“အားချွင်က ဒီလိုဟာတွေ ဘယ်လိုလုပ်မှာလဲ?”
အမျိုးသမီးကျန်းက “သူ ဖြတ်သွားတုန်း တခြားသူတွေက ခိုးဖို့လုပ်နေတာတွေ့လို့ ဖြစ်မှာပါ။ ဒါ့ကြောင့် တားဖို့ ရောက်လာတာနေမှာ။”
ဒီပြစ်မှုကို ဝန်ခံလို့မရဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ ဘာမှ မဆုံးရှုံးဘူး။ ဆိုလိုတာက လုချွင်ဟာ မေ့ဆေးအထုတ်နဲ့ ရောက်လာသူဆိုတာ လုရှန်းမှာ သက်သေမရှိဘူး။
“မင်းအိမ်က ဟိုဘက်ကမ်းမှာ။ ညသန်းခေါင်ကြီး သူက ဒီကို ဖြတ်သွားမလား။ ငါတို့ကို ရူးနေတာလို့ ထင်နေသလား?”
လီကျန်း(ရွာသူကြီး) အေးစက်စက်မေးခွန်းထုတ်၏။
လုတာ့မင်သည် ရှင်းပြဖို့ လုချွင်ကို အလျင်အမြန်နိုးတယ်။
“အဖေ၊ သူတို့အိမ်မှာ သရဲတွေရှိတယ်။ သရဲရှိတယ်လို့ သူတို့ လုရှန်းရဲ့အနောက်မှာ ရှိနေတယ်။ ကျွန်တော့်ကို ကြည့်နေတယ်။ အား… သူတို့ လွင့်နေတယ်။ အဖေ ကယ်ပါဦး!”
အသက် ၁၈ နှစ်၊ လုချွင် အလွန်တုန်လှုပ်နေပြီး အဖေဖြစ်သူကို ပွေ့ဖက်ကာ ငိုကြွေးတော့သည်။
လုတာ့မင်နဲ့ ကျန်တဲ့သူတွေက လုရှန်းရဲ့ အနောက်ကို သံသယရှိစွာ ကြည့်နေပေမဲ့လည်း ဘာမှမမြင်ရပေ။
တစ်စုံတစ်ယောက်က ပျက်ရယ်ပြုတယ်။ “ဟက်! တစ်ယောက်ယောက် အဖမ်းခံရမှာစိုးပြီး မသိဟန်ဆောင်နေတာ။”
လုရှန်း အေးစက်သော မျက်နှာနဲ့ သတိပေးတယ်။ “ဒီလိုထပ်ဖြစ်ရင် သူ့ခြေထောက်တွေကို ချိုးပြီး ရုံးတော် ပို့ပစ်မယ်။”
အမျိုးသမီးကျန်း ခြောက်ကပ်ကပ်ရယ်မောရင်း လုတာ့မင်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။
သူတို့နောက်ကွယ်မှာ ပုန်းအောင်းဖို့ကြိုးစားနေတဲ့ လုချွင်ကို နှစ်ယောက်သား အမြန်ဆွဲထုတ်ကြသည်။
လူတချို့ သံသယ ဝင်လာကြ၏။
စောစောက လုချွင်ရဲ့ တုံ့ပြန်မှုက အတုအယောင်တွေ မဟုတ်ဘူး။ ဒါ့အပြင် လုရှန်းပျောက်သွားပြီး ပြန်လာချိန်ကစလို့ ‘လု’မိသားစုက သရဲတစ္ဆေများနဲ့ ရင်ဆိုင်ခဲ့ရတယ်။
‘လု’မိသားစုမှာ မသန့်ရှင်းတာတစ်ခုခု ရှိနေသလား?
