“ဒါက အရသာကောင်းတယ်လို့ အားလုံး တကယ်ထင်တာလား?”
လုရှန်း မသေချာမရေရာ မေးလိုက်သည်။
အရင်က သူမ အသားကို မြည်းစမ်းဖူးသည်။ တကယ်ကို အရသာရှိတယ်။ သို့သော် လူတိုင်းအကြိုက် အရသာကို ဖြည့်ဆည်းဖို့ ခက်ခဲသည်။ သူမ ကျေနပ်တဲ့ အရာကို တခြားသူတွေလည်း ကျေနပ်လိမ့်မယ်လို့ မဆိုလိုဘူး။
“ကောင်းပြီ!”
လျန်ပင်က “ပျော့ပေမယ့် မပျော့ဘူး၊ အဆီမပြန်ဘူး။ ဒီလိုအရသာရှိတဲ့ ဝက်ခေါက်သားကို စားဖူးတာ ဒါပထမဆုံးပဲ။”
လျန်ပင်သည် ၂ နှစ်လောက် စာသင်ဖူးသည်။ သူသေချာမပြောတက်ပေမဲ့ သူ့စကားတွေက ပညာရှင်ဆန်၏။
အဒေါ်ယုနဲ့ အမျိုးသမီးချန်းလည်း သဘောတူ၏။ သူတို့ ဒီဟင်းပွဲကို အရမ်းကြိုက်တယ်လို့ ပြောလို့တောင်ရတယ်။
“အဲဒါ ကောင်းတယ်!”
လုရှန်း သက်ပြင်းချလိုက်တော့သည်။
သူမ စားသောက်ဆိုင် ၁ ဆိုင် ဖွင့်ချင်သည်။
သူမ လုပ်တဲ့အစားအစာက လူတိုင်းအကြိုက်မဟုတ်ရင် ဆိုင်တံခါးကို အနှေးနှင့်အမြန်ဆိုသလို ပိတ်ရပေလိမ့်မည်။
——
ဒီည ရာသီဥတုသည် ပုံမှန်ထက် ပိုအေး၏။
လုရှန်း စောင်အထူကြီး ခြုံထားပေမဲ့လည်း အေးစက်နေဆဲ။
ကလေးနှစ်ယောက် အအေးမိမှာစိုးလို့ ညနက်သန်းခေါင် သူတို့ဆီ သွားကြည့်သေးသည်။ စောင်ထူထူကြီးအောက် ကလေးနှစ်ယောက် ကောင်းကောင်းအိပ်ပျော်နေတာကို မြင်မှ ပြန်ထွက်လာသည်။
သူမရဲ့ အခန်းထဲ ဝင်ခါနီး နံရံအပြင်ဘက်မှ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရ၏။
သူမ အနီးကပ်နားထောင်ကြည့်တော့ လူအချို့ အသံခပ်နိမ့်နိမ့်ပြောနေမှန်း သိလိုက်တယ်။ ဒါ့အပြင် ထိုလူများသည် ယောကျာ်းများဖြစ်ကြ၏။
ဒီအချိန်ကြီး သူမနံရံအပြင်မှာ ဘာတွေလုပ်နေကြတာလဲ?
လုရှန်း မျက်မှောင်ကြုတ်ကာ အေးစက်စက်ရယ်မောတယ်။
သူမ ဂါထာစာရွက်တစ်ရွက်ကို ထုတ်ပြီး ဆုတ်ဖြဲလိုက်တော့ အနက်ရောင်တိမ်များ ပေါ်ထွက်လာသည်။
ပတ်ဝန်းကျင် အပူချိန် ရုတ်တရက် ကျဆင်းသွား၏။
“တံတိုင်းကို သွားစောင့်ရှောက်။ ဝင်လာဖို့ သတ္တိရှိရင် ကိုယ်ထင်ပြလိုက်။ သူတို့ သေမတက်ကြောက်သွားအောင်ခြောက်လိုက်။”
အနက်ရောင် တိမ်တိုက်များက စိတ်လှုပ်ရှားစွာ သဘောတူပြီး နံရံကို ကာကွယ်ဖို့ မျောလွင့်သွားကြတယ်။
အပြင်ဘက်တွင် လုချွင်နဲ့ လူတစ်ဦးက သစ်သားလှေခါးကိုထမ်းပြီး လုရှန်းရဲ့ အိမ်နံရံပေါ်တက်နေ၏။
သူတို့အနောက် လူအနည်းငယ် လိုက်ပါလာကြတယ်။
“မင်းရဲ့ ခြေလှမ်းတွေကို သတိထား။ ဘေးနားကလူတွေ သတိမထားမိစေနဲ့။”
လုရှန်းက ‘လျန်’မိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာ လူတိုင်းသိတယ်။
