ဒီနေ့ည လရောင်မဲ့၏။ တိမ်တွေကြားထဲ ကြယ်အနည်းငယ်ကိုသာ မြင်ရတယ်။
လူတိုင်း အိပ်ပျော်နေပြီး ရံဖန်ရံခါ ဟောက်သံများကို ကြားရတယ်။
“အိုး… ငါ့လက်!”
ပြုတ်ကျသွားတဲ့တစ်ယောက်က သူတို့ထဲတစ်ယောက်ရဲ့လက်မောင်းပေါ်ကို ဖိမိသွား၏။ ထိုသူက မတတ်နိုင်ပဲ တီးတိုးပြောတယ်။
“သရဲ! နံရံပေါ်မှာ သရဲရှိတယ်!”
ပြန်ထပြီးနောက် သန်မာတဲ့လူက သူရဲ့ခြေကျင်းဝတ်ကို ဂရုမစိုက်နိုင်ဘဲ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
“ဘာသရဲလဲ? တစ္ဆေဘယ်မှာလဲ? ရှုပ်နေတာ ရပ်ကြစမ်း…”
လုချွင် ယုံကြည်ဖို့ ငြင်းဆန်ပြီး ဆက်တက်၏။ သို့သော်မကြာခင် လျိုယွဲ့ရွာက လူတိုင်း သူ့အော်သံကိုကြားလိုက်ရတော့သည်။
သစ်သားလှေကား အောက်ခြေတွင် လူများ ဘေးနား၌ ပုန်းနေကြသည်။ လုချွင်ရဲ့အောက်တွင် လူသား ကူရှင် မရှိခဲ့။ သူ ပါးစပ်အဟောင်းသားဖြင့် နံရံကိုသာ စိုက်ကြည့်နေခဲ့တယ်။
အနီးအနားက အိမ်များအားလုံး မီးလင်းလာကြသည်။ လျန်ပင်နဲ့ အမျိုးသမီးချန်းတို့ မီးခွက်ကိုင်ပြီး ထွက်လာကြတယ်။ တစ်ခုခုမှားယွင်းနေသည်ကိုကြည့်ရင်း ထိုယောကျာ်းများ မထနိုင်သည့် လုချွင်ကို ထားခဲ့ပြီးထွက်ပြေးသွားကြ၏။
“လုချွင် မင်း ဘာလို့ဒီကိုရောက်နေတာလဲ?”
လျန်ပင်သည် လုချွင်ကို ကြည့်လိုက်ပြီးတော့ နံရံပေါ်က သစ်သားလှေကားကို ကြည့်လိုက်သည်။ သူ့အမူအရာမထိန်းနိုင်ပဲ အေးစက်သွား၏။
အနီးနားရှိ အဒေါ်တစ်ယောက်က “သူစိမ်းတချို့ ထွက်သွားတာကို တွေ့လိုက်တယ်။ လုချွင်က လုရှန်းရဲ့ ပစ္စည်းတွေကို ခိုးဖို့ ကြိုးစားနေတာများလား?”
“သရဲ… သရဲ…!”
လုချွင် လှုပ်ရှားနိုင်ချိန်တွင် ရုတ်တရက် ထကာ ထွက်ပြေးလိုစိတ်နဲ့ အော်ဟစ်၏။ သို့သော်လည်း လျန်ပင် ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
လုရှန်းလည်း တံခါးဖွင့်ပြီး ထွက်လာ၏။ အပြင်က လူအုပ်ကိုတွေ့ချိန်တွင် အံ့သြဟန်ဆောင်ပြီး “ဘာဖြစ်နေတာလဲ? အပြင်မှာ အော်နေတာ ဘယ်သူလဲ?”
“လုရှန်း အချိန်ကိုက်ရောက်လာတာပဲ။” လျန်ပင်သည် ကြောက်လန့်နေတဲ့ လုချွင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ဒေါသတကြီး “သူက လူတချို့နဲ့ သစ်သားလှေကားတစ်ခု ယူလာပြီး မင်းအိမ်က ဘာတွေခိုးချင်သလဲဆိုတာ သိချင်မိတယ်။”
လုရှန်း အထင်သေးသည့်အကြည့်ဖြင့် လုချွင်ကိုကြည့်၏။ လုချွင်ကတော့ သရဲရှိတယ်လို့ အော်ဟစ်နေသည်။
လုရှန်း မျက်မှောင်ကြုံ့သွား၏။
မနက်တုန်းက ရိုက်နှက်ထားတာ မလုံလောက်သေးလို့လား? ညလယ်ခေါင်မှာ နံရံပေါ် ဘယ်လိုတောင်တက်ရဲတာလဲ?
