Switch Mode

စာစဥ် (၁၀) အပိုင်း (၁၃၅)

ကျိုးချူးချင်ယု

ရုတ်တရက် ထွက်ပေါ်လာသော အသံလေးကြောင့် လူတိုင်းက ခေါင်းမော့ကာ ကြည့်လိုက်မိသည်။ ထိုအခါ အမည်းရောင်ဝတ်စုံနှင့် ကျစ်လစ်သွယ်လျသော ခန္ဓာကိုယ်လေးအား တွေ့လိုက်ရသည်။ မျက်လုံးပေါင်းများစွာက သူမကို မြင်မိသဖြင့် တောက်ပလို့ လာကြသည်။

အမည်းရောင်ဝတ်စုံနှင့် မိန်းကလေးက ခြေဗလာရှိနေပြီး သူမ၏ ကျောက်စိမ်းရောင် အသားအရည်ရှိသည့် ခြေကျင်းဝတ်မှာတော့ ငွေရောင် ခေါင်းလောင်းလေးများ သွယ်တန်းထားသည့် ခြေကျင်းလေး တစ်ခုကို ဝတ်ဆင်ထား၏။ မှန်ဖျော့ဖျော့ မြူများက သူမ၏ ခြေထောက်အောက်မှာ ရစ်ဆိုင်းနေသည်။ ထို့ကြောင့် သူမက မြေကြီးကိုပင် တစ်ခါမျှ မထိတွေ့ဖူးသည့်ဟန် ရ၏။ သူမ၏ မျက်နှာလေးမှာလည်း အစွမ်းကုန်လှပကာ စွဲဆောင်အား ကောင်းလွန်းသည့် မှော်စရာမလေး တစ်ယောက်လိုပင် ဖြစ်သည်။

ရှောင်ထျန်းရွှမ်၏ မျက်လုံးများကး အနည်းငယ် တည်ကြည်သွားကာ ထိုမိန်းကလေးအား ကြည့်၍ ပြောလိုက်သည်။

“ကျိုးချူးချင်ယု”

သူ့အနားမှာ ရှိသည့် ပါရမီရှင်များက လည်း အနည်းငယ် မျက်မှောင်ကြုတ် မိသွားသည်။ သူတို့က ထိုနာမည်ကို အစကတည်းက ကြားဖူးလေသည်။

“ကျိုးချူးကလန်ရဲ့ ကျိုးချူးချင်ယု …”

ဇူယွမ်လည်း အနည်းငယ် မျက်လုံးပြူးမိသည်။ သူမကလည်း ကန်မင်ကုန်း မြေကြီး၏ အသန်မာဆုံး လူငယ်မျိုးဆက်တွေထဲက တစ်ယောက် ဖြစ်သည်။

လုလျိုကလည်း မျက်လုံးရွှဲကြီးများဖြင့် သူတို့ရှေရှိ မှော်စရာမလေးကို သိချင်စိတ်ပြင်းစွာ စိုက်ကြည့်လိုက်သည်။ ပင်ကိုယ်အားဖြင့် သူမက ကျိုးချူးချင်ယု၏ သတင်းကို ကြားဖူးထားပြီး ဖြစ်ပေမဲ့ အခုမှ ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ လူတိုင်းက ကျိုးချူးချင်ယုကို ကြည့်နေကြသော်လည်း သူမကတော့ ယောင်ယောင်ကိုသာ ဝေဆာစွာ ကြည့်နေသည်။

သူမ၏ ပုံရိပ်လေးက ရုတ်တရက် လှုပ်ရှားလိုက်သည့် အခါ ငွေရောင် ခေါင်းလောင်းသံလေးများက ရှင်းလင်းစွာ ထွက်ပေါ်လို့ လာခဲ့ပြီး သူမက တစ္ဆေတစ်ကောင်လို့ ယောင်ယောင်၏ ရှေ့သို့ ရောက်လာခဲ့သည်။