ဒါ့အပြင် လီကျန်း(ရွာသူကြီး)က လုရှန်းကို အကာအကွယ်ပေးထားသည်။ လုရှန်းရဲ့ပစ္စည်းတွေကိုခိုးယူဖို့ အပြင်လူတွေနဲ့ ပူးပေါင်းတာ လျန်ပင်နဲ့ လီကျန်း(ရွာသူကြီး)တို့သိသွားရင် ဖြစ်လာမဲ့အကျိုးဆက်ကိုခံစားရမှာ ကျိန်းသေသည်။
လုချွင် တခြားသူတွေဆီ ခေါင်းလှည့်ပြီး အသံတိုးတိုးနဲ့ ညွှန်ကြားတယ်။ “ငါတို့ဝင်ပြီးရင် မင်းတို့ထဲက တစ်ယောက်က အမွှေးတိုင်ထွန်း။ တစ်ယောက်က မြင်းကို သွားယူ။ ဒီနေ့ မြင်းကိုတွေ့တယ်။ ဈေးမပေါတာသေချာတယ်။ မြင်းဈေးမှာ မြင်းဝယ်ဖို့အနည်းဆုံး ငွေတုံး ၁၀၀ လောက်ကုန်တာ။ ငါက အလိပ်တွေ သွားခိုးမယ်။”
လူတော်လူကောင်းတစ်ဦးသာ ထိုပိုးထည်တွေကို ဝတ်ဆင်နိုင်သည်လို့ ဆိုနိုင်သည်။ လုရန်ဝတ်ရင် အလဟသ ဖြစ်သွားလိမ့်မယ်။ အရက်ဝယ်ဖို့ ပိုက်ဆံနည်းနည်းနဲ့ လဲလှယ်ရောင်းချလို့လည်းရတယ်။
နောက်ကောက်ကျနေသော အမှုန်အမွှားများကို ကိုင်ဆောင်ထားသော နည်းနည်းသန်မာတဲ့လူက သစ်သားလှေခါးပေါ် စိတ်မရှည်စွာ တက်နေ၏။ လုရှန်း အလွန်လှပတယ်လို့ လုချွင်ဆီက ကြားသိထားတယ်။ ထို့ကြောင့် သူတို့အတွေးက ပိုက်ဆံခိုးယူရုံလောက်နဲ့ မရိုးရှင်းဘူး။
လုချွင်က လုရှန်းကို ဆောင်ကြာမြိုင်တစ်ခုတွင် ရောင်းလိုတယ်လို့ပြောခဲ့သည်။ သို့သော် လုရှန်းရဲ့ အလှက လုချွင် ပြောတဲ့အတိုင်း အံ့မခန်းဖြစ်နေရင်… ဆောင်ကြာမြိုင်ကို ရောင်းလိုက်ရင် စျေးကောင်းကောင်း ရမှာမဟုတ်လောက်ဘူးလို့ သူ ခံစားမိတယ်။
သူတို့ သူမကို ‘ပျော်ရွှင်မည့် ရနံ့‘ ဆီကို ပို့သင့်တယ်။ ‘ပျော်ရွှင်မည့် ရနံ့‘ ဆိုတာက ဟောင်ရန်မြို့ရဲ့ အကြီးဆုံး ဆောင်ကြာမြိုင်။
သို့သော် သူ နံရံပေါ်တက်နေချိန် အနက်ရောင် အသွင်ပေါ်လာ၏။
အနက်ရောင်ပုံသဏ္ဍာန်သည် လူသားတစ်ဦးနဲ့တူ၏။ နှာခေါင်းနဲ့ မျက်လုံးများပါရှိတာကို မသိမသာ မြင်ရတယ်။
‘ဂျစ်… ဂျစ်…’
ထိုမျက်နှာပေါ် အံ့သြစရာကောင်းတဲ့ အပြုံးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။ သန်မာတဲ့လူရဲ့ ဦးရေပြားက ထုံကျင်လာပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“မင်းဘာလုပ်နေလဲ? မြန်မြန်လုပ်!”
အောက်ခြေမှ လူများ အော်ပြော၏။
သန်မာတဲ့လူက သူ့ရှေ့မှ အနက်ရောင်ပုံရိပ်ကို စိုက်ကြည့်နေရင်း တုန်လှုပ်နေသည်။
“သရဲ!”
အလွန်ကြောက်လန့်ပြီး ခြေမခိုင်ပဲ သစ်သားလှေခါးပေါ်မှ ပြုတ်ကျလာ၏။
အောက်ကလူတွေက ထိုလူ ပြုတ်ကျသွားလိမ့်မယ်လို့ မထင်ထားတာကြောင့် အချိန်မှီမရှောင်လိုက်နိုင်ခဲ့ပဲ ထိုလူရဲ့ ခေါင်းအုံးဖြစ်သွားတော့သည်။