“မင်း ဘာလိုချင်လို့လဲ?”
သူ နောက်ပြန်ဆုတ်ကာ လုရှန်းကို ကြောက်လန့်တကြား စိုက်ကြည့်၏။
“မှတ်ထား။ ငါကလွဲပြီး တခြားသူဆီမှာ နင် ငွေကြေးအကူအညီရနိုင်တယ်။”
သူမ ထိုလူကို ငုံ့ကြည့်ပြီး ဆိုတယ်။
လုချွင်ရဲ့ မျက်နှာက ဖြူဖျော့သွားတော့သွားသည်။
“အား!”
လုရှန်းရဲ့ စကားသံထွက်လာချိန်တွင် လုချွင် အထိတ်တလန့် ချက်ချင်းဆိုသလို တံခါးဆီပြေးသွား၏။
သူသည် ကိုယ်အလေးချိန် ၁၅၀ ကီလိုဂရမ်ကျော်ရှိတဲ့ ကြွက်သားတောင့်တင်းသူတစ်ဦးဖြစ်သည်။
သို့သော် တစ်ချက်တည်းနဲ့ ပျံတက်သွားခဲ့သည်။ ဒီခွန်အားဟာ သာမန်မိန်းမတစ်ယောက်နဲ့ သက်ဆိုင်လို့လား?
လုရှန်းဟာ အသေးအမွှားဆက်ဆံရမယ့်လူ မဟုတ်ဘူးဆိုတာ အတိတ်မှာ သူဘာကြောင့်မသိခဲ့တာလဲ?
“လုရှန်း မင်း စောင့်နေ!”
သူ ‘လု’မိသားစုတံခါးကို စိုက်ကြည့်ကာ အေးစက်စက်အော်ပြောလိုက်သည်။
လုရှန်း သူ တစ်ယောက်တည်းကို အနိုင်ယူနိုင်ပေမယ့် လူတစ်စုက သူမကို အနိုင်မယူနိုင်ဘူးလို့ သူ မယုံဘူး။
သူမရဲ့ အလှတရားကြောင့် သူမကို ပြည့်တန်ဆာခန်းမထဲ ပို့လိုက်မယ်ဆိုရင် ငွေတုံး ၁၀၀ တန်ကြေးရှိမှာ သေချာတယ်။
လုရှန်း လုချွင် ဘာတွေးနေမှန်း မသိပါ။ သေချာပေါက် သူမ သိရင်တောင် ဂရုမစိုက်ပေ။
သူမရဲ့ အရင်ဘဝတုန်းက သူမနဲ့ နီးစပ်သူတွေဟာ သူမ ဒေါသကြီးပြီး ဒေါသကြီးလျှင် သခင်တောင် သူမရဲ့ ဒေါသကို မထိန်းနိုင်မှန်း သိကြသည်။
သူမအတွက်တော့ ဒီနေ့ လုချွင်ရဲ့ လုပ်ရပ်များက “အသေးအဖွဲ စကားများ” သာဖြစ်တယ်။ သူ့အပြစ်က သေဒဏ်နဲ့ မထိုက်တန်တဲ့အတွက် သူမ သူ့ကို ထပ်မနှောက်ယှက်ချင်ပါ။
သို့သော် သူမ တကယ်ဒေါသထွက်ရင် သေခြင်းထက်ဆိုးသော ကံကြမ္မာကို မြည်းစမ်းရလိမ့်မည်။
လူသတ်မှုနှင့် မီးရှို့မှု ကျူးလွန်ခြင်းက လူတစ်ယောက်ရဲ့ သက်တမ်းကို လျော့ကျစေတယ်လို့ သူမရဲ့ဆရာ တစ်ချိန်က ပြောခဲ့ဖူးတယ်။ သို့သော် အသတ်ခံရသူက ဗီလိန်ဖြစ်နေရင်တော့ ကွဲပြားတဲ့ ဇာတ်လမ်းဖြစ်လိမ့်မယ်။
ဒုစရိုက်အပြစ်ပေးခြင်းသည် ဖြောင့်မတ်သောအကျင့်ဖြစ်သည်။ ငရဲဘုရင်တောင်မှ သူ့အကြောင်းသိရင် သူ့ကို ချီးကျူးမှာမဟုတ်။
“အားဂျန် ဒီပစ္စည်းတွေကို အခန်းထဲပြန်ယူသွားဉီး။”
လုရှန်းသည် အခန်းထဲသို့ လှမ်းအော်လိုက်ချိန်တွင် လုဂျန် တံခါးဖွင့်လာ၏။ ပစ္စည်းများကို အခန်းထဲသို့ ပြန်မသယ်မီ သဘောကျသော အမူအရာဖြင့် လုရှန်းကို ချီးမွမ်းတယ်။
လုရှန်း ဒေါင်ပိုအသား၊ ကြာပန်း၊ ဝက်နံရိုးစွပ်ပြုတ်၊ ကြက်သားပြုတ်၊ ခရမ်းသီးအခွံခွာကြော်၊ အသီးအရွက် မွှေကြော်စတာတွေ ပြင်ဆင်တယ်။
ချက်ပြုတ် ပြီးချိန်တွင် နေဝင်နေပြီ။
သူမ လုဂျန်ကို ငွေပြားများပေးကာ အနီးနားရှိ မိသားစုထံက ဝိုင် ဝယ်ဖို့ ပြောတယ်။
သူမက ဘေးအိမ်ကိုသွားပြီး ညစာစားဖို့ ‘လျန်’မိသားစုကိုခေါ်ခဲ့၏။ လုရှင်းကိုလည်း အိမ်ပြန်ခေါ်လာခဲ့သည်။
အဒေါ်ယုသည် လျန်ယွမ်နဲ့ လုရှင်းကို တောင်ခြေက အသီးအရွက်များ သွားခူးဖို့ခေါ်သွားခဲ့သည်။ သူတို့ အခုမှ ပြန်လာတာမို့ လုရှန်းပြန်လာတာကို သူတို့ မသိကြဘူး။
လုရှန်း သူတို့ကိုလာခေါ်တာ မြင်ချိန်မှ လုရှန်းပြန်ရောက်ပြီဆိုတာ သူတို့သိလိုက်ရ၏။
“မင်းပြန်ရောက်တာနဲ့ အလုပ်ရူပ်နေတော့တာပဲ ဘယ်လောက် ပင်ပန်းနေသလဲ မသိဘူးလား?”
သူမရဲ့ မျက်လုံးအောက် စိမ်းညှို့ရောင်မျက်ဝန်းများကိုကြည့်ရင်း အဒေါ်ယုရဲ့ နှလုံးသား နာကျင်လာ၏။
လုရှန်း ပြုံးပြီး ခေါင်းခါယမ်းတယ်။ “ကျွန်မ မပင်ပန်းပါဘူး။ အဒေါ့်ကို ခက်ခဲစေမိပြီ။ အားဂျန်နဲ့ အားရှင်းတို့ကို ကူညီစောင့်ရှောက်ပေးရုံမဟုတ်ဘဲ ဥယျာဉ်ကိုပါ စောင့်ရှောက်ပေးထားသေးတယ်။”
အမျိုးသမီး’ချန်’က “ဒီအလုပ်က ဘယ်လောက်ထိ ကြီးမှာလဲ။ မင်းရဲ့ အစ်ကိုလျန် လုပ်နိုင်ပါတယ်။”
လျန်ပင် ခေါင်းညိတ်တယ်။ “မင်းရဲ့ ယောင်းမ ပြောတာမှန်တယ်။ ရေရှိနေတာပဲ။ ငါကိုယ်တိုင်သယ်စရာမလိုဘူး။ ငါ ဘယ်လောက်ပင်ပန်းနိုင်မှာလဲ?”
ကောက်နှံများကို ရိတ်သိမ်းပြီး စပါးကျီထဲ ထည့်သည်။ ‘လျန်’မိသားစုရဲ့ ခြံဝင်း မကျယ်သဖြင့် စပါးများကို နေရောင်အောက်တွင် ပို့ထားရသည်။
လျန်ပင်နဲ့ အမျိုးသမီးချန် ပြန်ရောက်နေပြီ?
လုရှန်း သူတို့ကိုလာခေါ်ချိန် သူတို့လင်မယားနှစ်ယောက် စတင်ချက်ပြုတ်ဖို့ ပြင်ဆင်နေကြ၏။
“အသားကို ဘယ်လိုလုပ်တာလဲ။ တော်တော်စားကောင်းတယ်။” အဒေါ်ယု အိုးထဲမှ ဒေါင်ပိုအသားကို ကြည့်ရင်း မေးတယ်။
အသားကို အရောင်တောက်တောက်ဖြင့် စတုရန်းပုံသဏ္ဍာန်ဖြစ်အောင် လှီးဖြတ်တယ်။ အစိတ်အပိုင်းတိုင်းသည် အနီရောင်တောက်တောက်ဖြစ်ပြီး၊ တချက်ကြည့်ရုံနဲ့ ပြင်းပြသော အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတယ်။
“ဒါကို ဒေါင်ပိုအသားလို့ ခေါ်တယ်။ အဒေါ် ချက်ချင်ရင် နောက်နေ့ ဟင်းချက်နည်းကို သင်ပေးမယ်လေ။”
လုရှန်း အသားတုံးကို ကလေးတွေဆီ ထည့်ပေးတယ်။
“အစ်ကိုလျန်နဲ့ ယောင်းမတို့လည်း မြည်းကြည့်။”
လျန်ပင်နဲ့ အမျိုးသမီးချန်တို့ ကြားတော့ တစ်ခုစီယူကြတယ်။
မြည်းစမ်းကြည့်ပြီးနောက် အရသာရှိတယ်လို့ သူတို့ချက်ချင်းတွေးမိလိုက်သည်။ အဆီများသော အသားကို မကြိုက်သော ကလေးသုံးယောက်တောင်မှ အနည်းငယ် ပိုစားကြ၏။