“ဂူလင်း…”
ဇူယွမ်၏အကြည့်တွေက ရှောင်တျန်းရွမ်၏ အနောက်တွင် ကြည့်နေသော ညှို့အားပြင်းသော မိန်းကလေး တစ်ယောက်ထံသို့ ရောက်ရှိသွားသည်။ သို့သော်လည်း သူ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ သူက တစ်ခွန်းသာ ရှင်းရှင်းလင်းလင်း မှတ်ချက်ပေးလိုက်သည်။
“အော် … …”
ဂူလင်းက ဇူယွမ်၏ မျက်မှာ အနေအထားကို မြင်ရတော့ သူ့မ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။ ဂူလင်း၏ အနောက်တွင် ရှိသော ကောင်လေးများမှ ဇူယွမ်ကို အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး…
“မင်းက စက်ဆုပ် ရွံရှာဖို့ ကောင်းတဲ့ ကောင်ပဲ သူများအစ်ကိုကို သတ်ပြီးတာတောင်မှ တောင်းပန်ဖို့ မသိတတ်ဖူး”
ထိုစကားပြောပြီးသည်နှင့် သူတို့ အုပ်စုအတွင်းမှ လူများထံမှ မူလ ချီစွမ်းအားများ ထွက်ပေါ်လာသည်။ အားကောင်းသော အရှိန်အဝါ အငွေ့အသက်များကြောင့် သိသာစွာပင် သူတို့အားလုံးက ဂုဏ်ယူဖွယ် ကောင်းသော ပါရမီရှင်များ ဖြစ်ကြသည်။ ဂူလင်းက ဝမ်းနည်းနေဟန်ဖြင့် တုန်ယင်စွာ ပြောလိုက်သည်။
“အားလုံးပဲ ဒေါသမထွက်ကြပါနဲ့ ငါတို့ရဲ့ ဂူကလန်နဲ့ မိတ်ဆွေလေး ဇူယွမ်တို့က ပြဿနာ အနည်းငယ် ဖြစ်ပွားကြပြီး ငါ့အစ်ကို ဂူလန်ကလည်း သူ့အပြစ်နဲ့ သူသေဆုံးရတာပါ”
သို့သော်လည်း အားလုံးက ဇူယွမ်ကို ထွင်းဖောက်မတတ် စိုက်ကြည့် နေကြသည်။ ရှောင်တန်းရွမ်က သူလက်ထဲရှိ ရွှေရောင် ဘောလုံးလေး နှစ်လုံးကို လှည့်ပတ်လိုက်ရင်း ဆက်ပြောခဲ့သည်။
“မိတ်ဆွေ မင်းနဲ့ ဂူကလန်ကြား ဘာပြဿနာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ အဆုံးမှာတော့ မင်းလက်နဲ့ ဂူလန်ကို သတ်ခဲ့တာပဲလေ”
ဇူယွမ်က မျက်ခုံးများကိုမြင့်၍ ကြည့်လိုက်သည်။ သို့သော်လည်း မည်သည့် စကားမှ ဆက်မပြောပေ။ ရှောင်တန်းရွမ် စကားပြောလို့ မပြီးသေးသည်ကို သူသိသည်။ ခဏမှ တိတ်တိတ်နေပြီး ရှောင်တန်းရွမ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းခိုးယူသွားခဲ့တဲ့ ဂူကလန်ရဲ့ အထောက်အပံ့ ရတနာ တစ်ခုကိုတော့ ပြန်ပေးသင့်တယ်”
ရှောင်တန်းရွမ်က ဇူယွမ်ကို ပြုံးလျက် စိုက်ကြည့်ပြီး ဆက်ပြောခဲ့သည်။
“မင်းသာ အဲဒီရတနာကို ပြန်ပေးနေရင် ဂူလန်အနေနဲ့ မင်းကို ကျေးဇူးတင်နေမှာပါ။ နောက်ပြီး မင်းတို့ နှစ်ယောက်က ရန်သူတွေကနေ မိတ်ဆွေတွေပါ ဖြစ်လာနိုင်ပါလိမ့်မယ်”
