Switch Mode

စာစဥ် (၁၀) အပိုင်း (၁၃၈)

ခြေဗလာနှင့်ဦးလေး

တမန်တော် ခြောက်ယောက် ရောက်ရှိ လာတယ်ဆိုတဲ့ သတင်းက မြို့ထဲမှာ ထိပ်တန်း သတင်း တစ်ခုအဖြစ် ရှိနေသည်။ ဂုဏ်ယူရသော ပါရမီရှင်များ၏ သွေးတွေက ဆူပွက်နေပြီးတော့ သူတို့၏ ခေါင်းများကို မော့လျက် မျှော်လင့်ချက်များဖြင့် စောင့်ဆိုင်း နေကြသည်။ လူတိုင်းက မြင့်မြတ်သော ကလန်ခြောက်ခုသို့ ဝင်ရောက်ချင်ကြပြီး ထို့အခွင့်အရေးက သူတို့ကို ကောင်းကင်ဘုံသို့ တက်သွားစေနိုင်မည့် ပထမခြေလှမ်းပင် ဖြစ်သည်။

မြင့်မြတ်သော ကလန်ကြီး ခြောက်ခုက ဒီကမ္ဘာတွင် အင်အား အကြီးမားဆုံး ဖြစ်ပြီး အရာအားလုံးက သူတို့၏ မျက်လုံးထောင့်စွန်း နားလေးတွင်သာ ရှိပေသည်။

သို့သော်လည်း သံတမန်တွေက သူတော်စင်မြို့ထဲသ်ု့ တိတ်တဆိတ်သာ ဝင်ရောက်လာပြီး မြို့စားမင်း ကိုယ်တိုင်ကပင် သူတို့အားလက်ခံ တွေ့ဆုံနေသည်။ နှိုင်းယှဉ်ကြည့်ပါက မြို့စားမင်း ရှောင်ထျန်းလျှိုနှင့် သူတို့အကြား ကွာခြားချက်က အမှန်ပင် ကြီးမား လွန်းလှသည်။ မြို့စားမင်းပင် သူတို့နှင် မယှဉ်နိုင်အောင် အဆင့်အတန်း မြင့်မား လွန်းလှပေသည်။ .

သို့သော်လည်း တမန်တော် ခြောက်ယောက်လုံးက သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသခြင်း မရှိပဲ မြို့အတွင်းမှာ သိုသိပ်စွာ နေထိုင်နေသည်။ နောက်ဆုံးမှာတော့ အားလုံးက တမန်တော် ခြောက်ယောက်အား သူတော်စင် အကြွင်းအကျန် နယ်မြေ ဖွင့်လှစ်သည့် အချိန်မှသာ တွေ့နိုင်မည်ကို သိလိုက်ကြသည်။

တခြားလူတွေနဲ့ မတူပဲ ဇူယွမ်က တမန်တော်တွေ ရောက်လာတဲ့ ကိစ္စကို ဂရုမစိုက်ပဲ အဆင့်သုံး မူလ မှော်စာလုံးတွေကိုသာ စိတ်နှစ်ပြီး လေ့လာနေတယ်။ သူ၏ အချိန်အားလုံးကို လေ့လာ သင်ယူခြင်းမှာ ကုန်ဆုံးစေပြီး ယောင်ယောင်ကလည်း သူ့ကို အခြေခံကျဆုံး အဆင့်သုံး မှော်စာလုံး တွေကို စတင် သင်ပေးလျက် ရှိသည်။

အခုဆိုရင် တမန်တော် ခြောက်ဦး သူတော်စင် အကြွင်းအကျန်မြို့ကို ရောက်လာတာ ငါးရက်ရှိပြီ ဖြစ်သည်။ ပါရမီရှင်များ စံအိမ်။ စားသောက်ဆိုင် တစ်ခု အတွင်းမှာ။ ဇူယွမ်းက ပြတင်းပေါက် တစ်ခု၏ ဘေးမှာ တစ်ယောက်တည်း ထိုင်နေသည်။ ယောင်ယောင်ကတော့ လုလျိုနဲ့ ကျိုးချူးချင်ယုတို့က အပြင်ထွက်လည်ဖို့ ခေါ်သွားသည်။ သူတခြားနေ့တွေမှာ အဆင့်သုံး မှော်စာလုံး အစီအရင်တွေ သင်ကြားနေရလို့ အခုအချိန်လေးမှာ ခဏတာ အနားယူနေခြင်း ဖြစ်သည်။

သေရည်နှစ်ခွက်မှ သောက်ပြီးတဲ့ အချိန်မှာ သူ့ခေါင်းထဲ၌ သေရည်၏ အရသာနှင့် ပတ်သတ်ပြီး မကျေနပ်ချက်များ ထွက်ပေါ်လာသည်။ ယောင်ယောင်နဲ့ အတူရှိပြီး နောက်ပိုင်းမှာ သေရည်နှင့် ပက်သက်ပြီး သူလည်း အတော်ဂျီးများ လာခဲသည်။

