Switch Mode

Chapter 78 – လုချွမ်။

လုချွမ်။

လဝက်ကြာ ပြီးနောက် လျိုယွဲ့ရွာ။

“ဒုတိယအစ်မ!”

လုရှန်းရဲ့ မြင်းရထား ခြံဝင်းထဲ ဝင်လာသည်နှင့် လုဂျန် ပျော်ပျော်ရွှင်ရွှင် ခြေထောက်တိုတိုလေးတွေနဲ့ ပြေးလာ၏။

“ရှင်းရှင်း ဘယ်မှာလဲ?”

လုရှန်း ပြုံးပြီး သူ့ကို ဖက်လိုက်သည်။

“ညီမလေး အ‌ဒေါ်ယုရဲ့နေရာမှာ ယွမ်ဇီနဲ့ ကစားနေတယ်။ ဒုတိယအစ်မ ဘယ်ရောက်နေတာလဲ? ဘာလို့ ပြန်လာဖို့ ဒီလောက်ကြာနေတာလဲ?”

လုဂျန် ပြောရင်း မျက်ဝန်းများ ရဲတက်လာ၏။

“ယောက်ျားလေးက ဘာလို့ လွယ်လွယ် ငိုရတာလဲ?”

လုရှန်း သူ့မျက်နှာကို ညင်သာစွာ ပွတ်ပေးပြီး “အစ်ကိုကြီး ပြန်ရောက်ပြီလား?” ပြုံးပြုံးလေး မေးလိုက်တယ်။

လုဂျန် ခေါင်းညိတ်တယ်။ “သူပြန်လာပြီ။ မြို့မပြန်ခင် စပါးရိတ်ဖို့ ရက်အနည်းငယ်လောက်နေခဲ့သေးတယ်။”

“တကယ်လား?”

လုရှန်း ခြံဝင်းကို ကြည့်လိုက်၏။ စိမ်းလန်းစိုပြေနေသော လယ်ကွင်း ရှိနေ၏။ ငရုတ်သီးပင်(Tbasco Pepper)များပေါ်တွင် အဖြူရောင်ပန်းပင်များ ပွင့်နေသည်။ ဒီမြင်ကွင်းကိုမြင်မှ သူမ သက်ပြင်းချမိသည်။

ရထားလုံးထဲက ပစ္စည်းများကို လျစ်လျူရှုပြီး ရေကန်ကိုကြည့်ဖို့ အိမ်နောက်ဖေးဆီ ပြေးလာ၏။ အနီးနားရှိ တွားသွားနေတဲ့ ဂဏန်းတွေနဲ့ ငါးများကိုမြင်တော့ သက်ပြင်းချမိပြန်သည်။

ရေကန်ထဲ ထည့်ထားသော ကြာပန်းများလည်း ကောင်းစွာကြီးထွားနေပြီး ရေကန်ထဲ ရေမှော်ပင်တွေအများကြီးလည်း ရှိနေ၏။

“အစ်ကိုလျန်နဲ့ သူ့မိန်းမက အသီးအရွက်တွေကို ရေလောင်းဖို့ပြီး ဓာတ်မြေသြဇာတွေ လုပ်ပေးတယ်။ ရေကန်ကိုလည်း သန့်ရှင်းရေး လုပ်ပေးတယ်။”

အနောက်က လိုက်လာသည့် လုဂျန် ကမ်းစပ်မှာထိုင်ပြီး ကလေးဆန်တဲ့အသံနဲ့ ရှင်းပြ၏။

“သွားကြစို့။ အဒေါ်ယုနဲ့ ကျန်တဲ့သူတွေကို ဒီည စားကောင်းသောက်ဖွယ်တွေ ကျွေးမယ်။”

လုရှန်း စကားပြောနေရင်း လုဂျန်ကို ခြံရှေ့ ဆွဲခေါ်သွား၏။

ရထားပေါ်ရှိ ပစ္စည်းများအားလုံး နေရာချပြီးနောက် လုဂျန်း အနှောက်အယှက်မပေးတော့။ လုရှန်း အိမ်ထဲကမထွက်ခင် လုဂျန်ကို ပစ္စည်းများ လုံခြုံအောင်ထားဖို့ ညွှန်ကြား၏။

ဝက်သား၊ နံရိုး၊ ခရမ်းသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွာအဝင်ဝက ဈေးဆိုင်ကနေ သွားဝယ်သည်။ ကြက်သားတကောင်နဲ့ ကြာပန်းနှစ် ၂ ပွင့် ဝယ်ပြီး အိမ်ပြန်ဖို့ ပြင်သည်။

သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမရဲ့နောက်ကွယ်က အမျိုးသမီးငယ်တွေရဲ့ တီးတိုးပြောသံ ကြားလိုက်ရသည်။

“မြင်းရထားစီးတာ အခုမှ တွေ့ဖူးတယ်။ ဒီရထားက ယောက်ျားတစ်ယောက်ဆီက လက်ဆောင်ရတာ ဖြစ်နေမလား?”

“ထင်တာပဲလေ မဟုတ်ရင် သူ့မှာ ပိုက်ဆံတွေ ဘယ်လောက်တောင်များများ ရှိမှာမို့လို့လဲ?”

“ဒါကို သူ့အမေသာ သိခဲ့ရင် နာကြည်းလွန်းလို့ သေသွားနိုင်တယ်။”

“နင့်ရဲ့ ခန္ဓာကိုယ်ကို ပိုက်ဆံနဲ့လဲရလောက်အောင် ဘာတွေ ဂုဏ်ယူစရာရှိနေလို့လဲ?”

လုရှန်း သီချင်းဆိုနေတာ ရပ်လိုက်ပြီး အတင်းပြောနေတဲ့ မိန်းမတွေကို အေးစက်စက်စိုက်ကြည့်လိုက်သည်။

အမျိုးသမီးတွေက ဒါကို သတိထားမိပြီး စကားရပ်လိုက်ကြ၏။

“ခန္ဓာကိုယ်နဲ့ လဲလှယ်ခဲ့တယ်?”

လုရှန်း အေးစက်စက်ပြုံးတယ်။ သူမ လက်ထဲက ပစ္စည်းတွေကို ဘေးဖယ်ပြီး ရှေ့ကို လျှောက်လာ၏။ သူမ အင်္ကျီလက်ကို မ ကာ သူမ၏ လှပသော လက်မောင်းများကို ထုတ်ဖော်လိုက်သည်။

လက်မောင်းပေါ်ရှိ အပျိုစင် အမှတ်အသားက အမျိုးသမီးများကို တိတ်တဆိတ် ခေါင်းငုံ့ကျသွားစေသည်။

“သူတစ်ပါးကို တရားစီရင်ဖို့ နင့်ရဲ့ညစ်ညမ်းတဲ့ အတွေးတွေကို မသုံးနဲ့။ လူတိုင်းကို နင့်အတွေးလို ဖြစ်နေတယ်လို့ မထင်လိုက်လေနဲ့။”

သူမ ပစ္စည်းတွေ သယ်မသွားခင် ထိုမိန်းမတွေကို အေးစက်စက် တချက်ကြည့်ပေးလိုက်၏။

သူမသည် ဒီကောလဟာလတွေ နောက်ကွယ်မှာကြားရင် အဆင်ပြေသော်လည်း အရှေ့မှာ လာပြောရင်တော့ သည်းခံနေမှာ မဟုတ်။

“ဒုတိယအစ်မ၊ အစ်ကိုချွမ် ရောက်နေပြီ။ အစ်မ ပြန်သယ်လာတဲ့အထည်တွေကို ဖယ်ထုတ်ပစ်ချင်နေတယ်!”

လုဂျန် စိုးရိမ်တကြီး ပြေးထွက်လာသည်ကို မြင်ချိန်တွင် လုရှန်း တံခါးဆီ လှမ်းကြည့်၏။

လုရှန်းရဲ့ အကြည့်တွေက အေးစက်သွား၏။ လက်တစ်ဖက်က ပစ္စည်းတွေကို ကိုင်ထားပြီး လုဂျန်နဲ့အတူ ခြံဝင်းထဲဝင်လာခဲ့သည်။

“အိုး! အားရှန်း ပြန်ရောက်ပြီလား?”

လုချွင် ကလေးနှစ်ယောက်အတွက် ဝယ်လာသည့် အစားအသောက်များနဲ့ အထည်များကို ကိုင်ထား၏။ သူ လိုချင်တာကို ယူပြီး အပြင်ထွက်ဖို့ ပြင်ဆင်နေပုံပေါ်သည်။

လုရှန်းရဲ့ လက်ထဲက ပစ္စည်းတွေကို ကြည့်ပြီး တံတွေး မျိုချ၏။ “မင်း ငါ့အတွက် ထမင်းချက်ဖို့ပြင်နေတာလား?”

လုရှန်း သူဌေးတစ်ဦးနဲ့ ဆက်ဆံရေးသည် ရွာထဲ တောမီးလို ပျံ့နှံ့နေ၏။ ထို့ကြောင့် သူမ ပါဝင်ပစ္စည်းများများဝယ်လာတာကိုမြင်တော့ မအံ့ဩပါ။

သူ့ကြည့်ရတာ စားသောက်ပြီးမှ ပြန်တော့မည့် ပုံပင်။

Comment

Leave a Reply

Options

not work with dark mode
Reset