အမျိုးသမီးလျို ဘုန်းကြီးတစ်ပါး ဖိတ်ဖူးပြီး လုဒဟွားက စုန်းမ တစ်ယောက်ကို ဖိတ်ဖူးတာ လူတိုင်း မှတ်မိတယ်။
အကြောင်းပြချက်မရှိဘဲ ထုံးတမ်းစဉ်လာလုပ်ဖို့ ဘာကြောင့်ဖိတ်တာလဲ? သူတို့ မသန့်ရှင်းသောအရာကို မြင်ဖူးကြလိမ့်မည်။
ဒါကို တွေးကြည့်ရင်း လူတိုင်းရဲ့ ကျောရိုးတွေ အေးစက်သွားသလို ခံစားလိုက်ရပြီး ကမန်းကတန်း နှုတ်ဆက်ကြတယ်။
အားလုံးရဲ့တုံ့ပြန်မှုကိုကြည့်ရင်း လုရှန်းက ဘာမှပြန်မပြောဘဲ ယဉ်ကျေးသိမ်မွေ့စွာ ပြန်လွှတ်ခဲ့သည်။
“စိတ်မပူပါနဲ့။ အနာဂတ်မှာ သူတို့ ထပ်မလာတော့ဘူး။ သတ္တိရှိလို့ ထပ်လာရဲရင် သူတို့ကိုရွာပြင်ထုတ်ပစ်မယ်။ ရွာထဲက မောင်းထုတ်မယ်။”
လီကျန်း(ရွာသူကြီး) မပြန်ခင် လုရှန်းကို နှစ်သိမ့်စကားပြောခဲ့တယ်။
လျန်ပင်နဲ့ အမျိုးသမီးချန်းတို့ကို ပြန်ပို့ပြီးနောက် လုရှန်း အပြုံးလေးနဲ့ လှည့်ထွက်လာခဲ့သည်။
အနက်ရောင်ပုံရိပ်အချို့ သူမရဲ့ ချီးမွှမ်းမှုကို စောင့်နေကြပြီး နာခံစွာ တန်းစီနေကြ၏။
“အခုကစပြီး ညသန်းခေါင်အချိန်တိုင်း မင်းတို့ကိုလွှတ်ပေးမယ်။ တစ်စုံတစ်ယောက် နံရံကျော်တက်ဖို့လုပ်ရင် သူတို့ကိုခြောက်လှန့်ပစ်လိုက်။ သူတို့ရဲ့ ခြေထောက်တွေ ကျိုးသွားရင် ပိုကောင်းတယ်။ နားလည်လား?”
အနက်ရောင်ပုံရိပ်တွေ မသိမသာ ခေါင်းညိတ်ပြ၏။
လုရှန်း ကျေနပ်စွာပြုံးတယ်။ သူမ သမ်းဝေရင်း အခန်းထဲ ပြန်ဝင်သွားတော့သည်။
တစ်လအကြာ။
ထိုညတည်းက လျန်မိသားစု၊ လီကျန်း(ရွာသူကြီး)နဲ့ အမျိုးသမီးဖန်ကလွဲလို့ ‘လု’မိသားစုထဲ ဘယ်သူမှခြေချခြင်း မရှိတော့။
လုရှန်းသည် လုရန်၊ လုဂျန်နဲ့ လုရှင်းအတွက် အဝတ်အစားအချို့ ချုပ်လုပ်ခဲ့သည်။
သူမရဲ့ နေရာလွတ်လက်ကောက်ထဲတွင် အပ်ချုပ်စက်တစ်လုံးရှိတယ်။ သူမ ဆရာက တောင်ပေါ်မှာနေတဲ့ သူမအတွက် ဝယ်ပေးခဲ့တာဖြစ်သည်။
အရင် သူမငယ်ငယ်တုန်းက ဆရာ သူမအတွက် အဝတ်အစားချုပ်ပေးခဲ့သည်။ သူမအရွယ်ရောက်တော့ ဆရာ့ဆီက အပ်ချုပ်နည်း သင်ယူခဲ့သည်။
သူမ အပ်ချုပ်စက်မသုံးဖြစ်တိုင်း နေရာလွတ်လက်ကောက်ထဲ ထည့်ထားလေ့ရှိတယ်။ သူမ ဒီမှာမရှိတဲ့အရာများကို ပေါ့ပေါ့တန်တန် မထုတ်ဖော်ရဲ။
“ဒုတိယအစ်မ နီနေပြီ!”
လုရှင်း ခရမ်းချဉ်သီးတစ်လုံးကို ခူးပြီး အထဲသို့ အမောတကော ဝင်လာ၏။
လုရှန်းက အဝတ်တွေကို ခေါက်ပြီး နောက်ပြန်လှည့် ကြည့်လိုက်သည်။ သူမ ခေါင်းညိတ်ပြပြီး ပြုံးတယ်။
“ရှင်းရှင်း နီရင် စားလို့ရတယ်။”
“ဒုတိယအစ်မ အာလူးတွေလည်း သီးတယ်။ အခု အာလူးတစ်လုံးတွေ့ပြီး တူးလိုက်တယ်။ အပင်တစ်ပင်မှာ အာလူးငါးလုံးရှိတယ်။”
လုဂျန် အာလူးအနည်းငယ်ကို ထမ်းကာ ပြေးလာ၏။ သူ့တစ်ကိုယ်လုံး ဖုန်တွေ ဖုံးလွှမ်းနေပေမယ့် သူ့မျက်နှာမှာ ကြည်နူးတဲ့ အပြုံးတွေနဲ့ ပြည့်နှက်နေသည်။