မြန်လိုက်တာ…။

လူတိုင်းက တုန်လှုပ်ကုန်၏။ သူတို့ထဲက မည်သူကမျှ သူမ၏ လှုပ်ရှားမှုကို ကောင်းကောင်း မမြင်လိုက်ရချေ။

“ဟေး …နင်နာမည် ဘယ်လိုခေါ်လည်း …။ ငါက ကျိုးချူးချင်ယု… ငါတို့ သူငယ်ချင်း ဖြစ်လို့ရလား…”

ကျိုးချူးချင်ယုက သိချင်စိတ်ပြင်းစွာ ယောင်ယောင်ကို ကြည့်ရင်း မေးလိုက်သည်။ သည်လူက အမှန်ပင် သူမလောက်လှလေသည်။

သူမက ယောင်ယောင်ကို စိတ်ဝင်စားမိသည်။ အထူးသဖြင့် ယောင်ယောင်၏ နေပုံထိုင်ပုံ ကိုပင်။ ကျိုးချူးချင်ယုက သူမကိုယ်သူမ မိတ်ဆက်သောအခါ လူအားလုံက အသက်ပြင်းပြင်း ရှုထုတ်မိသွားကြသည်။ ယောင်ယောင် တစ်ယောက်တည်းကသာ ဘာကိုမှ စိတ်ဝင်စားဟန် မရှိပေ။ ကျိုးချူးချင်ယုက ယောင်ယောင်ဟာ ဟန်ဆောင်ခြင်း မဟုတ်ဘဲ အမှန်ပင် သူမကို စိတ်မဝင်စားသည်ကို အာရုံခံမိသည်။

ယောင်ယောင်က ကျိုးချူးချင်ယု အနား ရောက်လာသည့်အခါ ရုတ်တရက် မှင်သက်မိသွားသည်။ သူမက ရယ်ချင်မိသွားသည်ကို ပြန်ထိန်းလိုက်၏။ သူမက ယောက်ျားလေးအဖြစ် ဟန်ဆောင်နေရတာလေ။ သို့ရာတွင် ယောင်ယောင်က အများကြီး ရှင်းပြ မနေချင်တာကြောင့် ချက်ခြင်း ပြန်ဖြေလိုက်သည်။

“ဇူရှောင်ယို…”

“ဟီးဟီး …နင့်နာမည်က ငါ့လိုပဲ လှတယ်…”

ဇူယွမ်က နှုတ်ခမ်းတွန့်လိုက်မိသည်။ ကျိုးချူးချင်ယုက နည်းနည်း ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသည်။ သို့သော် သူမက ထိုအရာနှင့်ထိုက်တန်၏။ ယောင်ယောင်က ကျိုးချူးချင်ယုကို အာရုံမစိုက်တော့ပေ။ သူမက ရှောင်ထျန်ရွှမ်နှင့်ဂူလင်း ကိုကြည့်ကာ ပြောလိုက်သည်။

“ငါ့စကားတွေမှတ်ထားပါ။ နင်တို့ လက်စားချေခြင်ရင် သူတော်စင် အကြွင်းအကျန် နယ်မြေ ကိုဝင်ပြီးရင် အဲဒီ နေရာမှာ လုပ်ပါ။ ခုလို အသုံးမဝင်တဲ့ လှည့်ကွက်လေးတွေ လုပ်မယ့်အစား စားပွဲခုံအောက်မှာ ပုံးနေတာက ပိုကောင်းသေးတယ် …”

သူမအသံက ပေါ့ပါးပြီး ဒေါသသံ နည်းနည်းတောင် မပါပေ။ သို့သော် အေးစက်သည့် အမိန့်တစ်ခုလို ခံစားရစေပြီး မည်သူမျှ မဆန့်ကျင်ဝံ့။ သူမက သူပြောချင်သည်ကို ပြောပြီးနောက် ကျက်သေ သေနေသော လူတွေကို ထားကာ ဆက်၍ ထွက်သွားသည်။

ဇူယွမ်နှင့်လုလျိုတို့ကလည်း ချက်ချင်း နောက်က လိုက်လာသည်။ ကျိုးချူး၏ မျက်လုံးများက ထွက်ခွာသွားသည့် သူတို့ကို ကြည့်ရင်း အတွေးထဲ၌ ခဏနစ်မြောသွားဟန် ရသည်။

