Switch Mode

စာစဥ် (၁၀) အပိုင်း (၁၃၂)

ပစ္စည်းကောင်းများ

ပစ္စည်းတစ်ခုပြီးတစ်ခု လေလံတင်ခဲ့ပေမဲ့ မည်သည့် ပစ္စည်းကမှ ကောင်းကင်ဘုံ ပုဆိန်ရှည်လောက် လေလံပွဲကို မလှုပ်ရှားစေတော့ဘူး။ ခန်းမအတွင်းရှိ လေထုက တစ်ဖန်ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ခဏအကြာမှာ အကြီးအကဲ တစ်ယောက်က အခြား ပစ္စည်းတင်ခုကို လေလံပွဲသို့ ယူဆောင်လာခဲ့သည်။ ထိုအရာမှာ မီးကဲ့သို့ ရဲရဲနီနေသော အရည်တစ်မျိုး ဖြစ်ပြီး ဖန်ပုလင်း အတွင်းတွင် လှည့်ပတ် ကူးခတ်လျက် ရှိသည်။ ပစ်ချွဲချွဲ အရည်တစ်ခုနှင့် ဆင်တူသည့် မီးအဆီအနှစ် တစ်ခုဖြစ်ကာ သူ့ပတ်ပတ်လည်တွင် မီးများ လောင်ကျွမ်းလျက် ရှိသည်။

“ဒီအရာက ဝမ်ဇိုမီးတောင်၏ အနက်ရှိုင်းဆုံး နေရာကနေ ရရှိခဲ့တဲ့ မီးအဆီအနှစ် တစ်ခုဖြစ်ပြီး မီးတောက်ချီ ပိုင်ဆိုင်သူတွေအတွက် အရမ်းသင့်လျော်တယ် မူလစဦးချီအဆင့် ၅ ရှိတဲ့ လူတစ်ဦးသာ စုပ်ယူမယ်ဆိုရင် သူ့ရဲ့မူလချီက အဆင့်ငယ် တစ်ဆင့် မြင့်တက်လာလိမ့်မယ်လို့ အာမခံတယ်”

သည်စကားလုံးတွေက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ်အသက် ဝင်သွားစေပြီး အားလုံး၏ မျက်လုံးထဲမှာ စိတ်ဝင်စားမှုတွေမြင့် တက်လျက် ရှိသည်။

အစောက ထုတ်ပြခဲ့သော ပစ္စည်းတွေထဲမှ ကောင်းကင်ဘုံလှံရှည်က မူလ ပြင်ပ အထောက်အကူပစ္စည်း တစ်ခုမျှသာ ဖြစ်ပြီး ဒီကမ္ဘာမီးတောက် အဆီအနှစ်ကတော့ လူတစ်ဦး၏ မူလစဦး ချီစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

မူလစဦးချီအဆင့် ၅အောက်အတွက်သာ အသုံးဝင်နိုင်သော်လည်း ထိုအရာက အံသြဖွယ် ကောင်းအောင် မြှင့်တင်ပေးနိုင်သည်။ အဆင့်နိမ့် မူလစဦး ချီအဆင့် ၄ တစ်ယောက်သာ စုပ်ယူမည် ဆိုပါက အလယ်လတ် အဆင့် မူလစဦး ချီအဆင့်လေးကို ရောက်ရှိ သွားနိုင်သည်။

“ငါ့အတွက် စိတ်ကူးလို့ပင် မရနိုင်တဲ့ အရာတွေပဲ”

ဇူယွမ်က အကူညီမဲ့စွာ ရေရွတ်လိုက်သော်လည်း သူက စိတ်လှုပ်ရှားနေသည်။ သူ့တွင် အဆင့် ၅ရှိသည့် မူလ စပါးအုံးချီ ပိုင်ဆိုင်သော်လည်းပဲ သူ့အဖေတွင် အဆင့် ၄မီးလျှံ လျှပ်စီးချီသာ ပိုင်ဆိုင်သည်။ ဒီပစ္စည်းကိုသာ သူ့အဖေကို ပေးနိုင်ရင် မီးလျှံလျှပ်စီးချီက အခု ရောက်နေသော အဆင့်လေးထက်များစွာ ကွာခြား သွားပေလိမ့်မည်။

