Switch Mode

စာစဥ် (၁၀) အပိုင်း (၁၃၆)

ပထမအကြိမ်ဝူဟောင်နှင့်ထိပ်တိုက်တွေ့ဆုံခြင်း

ဘုန်း … … …

ကြီးမားလှတဲ့ ချီစွမ်းအင်တွေက ရွှေဝါရောင်ပုံရိပ်ဆီမှ ထွက်ပေါ်လာပြီး သူ့အသွေးအသားထဲမှ တုန်ရီနေကာ နဂါးအော်သံ ခပ်သဲ့သဲ့ကိုပင် ကြားရသည်။

သူ့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါ အငွေ့အသက်က သူ့အား ဘုရင်တစ်ပါး ပလား ထင်မှတ်စေသည်။

ဆိုင်အတွင်း၌ ညစာ စားသောက် နေကြသူများက အရှိန်အဝါကို ခံစားမိပြီး တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့် လိုက်ကြသည်။ သူ့တို့အားလုံး စိတ်ဆိုး ဒေါသထွက် နေကြသော်လည်းပဲ ဝူဟောင်ကိုမြင်သည်နှင့် သူတို့ပါးစပ်မှ ထွက်လာမည့် စကားလုံးများပင် ပျောက်ရှကုန်သည်။ စွမ်းအားကြီးမားလှသော အရှိန်အဝါတွေပါဝင်တဲ့ ဝဲကတော့ကြီး တစ်ခုက ဇူယွမ်ဆီသို့ဦးတည်လာသည်။

“ဟီးဟီး။ ကြီးမြတ်သော ဝူအင်ယာရဲ့ အိမ်ရှေ့စံမင်းသားလေးက အားနည်းတဲ့ သူတစ်ယောက်ကို အနိုင်ကျင့်မလို့လား။ ဒီနေရာက မင်းမိသားစု ပိုင်ဆိုင်တဲ့နေရာ မဟုတ်ဖူးနော်။ မင်းမနေချင်ရင် တခြားနေရာမှ အစား သွားစားလို့ရတယ်။

“ကျိုးချူးချင်ယုက မျက်မှောင်ကြုတ် လိုက်ပြီး ပြောလိုက်သည်။ ထိုနောက်ရှေ့သို့ တက်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ မူလချီများ တိုးထွက်လာပြီး ဝူဟောင်၏ ဖိအားများကို ချိုးဖြတ်လိုက်သည်။

ယောင်ယောင်၏ မျက်နှာ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပဲ သူ့မ၏ မျက်ခုံးနှစ်ခုကြားမှာ လင်းလက် တောက်ပလာပြီး သူမ၏ လက်ချောင်းမှ အလင်းတန်း ထွက်ပေါ်လာပြီး လေထုကို ဖြတ်သန်းသွားသည်။

ဖောက် … …

စိတ်ဝိညာဉ် စွမ်းအားတစ်ခု ပစ်လွတ်လိုက်သော အချိန်တွင် ဝူဟောင်ထံမှ စွမ်းအားပြည့်ဝတဲ့ အရှိန်အဝါတွေက တစ်စုံတစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည့် အလား ပျောက်ကွယ်သွားသည်။

“ငါစိတ်ကုန်လာပြီနော် ဒီမိန်းကလေးငယ်လေးက နင်တို့ရဲ့ လွယ်ကူတဲ့ ပစ်မှတ်တစ်ခု ဖြစ်နေတာလား”

လုလျိုသေးငယ်လှတဲ့ မျက်နှာလေး ရုပ်ဆိုးသွားပြီး အော်ပြောလိုက်သည်။ ဒီနေ့တစ်နေကုန် ဘာမှားနေတာလဲ မသိဖူး။ အားလုံးက သူမကို တိုက်ခိုက် နေသလိုမျိုးပဲ။

သူမ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ သူမနားမှ ရေခဲအပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ရေခဲငှက်လေးက သူမ၏ ပုခုံးထက်တွင် လာရောက်နားကာ နက်ရှိုင်းလှသော အေးစက်စက် ချီစွမ်းအင်တွေ ထွက်ပေါ်လာလေပြီး ရွှေရောင် ပုံရိပ်ဆီသို့ တိုးဝင်သွားသည်။

မိန်းကလေးသုံးယောက်၏ ရန်လိုမှုက ပတ်ဝန်းကျင်ကို အာရုံစိုက်လာစေသည်။ ဇူယွမ်၏ အမှုအရာက ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး သူ့ရှေ့ရှိ ရွှေရောင်ပုံရိပ်အား စိုက်ကြည့်လျက် ရှိသည်။ သူ၏ လက်ငါးချောင်းလုံးကို နဂါးဒေါသ အဆိပ်ရှိသော သူ၏ လက်ဖဝါးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ရှိသည်။ သည်အဆိပ်တွေ အားလုံးက ပေါက်ကွဲ ထွက်ချင်နေသော်လည်းပဲ ဇူယွမ် အနေအဖြစ် အပြည့်အဝ ဖိနှိပ်ထားနိုင်ခဲ့သည်။