ရှောင်ထျန်ရွှမ်၏ ကြည့်ကောင်းသော မျက်နှာက ထွက်သွားသည့် ယောင်ယောင်တို့ကို ကြည့်ကာ ရုပ်စိုး အကျည်းတန်သွားသည်။ ဒီနေ့မှာတော့ ဒီကိစ္စက လွယ်လွယ်ပြီးသွားပေမဲ့ သူက မြို့စားငယ်အဖြစ် ဇူယွမ်ကို ရင်ဆိုင်ပြီး ဂူကလန်၏ အဆုံးမဲ့ ရတနာကို ဂူလင်းအတွက် ပြန်ယူပေးရပေမည်။ သူက ဇူယွမ်ကို တောင်းပန်ခိုင်းပြီး ရတနာကို ပြန်ပေးခိုင်းကာ ဂူလင်းအတွက် ကျေရာ ကျေကြောင်း ဖြစ်အောင် ပြန်လုပ်ရပေမည်။

ခုတော့ သူတို့က ရတနာကို ပြန်မပေးသည့် အပြင် ခြိမ်းခြောက်လို့ပင် သွားသေးသည်။ ဂူလင်း၏ ရှည်လျား သွယ်တန်းသည့် မျက်လုံးထဲ၌ မုန်တိုင်းထန်သွားသည်။ သို့သော့်သူမက သူ့မျက်နှာပေါ်မှာ ဘာခံစားချက်မျှ မဖော်ပြပေ။ သူက အနည်းငယ် ရယ်လိုက်ပြီး ပြောလိုက်သည်။

“ငါတော့ မြို့စားလေးရဲ့ အချိန်တွေကို ဖြုံးမိနေပြီ။ ငါထင်တာကတော့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်တယ်လို့ ထင်တယ် …”

သူမစကားများက ရှောင်ထျန်းရွှမ်၏ နှလုံးသားကို မီးတောက်စေသည်။ သူက အသံခပ်နိပ်နိပ် ပြောလိုက်သည်။

“ဟမ်း … ဒီလူရဲ့ စိတ်ဝိညာဉ်က ဒြပ်ထည်အဆင့်ကို ရောက်နေပေမဲ့ သူက မောက်မာလွန်းတယ်…။ သူ့စိတ်ဝိညာဉ်က ဘယ်လောက် သန်မာသန်မာ လူတစ်ယောက်က သူမသိအောင် သူ့အနားကပ်နိုင်ပြီဆိုရင် တစ်ချက်တည်းနဲ့ အသက်ခံရလိမ့်မယ် …”

အခြားသော ပါရမီရှင်များကလည်း ထောက်ခံကြသည်။ စိတ်ဝိညာဉ် ကျင့်ကြံမှုကိုပဲ အာရုံစိုက်ထားသည့် လူတွေက မူလ မှော်စာလုံးများ အစွမ်းကို ငှားရမ်းနိုင်သော်လည်း သူတို့ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းကာ တစ်ချက်တည်းဖြင့်ပင် သေကြေ ပျက်စီး သွားနိုင်ပေသည်။

ရှောင်ထျန်းရွှမ်က အေးစက်စက် ထပ်ပြောလိုက်သည်။

“ငါကြားဖူးတာက ဇူယွမ်က ဝူအင်ပါယာက ဝူဟောင်နဲ့ ရန်ငြိုးအာဏာတ ရှိတယ်တဲ့။ ဇူယွမ်က သူရဲ့စိတ်ဝိညာဉ် တစ်ခုတည်းနဲ့ ဝူဟောင်ကို ရင်ဆိုင် နိုင်မလားဆိုတာ ငါတကယ် သိချင်မိတယ် …” ဂူလင်း၏ မျက်လုံးများ ကထိုအကြောင်းကို ကြားလိုက်သည့်အခါ ချက်ချင်း တောက်ပလာသည်။