သို့သော်လည်း တကယ့် အပြင်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်က သူကို တုန်လှုပ်စေသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမီးတောက်ကို တစ်စုံတစ်ယောက်က လေလံဈေး မူလ မှော်သလင်း ကျောက်ရှစ်သိန်းစ ပေးလိုက်သောကြောင့် ဖြစ်သည်။

“ငါအရမ်း ဆင်းရဲနေတယ်လို့ ခံစားမိတယ်”

ဇူယွမ်က အကူအညီမဲ့စွာဖြင့် မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ကြီးမြတ်သော ဇူအင်ယာ၏ အခြေအနေက ဆိုးဝါးနေကာ မင်းသားတစ်ပါး ဖြစ်သော သူ့ထံတွင်ပင် မူလ သလင်းကျောက် သန်းအနည်းမျှပင် စုဆောင်းမိခြင်း မရှိပေ။

လေလံခန်းမ အတွင်းတွင် ကမ္ဘာ့ မီးတောက် အဆီအနှစ်ကို ဈေးပြိုင်ပေးလျက် ရှိကြပြီး အစောပိုင်းက ရောင်းချသွားသော ကောင်းကင်ဘုံ ပုဆိန်ရှည်ထက် ဈေးပိုရနေပြီ ဖြစ်သည်။ မိနစ် အနည်းငယ် ကြာပြီးနောက်တွင် ၂.၅၈ သန်းဖြင့် လေလံ ဆွဲသွားခဲ့သည်။

ကမ္ဘာ့ မီးတောက် အဆီအနှစ် ရောင်းချပြီးနောက် လေလံခန်းမမှလဲ တစ်ဖန် ပြန်လည်ပြီး အေးစက်စက် ဖြစ်သွားခဲ့သည်။ ဇူယွမ်ကလည်း တိတ်ဆိတ်စွာပင် သူမျှော်လင့်နေသော ပစ္စည်းကို စောင့်ဆိုင်းလျက် ရှိသည်။ မိနစ် အနည်းငယ် ကြာပြီးနောက် နောက်ဆုံးမှာ သူမျှော်လင့်နေသော စကားလုံးကို ကြားလိုက်ရသည်။

“မြေအောက် စိတ်ဝိညာဉ် သစ်သီး၊ မူလစွမ်းအင် ကျောက်တုံး တစ်သိန်း”

ဇူယွမ်က တောက်ပစွာ မျက်လုံးဖွင့်လိုက်ပြီး အကြီးအကဲ လက်တွင်းရှိ သေတ္တာအတွင်းမှ အရာအား တပ်မက်စွာ ကြည့်နေသည်။ သေတ္တာအတွင်းမှာတော့ အနက်ရောင် သစ်သီးတစ်လုံး တည်ရှိနေသည်။ ဒီမူလ အရင်းအမြစ်က သည်နေရာမှာ ပေါများလှသည့်အတွက် စိတ်ဝင်စားသူ မရှိသလောက်ပင် ဖြစ်ပြီး ခဏအကြာတွင် ၁သိန်းခွဲသာ ဈေးပေးကြသည်။ ဇူယွမ်ကတော့ အခွင့်အရေးကို စောင့်ဆိုင်းနေပြီး အဲဒီအချိန်မှာပဲ သူဈေးစပေးလိုက်သည်။

“မူလသလင်းကျောက် နှစ်သိန်း”

ရုတ်တရက် တန်ဖိုးက ၃၃ ရာခိုင်နှုန်း တက်သွားသည်။ ထိုအချိန်မှာပဲ လူရိပ်တစ်ခုက ထွက်ပေါ်လာပြီး ၂သိန်းခွဲ အထိ ဈေးတိုး ပေးသွားသည်။

ဇူယွမ်ကတော့ တုန်လှုပ်နေပြီး သူ့တွင် မူလ သလင်းကျောက် ငါးသိန်းသာ ပါရှိပြီး ထိုအရာ အားလုံးကို မြေအောက် စိတ်ဝိညာဉ် သစ်သီးဝယ်ရာတွင် အကုန်သုံး၍ မရပေ။ ဟင်္သပဒါး သွေးမြက် ဝယ်ရန်အတွက် ချန်ထားရပေမည်။ ထို့အချိန်တွင် အကြီးအကဲ ထံမှ အသံထွက်ပေါ်လာသည်…

“ဈေးမြှင့်ပေးမယ့် သူများ ရှိပါသေးသလား”

တိတ်ဆိတ်လျက်။

သိုသော်လည်း ဇူယွမ်က အပျင်းကြောဆန့်လိုက်ပြီး သူလက်ကို ထောင်ကာ ပြောလိုက်သည်။

“သုံးသိန်း”

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ပတ်ဝန်းကျင်ကို လှုပ်ခတ်သွားစေသည်။ လူအများအပြား စိတ်ရှုပ် ထွေးသွားကြသည်။ ဘာလို့ မြေအောက် စိတ်ဝိညာဉ် သစ်သီးက ဈေးမြင့်တက်လာရတာလဲ။

ဇူယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့မျက်လုံးများက အာရုံ ထွေပြားနေသော်လည်း ရှင်းလင်းလှသော အသံဖြင့် ပြောလိုက်သည်။

“၃သိန်းခွဲ”

“လေးသိန်း” အခြား နေရာတစ်ခုမှ ဈေးပြိုင် ပေးလာလေသည်။

“ငါးသိန်း” ဇူယွမ်၏ မျက်လုံးအတွင်းတွင် အေးစက်စက် အလင်းတန်း တစ်ခု ဖြတ်သန်းသွားသည်။

တစ်စုံတစ်ယောက်ကတော့ သူ့ကို ထပ်မံခက်ခဲအောင် လုပ်ဆောင်နေပြီ။ အခြား ဈေးပြိုင်ခေါ်သူမှ ထပ်မှန် ဈေးပေးတော့ခြင်း မရှိတော့ပေ။ ထိုသူက သစ်သီးကို ဝယ်ယူရန် စိတ်မဝင်စားသည်မှာ သေချာလှသည်။ ဇူယွမ်ဈေးပေးလိုက်သော အချိန်မှာ ရယ်သံ တစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူ့လက်အတွင်းသို့ မြေအောက် စိတ်ဝိညာဉ် သစ်သီးရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် ငါးသိန်းပေးလိုက်ရသည့် အတွက် သူ့အိတ်ကပ်မှာ ပြောင်သလင်းခါ သွားတော့သည်။

ဇူယွမ်၏ မျက်နှာက ပြောင်းလဲခြင်း မရှိသော်လည်း သူမျက်လုံးများက တောက်ပနေသည်။ ဘေးနားတွင် ရှိသော လုလျိုက အဝေးမှာရှိသော အထူးဧည့်သည် အခန်းကို စိုက်ကြည့်လိုက်ပြီး …

“နင်နဲ့ ဈေးပြိုင်ပေးတဲ့ တစ်ယောက်က အထူး ဧည့်သည်တော် အခန်းကပဲ ငါသိသလောက်ဆိုရင် အဲဒီအခန်းက မြို့စားမင်းပဲ အသုံးပြုတာ”

မြို့စားမင်းရဲ့ အခန်း ဇူယွမ်၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ သူမကြာသေးမီကမှ ဒီသူတော်စင် အကြွင်းအကျန် နယ်မြေကို ရောက်လာတာ မဟုတ်ဖူးလား။ မြို့စားမင်းနဲ့လဲ တစ်ကြိမ်မျှ မတွေ့ဖူးချေ။ လုလျိုက ဆက်လက် ပြောခဲ့သည်။

“အခု ဒီအထဲမှာ ရှိနေတဲ့ တစ်ယောက်က မြို့စားမင်း မဟုတ်ဘူး ငါကြားခဲ့တာတော့ မြို့စားမင်းရဲ့ သားတော် ရှောင်တျန်းရွမ်က အဲဒီ အခန်းထဲ ရောက်နေတာ”

“ရှောင်တျန်းရွမ်”

ဇူယွမ်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။ သူထိုနာမည်နှင့် မည်သူနှင့်မျှမသိပေ။ ဘာအတွက်ကြောင့် သူတို့ကို ခက်ခဲအောင် လုပ်နေရသနည်း။ ဇူယွမ်၏ မျက်လုံးများက အေးစက်သွားပြီး သူသိတဲ့ လူတွေထဲမှာလဲ မပါပဲ အဘယ်ကြောင့် သူက ငါတို့ကို ခက်ခဲအောင် လုပ်နေတာလဲ။

သူက လုလျိုကို ကြည့်ပြီး မေးလိုက်သည်။

“လုလျှို မင်းငါ့ကို မူလသလင်းကျောက် အနည်းငယ်လောက် ချေးပါလား”

သူအဖေ ပေးလိုက်သော မူလသလင်းကျောက် ငါးသိန်းလုံး ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူတွင် ဟင်္သပဒါး သွေးရောင်မြက် ဝယ်ရန်အတွက် မည်မျှမှ မကျန်တော့ပေ။ လုလျိုက သူ့မလက်ကို ဝှေ့ယမ်းလိုက်ပြီး …

“အသေးအဖွဲ ကိစ္စလေးပါ ခဏနေ နင့်အတွက်ကူပြီး လေလံဆွဲပေးမယ်”

ဇူယွမ်က ဘာမှ ထပ်မပြောတော့ပေ။ ဒါပေမဲ့ သူ၏စိတ်ထဲမှာ ထိုကျေးဇူးကို စွဲနေအောင် မှတ်သားထားလိုက်သည်။ လေလံပွဲက ဆက်လက်ပြီး ကျင်းပနေသည်။ သိပ်မကြာခင်မှာပဲ ဟင်္သပဒါး သွေးရောင်မြက်ကို လေလံတင်လာခဲ့သည်။

ဟင်္သပဒါး သွေးရောင်မြက်ကို မူလ သလင်းကျောက်တုံး ရှစ်သောင်းဖြင့်သာ ဈေးခေါ်ထားပြီး ယှဉ်ပြိုင် ဈေးပေးသူများမှာ ယခင်ကထက်ပင် နည်းလွန်းလှသည်။

လုလျိုက ပထမဆုံး အော်ပြောလိုက်သည်။

“နှစ်သိန်း”

သူမ ဈေးခေါ်လိုက်သည်နှင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုမျှ များပြားလှသော ပမာဏကို မည်သူ့မှ အကြောင်း တစ်စုံတစ်ရာမရှိပဲ ဈေးမပေးကြပေ။ ခဏမှ တိတ်ဆိတ်သွားပြီးနောက် လုလျိုက သူမ လေလံအောင် သွားပြီဟု ထင်လိုက်သည်။ သို့သော်လည်း အစောနက အထူး ဧည့်သည်တော် အခန်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

“သုံးသိန်း …”

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့သည်။ ရှောင်တျန်းရွမ် နှောင့်ယှက်သည်မှာ အတော်ပင် များနေပြီ ဖြစ်သည်။

လုလျို၏ မျက်နှာက လုံး၀ပင် အေးစက်သွားသည်။ ရှောင်တျန်းရွမ် မြို့စားမင်း၏ သားဖြစ်နေသော်လည်း သူမ၏ မျက်လုံးထဲတွင် ထိုအကောင်တတ်နိုင်သော ပမာဏမှ သူ့အတွက်ဘာမှ မဟုတ်ပေ။ သူမသည် ရုတ်တရက် ဈေးမြှင့် ပေးလိုက်သည်။

“ခြောက်သိန်း…”

နှစ်ဆ ဈေးတိုက်ရိုက် တိုးပေးလိုက်ခြင်းပေ ဖြစ်သည်။ လုလျို ဈေးပေးပြီးနောက် အထူးခန်းမှ ခဏမျှ အသံလုံးဝ တိတ်ဆိတ်သွားပြီး အဆုံးမှာ ရယ်သံနှင့်အတူ စကားသံ ထွက်ပေါ်လာသည်။

“သားရဲ တစ်ထောင် အင်ပါယာမှ သခင်မလေးက ဒီပစ္စည်းကို ကြိုက်နေမှတော့ ကျွန်တော် မယှဉ်ပြိုင်သင့်တော့ပါဘူး”

ဟင်္သပဒါး သွေးရောင်မြက်က အိပ်ထဲသို့ ရောက်ရှိနေပေမဲ့လည်း လုလျှို၏ လှပသော မျက်နှာလေးမှာ ပျော်ရွင်မနေပေ။ ထိုပမဏမှာ သူမအတွက် မပြောပြလောက်ပေမဲ့ ရှောင်တျန်းရွမ်ကြောင့် ဈေးမတန်တဆ တိုးပေးခဲ့ရသည်။

“ကျေးဇူးပဲ”

ဇူယွမ်က လုလျိုကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ သူက တိုးတိုးလေး ကပ်ပြောလိုက်သည်။

“မြို့စားမင်းရဲ့ သားလဲ သူတော်စင် အကြွင်းအကျန် နယ်မြေကို ဝင်မှာမလား”

ဒါပေါ့ လုလျိုက ခေါင်းညိတ် ပြလိုက်သည်။ ဇူယွမ်က ကောက်ကျစ်စွာ ပြောလိုက်သည်။

“အဲဒါ ကောင်းတယ်”

လုလျိုက သူမ၏ မျက်လုံးဝိုင်းကြီးတွေနှင့် ဇူယွမ်ကို ကြည့်လိုက်သည်။

“နင်သူတော်စင် အကြွင်းအကျန် နယ်မြေမှာ တစ်ခုခုလုပ်ဖို့ စီစဉ်နေတာလား။ သူက အလွယ်တကူ အနိုင်ယူလို့ရနိုင်မယ့် သူမျိုးမဟုတ်ဖူးနော် သူလည်းပဲ ကန်မင်တိုက်ကြီးက ပါရမီရှင် တစ်ယောက်ပဲ”

ဇူယွမ်က တည်ကြည်စွာ ပြောလိုက်သည်။

“ငါလည်းပဲ မူလစဦးအဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ခဲ့ ဖူးပါတယ်”

လုလျို၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်ဟန်ဖြင့် သူ့ကို ကြည့်လိုက်သည်။ ဝူဟောင်နှင့် ဓားအင်ပါယာမှ မျက်ကန်းဓားတို့ တောင်မှ ကောင်းကင်တံခါး ထိပ်ဆုံး အဆင့်ရောက်မှ မူလစဦး အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဇူယွမ်က ချီစုဆောင်းမှုအဆင့်နဲ့ မူလစဦးအဆင့် ကျင့်ကြံသူ တစ်ဦးအား သတ်ဖြတ်ခဲ့တာလား။

ဇူယွမ်က အသက်ပြင်းပြင်း ရူလိုက်ပြီး သူ၏မျက်လုံးများ အေးစက်စွာ အထူးဧည့်သည် အခန်းသို့ လှမ်းကြည့်လိုက်သည်။ ရှောင်တျန်းရွမ် မင်းက ဘာကောင်မလို့လဲ။

သူတော်စင် အကြွင်းအကျန် နယ်မြေမှ တွေ့ကြတဲ့အခါ မင်းဒီနေ့ လုပ်သွားတာထက် ဆယ်ဆ ပြန်ယူမယ်။

Comment

Leave a Reply

Options

not work with dark mode
Reset