ဇူယွမ်က ကူရာမဲ့စွာ ရယ်မောလိုက်သည်။ ဒီလူအုပ်စုက သူထံမှ သလင်းလေးကို ဓားမြ လာတိုက်နေတာပဲ။ သူတို့ ငါဆီက ပစ္စည်းကို အလွယ်တကူ ရနိုင်မယ်လို့ အိမ်မက်မက် နေတာပဲ။ ဇူယွမ်က ပြုံးလျက် ပြန်မေးခဲ့သည်။
“ဒါဆို မင်းဘာလို လေလံကြေးတွေကို ဈေးမြှင့်ခဲ့တာလဲ”
ရှောင်တန်းရွမ်က ခဏမျှ ကြက်သေသေသွားပြီး စိတ်ထဲမရှိသော ပုံဖြင့် ပြန်ပြောလိုက်သည်။
“ဒါက မူလ သလင်းကျောက်တုံးလေး အနည်းငယ်ပါပဲ မင်းဒီအတွက် စိတ်မချမ်းမသာ ဖြစ်နေရင် ငါပြန်ပေးမယ်”
သူ့နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားသည်။ နိမ့်ကျသော အင်ပါယာ တစ်ခုမှ မင်းသားတစ်ပါးက သလင်းကျောက်လေး သိန်းဂဏန်းအတွက် ခံစားနေရသည်မှာ အလွန် လှောင်ရယ်ဖွယ် ကောင်းလွန်းလှသည်။ ဇူယွမ်က ခေါင်းယမ်းလိုက်ပြီး အေးစက်နေသော အသံဖြင့် …
“မလိုပါဘူး။ ဒီအရာတွေကို ငါအနာဂါတ်မှာ မင်းဆီက သေချာပေါက် ပြန်ယူမှာပါ”
ရှောင်တျန်းယွမ်က ဇူယွမ်၏ အပြုအမှုတွေကို မယုံကြည်နိုင်ဖြစ်နေသည်။ ဒီသေးငယ်လှသော နိုင်ငံက မင်းသားက သူ့အပြုအမှုတွေ အတွက် ဖြစ်လာမည့် အကျိုးဆက်တွေကို ထည့်မတွက်ဖူးပဲ။ ပိုက်ဆံတွေကို ပြန်ပေးသော ကိစ္စက ဒီလောက်လွယ်မလား ဇူယွမ်က ရှောင်တျန်းရွမ်ကို စိုက်ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါက ဂူကလန်ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်တွေကို လျစ်လျူရူခဲ့တယ် ဒါပေမဲ့ သူတို့က ငါတို့ကို နှုတ်ပိတ်ဖို့အတွက် ကြိုးစားခဲ့တယ် အဲဒီအတွက် ငါတို့ရဲ့တုန့်ပြန်မှုက မလွန်ဖူးမလား”
“ဒါကြောင့် ငါစိုးရိမ်မိတာက ငါတို့ရဲ့ အမုန်းတရားတွေကို ရင်ဆိုင်ဖို့က မင်းအတွက် ခက်ခဲနေမှာကိုပဲ”
“အထောက်အပံ့ ရတနာ အတွက်ကတော့ အိမ်မက်မက်မနေနဲ့ ငါဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ဘူး”
ထိုရတနာအတွက် သူတို့ အားလုံး သေမလို ဖြစ်ခဲ့ရတာတောင် ရှောင်တန်းရွမ်က သူ့၏စကားလုံး လေးတွေနဲ့ ပြန်ရမယ် ထင်နေတာလား။ သူ့ကိုယ်ကို သူအရူးတစ်ယောက်လို ယုံကြည်မှု မြင့်မားနေတာပဲ။ ရှောင်တန်းရွမ်နှင့် ဂူလန်တို့ရဲ့ မျက်နှာ အမူအရာများက နောက်ဆုံးတွင် ပြောင်းလဲ သွားခဲ့သည်။ ရှောင်တန်းရွမ်ရဲ့ မျက်နှာက နက်မှောင်သွားပြီး ပြောလိုက်သည်။