သူခမျာ စဉ်းစားပြီးနောက် သူ၏ သိုလှောင်အိတ် အတွင်းမှ ကျောက်စိမ်း ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ဒီသေရည်က ယောင်ယောင်ကို သူလက်ဆောင်ပေးဖို့ ရည်ရွယ်ပြီး သိမ်းထားခဲ့တာ ဘာပဲဖြစ်ဖြစ် ဒီအချိန်က ကောင်းကောင်း အနားယူရမယ့် အချိန်ပဲ။

အဲဒါနဲ့ ဇူယွမ်က တစ်ယောက်တည်း အေးအေးဆေးဆေး သောက်ရင်းနဲ့ အနားယူနေသည်။ အမှန်တကယ်ကို ဒီရက်ပိုင်းအတွင်း ဝူဟောင်၏ ဖိအားတွေကြောင့် သူတော်တော်လေး ပင်ပန်းခဲ့ရသည်။ ဒီနှစ်အတွင်းမှာ အားလုံးက သူ့အတွက် မလွယ်ကူခဲ့ပေ။

” ငါ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်း အထက်အဆင့်ကို ရောက်ရှိ နေပေမဲ့လည်း ငါဝူဟောင်နှင့်တန်းတူ ယှဉ်မရပ်နိုင်သေးဖူး”

ဇူယွမ်က မျက်မှောင်ကြုတ်ပြီး တွေးလိုက်သည်။ အမှန်တကယ် တိုက်ခိုက်မည် ဆိုပါက သူ့အနေဖြင့် ငွေအရိပ်၏ စွမ်းအားကို ငှားရမ်း အသုံးပြုပြီး အနိုင်ယူနိုင် သော်လည်းပဲ ထို့သို့ ပြုလုပ်ခြင်းက စိတ်ဝိညာဉ် စွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေရာ တိုက်ခိုက်ပြီးသည်နှင့် သူသတိလ စ်သွားပေလိမ့်မည်။ ဇူယွမ် အနေဖြင့်လည်း မိမိကိုယ်ကိုယ် မည်မျှ ကြာအောင် သတိလစ်နိုင်မှန်း မသိပေ။ သူတော်စင် အကြွင်းအကျန် နယ်မြေတွင် အချိန်ကြာမြင့်စွာ သတိလစ်နေခြင်းက မိမိကိုယ်ကိုယ် သတ်သေသည်နှင့် မခြားပေ။

“ကြည့်ရတာ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ ငါကောင်းကင်ဘုံ တံခါးအဆင့်ကို တက်နိုင်ဖို့အတွက် အခွင့်အရေး ရှာရတော့မှာပဲ”

ဇူယွမ်က စတ်လှုပ်ရှားစွာပြောလိုက်သည်။ ထိုစဉ် တစ်စုံတစ်ယောက်က သူ၏နဘေးတွင် ရောက်လာသည်ကို ခံစားမိလိုက်ပြီး သူ၏ အတွေးစများလည်း ပြတ်တောက်သွားခဲ့သည်။ သူ့ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်တော့ သူ၏ရှေ့တွင် လာရောက်ထိုင်နေသော လူကြီး တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုလူကြီးသည် လှပသော ဝတ်ရုံတစ်စုံကို ဖရိုဖရဲဖြစ်စွာ ဝတ်ဆင်ထားပြီး ဖိနပ်ပင် ဝတ်ဆင်ထားခြင်း မရှိပေ ထို့အပြင့် သူ၏လက်ထဲ၌ ဆေးတံတစ်ခုကို ကိုင်ထားပြီး ထို့ဆေးတံမှ အစိမ်းရောင် မီးခိုးငွေ့များက လေနှင့်အတူ လွင့်မြောလျက် ရှိသည်။

သူက အခုမှ လယ်တောထဲမှ ထွက်လာသော လယ်သမားတစ်ဦးနှင့် တူပေသည်။

ဒီအချိန်မှာ လူကြီးက သေရည် ထည့်ထားသော ကျောက်စိမ်းပုလင်းအား စူးစိုက်ကြည့်လိုက်ပြီး သူ့ရှေ့ရှိ ဇူယွမ်အား ပြုံးပြလိုက်ကာ

“လူငယ်လေး မင်းရဲ့သေရည်က ကောင်းမယ့်ပုံပဲ”

ဇူယွမ်က သူ့ရှေ့တွင်ရှိနေသော ဘယ်ကလာမှန်း မသိသည့် ခြေဗလာနှင့် လူကြီးအား ကြည့်လိုက်သည်။ သူသည် ထိုလူကြီးထံမှ ချီစွမ်းအင် လှိုင်းအနည်းငယ်မျှပင် ထွက်ပေါ်နေသည်ကို မမြင်တွေ့ရပေ။

သို့သော်လည်း ဇူယွမ်က သဘောထား သေးသိမ်သော လူတစ်ယောက် မဟုတ်သည့် အတွက် သူ၏ သေရည်ပုလင်းကို ထိုလူကြီးဆီသို့ ပြုံးပြီး တွန်းပေးလိုက်သည်။ လယ်သမားအိုကြီးနှင့် တူသော လူကြီးက ထိုအချင်းအရာကို မြင်တော့ မိမိကိုယ်ကို တစ်ခွက် ငှဲ့လိုက်ပြီးနောက် ပါးစပ်အပြည့် သောက်လိုက်ပြီး သူ့မျက်နှာတွင် နှစ်သက် ကြည်နူးသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“မဆိုးဖူး။ မဆိုးဖူး”

“ဦးလေး ကြိုက်နှစ်သက်ရင် ဒီပုလင်းကို ဦးလေးကို လက်ဆောင်ပေးလိုက်မယ်လေ”

ဇူယွမ်က သူ့မေးစေ့ကို အသာအယာ ပွတ်လျက် ပြောလိုက်သည်။ သတ်လတ်ပိုင်း လူကြီး၏ မျက်လုံးများက လွန်စွာ တောက်ပသွားပြီး လေးနက်စွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ မိတ်ဆွေငယ်လေးကို ငါကျေးဇူးတင်ပါတယ်”

သူက ပါးစပ်အပြည့် ဆေးတံကို ဖွာရှိုက်လိုက်ပြီး သူနှာခေါင်းမှ တစ်ဆင့် အစိမ်းရောင် မီးခို့ငွေ့များကို ပြန်လည် မှုတ်ထုတ်လိုက်သည်။ လှပသောသော ဝတ်ရုံနှင့်လူကြီးက မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း မှတ်ချက်ပေးလိုက်သည်။

“လူငယ်လေး မင်းကြည့်ရတာ တစ်စုံတစ်ခုလွဲမှားနေပုံပဲ”

ဇူယွမ်က သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ လိုက်သည်။ သည်နေရာမှာ ရှိနေသော ပါရမှရှင် တော်တော်များများက သူ့ကို သေလူ တစ်ယောက်လို ဝိုင်းကြည့်နေကြသည်။ သူ့တို့အားလုံးက သူနှင့် ဝူဟောင်ကြားရှိ ရန်ငြိုးကို ကြားထားသည်မှာသေချာသည်။ သူတို့ အားလုံး၏ အမြင်တွင် ချီစုဆောင်းမှု အဆင့်မှာသာ ရှိသေးသည့် သူ့အတွက် ဝူဟောင်၏ ရန်သူ ဖြစ်ရသည်မှာ သေဖို့ တစ်လမ်းသာ ရှိသည်။ သူက ခြေဗလာနှင့် လူကြီးအား စိုက်ကြည့်လိုက်ပြီး ဇူယွမ်က ပြုံးပြပြီး ဆက်ပြောခဲ့သည်။

“ကျွန်တော့်ဘဝမှာ သေသေ ရှင်ရှင် တိုက်ခိုက်ရမယ့် ဝူဟောင်လို့ ခေါ်တဲ့ ရန်သူ တစ်ယောက်ရှိတယ် အဲဒီအရာက ကျွန်တော့်ရဲ့ ယုံကြည်မှုတွေကို အမြဲ ခြိမ်းခြောက် နေတယ်”

“ဝမ်ဟောင်လား…”

သတ်လတ်ပိုင်း လူကြီးက ထိုနာမည်ကို သိဟန်ဖြင့် မေးလိုက်သည်။ သူက ဇူယွမ်ကို ဂရုဏာ သက်ဟန်ဖြင့် ကြည့်လိုက်ပြီး။

“မင်းရဲ့ ဖိအားတွေက တကယ်ကို ကြီးမားတာပဲ”

ဇူယွမ်က အကူအညီမဲ့စွာ ရယ်လိုက်သည်။ သို့သော်လည်း သတ်လတ်ပိုင်း လူကြီးက လျင်မြန်စွာပင် သူ့အနား တိုးလာပြီး အသံကို နိမ့်၍ ပြောလိုက်သည်။

“ငါကြားထားတာတော့ ၀ူဟောင်က မြင့်မြတ်သော နန်းတော်က စိတ်ဝင်စားပြီး ဖိတ်ကြားထားတယ်တဲ့ သူတော်စင် အကြွင်းအကျန် နယ်မြေက ထွက်ခွာပြီးတာနဲ့ မြင့်မြတ်သော နန်းတော်စီကို ဝင်ရောက်လိမ့်မယ်”

“မြင့်မြတ်သော နန်းတော်လား…”

ဇူယွမ်က အနည်းငယ် တုန်လှုပ်သွားသည်။ သူမြင့်မြတ်သော ကလန်ခြောက်ခုနှင့်ပ တ်သတ်ပြီး အနည်း သိရှိထားပေသည်။ မြင့်မြတ်သော ကလန်ခြော က်ခုတွင် မြင်ြ့မတ်သော နန်းတော်က အင်အား အကြီးဆုံး ဟုပင်ဆိုနိုင်သည်။ ဝူဟောင်အနေဖြင့် မြင့်မြတ်သော နန်းတော်သို့ ဝင်ရောက်နိုင်မည်ဟု သူတစ်ခါမှ မတွေးမိချေ။ ဇူယွမ်၏ မျက်လုံးများက လင်းလက်သွားပြီး လူကြီးကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

“ဦးလေးက မြို့စားမင်းရဲ့ နန်းဆောင်မှာ အလုပ်လုပ်တာလား”

လူကြီးက ဇူယွမ်၏အမေးစကားကို မဖြေကြားပဲ

“မင်းကြိုးစားပါ သူတော်စင် အကြွင်းအကျန် နယ်မြေက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ”

ဇူယွမ်က မည်သည့် စကားမျှ မဆိုပဲ ခေါင်းညိတ်ပြလိုက်သည်။

“ငါဒီဝိုင်ကို ယူသွားလိုက်မယ် အများကြီး သောက်မနေနဲ့”

လူကြီးက သေရည်ပုလင်းကို ကောက်ယူလိုက်ပြီး သူ၏ လက်မောင်းအိုး အတွင်းသို့ ထည့်ပြီး သိမ်းဆည်းလိုက်သည်။

ထိုနောက် ဆေးတံတစ်ဖွာ ရှိုက်လိုက်ပြီး ဇူယွမ်ကို ကြည့်ပြီးပြောလိုက်သည်။

“လူငယ်လေး သူတော်စင် အကြွင်းအကျန် နယ်မြေကို မနက်ဖြန်မှာ ဖွင့်လှစ်လိမ့်မယ် မင်းမှာသေးငယ်တဲ့ အခွင့်အရေးလေး ရှိတယ် ဆိုရင်တောင်မှ အမိအရ ဆုပ်ကိုင်ထားပါ”

ဇူယွမ်က တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး ထိုလူကြီး၏ စကားထဲတွင် ပါဝင်သော အဓိပ္ပာယ်များကို စဉ်းစားနေသည်။ ပြီးတော့ မနက်ဖြန် သူတော်စင် အကြွင်းအကျန် နယ်မြေ ဖွင့်လှစ်မည့် ကိစ္စကို သူဘယ်လို သိတာလဲ။ ဇူယွမ်က မေးမြန်း လိုက်သည်။

“မင်းက ဘယ်သူလဲ”

လူကြီးက ဘာမှ ပြန်မပြောတော့ပဲ သူ့ဆေးတံကို တစ်ရှိုက် ထပ်ဖွာရှိုက်လိုက်ပြီး အစိမ်းရောင် မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း ထွက်ခွာ သွားတော့သည်။ ဇူယွမ်၏ မျက်လုံးထဲတွင် ပဟေဠိများဖြင့် ပြည့်နက်နေပြီး ထိုလူကြီးက ထင်သလောက် မရိုးရှင်းသည်ကိုတော့ သူသိသည်။

သို့သော်လည်း သူက ဆက်လက် စဉ်းစား မနေတော့ပဲ ခဏမျှ တစ်ယောက်တည်း ဆက်လက် ထိုင်နေပြီးနောက် အခန်းသို့ ပြန်ခဲ့သည်။

သူပြန်သွားပြီး မကြာမီမှာပင် သတင်းတစ်ခုက သူတော်စင် အကြွင်းအကျန် မြို့ကို လှုပ်ခတ် သွားစေသည်။ သူတော်စင် အကြွင်းအကျန် နယ်မြေကို မနက်ဖြန်မှာ ဖွင့်လှစ်မယ်။ အခန်းထဲမှာ ဇူယွမ်က ထိုသတင်းကို ကြားရတဲ့ အချိန်မှာသည် ဖရိုဖရဲဝတ်စုံနှင့် လူကြီး ပြောသွားတာ အမှန်ပဲ  … သူက ဘယ်သူမလို့ ဒီလို အတိအကျ သိရတာလဲ။

Comment

Leave a Reply

Options

not work with dark mode
Reset