ကောင်းကင်ယံမှ ကျယ်လောင်သော အသံကြားရပြီးနောက် ပါရမီရှင်တွေ၏ စိတ်နှလုံးများ တုန်လှုပ်သွားပြီး မရေမတွက်နိုင်သော အကြည့်များက မြင့်မြတ်သော ကလန်ခြောက်ခုမှ စကားပြောလိုက်သည့် အကြီးအကဲ တစ်ယောက်ထံသို့ ရောက်ရှိသွားသည်။
မရေမတွက်နိုင်တဲ့ လူများ၏ စောင့်ကြည့်မှု အောက်တွင် အလင်းလုံးမှ ထွက်ပေါ်လာသော အရှိန်အဝါများက သိသိသာသာပင် လျော့နည်းလာပြီး ထိုထဲတွင် ပုံရိပ်တစ်ခု ပါဝင်နေသည်။ သက်လက်ပိုင်း လူကြီးတစ်ယောက်က သူ့ပါးစပ်တွင် ဆေးတံတစ်ခုကို ကိုက်ခဲထားပြီး လေပေါ်တွင် တည်ငြိမ်စွာ ထိုင်လျက်ရှိသည်။
မူလ စဦး ချီစွမ်းအားတွေက သူ့အနီးတွင် မုန်တိုင်း တစ်ခုကဲ့သို့ပင် ရုတ်ရင်း ကြမ်းတမ်းစွာ လည်ပတ်နေကာ ကြည့်ရသည်မှာ သူ့အနီး ပတ်ပတ်ရှိရှိ ကမ္ဘာကြီးမှာ တုန်လှုပ် နေသည်ဟုပင် ထင်ရသည်။
ဇူယွမ်၏ အကြည့်က ထိုပုံရိပ်ပေါ်ကို ရောက်သွားသည်။ ဒီအကြီးအကဲရဲ့ ပုံသဏ္ဌာန်က မနေ့ကသူထံမှ ဝိုင်တောင်း သောက်ခဲ့သော အကြီးအကဲနှင့် ဆင်တူသည်။
သူသည် ခြေဗလာနှင့် လူကြီးကို ကြည့်ပြီး တမန်တော် ခြောက်ယောက်ထဲမှ တစ်ယောက်မည်သို့ ဖြစ်နေမှန်း စဉ်းစား၍ မရချေ။
ဇူယွမ် အနားယူနေသော ကျောက်ပြား အနီးမှာရှိသည့် မြင့်မြတ်သော ကလန်က တမန်တော် ကျောင်းဖန်၏ မျက်နှာက မည်းမှောင်သွားပြီး ထိုသက်လတ်ပိုင်း လူကြီးအား ကြည့်၍မေးလိုက်သည်။
“အို။ မူဝူကျိက ဘာများ သင်ကြား ပေးစရာရှိလို့လဲ”
သက်လတ်ပိုင်းလူကြီးက အစိမ်းရောင် မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး တောက်ပစွာပြုံးလျက် ပြန်ပြောခဲ့သည်။
“ငါက သင်ကြားဖို့ကို စိတ်မဝင်စားဘူး။ ငါမင်းကို ပြောချင်တာက ဒီနေရာမှာ မင်းသဘော မင်းစိတ်ဆန္ဒနဲ့ ဘယ်သူ့ကို မှထုတ်ပယ်နိုင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲကကလေးတွေက အနာဂါတ်မှာ အခြား ကလန်ငါးခုရဲ့ ပါရမီရှင်တွေဖြစ်လာနိုင်လို့ပဲ”
ကျောင်းဖန်၏ အမူအရာက လွန်စွာ နက်မှောင်သွားသည်။ သူ့တွင် ပြန်လည်ချေပစရာ စကား မရှိတော့ပေ။ ထို့အချိန်တွင် အခြား သံတမန် လေးယောက်တို့က ဝင်ရောက် ဖြန်ဖြေပေးကြသည်။
“မင်းတို့ နှစ်ယောက်လုံး မင်းတို့ရဲ့ စကားလုံးတွေကို ခဏနားထားလိုက်။ အခု ငါတို့ ခြောက်ယောက်လုံး စုပေါင်းပြီးတော့ ဒီမြူထုကြီးကို ချိုးဖြတ်ဖို့ လိုအပ်တယ်။ ငါတို့ တစ်ယောက်ယောက် မပါဝင်တာနဲ့ ဒီကိစ္စကြီးက လွဲချော်မှုတွေ ဖြစ်သွားလိမ့်မယ်။”
အဆုံးမှာတော့ ကျောင်းဖန်က အေးစက်စက် နှာခေါင်းရှုံလိုက်ပြီး။ ဇူယွမ် နားနေသော နေရာကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။ ပြီးနောက် ဝူဟောင်ကို စိတ်မကျေမနပ် ဖြစ်စွာဖြင့် ကြည့်လိုက်သည်။ ဝူဟောင်အနေဖြင့် ဇူယွမ်ကို တစ်ချက်တည်းနှင့် အသေမသတ်နိုင်ခဲ့သည့် အတွက် အခုလို ပြသာနာတက်ရခြင်း ဖြစ်သည်။
ဝူဟောင်ကတော့ ထိုအကြည့်ကို သတိထားမိဟန်မရပဲ ဇူယွမ်ကိုသာ မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေသည်။ သူ၏ တိုက်ခိုက်မှုကို ကာကွယ် နိုင်လိုက်ခြင်းက သူ့ကို အမှန်ပင် အံ့အား သင့်စေသည်။
ဇူယွမ်က သူ၏ သွေးထွက် နေသောလက်ကို ခါလိုက်သည်။ ဝူဟောင်၏ အစောပိုင်း တိုက်ခိုက်မှုက သူ့အား အမှန်တကယ်ပင် နာကျင်စေသည်။ ဇူယွမ်ထံတွင် အဆင့်သုံး မှော်စာလုံး အစီအရင် အကာအကွယ်သာ မရှိခဲ့ဘူးဆိုလျှင် သူ၏ အဆုံးသတ်က ပြင်းထန်စွာ ဒဏ်ရာရခြင်းနှင့် သေခြင်းတရားပင် ဖြစ်သည်။
ယခု ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် သူစိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေသော်လည်း ၀ူဟောင်၏ စွမ်းအားက သူ့ကို အမှန်တကယ်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။ ဇူယွမ်၏ မျက်နှာက လှုပ်ရှားခြင်းမရှိပဲ တည်ငြိမ်လျက် ဝူဟောင်ကို စိုက်ကြည့်နေသည်။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာ သတ်ဖြတ် ချင်စိတ်တွေက အပြည့်အဝ ပါဝင်လျက်ရှိသည်။ ဇူယွမ်က ရုတ်တရက် ရယ်မော လိုက်ပြီးနောက် သူ့မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။
ဝူဟောင်၏ အမူအရာမှာတော့ ဇူယွမ်နှင့်မတူညီပဲ ရှိနေသည်။ သူ၏ အမူအရာမှာ ရှင်းလင်းစွာပင် တစ်စုံတစ်ခုကို ကြောက်ရွံနေဟန်ပေါ်သည်။ သူရရှိထားသော အရာတွေ အားလုံး ပျောက်ကွယ်သွားမှ ကြောက်နေသည်။
သူတကယ် ကြောက်ရွံနေခဲ့သော အရာက ဇူယွမ်က သူ့ထံမှ အရာအားလုံးကို ပြန်ယူသွားမှာကိုပင် ဖြစ်သည်။
ဇူယွမ်က ထန်ထန်ဘက်ကို လှည့်ကြည့်လိုက်သည်။ ထန်ထန်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သေးငယ်သွားသော်လည်း ဝူဟောင်ကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကြည့်နေဆဲပင် ဖြစ်သည်။ ဘေးမှာရှိသော ယောင်ယောင်က တိတ်ဆိတ် နေရာမှ ပြောလိုက်သည်။
“သူတော်စင် အကြွင်းအကျန် နယ်မြေရောက်ရင် ငါသူ့ကို သင်ခန်းစာ အနည်းငယ် ပေးလိုက်မယ်။ ဒါပေမဲ့ စိတ်မပူနဲ့ ငါသူ့ကို သေအောင် မသတ်ဘူး”
ဇူယွမ်က ရုတ်တရက် အံ့သြသွားပြီး ယောင်ယောင်ဆီသို့ လှည့်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဝူဟောင်၏ လုပ်ရပ်က သူမကို အမှန်တကယ်ကို ဒေါသ ထွက်စေပုံရသည်။
ဇူယွမ်က ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။
“ဖြည်းဖြည်းသာသာပဲ လုပ်ပါ”
တခြားတစ်ဖက်မှာတော့ ကျိုးချူချင်ယုက သူမ၏ အနီရောင် သန်းနေသော ပါးနှစ်ဖက်ကို ဆွဲဆိတ်ကြည့်နေပြီး ယောင်ယောင်ကို မယုံကြည်နိုင်စရာ ကောင်းလှသည့် ပုံစံဖြင့် စူးစိုက် ကြည့်ရှုနေသည်။ ထိုစကားလုံးများက လုံးဝကို အပေါ်စီး မဆန်နေလွန်းဘူးလား။
လေထုက ပြန်လည် တည်ငြိမ်သွားပြီး စောင်ကြည့်နေသော ရှောင်တျန်းရွမ်နှင့် ဂူလင်းတို့က ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ကြသည်။ ဝူဟောင်၏ အင်အား ပြည့်ဝသော တိုက်ခိုက်မှု အောက်မှာ ဇူယွမ် အသက်ရှင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။
“ဒီကလေးမှာ အရည်အချင်းအနည်း ငယ်ရှိသေးတာပဲ”
ရှောင်ထျန်းရွမ်က တည်ငြိမ်စွာပင် တီးတိုး မှတ်ချက်ချလိုက်သည်။ ဂူလင်း၏ နှုတ်ခမ်းပါးလေးက အနည်းငယ်မဲ့သွားပြီး …
“သူအနည်းငယ် ညကံကောင်းသွားတာပါ။ တစ်ချိန်ချိန်မှာ သူဝူဟောင်နဲ့ ထိပ်တိုက် ရင်ဆိုင်ရပြီး သေမှာပဲ”
အခြားသူများကလဲ သူတို့၏ ခေါင်းများကို ညိတ်၍ ထောက်ခံလိုက်ကြသည်။ သူတို့ စကားပြောနေစဉ် အတွင်းတွင် တမန်တော် ခြောက်ယောက်က မြစ်၏ အပေါ်တွင် ရှိနေသော မြူခိုးများကို ကြည့်ရူနေရမှ ရုတ်တရက် တိုက်ခိုက်မှု တစ်ခု ပြုလုပ်လိုက်သည်။
ဝရုန်း….
တမန်တော် ခြောက်ယောက်၏ မူလချီများမှ သူတို့ ဦးခေါင်းမှ တစ်ဆင့် မီတာ ရာပေါင်းများစွာ မြင့်မားလာပြီး အဆုံးမှာ တိုင်တစ်လုံးကဲ့သို့ ပြောင်းလဲသွားကာ မြူထုကို ရုတ်ရင်း ကြမ်းတမ်းစွာ သွားရောက် ထိမှန်သည်။
မူလ ချီစွမ်းအင်ဖြင့် ဖြစ်ပေါ်နေသော တိုင်လုံးကြီးများက ရုတ်ရင်း ကြမ်းတမ်းစွာ ဝှေ့ယမ်းနေပြီး မြူခိုးထု၏ ပထမ အလွှာကို သွားရောက် ဆုတ်ဖြဲသည်။
သို့သော်လည်း မြူခိုးထုထဲတွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပါဝင်နေပြီး ရှေးဟောင်း မှော်စာလုံးများ လင်းလက် တောက်ပလာကာ လေပြင်းများ တိုက်ခတ်လာပြီး မူလချီများကို တစ်ဆင့်ပြီး တစ်ဆင့် တိုက်ခိုက်လာသည်။ ကောင်းကင်ပေါ်တွင် တမန်တော် ခြောက်ယောက်လုံး၏ မျက်နှာများမှာ လွန်စွာ လေးနက်နေပြီး သူတို့၏ မူလ စဦးချီများကို ဂရုတစိုက်နှင့် ထုတ်လွှတ် နေကြသည်။
သူ့တို၏ ကိုယ်ခန္ဓာဘေးမှ ထွက်ပေါ်နေသော အရှိန်အဝါများက ကမ္ဘာ တစ်ခွင်လုံးတွင် ထွန်းလင်း တောက်ပလျက် ရှိသည်ဟုပင် ထင်မှတ်စေသည်။ မြောက်များစွာသော ပါရမီရှင် များကလဲ ထိုမြင်ကွင်းကို အသံပင် မထွက်နိုင်ပဲ ကြည့်ရူနေကြသည်။ ထိုစွမ်းအားများက ယခု သူတို့ ရောက်ရှိနေသော အဆင့်နှင့် ဝေးကွာလွန်းလှပေသည်။
“ဒီစွမ်းအားက နတ်ဘုံခန်းဝါ အဆင့် စွမ်းအားတွေလား …”
ဇူယွမ်က စိတ်နှလုံး တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ မူလစဦး အဆင့်နောက်တွင် နတ်ဘုံခန်းဝါ အဆင့်ရှိပြီး ထိုအဆင့်သို့ ရောက်လျှင် လူတစ်ဦး၏ ချီတွေက ပြောင်းလဲသွားပြီး မူလချီတွေက အလွန်တရာမှ စွမ်းအားမြင့်မားလာကြသည်။
မြောက်များစွာသော ပါရမီရှင်တွေ၏ အကြည့်အောက်မှာ မူလချီစွမ်းအားတွေနဲ့ ဖွဲ့စည်းထားသော တိုင်လုံးတွေက မြူထုထဲကို မွှေနှောက်လျက်ရှိသည်။ တမန်တော် ခြောက်ယောက်လုံး အလုပ်များလျက်ရှိပြီး မကြာမီပင် ကြောက်မက်ဖွယ် ကောင်းသော မြူထုအတွင်းမှာ ဝဲကတော့ပုံစံ ဝင်ပေါက်လေးရေး ရေးပေါ်လာသည်ကို မြင်လိုက်ကြရသည်။
မြူထုကို ဖြတ်၍ သေချာ အားစိုက်ကြည့်ပါက မြူထု၏ နောက်တွင် တည်ရှိနေသည့် သူတော်စင် အကြွင်းအကျန် ဒေသဖြစ်သော ရှေးဟောင်းနယ်မြေ တစ်ခုအား မြင်တွေ့ရပေမည်။
“လူတိုင်း အခုဝင်ကြတော့”
ဒီစကားလုံးတွေ ပြောပြီးနောက် မရေမတွက်နိုင်သော ပါရမီရှင်တွေ အားလုံးက ရှေ့သို့တက်လာပြီး မြူထုအတွင်းသို့ ဝင်ရောက်သွားကြသည်။
ဇူယွမ်လည်း အနားယူရာမှ အရှေ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါတို့လည်း သွားကြရအောင်။ သူတော်စင် အကြွင်းအကျန် နယ်မြေထဲမှာ ဘာတွေ ဖြစ်လာနိုင်မှန်း မသိလို့ ဂရုစိုက်ကြပါ”
ယောင်ယောင်၊ လုလျို ၊ ကျိုးချူးချင်ယု တို့က ခေါင်းညိတ် ပြလိုက်ကြသည်။
ဝှစ်…
ခဏ အကြာမှာ သူတို့က အရှေ့ကို ပြေးထွက်လိုက်ကြသည်။
“ငါတို့ အထဲကို ဝင်ရအောင်”
ဇူယွမ်က သူရှေ့တွင်ရှိသော မြူခိုးများကို ကြည့်ကာ သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီးနောက် မူလချီများက သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို စတင် ကာကွယ်လိုက်သည်။
ဘုန်း…
သူတို့၏ ခန္ဓာကိုယ်များက နောက်ဆုံးတွင် မြူခိုးများနှင့် ထိသွားပြီး သူတို့အားလုံး တခြားကမ္ဘာမှ စုပ်ယူခံလိုက်ရ သကဲ့သို့ ခံစားရပြီး မိမိတို့ ဘာသာပင် ရပ်တည်နိုင်စွမ်း မရှိတော့ပဲ တကွဲတပြားဆီ ပျံ့နှံ့သွားခဲ့သည်။
ဇူယွမ်က သူ၏ပတ်ပတ်လည်တွင် ကြယ်များကိုသာ မြင်တွေ့နေရသည်။
အချိန်တစ်ခု ကြာပြီးနောက် သူ့အား အခြားကမ္ဘာ တစ်ခုထံသို့ ပစ်လွတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
ခွပ်…
ဇူယွမ်က မြေကြီးနှင့် ရိုက်မိသွားပြီး သူ့ပါးစပ်အတွင်းသို့ မြေကြီးများ အခဲလိုက်ဝင်လာသည်။
သူက နာကျင်မှုကို လျစ်လျူရှုလိုက်ပြီး ထရပ်ကာ သူ၏ မျက်လုံးများက သူပို့ဆောင်ခံရသော ရှေးဟောင်း ကမ္ဘာတစ်ခုအား ကြည့်လိုက်သည်။
“ဒါကသူတော်စင် အကြွင်းအကျန် ဒေသပေါ့”
ဇူယွမ်က သူ့ပြုတ်ကျခဲ့သော နေရာ၏ ဘေးပတ်ပတ်လည်က ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံးကို ကြည့်လိုက်ပြီး
ရေရွတ်လိုက်သည်။