“မင်းက ငါ့ကို မျက်နှာသာ မပေးနိုင်ဖူးလို့ ပြောချင်တာလား”
“ဟီးဟီး နင့်ကိုနင် မျက်နှာသာ ပေးခံရဖို့ ထိုက်တန်တယ် ထင်နေတာလား”
လုလျိုက လှောင်ရယ်ရင်း ပြောလိုက်သည်။
ရှောင်တန်းရွမ်က သူတော်စင် အကြွင်းအကျန်မြို့၏ မြို့စားလေး ဖြစ်သော်လည်းပဲ လူငယ်မျိုးဆက်တွေ၏ ကြားက ပြဿနာများက လူငယ်မျိုးဆက်တွေ ကြားမှာပဲ ထားရှိရသည့်အတွက် သူ၏မြို့စားငယ် အာဏာက လူငယ်မျိုးစက် ကြားတွင် အသုံးမဝင်ပေ။
သူ၏ နောက်ခံအင်အားကို အသုံးပြုခဲ့ရင်တောင်မှ သူတို့ကလဲ နောက်ခံအင်အား မရှိသူများ မဟုတ်ပေ။ လူငယ်တွေ အကြားက ပြဿနာတွေကို သာမန်အားဖြင့် လူကြီးများက လျစ်လျူ ရူထားလျက် ရှိသည်။
သူတော်စင် အကြွင်းအကျန်မြို့၏ အင်အားသာ မပါဝင်ဖူးဆိုလျှင် လုလျို အနေဖြင့် ရှောင်တျန်းရွမ်ကို မကြောက်ရွံပေ။
“ရိုင်းဆိုင်းလိုက်တာ။ သေးငယ်တဲ့ နိုင်ငံလေးက မင်းသားက ဒီနေရာမှာ လာပြီး မောက်မာရဲတယ်”
ဂူလင်း၏ နောက်မှ ပါရမီရှင်များက လှောင်ရယ်ပြီး ပြောလိုက်သည်။ သူတို့က လုလျို၏ နောက်ခံနှင့် သန်မာမှုကို သိသည့်အတွက် သူမအပေါ်ရှိ ဒေါသများကို ဇူယွမ်အပေါ်သို့ ဖွင့်ထုတ်လိုက်ကြသည်။
အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဂူလင်းအနားမှ လူငယ်တစ်ယောက်က ပြောလိုက်သည်။
“ဟန့် ဘာမှမဟုတ်တဲ့ ချီစုဆောင်းမှု အဆင့်လေးနဲ့ ဒီနေရာမှာ လာပြီး မောက်မာနေတယ် မင်းမကြောက်ဖူးဆိုရင် သူတော်စင် အကြွင်းအကျန် နယ်မြေထဲကို ဝင်ခဲ့စမ်းပါ”
ထိုသူ၏ နာမည်က လန်တိန်းလို့ခေါ်ပြီး ကန်မင် တိုက်ကြီးထဲမှာ ရှိသော သြဇာ ကြီးမားလှသည့် ကလန် တစ်ခုမှ ဂုဏ်ထူးဆောင် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ ထိုအုပ်စုထဲတွင် သူ၏သန်မာမှုက ရှောင်တန်းရွမ်နှင် ဂူလင်းတို့၏နောက် ဒုတိယ နေရာတွင် ရှိသည်။ ဇူယွမ်က ပြုံးလိုက်ပြီး ထိုပါရမီရင်ကို စိုက်ကြည့်လိုက်သည်။ ယခု သူ၏ အပြုံးမှာ အေးစက်လှပြီး ရင်ထိတ်ဖွယ် ကောင်းလှသည်။
“ငါတို့ သူတော်စင် အကြွင်းအကျန် နယ်မြေကို ဝင်ရောက်ပြီးရင်တော့ ဘယ်သူက ဘယ်သူ့ကို သတ်မလဲ မြင်ရတာပေါ့”
ထိုပါရမီရှင် အုပ်စုမှ သူများက ဒေါသထွက်စွာ စိမ်းစိမ်းဝါးဝါး ဝိုင်းကြည့် လာကြသည်။ ဂူလင်း၏ မျက်နှာမှာ အလွန် ဆိုးရွားစွာ ပျက်ယွင်း သွားသော်လည်း သူမ၏ ညှို့ယူ နိုင်စွမ်းရှိသော အသံဖြင့် ပြောလိုက်သည်။