သူမျက်လုံးထဲတွင် ပုံရိပ်တစ်ခုကို ဝေ၀ဝေဝါးဝါး မြင်ယောင်လာသည်။ ထိုအရာက သူအတော်အတန်ကြာ မေ့လျော့နေခဲ့သည့် မှတ်ဉာဏ်များ ပြန်ပေါ်လာခြင်းလော။ ထိုအရာက အေးစက်စက် ယဇ်ပလ္လင်တစ်ခု ဖြစ်သည်။ ထိုယဇ်ပလ္လင်၏ အလယ်တွင် သူရှိနေပြီး သူ၏ရှေ့တွင် ပိန်သွယ်သော ကလေးတစ်ယောက် ရှိနေသည်။ သူထိုအရာကို သေချာကြည့်လိုက်တဲ့ အချိန်မှာ ကလေးငယ်လေးက သူ့ကို စပ်ဖြဲဖြဲ မျက်နှာဖြင့် စိုက်ကြည့်နေသည်။

ဇူယွမ်က သူ့မျက်လုံးကို ညင်သာစွာ ပိတ်လိုက်ပြီးနောက် အမှောင်တိုက် အတွင်းသို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားပြီး သူမျက်လုံး ပြန်ဖွင့်လိုက်သော အခါတွင် လက်ရှိ အနေအထားကို ပုံမှန် ပြန်မြင်ရလာသည်။

လူအများက သူတို့၏ ပတ်ပတ်လည်တွင် မတ်တပ်ရပ်လျက်ရှိပြီး ကျယ်လောင်စွာ ပြောဆို ဆွေးနွေးနေကြသည်။

“ဒီတစ်ယောက်က ကြီးမြတ်သော ဝူအင်ပါယာက ဝူဟောင်မလား”

“သူက ကောလဟာလတွေ ထဲကအတိုင်း တကယ်ကို အင်အားကြီးတာပဲ”

“ဒီ ဒီ … ဒီတစ်ယောက်က ကျိုးချန်ချင်ယုမလား။ ပြီးတော့ သားရဲတစ်ထောင် အင်ပါယာက မင်းသမီးလေး သူတို့နှစ်ယောက်လုံးက အဆက်အဆံလုပ်ဖို့ကို မလွယ်ကူဖူး”

“သူတို့ဘေးက ချောမောလှတဲ့ ကောင်လေးကရော ငါကြားခဲ့တာတော့ သူရဲ့စိတ်ဝိညာဉ်က ဒြပ်ထည်အဆင့်ကို ရောက်ရှိနေပြီတဲ့။ ”

“ဟုတ်လား။ အဲဒါကြောင့် ဝူဟောင်ရဲ့ ဖိအားတွေကို လက်တစ်ချောင်းတည်းနဲ့ ဖယ်ရှားနိုင်တာ အံ့သြစရာ မဟုတ်ဖူးပဲ…”

“ဒါပေမဲ့ ဒီချီစုဆောင်းမှုအဆင့် ကလေးက ဘယ်သူလဲ”

“ငါသူ့နာမည် ကြားဖူးတယ်။ သူက ကြီးမြတ်သောဇူ အင်ပါယာက မင်းသားဇူယွမ်တဲ့ …”

“သူလား ငါသူတို့နှစ်ယောက်ရဲ့ နောက်ကွယ်က ဇာတ်လမ်းကို သိတယ် ငါကြားခဲ့တာ ကြီးမြတ်သော ဝူအင်ပါယာက ကြီးမြတ်သော ဇူအင်ပါယာကို ပုန်ကန်ပြီးတော့ ကြီးမြတ်သော ဇူအင်ပါယာရဲ့ မင်းသားရရှိတဲ့ နဂါးကောင်းချီးပေးမူကို ကြီးမြတ်သော ဝူအင်ပါယာက စပါးအုံးနဲ့ စာကလေးတို့က ခိုးယူသွားတယ်ဆိုပဲ”

“ဒါဆို သူတို့နှစ်ယောက်လုံးက ရန်သူတော်ဟောင်းကြီးတွေပေါ့”

“ဒါပေမဲ့ ဇူယွမ်နဲ့ဝူဟောင်တို့ကြား ကွာခြားချက်က ကြီးမားလွန်းတယ်။ ဇူယွမ်ဘေးက လူတွေသာ မရှိဖူးဆိုရင် လက်တစ်ချက်ဝှေ့တာနဲ့ ဇူယွမ် သေသွားနိုင်တယ်။

