အသီးသီးလာတော့ လုဂျန်နဲ့ လုရှင်းတို့က ပျော်ရွှင်နေရုံမက လျန်ပင်နဲ့ အဒေါ်ယုတို့တောင် ဥယျာဉ်ကို ရံဖန်ရံခါ မကြည့်ဘဲ မနေနိုင်ကြဘူး။
ပထမဦးစွာ သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ အရာဝတ္ထုကို ရှာတွေ့ခဲ့သည်။ နောက်တစ်ချက်ကတော့ ထိုအရာများ ပျိုးပင်တွေဖြစ်ကတည်းက သူတို့ ဥယျာဉ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်။ ဒီအပင်တွေ သူတို့ ဘယ်လိုပုံသဏ္ဍာန်လဲဆိုတာ နေ့တိုင်းလာကြည့်ကြတယ်။
“အာလူး သွားတူးရအောင်။”
လုရှန်း သူတို့မောင်နှမလက်ကို ဆုပ်ကိုင်လိုက်ပြီး အပြင်ထွက်လာကြတယ်။
အရင်တုန်းက လုဒဟွားလုပ်ခဲ့တဲ့ ဝါးခြင်းတောင်းနဲ့ ပေါက်ပြားကိုယူပြီး အာလူးတွေကို စတင်ပြီးတူးကြသည်။
“အားဂျန်၊ ဟင်းရွက်တောင်းတစ်လုံးကို သွားယူ၊ ပြီးရင် အနီရောင် ခရမ်းချဉ်သီးတွေကို ခူးလိုက်ဉီး။”
ခူးပြီးရင် အဒေါ်ယုနဲ့ လီကျန်း(ရွာသူကြီး)တို့ဆီ တစ်ချို့ကို ပို့ပေးမည်။
သူမ တစ်မနက်လုံး အာလူးတူးနေခဲ့သည်။ စုစုပေါင်း ဝါးတောင် ၃ လုံးစာ ရခဲ့သည်။ ခရမ်းချဉ်သီးတွေမှာ အနီနဲ့ အစိမ်းတချို့ တွေတောင်ပါသည်။
လုရှန်း အာလူးတွေကို နေရာလွတ်လက်ကောက်ထဲထည့်ပြီး အနာဂတ်တွင် မျိုးစေ့များ ဖြစ်လာစေဖို့ သိမ်းဆည်းလိုက်သည်။ သူမက ‘လျန်’မိသားစုနဲ့ ‘လီ’မိသားစုအတွက် အခြားတောင်းနှစ်တင်းကိုလည်း သိမ်းဆည်းခဲ့တယ်။
“လုရှန်း၊ ဒါဘာတွေလဲ?”
အမျိုးသမီးဖန် ခရမ်းချဉ်သီးနဲ့ အာလူးများကို စပ်စုသောအမူအရာဖြင့် ကြည့်၏။
လုရှန်းက “ဒါက အာလူးပဲ။ ဒါတွေကို တိုက်ရိုက်ချက်ပြုတ်နိုင်တယ်။ ဒါမှမဟုတ် ဝက်နံရိုးစွပ်ပြုတ် လုပ်ဖို့ ဒါမှမဟုတ် ကြော်ဖို့အတွက် ပါးပါးလှီးပြီးသုံးနိုင်တယ်။ ဒါကို ခရမ်းချဉ်သီးလို့ခေါ်တယ်။ ခရမ်းချဉ်သီးကို ဟင်းပွဲတွေမှာ သုံးနိုင်သလို သစ်သီးအဖြစ်လည်း စားသုံးလို့ရတယ်။”
“ဒီပစ္စည်းတွေကို မင်းဘယ်ကရခဲ့တာလဲ? ငါ့ တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူး။”
“အရင်တုန်းကတော့ ဒီမျိုးစေ့တွေကို မြို့က ထူးဆန်းတဲ့လူတစ်ယောက်ဆီက ဝယ်ခဲ့တာ။ စားလို့ရတယ်လို့ ပြောတယ်။ အဲဒါတွေကို ဝယ်ပြီး စမ်းသုံးကြည့်ဖို့ တွေးမိတာ။ ဒီမျိုးစေ့တွေ ကြီးထွားမယ်လို့ မထင်ထားဘူး။”
လုရန်ရဲ့ အခန်းထဲက မှတ်စုတွေကို မြင်ဖူးသည်။ ရွမ်ယွဲ့တိုင်းပြည်သည် သင်္ဘောတည်ဆောက်ရေးကျွမ်းကျင်မှုတွင် အံ့မခန်းဖြစ်ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှု တိုးမြင့်လာခဲ့သည်။ အဲဒါကြောင့် နိုင်ငံခြားသားတွေ မကြာခဏ လာတတ်ကြသည်။
အမျိုးသမီးဖန် ခေါင်းညိတ်တယ်။ “အနောက်တိုင်းကလူတွေမှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိပါလား?”
ထောင်ဂျသည် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ခရီးများစွာထွက်သူဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးဖန်နဲ့ လီကျန်း(ရွာသူကြီး)တို့က ရှားပါးပစ္စည်းများစွာတွေ့ဖူးကြသည်။
လုရှန်း မပြန်ခင်အချိန်ထိ အမျိုးသမီးဖန်နဲ့ လုရှန်း ခဏကြာ စကားပြောခဲ့တယ်။
အရင်က အဒေါ်ယု ခရမ်းချဉ်သီးစားဖူးပေမဲ့ အာလူးတော့ မစားဖူးဘူး။ လုရှန်း သယ်လာတာမြင်တော့ သူတို့ ချက်ဖို့ မစောင့်နိုင်တော့။
အာလူးတွင် ကစီဓာတ်များစွာ ပါရှိသည်။ အရသာရှိပေမဲ့ နည်းနည်းစီးကပ်၏။
လုရှန်း ပြုံးပြီး အာလူးကြော်သုပ်လုပ်ရန် ပြောလိုက်တယ်။
အမျိုးသမီးချန်သည် ချက်ပြုတ်နေချိန်တွင် ငရုတ်သီးများကို ယူဖို့ရောက်လာတတ်သည်။ တဖြေးဖြေးနဲ့ ‘လျန်’မိသားစု အစပ်အရသာကို ကျင့်သားရလာခဲ့ကြသည်။
လုရှန်းသည် ညစာစားဖို့ ရေကန်ထဲက ကျောက်ပုဇွန်နှင့် ကဏန်းအချို့ကို ဖမ်းပြီး ကဏန်းအစပ်နှင့် ပုစွန်ပေါင်းများကို ပြုလုပ်ခဲ့တယ်။
မြစ်ကဏန်းတွေက အရမ်းဆူ၏။ အဝါရောင် ပွင့်ဖူးနေကြပြီဖြစ်သည်။ လုဂျန်နဲ့ လုရှင်းတို့ မနက်ဖြန်လည်းထပ်စားချင်တယ်လို့ပြောရင်း လက်ချောင်းများကို လျက်ကာ စားသောက်နေကြတယ်။
“ဒီနေ့ စောစောအိပ်လိုက်ဉီး … မနက်ဖြန် မနက်ကျရင် မြို့ထဲလိုက်ပို့မယ်။”
လုရှန်း ကလေးနှစ်ယောက်ကို ရေချိုးပေးပြီး အပြုံးလေးနဲ့ ညွှန်ကြား၏။
သူမ လုရန်ကို တစ်ခုခု ပို့ပေးချင်သည်။
ကလေးနှစ်ယောက် မြို့တက်မယ်ဆိုတာ ကြားချိန်တွင် ဝမ်းသာသွားကြသည်။
သူတို့မြို့ကို နောက်ဆုံးအကြိမ်သွားခဲ့သည်မှာ လွန်ခဲ့တဲ့နှစ်လက ထောင်သွားလည်ဖို့ဆိုတာ မှတ်မိတယ်။
မကြာသေးမီက ရွာထဲ ဘယ်သူမှ အမျိုးသမီးလျိုနဲ့ လုဒဟွားအကြောင်း မပြောတော့ဘူး။ လုဂျန်နဲ့ လုရှင်းတို့ကို မြင်ချိန်တွင် ကလေးများက အမျိုးသမီးလျိုဟာ လူသတ်သမားဖြစ်တယ်ဆိုတာ မပြောကြတော့ပေ။
ဟုတ်တယ်၊ သီးသန့်ဆွေးနွေးမှုတွေ ရှိသေးသည်။ သို့သော် လုရှန်းက စိတ်မရှိဘူး။
ကလေးနှစ်ယောက်ရှေ့ လာမပြောသရွေ့ အဆင်ပြေတယ်။
“ဒုတိယအစ်မ ငါတို့အိမ်မှာ သရဲတစ္ဆေတွေရှိတယ်လို့ ကောင်းရန်ဆီက ကြားတယ်။ ငါတို့အိမ်မှာ သရဲတစ္ဆေတွေ တကယ်ရှိလား?”
“မရှိဘူး။”
လုရှန်း ပြုံးရင်း “ရှိရင်တောင် ဒုတိယအစ်မ ဒီမှာရှိတယ်။ အစ်မက သရဲတစ္ဆေတွေကို ဖမ်းနိုင်တယ်။”
လုရှင်း တခစ်ခစ်ရယ်ပြီး စိတ်ချယုံကြည်စွာ ခေါင်းညိတ်လိုက်တော့သည်။
“အဆင်ပြေမှာပါ။ စောစောအိပ်ပြီး စောစောထကြ။”
လုရှန်း သူတို့နှစ်ယောက်လုံးကို စောင်နဲ့အုပ်ပြီး ဆီမီးခွက်ကိုမှုတ်ကာ သူမရဲ့အခန်းထဲသို့ ပြန်လာခဲ့သည်။