“မြို့စားငယ်လေးနှင့် ဒီက ပါရမီရှင် များကိုတောင် မျက်နှာသာမပေးဖူး ဆိုတော့ ကျွန်မတို့ ဂူကလန်ရဲ့ ကံဆိုးမှုပဲ ထင်ပါတယ်”
ဇူယွမ်၏ အေးစက်စက် အကြည့်တွေက သူမထံ ရောက်ရှိသွားသည်။ ဒီမိန်းမ တော်တော်ကို တော်တာပဲ စကားလုံး အနည်းငယ်မျှ အသုံးပြုရုံဖြင့် ပါရမီရှင်တွေကို သူ့အနားမှာ ရှိစေနိုင်တယ်။
“မိန်းကလေးမင်းက တကယ့်ကို အကျိုးသင့် အကြောင်းသင့်မ ပြောဖူးပဲ”
ဇူယွမ်ဘေး ရှိယောင်ယောင်ထံမှ စကားသံ ရုတ်တရက် ထွက်ပေါ်လာပြီး အားလုံး၏ အကြည့်များက အဖြူရောင်ဝတ်စုံနှင့် သူမအပေါ် ရောက်ရှိ သွားတော့သည်။ သူမက ယောက်ျား တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူမ၏ မျက်နှာမှာ ပြိုင်ဘက် ကင်းအောင်ပင် လှပလွန်းလှသည့် အတွက် ရှောင်တျန်းရွမ်၏ ချောမောမှုက ယောင်ယောင်နှင့် နှိုင်းယှဉ်ပါက မှေးမှိန်သွားပေသည်။ ဂူလင်း ညမျက်လုံးများက ယောင်ယောင်ကို ကြည့်နေရင်း တလက်လက် တောက်ပလာသည်။ ဒီလို ယောက်ျားဆန်ပြီး လှပတဲ့ ကောင်လေးတွေက တကယ်ကို ရှားပါးတာပဲ။
သို့သော်လည်း ယောင်ယောင်၏ စကားတွေကို ကြားပြီးနောက်မှာ သူမှာ၏ မျက်နှာ အမူအရာတွေက ပြန်ပြောင်း လဲသွားသည်။ ယောင်ယောင်က လက်အတွင်းရှိ ယပ်တောင်ကို ဝေ့ယမ်းလိုက်ကာ လျှို့ဝှက် နည်းလမ်း တစ်ခုကို အသုံးပြုလိုက်ပြီး သူမ၏ အသံက ပတ်ဝန်းကျင်တွင် ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာသည်။
“ဂူကလန်ရဲ့ အထောက်အပံ့ ရတနာကို ငါတို့ဆီကနေ ပြန်ယူချင်တယ်လား ဒီကိစ္စအတွက်နဲ့ ဒီအရူးတွေကို အသုံးချစရာ မလိုပါဘူး မကြာခင် သူတော်စင် အကြွင်းအကျန် နယ်မြေ ဖွင့်လှစ်တော့မယ် အဲဒီထဲမှာ မင်းငါတို့နဲ့ လွတ်လပ်စွာ ရင်ဆိုင်နိုင်တယ်။ မင်းမှာ အစွမ်းအစ ရှိတယ်ဆို မင်းရဲ့ကလန်က ရတနာကို မင်းပြန်ယူနိုင်တယ်”
“ပြီးတော့ မင်းဒီအရာကို ရယူနိုင်ခဲ့ရင် ဘာမှ မပြောတောဘူး။ မင်းကျရှုံးခဲ့ရင်တော့ အဆုံးမှာ ဘာတွေ ဖြစ်မယ်ဆိုတာ ငါလဲမသိဖူး”
ယောင်ယောင်၏ အေးစက်စက် စကားလုံးတွေ ပြီးနောက်မှာတော့ လူတိုင်းကို တုန်လှုပ်စေသည်။ သူမက ဂူလင်းကို ထပ်မံ စိုက်ကြည့် လိုက်ပြီး ကဲ့ရဲ့ဟန်ဖြင့် …
“မင်းက ကစားချင်မှတော့ ငါတို့ကလဲ မင်းကို အဖော်ပြုပြီး ဝမ်းပန်းတသာနဲ့ ကစားပေးရတာပေါ့”
ပတ်ဝန်းကျင် လေထုက လုံးဝကို တိတ်ဆိတ်သွားသည်။ လူတိုင်းက ယောင်ယောင်၏ စကားများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူမ ပြောချင်သည်မှာ သည်ရတနာကို ပြန်လည်ရယူဖို့ အိမ်မက်ပင်မမက်နဲ့ ဟူ၍ ဖြစ်သည်။ သူတို့ သည်အရာကို လုယူဖို့ ကြိုးစားမည် ဆိုပါက ဖြစ်လာမည့် အကျိုးဆက် အတွက် ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပေသည်။
ဂူလင်း၏ မျက်နှာမှာ ဆိုးဝါးစွာ ပုပ်သိုးလျက် ရှိသည်။ သူမမှာ ယနေ့အထိ သူမ၏ အလှအပနှင့် ညှို့ငင်နိုင်စွမ်းတို့ကို အသုံးပြု၍ ယောက်ျားများကို သူ၏ ဂါဝန်စနားတွင် ခယအောင် စွမ်းဆောင်နိုင်ခဲ့သည်။ အခုချိန်တွင် သူမထက်များစွာ ချောမောလှသည့် ယောက်ျားသား တစ်ယောက်က သူမကို မဖက်မတန်သည့် ဟန်ဖြင့် ဆက်ဆံနေသည်။ သည်အရာက သူမကို အမှန်ပင် သိမ်ငယ်စေသည်။
ရှောင်တန်းရွမ်ရဲ့ မျက်နှာ အမူအရာလုံးဝကို ရုပ်ဆိုးသွားသည်။ ဒီချောမောလှပတဲ့ ကောင်လေးက ဇူယွမ်ထက်ပင် လေးစားမှု မရှိပေ။
အရူးတွေလား။ သူက ဒီပါရမီရှင်တွေ အားလုံးကို အရူးလို့ သုံးလိုက်တာလား။ သူ့နှလုံးသားကနေ ဒေါသများ ထွက်လာတော်လဲပဲ သူက မည်သည့် အရာမျှ မပြောပေ။ မူလချီစွမ်းအားများ လုံးဝထွက်ပေါ်ခြင်း မရှိသေးသော ကောင်လေးက စိတ်ဝိညာဉ် ကျင့်ကြံခြင်းမှာ ဒြပ်ထည်အဆင့်ကို ရောက်ရှိနေတာကို သူသိသောကြောင့် ဖြစ်သည်။ ဒြပ်ထည်အဆင့် စိတ်ဝိညာဉ် ပညာရှင် တစ်ယောက်က မူလစဦး အဆင့်ကျင့်ကြံသူ တစ်ယောက်၏ ခွန်အားနှင့် ညီမျှပေသည်။ တခြားသော ပါရမီရှင်တွေက ထိုအကြောင်းကို မသိကြသော်လည်းပဲ မည်သို့မှ မပြောပဲ ဇူယွမ်ကိုသာ ဝါးစားမတတ် စိုက်ကြည့် နေကြသည်။ ဇူယွမ်က သူ၏နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ယောင်ယောင်ကို စိုက်ကြည့်ရင်း သူ့နှလုံးခုန်သံများပင် ပြန်ကြားနိုင်သည်။ ဒီစကားလုံးတွေက အမှန်ပင် လွမ်းမိုး နိုင်စွမ်းရှိတာပဲ။
“ဟီးဟီး သခင်လေးကို ဗိုလ်ကျ နေတာလား”
လူတိုင်းက တိတ်ဆိတ်သွားပြီး ထို့အသံက အလွန်ကို ဆွဲဆောင်ညှို့အားတွေနှင့် ပြည့်နှက်ပေသည်။ လူတိုင်းက သူတို့၏ ခေါင်းတွေကို မော့ကြည့်လိုက်တဲ့ အခါ အနက်ရောင် ဝတ်စုံဖြင့် လွန်စွာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ယောက်က ယောင်ယောင်အနီးသို့ လှမ်းလျောက်လာခဲ့သည်။