လူအများအပြားက ဆူညံစွာ ပြောဆိုဆွေးနွေးနေကြပြီး သူတို့ရှေ့က မြင်ကွင်းကို ကြည့်ရူလျက် ပြောသည်။ လူတိုင်းက သူတို့ရှေ့ရှိတိုက်ပွဲအား စောင့်မျှော်လျက် ရှိနေချိန်တွင် ဝူဟောင်က ရုတ်တရက် သူ့အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး မျက်နှာ အမူအရာ ကင်းမဲ့စွာဖြင့် ရပ်နေသည်။ သူ့က စကားတစ်ခွန်းမှ မပြောပဲ ဇူယွမ်ကိုသာ စိုက်ကြည့်နေသည်။ သူသည် ဇူယွမ်ထံသို့ လျှောက်လှမ်းလာပြီး ဇူယွမ်ထံသို့ အရောက်တွင် ရပ်တန့်သွားပြီ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ငါမင်းကို အချိန်တွေအများကြီး အသက်ရှင်ခွင့် ပေးထားတာတောင် အခုထိမင်းက အမှန်ကို မမြင်နိုင်သေးဖူး”

ထိုနောက် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး မည်သည့် စကားမှ မပြောတော့ပဲ ထွက်ခွာသွားတော့သည်။

ဇူယွမ်၏ မျက်နှာအမှုအရာမှာ ပြောင်းလဲခြင်း မရှိပေ။ သူဆုပ်ကိုင်ထားသည့် လက်ကိုဖြည်းညင်းစွာ ဖြေလျော့လိုက်သည်။ နောက်ဆုံးတော့ သူ့လက်ဝါးရှိ နဂါးဒေါသအဆိပ်အား ဖိနှိပ်နိုင်ပြီ ဖြစ်သည်။

“သွားစားကြစို့ … “သူက ပြောလိုက်သည်။

သူတို့အုပ်စုက စားပွဲဝိုင်းတစ်ခုမှ အတူတကွ ထိုင်နေပြီး ကျိုးချူးချင်ယုက သူ့ရဲ့မျက်လုံးရွှဲကြီးများဖြင့် ဇူယွမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ရှင်က ဝူဟောင်နဲ့ ရန်ငြိုးရန်စရှိတာလား။ ”

“ငါနင်တို့နှစ်ယောက် အကြား ညှိ နှိုင်းပေးရမလာ”

ဇူယွမ်က ရယ်မောပြီး ပြန်ဖြေခဲ့တယ်။

“အဲဒါက သေခြင်းရှင်ခြင်း အကြားက ရန်ပွဲ ငါတို့နှစ်ယောက်ထဲက တစ်ယောက်သာ အသက်ရှင်နိုင်မယ်”

ကျိုးချူးချင်ယုက တိတ်ဆိတ်သွားပြီးနောက် သူမက ဆက်ပြောခဲ့တယ်။

“ရှင်က တကယ် ကံဆိုးတာပဲ ရှင်တကယ်ကို သူနဲ့ယှဉ်နိုင်မှာ မဟုတ်ဖူး”

“ကမ္ဘာပေါ်မှာ မဖြစ်နိုင်ဘူးဆို လုံးဝမရှိဘူး”

ဇူယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ တစ်နှစ်အထိ ငါက ငါ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်ဝင်ပေါက် ရှစ်ခုကိုတောင် ရှာဖွေနိုင်ခဲ့ခြင်း မရှိဘူး။ ကျင့်ကြံခြင်းလည်း မလုပ်ဆောင်နိုင်ခဲ့ဘူး။

အခုတော့ ငါလဲ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ပြီ။

ကျိုးချူးချင်ယုနှင့် လုလျိုတို့နှစ်ယောက်လုံး ခဏမျှ ကြက်စေသေသွားပြီး။ ဒီငနဲက ချီစုဆောင်းမှု အဆင့်ရောက်ဖို့ အချိန်တစ်နှစ်ပဲ ယူခဲ့ရတာလား။

“ဒါ … ဒါ … ဒါဆိုရင် မင်းဆီမှာ နဂါးရဲ့ ကောင်းချီးပေးခံရမှုတွေ ခိုးယူခံရတာက မင်းကို အားနည်း သွားစေတာပေါ့”

လုလျိုက မေးထောက်လျက် ပြောခဲ့သည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့ ငါတို့ဒီမှာ ရှိနေသမျှ ဝူဟောင်က နင့်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဖူး”

ဇူယွမ်က ပြုံးလိုက်ပြီး လုလျိုကို အဓိပ္ပာယ်ပြည့်ဝစွာ ပြောလိုက်သည်။ “အခုလိုကြားရတာအလွန်ကို ကျေးဇူးတင်ပါတယ်။ ”