ကန်မင်ကုန်းမြေကြီး၏ လူငယ်မျိုးဆက်၌ လက်တစ်ဆုပ် စာလောက်သာ ဝူဟောင်နှင့်ရင်ဆိုင်နိုင်ပေသည်။ သူက ကောင်းကင်တံခါး အဆင့်ဖြင့် မူလစဦးအဆင့်ကို သတ်ဖြတ်နိုင်သည့်သူ ဖြစ်သည်။

သည်ရုပ်ချောချောကောင်က စိတ်ဝိညာဉ် ဒြပ်ထည်အဆင့်ကို ပိုင်ဆိုင်ထားသော်လည်း သူက ဝူဟောင်ကို ယှဉ်နိုင်လောက်မှာ မဟုတ်ပေ။

“သူတော်စင် အကြွင်းအကျန် နယ်မြေက ထူးဆန်းမှုတွေ ပြည့်နေပြီး ဘာမဆို ဖြစ်သွားနိုင်တယ်။ သူက အမြဲ ဇူယွမ်ကို ကာကွယ်ပေးနိုင်လိမ့်မယ် မထင်ဘူး။ သူတို့နှစ်ယောက် လူချင်းကွဲနေတဲ့ အခါကြရင် ဇူယွမ်က လက်တစ်ဖက်တည်းနဲ့တောင် ဖိသတ်နိုင်လိမ့်မယ်”

ရှောင်ထျန်းရွှမ်က ဂူလင်းကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ဒါကြောင့် ဘာမှ စိတ်ပူနေစရာ မလိုဘူး။ ချီစုဆောင်းမှုအဆင့် ကောင်လေးက ဘာကိုမှ လှုပ်ခတ်သွားအောင် လုပ်နိုင်လိမ့်မှာ မဟုတ်ဘူး …”

ဂူလင်းက ပြုံး၍ ရှောင်ထျန်းရွှမ်ကို ပိုလို့နူးညံ့စွာ ကြည့်လိုက်သည်။ ရုတ်တရက် ရှောင်ထျန်းရွှမ်က ထပ်ပြောလိုက်သည်။

“မနက်ဖြန်ကြရင် မြင့်မြတ်သော ကလန်ခြောက်ခုက သံတမန်တွေ သူတော်စင် အကြွင်းအကျန်မြို့ကို ရောက်လာတော့မယ်…။ ဒါကြောင့် သူတော်စင် အကြွင်းအကျန် နယ်မြေက မကြာခင် ပွင့်တော့မယ်လို့ ငါ ထင်တယ် …”

ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်များက ဂူလင်းနှင့် အခြား ပါရမီရှင်များ၏ မျက်လုံးထဲ၌ ပေါ်လာခဲ့သည်။ သူတော်စင် အကြွင်းအကျန် နယ်မြေကို ကြီးမားလှသည့် မြင့်မြတ်သော မြစ်က ဝန်းရံထားသည်။ သစ်ရွက်တစ်ရွက်တောင်မှ ထိုမြစ်ထဲ ကြွေကျမိလျှင် နစ်မြုပ်နိုင်သည်ဟု ပြောကြပါသည်။ မြစ်အပေါ်မှာ ကောင်းကင်ထိ ထိုးတက်နေသည့် မြူများက ဆိုင်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်၏။ ထိုမြူလွှာများက လုံးဝထူးဆန်းသည်။ လူတစ်ယောက်က ထိုမြူထဲသို့ ဝင်ရောက်လာလျှင် သူတို့၏ ဦးတည်ရာများ ချက်ချင်း ပျောက်ရှ သွားနိုင်သည်။ တစ်ချက်မှားလျှင်ပင် မြစ်ထဲသို့ ချက်ချင်း နစ်မြုပ်သွားနိုင်၏။

ကံကောင်းစွာပင် မြူများက အချိန်တစ်ခုတွင် တစ်ကြိမ်တော့ ပါးလွှာလာသည်။ စွမ်းအားပြည့်သည့် ကျင့်ကြံသူများက ထိုအချိန်တွင် အကျိုးကျေးဇူးရအောင် ပါရမီရှင်များကို စေလွှတ်ကြသည်။

