Switch Mode

စာစဥ် (၁၀) အပိုင်း (၁၃၃)

အဆင့်နိမ့်ကောင်းကင်ဘုံမူလကျင့်စဥ်

မြေအောက် စိတ်ဝိညာဉ် သစ်သီးနှင့် ဟင်္သပဒါး သွေးမြက် တို့ကို ရရှိပြီးသည့် အတွက် ဇူယွမ်က လေလံပွဲတွင် ဆက်နေစရာ မလိုတော့ပေ။ သူက တည်တည်ငြိမ်ငြိမ်ပဲ စိတ်လှုပ်ရှားစရာများ ပြည့်နေသည့် လေလံပွဲကို ကြည့်နေလိုက်သည်။ လုလျိုကတော့ သူနဲ့မတူဘဲ စိတ်လှုပ်ရှားစွာ လေလံဝင်ဆွဲနေပြီး ပစ္စည်း အတော်များများကို အနိုင်ရခဲ့ပေသည်။ သို့ရာတွင် သူနားမလည်သည်မှာ သူမကိုတော့ ထိုအထူးခန်းက မည်သည့် တားဆီး ပိတ်ပင်မှုများ မလုပ်ခြင်းပင် ဖြစ်သည်။ ထိုအတွက်သူက အရမ်းထူးဆန်းနေသည်လို့ ခံစားရသည်။

“တခြား အုပ်စုက သူ့အတွက် ဒီမူလ အရင်းအမြစ်နှစ်ခုက အရမ်း အရေးကြီးတာကို သိနေလို့များလား …”

ပွဲစကတည်းက ဘာတစ်ခွန်းမှ မပြောသည့် ယောင်ယောင်က ရုတ်တရက် ထပြောလိုက်သည်။

“ရှောင်ထန်းရွှမ်က ခုလို နင့်ကို ခက်ခဲအောင် လုပ်နေတာက ဂူကလန်နဲ့များ ပတ်သတ်နေတဲ့ပုံပဲ…”

ဇူယွမ်က ခပ်ဖြည်းဖြည်း ပြန်ပြောလိုက်သည်။

“ဂူကလန်က စွမ်းရည်ရှိတဲ့ လူအချို့ ရှိတယ် …။ သူတို့ထဲက တစ်ယောက်က ဒီမူလ အရင်းအမြစ်နှစ်ခုက ငါစိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူရာမှာ လုံးဝ လိုအပ်နေတာကို ခန့်မှန်း မိလို့များလား။ ဒါ့ကြောင့် တာဆီး ခံနေရတာလား …”

ယောင်ယောင်စကားကို ဇူယွမ်က သေချာစဉ်စားလိုက်သည်။

“တစ်စုံတစ်ယောက်က ရှောင်ထျန်းရွှမ်ရှိ သွားခဲ့ရမယ်။ ဒါပေမဲ့ သူက ထိုတစ်ယောက်ကို တွေးလို့ မရဘူး ဖြစ်နေတယ်။ ဂူကလန်က ဘယ်သူကများ မြို့စားငယ်က သူ့ကိုဆန့်ကျင့်စေဖို့ လုပ်ခိုင်းနိုင်ရတာလဲ …”

ဇူယွမ် စိတ်ထဲ၌ ထိုအတွေးများက လှုပ်ခတ်လို့နေသည်။ လေလံပွဲကလည်း တဖြည်းဖြည်း ပြီးခါနီးလာပြီ ဖြစ်၏။ နောက်ဆုံး ပစ္စည်းတစ်ခု ထွက်ပေါ်လာသည့်အခါ လေလံပွဲ ရှိလူတိုင်းက တုန်လှုပ်ကုန်ကြသည်။ ဇူယွမ်တောင်မှ မကြည့်ဘဲ မနေနိုင်ချေ။

တစ်ယောက်ယောက်က စောင့်ကြည့်လျှင် လေလံပွဲ၏ အကြီးအကဲက ရွှေရောင်သေတ္တာတစ်လုံးကို ဂရုတစိုက်ဖြင့် လေလံစင်မြင့်ပေါ်သို့ ယူဆောင် လာသည်ကို တွေ့နိုင်သည်။ သေတ္တာ အတွင်းဘက်၌ ရှေးဟောင်း သဏ္ဌာန်များ ထွင်းထုထားသည့် သေးငယ်သော ကျောက်ပြားလေး တစ်ခု ရှိသည်။ ထိုကျောက်ပြားက အနည်းငယ် တောက်ပနေကာ မြင့်မြတ်မှုကို ပေးသည်။ ၎င်းက လုံးဝ လျှို့ဝှက် ဆန်းကျယ်သည့် ပုံစံရှိနေသည်။

“ဒီကျောက်ပြားပေါ်မှာ ထိုးထွင်းထားသော မူလကျင့်စဉ်က စိတ်ဝိညာဉ် နှိမ်နှင်းခြင်း ကျင့်စဉ် လို့ခေါ်တယ်…။ ဒါက အတုမရှိတဲ့ စွမ်းအားများကို ပိုင်ဆိုင်စေတဲ့အပြင် အဆင့်နိမ့် ကောင်းကင်အဆင့် မူလကျင့်စဉ် တစ်ခုလည်း ဖြစ်တယ်…”

အကြီးအကဲ၏ မျက်လုံးထဲ၌ လိုချင်ဆန္ဒများ ပြည့်နေသည်။ သူက ဒီကျင့်စဉ်ကို အမှန်ပင် အငမ်းမရ လိုချင်နေမိသည်။

ဝိုး…

“အဆင့်နိမ့် ကောင်းကင်အဆင့် မူလကျင့်စဉ်…”

ထိုခဏမှာ လေလံပွဲရှိ လူအားလုံးက မှင်သက်ကာ သက်ပြင်း ချမိသည်။ လူတိုင်းက ထိုကျောက်ပြားကို ကြည့်နေရင်း လိုချင်စိတ်များ တောက်လောင် လို့လာသည်။ အနက်ရောင် အဆင့်၏ အထက်၌ ကောင်းကင်အဆင့် ရှိသည်။ အနက်ရောင်အဆင့်က ပေါများသည်လို့ ယူဆလို့ရသော်လည်း အခြား တစ်ဖက်၌မူ … ကန်မင်ကုန်းမြေကြီး တစ်ခုလုံးရှိ အင်အားစုများ ပေါင်းကြည့်လျှင်ပင် ထိုကောင်းကင်အဆင့် ကျင့်စဉ်က ဦးချို တစ်ချောင်းမြင်းနှင့် ဖီးနစ်ငှက်မွှေး ကဲ့သို့ ရှားပါးလေသည်။

အဆင်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်က အနက်ရောင် အဆင့်ထက် ပိုမြင့်သော်လည်း ကောင်းကင် အဆင့်လောက်တော့ အဆင့် မရှိပေ။ သို့ရာတွင် အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်က အံ့မခန်းစွမ်းအားများကို ပိုင်ဆိုင်ပေသည်။ ထိုကျင့်စဉ်ကိုသာ ရမည်ဆိုလျှင် တစ်စုံတစ်ယောက်က ကောင်းကင်တံခါး အဆင့်ဖြင့်ပင် မူလစဦး အဆင့် တစ်ယောက်ကို သတ်ဖြတ် နိုင်ပေလိမ့်မည်။

သည်အရာက အဆင့်နိမ့် ကောင်းကင်အဆင့် မူလကျင့်စဉ်ပင် ဖြစ်၏။ အဆင့်နိမ့် ကောင်းကင်အဆင့် မူလကျင့်စဉ်… ဇူယွမ်က တိုးတိုးလေး ပြောလိုက်မိသည်။ ထိုအခိုက်မှာ ဇူယွမ်က မောပန်းမှုကို ခံစားရလိုက်၏။ တစ်ခါတုန်းက ဇူချင်က သူ့ကို ပြောပြ ခဲ့ဖူးပေသည်။ ဇူအင်ပါယာက ထိပ်ဆုံးမှာ ရှိနေစဉ်က ထိုသို့သော ကောင်းကင်အဆင့် ကျဉ့်စဉ်ကို ပိုင်ဆိုင် ခဲ့ဖူးသည်။ သို့သော် ခုတော့ ဝူအင်ပါယာ၏ ခိုးယူသွားခြင်းကို ခံလိုက်ရပါပြီ။

ဘေးနားမှာရှိသော လုလျို၏ မျက်ဝန်းရွှဲကြီးများထဲမှ အလင်းတချို့ ထွက်ပေါ်လာသည်။

“အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်က အမှန်တကယ် ထွက်ပေါ်လာလိမ့်မယ်လို့ သူမက တစ်ခါမျှ မတွေးဖူးချေ။ သားရဲတစ်ထောင် အင်ပါယာမှာတောင် ဒီလိုကျင့်စဉ်မျိုးက သုံးခုပဲရှိတယ်။ တကယ်တော့ ထိုကျင့်စဉ်များနဲ့ ဆိုရင် အင်အားကြီး အင်ပါယာ တစ်ခုတောင် ဖြစ်လာနိုင်တယ် …”

ဇူယွမ်က ခေါင်းညိတ်ပြလိုက်သည်။ အသန်မာဆုံး ကျင့်စဉ်များက တကယ် အကျိုးရှိစေ၏။ သူက နဂါးလက်ဝါး အဆင့်သုံးပဲ ရောက်သေးသော်လည်း အဆင့်မြင့် အနက်ရောင် မူလကျင့်စဉ်၏ စွမ်းအားကို ပိုင်ဆိုင်နေပေပြီ။ လုလျိုက ပြောပြလိုက်သည်။

“ကောလဟာလတွေ ပြောကြတာကတော့ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ စစ်မှန်သော အပြာရောင် ကောင်းကင်အဆင့် ကျင့်စဉ် တစ်ခုကို ရနိုင်တယ်တဲ့။ ဒီကျင့်စဉ်က သူတော်စင် မသေဆုံးခင် အသက်ရှင်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ဟာ ဖြစ်တယ်။ သူသေဆုံးသွားတော့ ဒီကျင့်စဉ်ကို သူရဲ့သွေးထဲမှာ ထည့်ထားခဲ့တယ် …။ သူတော်စင်ရဲ့သွေးက သူတော်စင် အကြွင်းအကျန် နယ်မြေ အဖြစ် ပြောင်းသွားပြီးနောက်မှာ အမျိုးမျိုးသော အံ့သြစရာများကို ဒီနယ်မြေထဲမှာ တွေ့နိုင်တယ်”

ဇူယွမ်က ထိုအရာကို ကြားလိုက်သောအခါ စိတ်လှုပ်ရှားမိသည်။ သူတော်စင် အကြွင်းအကျန် နယ်မြေက တကယ့်ကို စိတ်ကူးလို့ မရနိုင်သည့် ရတနာများဖြင့် ပြည့်နေပေသည်။

သူတို့ အပြန်အလှန် စကားပြောနေစဉ်မှာပင် လေလံပွဲက အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်ကြောင့် ရေဆူမှတ်ကို ရောက်နေပေပြီ။ သူတို့၏ အဆုတ်ထဲကနေ အော်လိုက်သည့် အသံများ တစ်ခုပြီးပြီး တစ်ခု ထွက်ပေါ်လို့လာသည်။

၄ သန်း….

၄.၃သန်း…

၅ သန်း….

မိနစ် အနည်းငယ် အတွင်းမှာပင် လေလံဈေးက ကြောက်မက်ဖွယ် ကောင်းသည့် ၅သန်း ပမာဏသို့ ရောက်လာ၏။

လုလျိုကလည်း လေလံဝင်ဆွဲသည်။ သို့သော် သူမက အခြားလူများ၏ ခပ်မြန်မြန်ပင် ဖိနှိပ်ထားခြင်းကို ခံရသည်။ ထိုသို့ ဖြစ်ခြင်းက သူမကို ညှိုးငယ်စေသည်။ ဒါပေမဲ့ သူမက တစ်ခုခုကို တွေးလိုက်ပြီးနောက် လက်လျော့ဖို့ စဉ်းစားလိုက်သည်။

“ဒီကျင့်စဉ်ကို သင်ယူနိုင်ဖို့ စိတ်ရှည်စွာ ကြိုးစားရလိမ့်မယ် …။ ဒါက ဝယ်ပြီးပြီးချင်း ကျင့်လို့ရမှာလည်း မဟုတ်ဘူး …”

လုလျိုက သူ့ကိုယ်သူတိုးတိုးပြောလိုက်သည်။ ဈေးနှုန်းက အရမ်းများနေသည့် အတွက် ဇူယွမ်က လေလံဝင်မဆွဲနိုင်ပေ။ ထို၅သန်းသော မူလ လင်းကျောက်များသည် ဇူအင်ပါယာ၏ တစ်နှစ်လုံးစာ ဝင်ငွေလောက်ပင် ရှိလေ၏။ သို့သော် သူက ထိုကျင့်စဉ်က ဘယ်သူ ရသွားမလည်း ဆိုတာ စိတ်ဝင်စားမိသည်။ သည်အရာ၏ ပိုင်ရှင်က သူတော်စင် အကြွင်းအကျန် နယ်မြေသို့ ရောက်လျှင် ပြဿနာ အကြီးအကျယ် ရင်ဆိုင်ရပေမည်။

လူတိုင်းက လေလံ ပစ္စည်းအတွက် ပြိုင်ဆိုင်နေကြ၏။ အစောပိုင်းတုန်းက တိတ်နေသော အထူးခန်းမှ လူများပင် စတင် လေလံဆွဲလာကြသည်။ တကယ့်ကို အပြင်းအထန်ပင် ဖြစ်၏။

နောက်ဆုံးမှာတော့ ဝိညာဉ် နှိမ်နင်းခြင်း ကျင့်စဉ်က ၇.၉ သန်းဖြင့် အဆုံးသတ်လို့သွားသည်။

၇.၉သန်း… ဇူယွမ်က ခေါင်းခါကာ သက်ပြင်း ချလိုက်မိသည်။ အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်က အရမ်း ဈေးကြီးလွန်းသည်။ သို့သော် ထိုအဆင့် ကျင့်စဉ်များက ကန်မင်ကုန်းမြေ၌ ထိပ်ဆုံးက ရပ်တည်နိုင်၏။

“သွားကြစို့…”

ဇူယွမ်က ထွက်ခွာလိုက်သည်။ သူက လိုအပ်သည့် အရာများ ရပြီးဖြစ်သည့် အတွက် ဒီညမှာ စိတ်ဝိညာဉ် အရင်းအမြစ်များကို စုပ်ယူရပေမည်။ အဆင့်သုံး မူလ မှော်စာလုံးများကို စတင်သင်ကြားဖို့ ဖြစ်လာခဲ့လေပြီ။

သူတို့သုံးယောက် အထူးခန်းထဲကနေ ထွက်လာပြီး စင်္ကြန်လမ်း အတိုင်း လျောက်လာ၏။ ထိုခဏမှာပင် ဇူယွမ်က ပုံမှန်ဆိုရင် ပြုံးနေတက်သည့် သူမမျက်နှာက ခုတော့ မျက်နှာကြော တင်းနေပြီး ခြေလှမ်းများ နှေးနေသည်ကို သတိထားမိခဲ့သည်။

ဇူယွမ်က သူမကြည့်နေသော နေရာကို ကြည့်လိုက်သည့်အခါ မျက်နှာချင်းဆိုင်မှ အုပ်စုတစ်စု ချဉ်းကပ်လာနေသည်ကို တွေ့လိုက်သည်။ သူတို့က ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက် ဖြစ်သည်။ ထိုလူငယ်က အရပ်ရှည်ကာ ချောမောပြီး သူ့ကိုယ်သူ ယုံကြည်မှုများက မျက်နှာပေါ်၌ ထင်ဟပ်နေသည်။ သူက မှော်စာလုံး မှိန်ဖျော့ဖျော့ ထင်ဟပ်နေသည့် ရွှေရောင် သံလုံးလေး နှစ်လုံးကို လက်ထဲမှာ ဆော့ကစားလျက် ရှိသည်။

မိန်းကလေးလည်း စွဲညှို့နိုင်စွမ်း ရှိလွန်းသည်။ သူမက အနက်ရောင် သားရေဝတ်စုံကို တင်းကျပ်စွာ ဝတ်ဆင်ထားခြင်းကြောင့် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကို ပြီးပြည့်စုံစေသည်။ ထိုပုံရိပ်က ယောက်ျား အများစုကို တံတွေး မျိုချမိသည့် အထိ ဖြစ်စေသည်။ သူတို့က ဇူယွမ်တို့ သုံးယောက်ရှေ့သို့ ရောက်ရှိ လို့လာ၏။ ထိုအခါ လုလျို၏ မျက်နှာက မာထန်သွားပြီး အေးစက်စက် ပြောလိုက်သည်။

“ရှောင်ထျန်းရွှမ်… နင်က ငါ့ရှေ့မှာ ပေါ်လာရဲသေးတယ်လား …”

ဇူယွမ်ကလည်း ချက်ချင်း မျက်မှောင်ကြုတ်သွားကာ သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ ပေါ်ထွက်လို့လာသည်။

“ဒီကောင်က သူတော်စင် အကြွင်းအကျန် မြို့ရဲ့ မြို့စားငယ် ရှောင်ထျန်းရွှမ် ပင်”

ရှောင်ထျန်ရွှမ်က သူ့လက်ထဲရှိ ရွှေရောင် သံလုံးလေးများကို ကစားနေရင်း ပြုံး၍ ပြန်တုန့်ပြန်လိုက်သည်။ ဒေါသထွက်စရာ မလိုပါဘူး မင်းသမီးငယ်… မင်းသမီးက ဒီမဖြစ်စလောက် လုလျိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူမက သည် မူလ သလင်းကျောက် တစ်သိန်း နှစ်သိန်း လောက်ကို ပူပန်နေခြင်း မဟုတ်ချေ။ ရှောင်ထျန်ရွှမ်က ဇူယွမ်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒီသူငယ်ချင်းက ဇူယွမ်ဖြစ်ရမယ်… ဟုတ်တယ်မလား… “

ဇူယွမ်ကလည်း မထုံတသေး ပြန်မေးလိုက်၏။

“ငါက မြို့စားလေးကို တစ်ခုခု ကူညီပေးရမှာ ရှိလို့လား …”

ဟားဟား… ဘာမှမရှိပါဘူး …၊ မရှိပါဘူး…။ ငါက မိတ်ဆက်ချင်ရဲ့ပါပဲ။

ရှောင်ထျန်ရွှမ်က ဟက်ခနဲ ရယ်လိုက်ကာ သူ့ဘေးရှိ စွဲညှို့နိုင်သော မိန်းကလေးကို ကြည့်လိုက်သည်။ ထိုမိန်းကလေးက သူမ၏ ရှည်လျား သွယ်တန်းသည့် ခြေထောက်လေးဖြင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ဇူယွမ်ရှေ့မှာ ရပ်လိုက်သည်။ ဇူယွမ်က သူမကို ကောက်ညစ်သူ၊ လှည့်စားတက်သူ တစ်ယောက် ဖြစ်ကြောင်း ခံစားမိသည်။

“နင်က ဇူယွမ်လား …”

ထိုမိန်းကလေးက စွဲမက်စွာ ပြုံး၍ ပြောလိုက်သည်။

“ငါက ဂူလင်းပါ …။ ငါက အနက်ရောင် ယင်ကလန်က လာတာ…။ မင်းလက်ထဲမှာ သေခဲ့ရတဲ့ တစ်ယောက်က ငါ့အစ်ကို ဂူလန်ပဲ …”

ထိုခဏမှာ ဇူယွမ်က သူပါရမီရှင်များ စံအိမ်ကို ရောက်လာတော့ ဘာကြောင့် ပစ်မှတ်ထားခံရသည်ကို နောက်ဆုံးတော့ နားလည်ခဲ့ပေသည်။

“ဒါတွေ အကုန်လုံးက ဂူလင်း လို့ခေါ်တဲ့ ဒီမိန်းကလေးကြောင့်ပင်”


Comment

Leave a Reply

Options

not work with dark mode
Reset