Switch Mode

စာစဥ် (၁၀) အပိုင်း (၁၃၁)

ကောင်းကင်ဘုံပုဆိန်ရှည်

သူတို့သုံးယောက်က ပါရမီရှင်စံအိမ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်လာခဲ့ပြီး အစေခံ တစ်ယောက်က သူတို့ကို အခန်းလိုက် ပြပေး၏။

“တစ်စုံ တစ်ယောက်က ငါတို့ကို ထွက်သွားစေချင်ပုံပဲ”

သူတို့အခန်းထဲ ရောက်တော့ လုလျိုက မျက်မှောင်ကြုတ် လိုက်သည်။ သူမလို လူတစ်ယောက်က ရှောင်လို၏ ရည်ရွယ်ချက်မှာ ပြဿနာတစ်ခု ရှိနေသည်ကို ပင်ကိုယ်အားဖြင့် သဘောပေါက်သည်။ ဇူယွမ်ကလည်း မျက်မှောင်ကြုတ် လိုက်မိသည်။

“သူတို့က ဒီနေရာကို ပထမဆုံး ရောက်ဖူးတာ ဖြစ်ပြီး ဘယ်သူ့ကိုမှလည်း မသိချေ။ ဘာလို့ သူတို့က ပစ်မှတ်ထားခံရတာလဲ”

“ဒီနေရာသို့ လာတဲ့လမ်းမှာ ဂူကလန်နဲ့ပဲ ပြဿနာ ဖြစ်ခဲ့တာပါ…။ ဂူကလန်က ဒီနေရာထိ လက်လှမ်းမှီ နိုင်ပါ့မလား…”

လုလျိုက ဇူယွမ်၏ အတွေးကို ဖတ်မိသောကြောင့် သူမက ခေါင်းခါကာ ပြောလိုက်သည်။

“ပါရမီရှင်များ စံအိမ်ရဲ့ နောက်ကွယ်က အုပ်စုဟာ မြို့စားစံအိမ် ဖြစ်တယ်။ ဂူကလန်က သူတို့ကို တစ်ခုခု လုပ်နိုင်မယ်လို့ ငါမထင်ဘူး”

ဇူယွမ်၏ မျက်လုံးများးက အနည်းငယ် ကျဉ်းမြောင်းသွား၏။

“မြို့စားစံအိမ်…၊ ဘာအတွက် ဒီအုပ်စုက ငါတို့ကို ခက်ခဲအောင် လုပ်ရမှာလဲ”

သူတို့သုံးယောက်က ထိုကိစ္စနှင့်ပတ်သတ်၍ တွေးနေသော်လည်း အဖြေမတွေ့ဘဲ ဖြစ်နေ၏။ ထိုအတွက် သူတို့က စိတ်ကသိကအောက်သာ ဖြစ်လိုက်ရသည်။

လုလျိုက နှာခေါင်းရှုံလိုက်ကာ ပြောသည်။

“ဒါနဲ့ပတ်သတ်လို့ စိုးရိမ်စရာ မလိုပါဘူး။ မြို့စားစံအိမ်က သန်မာပင်မဲ့ သူတို့ လုပ်ချင်တာတော့ မလုပ်ရဲသေးပါဘူး။ ငါတို့ကလည်း ဘာစွမ်းအား နောက်ခံမှ မရှိတဲ့ သူတွေမ ဟုတ်ဘူး …”

ဇူယွမ်က ခေါင်းညိတ်ပြလိုက်သည်။

“လုလျိုက ရယ်မော၍ ပြောလိုက်သည်။ ငါမြေအောက် စိတ်ဝိညာဉ် သစ်သီးနဲ့ ဟင်္သပဒါး သွေးမြက်ပင် ကိုဝယ်ဖို့ သတင်း သွားစုံစမ်း လိုက်ဦးမယ်…”

သူမကို ကြည့်ရသည်မှာ တစ်နေရာမှာ အငြိမ်ထိုင်နိုင်မည့်သူ မဟုတ်ချေ။

ဇူယွမ်နှင့်ယောင်ယောင်က ခေါင်းညိတ်ပြလိုက်သည်။ သည်ပါရမီရှင်များ စံအိမ်က အဆိုး၊ အကောင်း ရောနေသည့် ပုံရသည့် အတွက် သူတို့က ထိုသူတို့နှင့် ရောနှောစွာ မနေလိုပေ။ ထိုအတွက် သူတို့က အခန်းထဲမှာပဲ ဆက်၍ လေ့ကျင့်နေကြသည်။