ကန်မင်ကုန်းမြေကြီးတွင် မြင့်မြတ်သော ကန်ခြောက်ခုသာ ထိုသို့ စွမ်းဆောင်နိုင်သည်။ ထို့အတွက်သူတို့က သူတော်စင် အကြွင်းအကျန် နယ်မြေကို ဖွင့်လှစ်ပေးဖို့ သံတမန်များ စေလွှတ်၍ အကူအညီ ပေးလေသည်။ သံတမန်များ ရောက်လာခြင်းက သူတော်စင် အကြွင်းအကျန် နယ်မြေက မကြာခင်ပွင့်တော့မည် ဖြစ်ပြီး လူတိုင်းက သူတို့အိမ်မက်တွေကို တမ်းတနိုင်ပြီ ဖြစ်ကြောင်း ဆိုလိုရင်း လည်း ဖြစ်ပေသည်။

“ငါကိုက ရူးလွမ်းတယ်။ ဒီခွေးကောင် ရှောင်ထျန်ရွှမ် …။ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ တွေ့ခဲ့ရင် ဒီကောင်ကို သင်ခန်းစာ ပေးရလိမ့်မယ်။ လုလျိုက မကျေမနပ် ဖြစ်နေခြင်းပင်။ ရှောင်ထျန်းရွှမ်က အမှန်ပင် သူမကို မျက်နှာသာ မပေးဘဲ နေရဲတယ်ပေါ့”

ဇူယွမ်က ဟက်ခနဲ ရယ်မောလိုက်သည်။ သူက ထိုအကြောင်းကို ဆက်၍ မပြောတော့ပေ။ ပြဿနာလေး အနည်းငယ် ရှိခဲ့သော်လည်း သူတို့က နောက်ဆုံးမှာ မြေအောက် စိတ်ဝိညာဉ် သစ်သီးနှင့် ဟင်္သပဒါး သွေးမြက်ကို ရယူနိုင်ခဲ့သည်သာ ဖြစ်သည်။ ဒီညတွင် သူက ထိုအရာနှစ်ခု၏ စိတ်ဝိညာဉ် အရင်းအမြစ် စွမ်းအင်များကို စုပ်ယူရပေမည်။ သူက စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ကို ချိုးဖျက် နိုင်မည်မှာ သေချာပေသည်။

ရုတ်တရက် သူက ယောင်ယောင် ကြည့်နေသည့် နေရာကို ခေါင်းလှည့် ကြည့်မိလိုက်သည့်အခါ ကူရာမဲ့စွာ ခံစားလိုက်ရသည်။ ကျိုးချူးချင်ယုက သူမပါးစပ်ကနေ တတွတ် တတွတ်ရွတ်ရင်း ပြုံး၍ လိုက်လာသောကြောင့်ပင်။

“အစ်ကို ရှောင်ယို … နင်ဘယ်က လာတာလဲ …”

“နင်ရဲ့ မူလချီတွေက တစ်စက်ကလေးမှ မရှိပေမဲ့ စိတ်ဝိညာဉ်ကတော့ အရမ်း အားကောင်းလွန်းနေတယ်…။ ငါတို့ သူတော်စင် အကြွင်းအကျန် နယ်မြေ အတွက် အုပ်စုဖွဲ့ရအောင်…။ ဒါဆို တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်လိမ့်မယ်လေနော် …”

ယောင်ယောင်ကတော့ စိတ်ရှုပ်တာရော၊ ရယ်ချင်တာရော ကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ သို့သော် သူမက အများကြီးရှင်းပြမနေချင်သောကြောင့် ကျိုးချူးချင်ယုကို လစ်လျူရှုထား လိုက်သည်။

ယောင်ယောင်က ဇူူယွမ်ကို ပြောလိုက်သည်။ “ငါဗိုက်ဆာပြီ …။ စားကြစို့ …”

