Switch Mode

Chapter 79 – ဟန်ဆောင်ခြင်း။

ဟန်ဆောင်ခြင်း။

လုရှန်း နားမလည်ဘူး။ သူမ တကယ်ကို အန္တရာယ်ကင်းတဲ့ပုံပေါက်နေလား?

ဒီလူယုတ်မာတွေက သူမရဲ့ အောက်ခြေစည်းကို ဘာလို့ စိန်ခေါ်နေကြတာလဲ?

မိဘတွေကို လိုက်ပို့ပြီး သိပ်မကြာခင်မှာပဲ သားဖြစ်သူက ပြန်ရောက်လာသည်။

ဒီမိသားစု တကယ်မသိဘူးလား၊ ဒါမှမဟုတ် သူတို့အပေါ် ဘာမှမလုပ်ဝံ့ဘူးလို့ သူတို့ တကယ်ထင်နေတာလား?

လုရှန်း လုဂျန်ကို စကားအနည်းငယ် ပြောလိုက်၏။ လုဂျန် သူ၏အခန်းထဲဝင်ပြီး တံခါးသော့ခတ်၏။ လုရှန်း လုချွင်ကို ဖော်ရွေသည့် အပြုံးဖြင့် “ဟုတ်တယ်၊ ငါ ပါဝင်ပစ္စည်းတွေ အများကြီး ဝယ်ခဲ့တယ်။ ဝမ်းကွဲ၊ နင်စားပြီးရင် ပြန်တော့။”

လုချွင် ဒီစကားကိုကြားချိန်တွင် မျက်ဝန်းများ တောက်ပသွား၏။ သူသည် အဝတ်အစားနဲ့ အစားအသောက်တွေကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး ပြုံးတယ်။ “ကောင်းပြီ၊ မြန်မြန်ထမင်းချက်တော့။”

“အစ်ကိုကြီး၊ အရင်ထိုင်။ ငါ သွားချက်ပြုတ်လိုက်ဦးမယ်။”

အကယ်၍ သူမ ဒီလူယုတ်မာတွေကို မဖယ်ရှားနိုင်ရင် အနာဂတ် သူမရဲ့ဘဝ မချောမွေ့မှာ စိုးမိသည်။

မီးဖိုချောင်ထဲ ပါဝင်ပစ္စည်းများ နေရာချပြီးနောက် သူမ အပြုံးလေးနဲ့ ထွက်လာ၏။ သူမ တနေ့လုံး ခရီးဆက်ခဲ့ရပြီး အသီးအရွက်သွားဝယ်ချိန် ကောက်ကျစ်တဲ့မိန်းမတွေ စကားကြားခဲ့ရသောကြောင့် စိတ်ကောင်းဝင်မနေပေ။

ဒီလူမိုက် သူမကို နှိုးဆွဖို့ သတ္တိရှိနေလိုက်တာ…။

‘ကောင်းကင်ဘုံ သွားနိုင်ချိန် ငရဲကိုသွားဖို့ ရွေးချယ်ခြင်း’ ဆိုသော ဆိုရိုးစကားနှင့်အညီ ဖြစ်နေ၏။

သူမ လက်သီးတင်းတင်းဆုတ်ထားချိန် ကွဲအက်သံတွေ ကြားရ၏။ သို့သော်လည်း အသားစားနေသော လုချွင် ဘာမှသတိမထားမိ။

“အစ်ကိုဝမ်းကွဲ၊ အရင်ဆုံး ဒီအရာတွေကို ချထားဉီး။ ရှင်ပြန်သွားတဲ့အခါ ဒါတွေကို ယူသွားပါ။ ညစာစားနေရင်း ကိုင်ထားလို့ မရဘူးလေ၊ ဟုတ်တယ်မလား?”

ထိုအထည်ငါးလိပ်သည် ငွေတုံး ၅၀ တန်ကြေးရှိသည်။

သူမ လုရန် အဝတ်အစားအဟောင်းတွေ ဝတ်ထားတုန်းပဲဟု မြင်မိကာ နောက်ကျရင် သူမ သူတို့အတွက် အဝတ်အစားအသစ် လုပ်ပေးဖို့ ဝယ်ယူခဲ့တာ။

ဒီလူမိုက်က ဘယ်လိုရွေးရမယ်ဆိုတာ သိတယ်။

“ကောင်းပြီ။”

သူမရဲ့ ချစ်စရာကောင်းသော လေသံကို နားထောင်ကြည့်ရင်း လုချွင် ပစ္စည်းများကို ဘေးဖယ်ထားလိုက်သည်။

သို့သော် သူ ပစ္စည်းတွေကို ဘေးဖယ်လိုက်တာနဲ့ လုရှန်းရဲ့ မျက်နှာ မည်းမှောင်သွားတော့သည်။

“မင်းမိဘတွေ ငါ့ကို မစော်ကားဖို့ မပြောဘူးလား?”

လုချွင် ခေတ္တရပ်ပြီး သံသယစိတ်ဖြင့် မော့ကြည့်၏။

“မင်း ဘာကိုဆိုလိုတာလဲ?”

“ငါဘာကိုဆိုလိုတာလဲ?”

လုရှန်း အေးစက်စက် ရယ်မောလိုက်ပြီး သူထိုင်နေတဲ့ ထိုင်ခုံကို ကန်ထုတ်လိုက်သည်။ လုချွင် သတိလွတ်ပြီး သူ့နောက်ကျောနဲ့ ကြမ်းပြင်ရိုက်သွား၏။

“လုရှန်း မင်း သေမင်းကို ရှာနေတာ!”

လုချွင် မြေကြီးပေါ်ကနေ ရုန်းထဖို့ ရုန်းကန်ရင်း ခွေးခြေကို ကောက်ကိုင်ကာ သူမကို ရိုက်ပစ်ချင်နေ၏။

လုရှန်း ခွေးခြေကို ကန်ထုတ်ပြီး ဖယ်လိုက်သည်။ လုချွင် မြေပြင်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီး ဖုန်မှုန့်များ သူ့ရှေ့တွင် လွင့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူ့အသက်ရူသံကို ထိန်း၏။ သူ၏ ကြောက်ရွံ့နေသော အကြည့်များက လုရှန်းဆီ ကျရောက်နေသည်။ လုရှန်း အေးစက်စက်အမူအရာနဲ့ သူ့ဆီ ချဉ်းကပ်လာတယ်။

လုရှန်းသည် သူဌေးတစ်ယောက်အနား တွယ်ကပ်နေတဲ့သတင်းကို လွန်ခဲ့သောရက်အတော်ကြာက ကြားသိခဲ့ရတာကြောင့် သူမကို အခွင့်ကောင်းယူချင်နေတာ ကြာလှပြီ။

အရင်ရက်တွေတုန်းက လာလည်တိုင်း ‘လု’မိသားစုရဲ့ အိမ်တံခါး ပိတ်ထားတာ နှမြောစရာပဲ။

လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြန်လာပေမဲ့ လုရှန်းကိုမတွေ့မိဘူး။ လုရန်တစ်ယောက်ပဲ ခြံဝင်းအတွင်းရှိ စပါးများကို အခြောက်ခံနေသည်။

လုရန် စိတ်သဘောထားမကောင်းဘူး။ ထို့ကြောင့် ဒေါသထွက်အောင်မလုပ်ရဲပါ။ ထို့ကြောင့် လုရန်မြို့ပြန်မှ ထပ်လာဖို့ဆုံးဖြတ်ခဲ့တယ်။

လုရှန်း မြင်းလှည်းနဲ့ ပြန်လာသည်ဟု တစ်စုံတစ်ဦးက ပြောတာကို ကြားချိန်သည် သူ အပြင်ကနေ အရက်သောက်ပြီး ပြန်လာချိန်လည်းဖြစ်၏။

လုရှန်း သူ့ကို ငွေတုံးပေးမလားဟု သူ့ရဲ့ ကံ ကို စမ်းသပ်ချင်ခဲ့တယ်။

သူရောက်လာချိန်တွင် လုရှန်း ပျောက်ကွယ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ လုဂျန် တစ်ယောက်တည်းရှိနေလေသည်။ မြင်းလှည်းကလည်း ခြံဝင်းထဲရပ်ထား၏။

ရထားပေါ် ဘာမှ ရှာမတွေ့ပါ။ အိမ်ထဲသို့ဝင်ချိန်တွင် စားပွဲပေါ်ရှိ အရာများစွာကို တွေ့လိုက်ရသည်။ တချက် ကြည့်လိုက်ပြီးနောက် တန်ဖိုးအရှိဆုံးပစ္စည်းများမှ ပိုးလိပ်အနည်းငယ်ကို ခံစားမိ၏။

သူ ဒါတွေကို တိတ်တဆိတ်ယူသွားချင်ပေမဲ့ လုရှန်း လက်ဆောင်တွေ အိမ်ထဲယူလာလိမ့်မယ်လို့ မထင်ထားဘူး။

သူ့မိဘတွေနဲ့သူမ ခင်မင်ရင်းနှီးပြီး မယုတ်မာသည်ကိုကြည့်ရင်း သူ့မှာရှိတဲ့ သတ္တိနဲ့ မပြန်ခင် ထမင်းကောင်းကောင်း စားချင်ခဲ့သည်။

လုရှန်းရဲ့ ဖော်ရွေမှုဟာ အတုအယောင်ဆိုတာ သူ မမျှော်လင့်ထားပေ။

Comment

Leave a Reply

Options

not work with dark mode
Reset