“ဒါဘာလဲ?”
အမျိုးသမီးချန် ထောင့်တစ်နေရာသို့ ကျသွားတဲ့ အရာတစ်ခုကို ကောက်ယူလိုက်သည်။
လုရှန်း ယူလိုက်ပြီး နှာခေါင်းနားကပ်ကြည့်တယ်။
“မေ့ဆေးတွေ။”
“မေ့ဆေး?”
လူတိုင်း တုန်လှုပ်သွားကြတယ်။
“လုချွင် နင်ဘာပြောစရာရှိသေးလဲ?”
အလျင်အမြန်ပြေးလာတဲ့ လီကျန်း(ရွာသူကြီး) ဒီစကားကိုကြားချိန်တွင် ဒေါသအရမ်းထွက်ပြီး လုချွင်ကို ကန်ထုတ်လုနီးပါး ဖြစ်နေတော့သည်။
“ငါ… ငါ…”
လုချွင် သတိပြန်ကပ်ပြီး လုရှန်းကို တခါလှည့်ပြန်ကြည့်တယ်။
သို့သော် မီးခွက်ကိုင်ဆောင်လာတဲ့ လုရှန်းရဲ့အနောက်တွင် အနက်ရောင်အရိပ် ရပ်နေတာကို မြင်လိုက်ရသည်။ သူ့မျက်လုံးများ လိမ့်သွားပြီး မေ့လဲသွားတော့သည်။
လုရှန်းက သူ့ကို မျက်နှာမပြဘဲ စိုက်ကြည့်ကာ လူအုပ်ကို “ငါ့ဝမ်းကွဲက ညလယ်မှာ လူတိုင်းရဲ့ လှပတဲ့အိပ်မက်တွေကို အနှောင့်အယှက်ပေးမိတယ်။ တောင်းပန်ပါတယ်…”
သက်ကြီးရွယ်အိုတစ်ယောက်က တဆတ်ဆတ်တုန်ယင်နေသည့် လက်ကို ခါးပေါ်တင်ပြီး “လုချွင်က လူယုတ်မာ! ငါတို့အားလုံးက ဆွေမျိုးတွေပါ။ ညလယ်ခေါင်မှာ ခိုးဖို့ လူတွေပါခေါ်လာတာ။ သူ့ကိုရုံးတော် ပို့သင့်တယ်။”
အမျိုးသမီးကျန်းနဲ့ လုတာ့မင်တို့ သူတို့သားရဲ့နာမည်ကြားချိန်တွင် သူတို့အမူအရာ သိသိသာသာပြောင်းလဲသွားတော့သည်။
“မင်းတို့ အချိန်ကိုက်ရောက်လာတာပဲ။”
လီကျန်း(ရွာသူကြီး)က “လုရှန်းရဲ့ ဝမ်းကွဲဖြစ်တဲ့ လုချွင်က လူမရှိချိန် ‘လု’မိသားစုဆီက ပစ္စည်းခိုးယူဖို့ အပြင်လူတွေပါ ခေါ်လာတယ်။” လီကျန်း(ရွာသူကြီး)က အေးစက်စက်ဆိုတယ်။ “သူက မေ့ဆေးပါ ယူလာတာ။ တခြား ဘာပြောစရာရှိသေးလဲ?”
လုတာ့မင်တို့ ကြောက်လန့်သွားကြ၏။ အရင်အဖြစ်အပျက်အပြီးမှာ လုရှန်းကို အရင်ကလို အနိုင်ကျင့်ဖို့ မလွယ်ကူကြောင်း သူတို့ သိရှိခဲ့ကြသည်။
သားဖြစ်သူကိုလည်း အကြိမ်ပေါင်းများစွာ သတိပေးခဲ့ဖူးတယ်။ သားဖြစ်သူက သူတို့စကားနားမထောင်ပဲ လုရှန်းဆီက ပစ္စည်းတွေကိုခိုးဖို့ လူတွေကိုပါ ခေါ်လာမယ်လို့ သူတို့ မမျှော်လင့်ထားမိပေ။