သည်စားသောက်ဆိုင်က အလွန်တရာပင် အဆင့်တန်း မြင့်လှပြီး အဆင့်သုံး အဆင့်လေး မူလမှော်သားရဲ အသားများပင်မှာ ယူနိုင်သည်။ တစ်ခုတည်းသော အရာမှာ လွန်စွာမှ ဈေးကြီးခြင်း ဖြစ်ပြီး ဟင်းတစ်ပွဲကို မူလသလင်းကျောက် သိန်းဂဏန်းမျှပင် ကုန်ကျနိုင်သည်။

“လုလျိုက သူ့လက်ထဲကို အစားအသောက် စာရင်းရောက်ရှိတဲ့ အချိန်မှာ သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေနဲ့ ကျိုးချူးချင်းယွင်ကို ကြည့်လိုက်ပြီး တောက်ပစွာ ပြုံးပြရင်း ပြောလိုက်သည် …”

တစ်ယောက်လောက်လာစမ်းပါ ငါတို့ကို ဈေးအကြီးဆုံး ဟင်းလျာတွေ တစ်ခုချင်းစီချပေး။

“မိုးကြိုး ခေါင်းသားပေါင်း”

“စိတ်ဝိညာဉ် အမဲကြော်”

“ရေခဲမီးတောက် စပါးအုံးမြွေသား”

လုလျိုမှာ ကြားနေသည်များကို နားထောင်ရင်း ကျိုးချူးချင်ယု၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ညသို့ ရောက်ရှိလာခဲ့သည်။ ဇူယွမ်က သူ့အခန်းတွင်းရှိ အိပ်ရာပေါ်မှာ ထိုင်နေပြီး သူ၏ လက်အတွင်းတွင် စိတ်ဝိညာဉ် အရင်းအမြစ် ထည့်ထားသည် ပုလင်းတစ်လုံးကို ကိုင်လျက်ရှိပြီး သူအင်္ကျီ လက်မောက်းအိုးကို လှုပ်ယမ်းလိုက်သည်နှင့် မြေအောက် စိတ်ဝိညာဉ် သစ်သီးနှင့် ဟင်္သပဒါး သွေးရောင်မြက်တို့ ပေါ်ထွက်လာခဲ့သည်။

သူ၏ မျက်လုံးများက သူ့ရှေ့တွင်ရှိသော ပစ္စည်းသုံးမျိုးအား စိုက်ကြည့်လျက် ရှိသည်။ သည်နေ့ သူဝူဟောင်နှင့် တွေ့ဆုံပြီးနောက် ဝူဟောင်၏ စွမ်းအားကြီးမှုကို လက်ခံမိသည်။ သို့သော်လည်း မည်မျှပင် စွမ်းအားကြီးမားပါစေ သူ့အနေဖြင့် ကြောက်ရွံ့ခြင်း မရှိပေ။

ထိုအရာက ဇူယွမ်၏ နှလုံးသားထဲတွင် တိုက်ပွဲ ဆာလောင်စိတ်များကို ပိုမို ပြင်းထန်စေသည်။ ဝူဟောင်က သူလျောက်ရမည့်လမ်းတွင် ဖျက်စီးပစ်ရမည့် ခလုတ်က သင်းဆိုသည်ကို သူသေချာသိပေသည်။ ထိုကောင်ကို အနိုင်ယူပြီးမှ သူ၏ မြင့်မြတ်သော နဂါးလမ်းစဉ်ကို လျှောက်လှမ်း နိုင်ပေမည်။

“ဝူဟောင်။ မင်းနဲ့ငါ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ ဘယ်သူ့လက်ချက်နဲ့ ဘယ်သူ သေမလဲဆိုတာ သိကြတာပေါ့။ ”

“အဲဒီအချိန် ရောက်လာရင် ငါ့ရဲ့ ကောင်းချီးပေးခံရမှုက အလွယ်တကူ ခိုးယူလို့ရတဲ့အရာ တစ်ခုမဟုတ်ဖူးဆိုတာ ငါမင်းကို သိစေမယ်။ မင်းက ငါ့ကို ထက်မြက်သွားအောင် လေ့ကျင့် မင်းနဲ့ငါ့ကြားက ကိစ္စတွေ ပြီးသွားရင် စစ်မှန်သော နဂါးက ဘယ်သူလဲ ဆိုတာ မင်းသိလာစေရမယ်။ ”

“အဲဒီအချိန်မှာပဲ ဇူယွမ်ရဲ့ လက်ထဲမှာရှိသော မြေအောက် စိတ်ဝိညာဉ် သစ်သီးနှင့် ဟင်္သပဒါးရောင်မြက်တို့က အနက်ရောင်နှင့် အနီရောင် ချီစွမ်းအင်တွေ အဖြစ် လေထဲသို့ ထိုးတက်သွားပြီး ဇူယွမ်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset