စာစဥ် (၁၀) အပိုင်း (၁၃၇)

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းထိပ်ဆုံးအဆင့်

စိတ်ဝိညာဉ် အရင်းအမြစ် အရည်စက်လေးမျာက သန့်စင်သော ချီအဖြစ်သို့ ပြောင်းလဲလို့ သွားပြီး ဇူယွမ်၏ စိတ်ဝိညာဉ်ကို အဆုံးမရှိ သွန်းလောင်း ပေးနေသလိုရှိသည်။ ထိုအခိုက်မှာပဲ မြေအောက် စိတ်ဝိညာဉ် သစ်သီးနှင့် သွေးမြက်တို့၏ အနက်ရောင်နှင့် အနီရောင် ချီများကလည်း ပြည့်လျှံလာပြီး သန့်စင်သော ချီဖြင့် ပေါင်းစပ်သည်။

ချပ်…။

ချီသုံးမျိုး ပေါင်းစပ်သွားသည်နှင့် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ စိတ်ဝိညာဉ်များက ပြန်လည် သန့်စင်ပြီးနောက် သက်တံ့ ရောင်စဉ် တောက်ပနေသည့် မှိန့်ဖျော့ဖျော့ သလင်းလုံးလေးကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။

စိတ်ဝိညာဉ်ထဲသို့ ထိုသလင်းလုံးမှ ချီများက ဒလဟော ဝင်ရောက်လို့လာခဲ့သည်။ ထိုအခါ ဖွဲ့စည်းခြင်း အဆင့်ကနေ တဖြည်းဖြည်း ဒြပ်ထည် အဆင့်ဖြစ် ပိုမို၍ ပုံပေါ်လာနေ၏။ ဇူယွမ်က သူ့စိတ်ဝိညာဉ် စွမ်းအားများ တရိပ်ရိပ် တက်လာသည်ကို ခံစားမိသဖြင့် သူက မူလ ဖျက်ဆီးခြင်း နတ်ဘုရား၏ စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း နည်းလမ်းကို စတင် လေ့ကျင့်တော့သည်။

ဇူယွမ်၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသည့် ဟင်းလင်းပြင်ထဲမှာတော့ အဆုံးအစမဲ့သည့် နတ်ဘုရားကျောက်တုံးကြီးက ဖြည်းဖြည်းချင်း လှိမ့်လိုလာ၏။ ထိုကျောက်တုံးကြီးက အရာအားလုံးကို ကြိတ်ချေ ဖျက်စီးနိုင်သည့်ဟန် ရှိနေသည်။

သို့ရာတွင် ဇူယွမ်က နတ်ဘုရား ကျောက်တုံးကြီးအား ကြောက်ရွှံမှု ခံစားမိနေသည့် သူ့ခံစားချက်များကို ပြန်လည် ပြင်ဆင်လိုက်သည်။ အချိန်ဆွဲမနေတော့ဘဲ သူ့စိတ်ဝိညာဉ်ကို သူကိုယ်တိုင် ကြိတ်ချေခံစေဖို့ ရှေ့သို့ပို့လွှတ်လိုက်သည်။

ဝုန်း…။

ဖျက်စီးခြင်း နတ်ဘုရား ကျောက်တုံးက စတင် လည်ပတ်လာပြီး ဇူယွမ်၏ သေးငယ်သော စိတ်ဝိညာဉ်ကို စီစီညက်ညက် ကြိတ်ချေ ပစ်၏။ ဇူယွမ်၏ စိတ်ဝိညာဉ်က သေလောက်အောင် ပေါက်ကွဲထွက်မတက် ဖြစ်ကာ သူက မည်သို့မျှ မထိန်းချုပ်ဖြစ်ကာ တုန်လှုပ် ကြောက်ရွှံရသည်။ သို့ရာတွင် သူက အံတင်းတင်းကြိတ်ပြီး သူ့ကို အဆက်မပြတ် ထောက်ပံပေးသည့် စိတ်ဝိညာဉ် ချီများဖြင့် တောင့်ခံနေသည်။

ထိုနတ်ဘုရား ကျောက်တုံးပေါ်၌ ရွှေရောင်ရင့်ရင့် အမှတ်အသားများက တဖြည်းဖြည်း ပြောင်း လို့လာ၏။ ထိုအခါ ဇူယွမ်၏ စိတ်ဝိညာဉ်က အက်ကွဲလို့လာခဲ့ပြီး သူက အကန့်အသတ်သို့ ရောက်လာသည့်ပုံ ပေါ်သည်။