ကျိုးချူးချင်ယုက မြန်မြန်ပြုံး၍ ပြောလိုက်သည်။

“ကဲ … လူတိုင်းပဲ ကံတရားအရ ငါတို့ဆုံတွေ့ခဲ့ရတယ် …။ ဒါကြောင့် ငါ့ကို နေ့လည်စာ ကျွေးခွင့် ပြုပါ။ ပါရမီရှင်များ စံအိမ်ရဲ့ အစားအသောက်တွေက ဒီသူတော်စင် အကြွင်းအကျန်မြို့ မှာ နံပါတ်တစ်ပဲ…”

ယောင်ယောင်က မည်သည့် စိတ်ဝင်စားမှုမျှ မပြသပေ။ သို့သော် လုလျိုကတော့ အရသာရှိသည့် အစားအသောက်များလို့ ကြားလိုက်သည်နှင့် သူမ မျက်ဝန်းရွှဲကြီးများက တောက်ပလို့လာသည်။ ဇူယွင်ကလည်း လုလျိုကဲ့သို့ မထူးမခြားပင် ဖြစ်သည်။ ကျိုးချူးချင်ယုက နည်းနည်း ထူးဆန်းသော်လည်း သူမက လုံလောက်အောင် သန်မာလွန်းသည်။ ထို့အတွက် သူမနှင့် သူငယ်ချင်း ဖြစ်လာခြင်း အတွက် ဇူယွမ်က မငြင်းပယ်နိုင်ချေ၊

ထိုအုပ်စုကို ကျိုးချူးချင်ယုက ပါရမီရှင်များ စံအိမ်၏ အပေါ်ထပ်သို့ ခေါ်ဆောင်သွားသည်။ သို့ရာတွင် ထိုအခိုက်မှာ ဇူယွမ်က အပေါ်ထပ်ကို တက်လိုက်တော့ သူ၏ ခြေလှမ်းများက ရုတ်တရက် အေးခဲလို့ သွားသည်။

သူက ခေါင်းမော့ကြည့်လိုက်တော့ သူတို့၏ ရှေ့တည့်တည့်၌ရှိသော ပြတင်းပေါက်ဘေးတွင် အေးဆေးစွာ ထိုင်နေသည့် ရွှေရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်မိသည်။ သူထိုင်နေသော နေရာဘေး၌ မည်သူမျှရှိမနေခဲ့ပေ။ အကြောင်းမှာ သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကိုယ်ယောင်ကိုယ်ဝါများ ဝန်းရံလျက်ရှိပြီး လူတိုင်းကို တုန်ရီစေ၏။

ဇူယွမ်က ထိုလူငယ်ကို စူးစိုက်ကြည့်လိုက်ရင်း သူ့ခန္ဓာကိုယ်ထဲမှ စပါးအုံးချီများ၏ ဒေါသတကြီး အော်သံများ ထွက်ပေါ်လာ၏။

သူ့လက်ဖဝါးပေါ်၌ ရှိသည့် နဂါး ဒေါသအဆိပ်က “ရှုး” ခနဲ အသံပေးကာ အလွန်နာကျင်မှုကို ပေးသည်။

ဇူယွမ်က ရွှေရောင်ဝတ်ရုံနှင့် လူငယ်ကို စူးစိုက်ကြည့်နေရင်း သူ၏ မျက်နှာပေါ်ရှိ စိတ်ခံစာချက်များကို ဖြည်းဖြည်းချင်း လျော့ချလိုက်သည်။ ထိုလူငယ်က တစ်ခုခုကို အာရုံခံစားမိသည့် အတွက် သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို နည်းနည်း ရွှေ့လိုက်ပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ထိုခဏ၌ အကြည့်နှစ်ခု စုံမိ၏။ ကမ္ဘာတစ်ခုလုံးပင် တိတ်ဆိတ် သွားသလိုပင်။

ဝုန်း…

သူတို့၏ ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများ မြည်းဟီးသွားသလို သွေးများလည်း ဆူပွက်လို့လာသည်။ ထိုခဏမှာ သူတို့က တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset