါ်သည်။ သူမက ရိုးရိုးသားသား လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်တယ်။
လုရန် ဒီနေရာမှာ ရှိနေတာကို ကြားချိန်တွင် လုရှန်း စဉ်းစားမနေပဲ ကလေးတွေကိုပါ ခေါ်လာခဲ့တယ်။
ကျောင်းသားများ ကျောင်းတက်ပြီးချိန်တွင် စားသောက်ဖို့ အပြင်ထွက်နိုင်သလို၊ စာဖတ်ဖို့ အိမ်နောက်ဖေးတွင် နေထိုင်နိုင်သည်။
အမျိုးသမီး’ဟောင်’သည် အနောက်ဘက်ခြံဝန်းထဲ မသွားခင် လုရှန်းတို့ကို ထိုင်ခိုင်း၏။
ခဏကြာတော့ လုရန် ရောက်လာသည်။
လုရန် နီရဲတက်နေ၏။ နှစ်လအတွင်း ဖြူစင်သောအသားအရည်ဖြစ်လာမယ်လို့ မမျှော်လင့်ထားပေ။
သူသည် အစတည်းကချောမော၏။ သူ့ဖြူစင်သော အသားအရည်နဲ့ ပညာရှင်ရဲ့ ဝတ်စားဆင်ယင်မှုတို့က သူ့ကိုခံ့ညားစေတယ်။
“အစ်ကိုကြီး” လုရှန်း ပြုံးပြီး နှုတ်ဆက်တယ်။
လုဂျန်နဲ့ လုရှင်းတို့ လုရန်ကို ‘အစ်ကိုကြီး’ ဟု ညင်သာစွာခေါ်ကြတယ်။
“မင်း ဘာလို့ ဒီကိုရောက်နေတာလဲ?”
လုရန်ရဲ့ မျက်နှာပေါ် အပြုံးတစ်ခုပေါ်လာ၏။
“ပစ္စည်းတွေယူပြီး အစ်ကိုကြီးဆီ လာလည်တာ။”
လုရှန်း ပြောနေရင်း သူမလက်ထဲက အိတ်ကို လွှဲပေး၏။ “ဒါတွေက အစ်ကိုကြီးအတွက် ချုပ်ထားတဲ့ အဝတ်အစားတွေ။ ဒါလည်း ရှိတယ်။ ဒါက လင်းဂျန်အိမ်တော်က ယူလာတဲ့ စုတ်တံ၊ မှင်နဲ့ မင်ခံ။”
ချုစစ်ဟန်က စုတ်တံ၊ မှင်နှင့် မင်ပြားကို ရွေးချယ်ဝယ်ပေးခဲ့သည်။ ဒီသုံးမျိုးက ငွေတုံး ၅၀၀ တန်ကြေးရှိသည်။
ဒီပစ္စည်းတွေကို မြင်တိုင်း သူမရဲ့နှလုံးသား ကိုက်ခဲနေ၏။ ကျေးဇူးတင်ဖို့ကောင်းတာက သူမရဲ့ပိုက်ဆံနဲ့ ဝယ်တာမဟုတ်ဘူး။ မဟုတ်ရင် လုရန်ကို ပေးဖို့တတ်နိုင်မှာ မဟုတ်ပါ။
“ငါ့မှာ ဒီပစ္စည်းတွေ အကုန်ရှိတယ်။ နောက်ဒီလိုကိစ္စတွေအတွက် ငွေမဖြုန်းနဲ့။”
အိတ်ထဲတွင် အရာအားလုံးကို ဖုံးကွယ်ထားတာမို့ လုရန် စကားအနည်းပဲရေရွတ်၏။
“စားပြီးပြီလား?” လုရန် လုဂျန်နဲ့ လုရှင်းကိုကြည့်ပြီး တိုးတိုးလေးမေး၏။
လုဂျန် ခေါင်းညိတ်တယ်။ “ဟုတ်၊ ဒုတိယအစ်မက အသားနဲ့ ခေါက်ဆွဲစားဖို့ ခေါ်လာတာ။”
လုရှင်း လုရှန်းရဲ့ အနောက်မှာ ပုန်းနေ၏။ သူမ ခေါင်းငုံ့ကာ ငြိမ်နေတယ်။
လုရှန်း ဒါကိုမြင်တော့ မတက်နိုင်ပဲ သက်ပြင်းချမိသည်။
ကလေးနှစ်ယောက်က လုရန်ကို ကြောက်နေပုံရတယ်။ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်အရ လုရန် အရင်က သူတို့ကို ရိုက်နှက် မ ဆုံးမ ခဲ့ပါ။
သူတို့အပေါ်ထားတဲ့ သူ့ရဲ့သဘောထားက… အရင်က အရမ်းတင်းခဲ့သည်လေ။