လက်တွေ့အားဖြင့် ဇူယွမ်က သူ့စိတ်ဝိညာဉ်ထဲ၌ အပြင်းအထန် နာကျင်မှုကို ခံစားနေရသော်လည်း သူက လုံးဝလက်လျော့ အရှုံးပေးဖို့ မစဉ်းစားချေ။ ဒီနေ့ သူက ဝူဟောင်နှင့် တွေ့ဆုံခဲ့ရခြင်းက ဇူယွမ်ကို ဖိအားများ ခံစားရစေသည်။ မည်သို့ပင် ဖြစ်စေကာမူ ဝူဟောင်က ကန်မင်ကုန်းမြေ လူငယ်မျိုးဆက်မှာ ထိပ်ဆုံးက ရပ်တည် နေသူဖြစ်ကာ သူ့ခွန်အားက ဇူယွမ်ထက် အပြတ်အသက် သာနေပေသည်။ ထို့ကြောင့် ဇူယွမ်က သူတို့နှစ်ယောက်ကြား ကွာခြားမှုကို နည်းသထက် နည်းအောင် သူ့စိတ်ဝိညာဉ်ကို အဆင့်မြင့် နိုင်ရပေမည်။

“ဒီလို အခက်အခဲမျိုးကိုတောင် မကျော်လွှားနိုင်ဘူးဆိုရင် သူက မြင့်မြတ်သော နဂါး၏ လမ်းကြောင်းပေါ်သို့ ဘယ်လိုမှ ခြေချနိုင်မှာ မဟုတ်ဘူး …”

ဇူယွမ်က သူ့နှလုံးသားထဲ၌ ကျယ်လောင်စွာ မြည်ဟီးလိုက်မိသည်။ ထိုပြင်းထန်သော စိတ်ဆန္ဒကြောင့် သူ့စိတ်ဝိညာဉ်မှာ ရုတ်တရက် စွမ်းအားလှိုင်းများ ပွင့်ထွက်လို့လာသည်။ အက်ကွဲနေသော သူ့စိတ်ဝိညာဉ်က မြန်ဆန်စွာပင် ပြန်လည် ကောင်းမွန်လို့လာသည်။

ကလစ်…။

အသံသဲ့သဲ့ ကြားလိုက်ရသည်။ ထိုအသံက ရွှေရောင်ရင့်ရင့် အမှတ်အသားများက နတ်ဘုရားကျောက်တုံးဖြင့် တစ်ခါ ထပ်၍ ထိတွေ့သောကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ဆုံးမှာတော့ ဇူယွမ်က မူလ ဖျက်ဆီးခြင်း နတ်ဘုရား၏ စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း နည်းလမ်းကို ဒုတိယအကြိမ် ကြံကြံခိုင် နိုင်ခဲ့ပေသည်။

ဇူယွမ်က သူ့စိတ်ဝိညာဉ်ကို နတ်ဘုရား ကျောက်တုံးဖြင့် တစ်ပတ် ကြိတ်ချေခြင်း ခံရပြီး ခဏအကြာမှာပင် သူက နတ်ဘုရားကျောက်တုံး အပြင်ဘက်၌ အသက်၀၀ ရှုလိုက်သည်။

ပြန်လည် ဖြစ်တည်လာသော သူ့စိတ်ဝိညာဉ်က မူလကထက် ပိုမို သိပ်သည်းလာပြီး အစစ်အမှန် ဒြပ်ထည်အဆင့်သို့ ရောက်လုနီးပါး ဖြစ်လာသည်။ တစ်နည်းအားဖြင့် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့် …။

ဇူယွမ်က နှလုံးသားထဲကနေ ထွက်ပေါ်လာသော ကျေနပ် ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်ပေ။ ကြီးမားသော နာကျင်မှု အခက်အခဲများကို ခံစားရပြီးနောက် သူ့စိတ်ဝိညာဉ်က စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်သို့ ခြေလှမ်းနိုင်ခဲ့ပေသည်။ အခု သူက ထိုအဆင့်ကို ရောက်ပြီ ဖြစ်သည့် အတွက် အဆင့်သုံး မူလ မှော်စာလုံးများကို သင်ယူနိုင်ပေပြီ။

အခုလက်ရှိ သူ့ချီကျင့်ကြံမှု အဆင့်က ချီစုဆောင်းမှု ထိပ်ဆုံး အဆင့်မျှသာ ရှိသေးသော်လည်း ဇူယွမ်၏ အစစ်အမှန် စွမ်းအားက အလုံးစုံစပါးအုံးချီနှင့် သူ့အနီရောင် သွေးချီ တို့ကြောင့် များစွာ သန်မာနေပေသည်။

သူကတိုက်ပွဲတွင် မူလချီများသာ အသုံးပြုနိုင်သော်လည်း အစစ်အမှန် တိုက်ပွဲဝင် စွမ်းအားက ကောင်းကင်တံခါး အလယ်အလတ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို လုံး၀ မရှုံး နိမ့်နိုင်တော့ပေ။

အဆင့်သုံး မူလ မှော်စာလုံးများဖြင့်ပါ ပေါင်းစပ် အသုံးပြုမည် ဆိုပါက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် ရန်သူ တစ်ယောက်ကပင် သူ့ကို လွယ်လွယ်ကူကူ ရင်မဆိုင်နိုင်တော့ပေ။

သို့ရာတွင် ဇူယွမ်က ဝူဟောင်လို ထိပ်တန်း ပါရမီရှင်များနှင့် ပတ်သတ်၍ စိုးရိမ်မှု နည်းနည်းကို ခံစားရသည်။ ထိပ်တန်း ပါရမီရှင်များက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်သာ ဖြစ်သော်လည်း သူတို့က သူတို့အဆင့်ထက် ပိုမိုမြင့်မားသည့် တိုက်ပွဲဝင် စွမ်းအားများကို ပိုင်ဆိုင်ကြသည်။ ဥပမာ … ဇူယွမ်က ဝူဟောင်နှင့် တိုက်ခိုက်မည်ဆိုလျှင် သူက အနည်းဆုံး ချီစုဆောင်းမှု အဆင့်မှ ကောင်းကင် တံခါးအဆင့်သို့ ရောက်ရှိနေဖို့ လိုအပ်ပေသည်။

သူက ထိုသို့ တွေးမိနေသော်လည်း ကြောက်ရွှံမှု တော့မရှိပေ။ သူတို့ နှစ်ယောက်ကြား ကွာခြားမှုကို မြန်မြန် လျော့ချနိုင်သောကြောင့် ဖြစ်၏။ အခန်းထဲ၌ ဇူယွမ်က သူ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်နှင့် မျက်ခုံးနှစ်ခုကြားမှ အလင်းတစ်ခုက လင်းလက်လို့ သွားသည်။ သူက ခေါင်းမော့ကာ ပြတင်းပေါက် အပြင်သို့ ကြည့်လိုက်သည်။ ညက တဖြည်းဖြည်း ကုန်ဆုံးလို့လာပြီး တောက်ပသော နေရောင်ခြည်များက ကြီးမားသည့် သူတော်စင် အကြွင်းအကျန်မြို့သို့ တိမ်တွေကြားမှ ကျဆင်း ဖြာကျလာသည်ကို တွေ့ရပါသည်။ သူက အပြင်ဘက်ကို ငေးကြည့်နေရင်း လက်သီးကျစ်ကျစ် ဆုပ်မိသည်။

“ဝူဟောင်… ငါတို့ နှစ်ယောက်ကြားက ရန်ကြွေးကို သူတော်စင် အကြွင်းအကျန် နယ်မြေမှာ လုံးဝ ဖြေရှင်းရလိမ့်မယ် …”

စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံး အဆင့်ကို ရောက်ပြီးပြီးချင်း ဇူယွမ်ပထမဆုံး လုပ်မည့်အရာမှာ ယောင်ယောင်ကို ရှာရန်ဖြစ်သည်။

“နင်ချိုးဖျက် နိုင်လိုက်ပြီလား …”

ယောင်ယောင်က ဇူယွမ်ကို ကြည့်ရင်းမေးလိုက်သည်။ ဇူယွမ်က ခေါင်းညိတ် ပြလိုက်သည်။ ထိုအခါ သူမ အပြုံးလေး တစ်ခုက နှုတ်ခမ်းမှ ထွက်ပေါ်လို့လာပြီး ပြန်လည်ကာ ခေါင်းညိတ်ပြလိုက်သည်။

“တစ်ယောက်ယောက်က သူ့ရဲ့ စွမ်းအားနဲ့သတ္တိကို ထုတ်ဖော်ပြလိုက်တော့ နင်က ရှက်ရ ကောင်းမှန်း သိသေးတာပဲ …။ မဆိုးပါဘူး …”

ယောင်ယောင်က မနေ့က ဝူဟောင်နှင့် တွေ့ဆုံခဲ့သည့် အဖြစ်အပျက်ကို ဆိုလိုရင်း ဖြစ်ကြောင်း ရှင်းလင်းပေသည်။ ဇူယွမ်က ထိုဖိအားကို သူ့အဆင့် ချိုးဖျက်ရန် အတွက် အသုံးချခဲ့ခြင်း ဖြစ်သည်။

ဇူယွမ်က ပြုံး၍ ပြောလိုက်သည်။

“အစ်မကြီး ယောင်ယောင်… နင်ငါ့ကို အဆင့်သုံး မူလမှော်စာလုံ ကို ဒီနေ့ သင်ပေးနိုင်မလား …”

သူတော်စင် အကြွင်းအကျန် နယ်မြေ မဖွင့်ခင် သူက မူလ မှော်စာလုံး အဆင့်သုံးကို ရောက်နိုင်ဖို့ လိုအပ်သည်။ ထိုသို့ လုပ်နိုင်ထားမှသာ သူက သူတော်စင် အကြွင်းအကျန် နယ်မြေ၌ အာမခံချက် အချို့ရပေမည်။

ထို့နောက် သူတို့နှစ်ယောက်က တိတ်ဆိတ်သော အခန်းတစ်ခုကို ရှာဖွေပြီး အဆင့်သုံး မူလမှော်စာလုံးကို စတင် လေ့ကျင့်ကြသည်။ မနက် ကတည်းကစပြီး ညနေ နေဝင်သည့် အချိန်ထိ သူတို့က သင်ခန်းစာများကို လေ့ကျင့်ကြသည်။ ယောင်ယောင်က ထန်ထန်ကို ပွတ်သတ်ရင်း ပြောလိုက်သည်။

“နင်က အဆင့်သုံး မူလမှော်စာလုံးရဲ့ အစောပိုင်း အဆင့်ကို နားလည်သွားပြီ …။ ဒါပေမဲ့ နင်က အလုံးစုံ တက်ကျွမ်းအောင် အများကြီး လေ့ကျင့်ရဦးမယ် …”

ဇူယွမ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ငါက မြန်နိုင်သမျှ မြန်မြန် ကျွမ်းကျင်အောင် လုပ်မှာပါ”

ယောင်ယောင်က ဇူယွမ်ကို ကြည့်လိုက်သည်။

“ကြည့်ရတာ ဝူယောင်က နင့်ကို ဖိအား အများကြီး ပေးခဲ့ပုံပဲ …”

ဇူယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“သူက အမှန်တကယ် ပိုသန်မာတယ်။ ဒါကြောင့် ငါ့ခွန်အားကို မြှင့်တင်ဖို့လိုတယ် …”

ယောင်ယောင်က သူမပါးပြင်ကို လက်တစ်ဖက်ဖြင့် ထောက်ကာ သူ့လက် သွယ်သွယ်လေးများဖြင့် စားပွဲခုံကို တတောက်တောက် ခေါက်လိုက်သည်။

“ဝူဟောင်က တကယ်ကို ထူးခြားတယ် …”

မနေ့က တွေ့ဆုံမှုမှာ ယောင်ယောင်က သူမ၏ အဆင့်အတန်းဖြင့် ဝူဟောင်က ပါရမီရှင်များ ကြားမှာပင် ထူးချွန်လွန်းသည်ကို သိနိုင်ခဲ့သည်။ သူက အရမ်းမောက်မာပေမဲ့ ထိုအရာက သူနှင့် ထိုက်တန်ပေသည်။

“သို့ရာတွင်….”

ရုတ်တရက် ယောင်ယောင်က စကားခဏ ရပ်သွားကာ ဇူယွမ်အား စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

“သူ့ဘဝက အရမ်း ချောမွတ်နေတယ် …။ သူရဲ့ လျင်လျင်မြန်မြန် အောင်မြင်မှုတွေက သူ့ကို ခုလိုမောက်မာစေတာပဲ …။ ဒါပေမဲ့ … ငါမြင်သလောက်… သူက မင်းနဲ့ယှဉ်မယ်ဆိုရင် … မင်းက မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကနေ ဘယ်တော့မှ မသိမ်ငယ်ဘဲ ခုလိုမျိုး ကြိုးကြိုးစားစား ရှေ့ကို ရွေ့လာတာလေ …။ ဒီတော့ မင်းက သူ့ထက် ပိုထူးချွန်ပါတယ် …”

ဇူယွမ်က မှင်သက် မိသွားပြီးနောက် သူမျက်နှာပေါ်၌ အပြုံးတစ်ခု ချက်ခြင်းပေါ်လာခဲ့သည်။

“အစ်မကြီး ယောင်ယောင် … မင်းငါ့ကို ချီးကျူးနေတာလား …”

ထိုအရာက အမှန်ပင် ကြုံရခဲပေသည်။ ယောင်ယောင်၏ စံနှုန်းများအရ ဇူယွမ်က အခုလိုမျိုး တစ်ခါမျှ မချီးကျူးခံရဖူးပေ။

ယောင်ယောင်က သူမ၏ နီထွေးထွေး နှုတ်ခမ်းလေးကို နည်းနည်းဟလိုက်သည်။

“ဒါက တကယ် ချီးကျူး သင့်တာပဲလေ …”

ကျေးဇူးတင်ပါတယ် … အစ်မကြီးယောင်ယောင် …။

တိုက်ပွဲဝင် စိတ်ဆန္ဒများ ဇူယွမ့် မျက်လုံးထဲ၌ မြင့်တက်လို့လာသည်။ ယောင်ယောင်က ဆက်ပြောလိုက်သည်။

“ဝူဟောင်ရဲ့ သန်မာမှု တွေက ဝူဘုရင်ကြောင့် အေးအေးဆေးဆေး ရခဲ့တာပဲ။ သူက ဒီလိုအောင်မြင်မှုတွေ အတွက် လွယ်လွယ်ကူကူ လျောက်လမ်းခဲ့ရတာ …”

တခြားတစ်ဖက်မှာတော့ ဇူယွမ်က ငယ်ငယ်ကတည်းက မျှော်လင့်ချက်မဲ့ခြင်းကို ကြုံခဲ့ရပေသည်။ သူ၏ စွမ်းအားကျင့်ကြံသည့် သွေးကြောရှစ်ခု ပျောက်ကွယ်ခဲ့ရပြီး ကျင့်ကြံမှုပင် လုပ်၍မရခဲ့ပေ။

ဇူယွမ်အတွက်က ခြေလှမ်းစကတည်းက အတိဒုက္ခများကို ဖြတ်၍ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းခဲ့ရသည်။ သူက ဘယ်တုန်းကမှ ဝူဟောင်ထက် အားနည်သည်ဟု မခံစားခဲ့ရချေ။ ဇူယွမ်က အသက်၀၀ရှုလိုက်ပြီး စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူတို့နှစ်ယောက် ငြိမ်သက်သွားပြီး သူတော်စင် အကြွင်းအကျန်မြို့၏ အပြင်ဘက်သို့ ငေးမော၍ နေလိုက်ကြသည်။

ထိုအချိန်၌ ကြယ်အလင်းတန်း ခြောက်ခုက ကောင်းကင်ယံမှ သူတော်စင် အကြွင်းအကျန်မြို့ပေါ်သို့ အရှိန်အဝါကြီးစွာ ကျဆင်းလာသည်။ မြို့ကို ဝန်းရံထားသည့် မှော်စာလုံး အစီအရင်ကလည်း စတင်ပွင့်လာခဲ့သည်။ တစ်မြို့လုံးကို ဖြတ်ပြီး စွမ်းအား ပြည့်ဝသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သူတော်စင် အကြွင်းအကျန်မြို့၊ ရှောင်ထျန်းလျိုက မြင့်မြတ်သော ကလန်ရဲ့ တမန်တော် ခြောက်ယောက်ကို လေးစားစွာ ကြိုဆိုပါတယ်”


Comment

  1. arnoemalay1500 says:

    Like

Leave a Reply

Options

not work with dark mode
Reset