ထို့ကြောင့် လုလျိုက တစ်ယောက်တည်း ထွက်သွားပြီး သူမက သိပ်မကြာခင်မှာဘဲ ပြန်လာခဲ့ကာ သူမမျက်နှာက စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေ၏။

“သတင်းရပြီ…”

ဇူယွမ်က နည်းနည်းတော့ အံ့သြသွားမိ၏။

” ဒါက မြန်လိုက်တာ …”

လုလျိုက စိတ်အား ထက်သန်စွာ ပြောလိုက်သည်။

“ဒီပါရမီရှင်များ စံအိမ်မှာ ဒီညကျရင် လေလံပွဲတစ်ခု ကျင်းပလိမ့်မယ်။ မြေအောက် စိတ်ဝိညာဉ် သစ်သီးနဲ့ ဟင်္သပဒါး သွေးမြက်ပင် နှစ်မျိုးလုံး ပါတယ်။ ဒါ့အပြင် ကန်မင်ကုန်း မြေကြီးရဲ့ ပါရမီရှင်များစွာကလည်း ဒီနေရာမှာ စုဝေးကြလိမ့်မယ် …။ သူတို့က ရတနာတွေကို ရောင်းဖို့ ပြသထားပြီး ဘယ်အုပ်စုက လာသည်ဖြစ်ဖြစ် ဝယ်ယူနိုင်လိမ့်မယ်။ လက်ထဲမှာ လုံလုံလောက်လောက် ငွေရှိဖို့တော့လိုတာပေါ့…”

သည်လို စိတ်အားထက်သန်စွာ ပြောနေသည့် ပုံစံကြောင့် သူမက အခုလို ရှားပါးပြီး တွေ့ရခဲသည့် လေလံပွဲကို သဘောကျနေကြောင်း သိနိုင်၏။

ဇူယွမ်က ဤသတင်းကို ကြားပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားခဲ့သည်။ နောက်ဆုံးတော့ သူက မြေအောက် စိတ်ဝိညာဉ်သစ်သီးနှင့် ဟင်္သပဒါး သွေးမြက်ပင် သတင်းကို သိခဲ့ရပြီ။

သူက ထိုမူလအရင်းအမြစ်နှစ်ခုကို ရခဲ့မည်ဆိုပါက သူ၏ စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိနိုင်သည်။ ဤသို့ဆိုလျှင်သူက အဆင့်သုံး မူလမှော်စာလုံးကို သင်ယူနိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာခဲ့မည် ဆိုပါက သူက ကောင်းကင်တံခါး အဆင့် ရန်သူကို ကြောက်စရာ မလိုတော့ပေ။

အခုလက်ရှိမှာတော့ သူက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် ခွန်အားမျိုး ပိုင်ဆိုင်ထားပေသည်။ ဇူယွမ်က သူ၏ တိုက်ပွဲဝင် စွမ်းအားကို မမြင့်တင် ထားနိုင်ဘူးဆိုရင် သူက အခြားလူများနှင့် ဆုံတွေ့မိလျှင် ဆိုးကျိုးသာ ရပေမည်။

“ဒါဆို ဒီည ငါတို့ ကလေလံပွဲ သွားကြမယ်…”

ဇူယွမ်က ဆုံးဖြတ်ခဲ့ပေသည်။ အခုလက်ရှိသူက သည်မူလ အရင်းမြစ် ပစ္စည်းနှစ်မျိုးကို ရဖို့ အလွန်လိုအပ်နေ၏။

အချိန်က မြန်စွာ ကုန်လွန်သွားပြီး ကြီးမားသည့် သူတော်စင် အကြွင်းအကျန် မြို့ကြီးကလည်း အမှောင်ထုတို့ လွှမ်းခြုံလာသည်။ မြို့တော်၏ အပြင်ဘက်၌ အမှော်ထုက ကြီးစိုးနေပြီး အထဲမှာတော့ မီးရောင်များ တောက်ပလို့နေ၏။

ပါရမီရှင်များ စံအိမ်အောက်ဘက်၌ ကြီးမားကျယ်ပြန့်သည့် ဟောခန်းကြီးရှိကာ ထိုနေရာကို လေလံပွဲ ကျင်းပရန် ရွေးချယ်ထား၏။ အချိန်ကြာလာတာနှင့်အမျှ ပါရမီများစွာက ဟောခန်းကြီးထဲ၌ ပြည့်လျှံလို့လာသည်။ ထိုမြင်ကွင်းက လေလံပွဲက မည်မျှ စိတ်ဝင်စားခြင်း ခံရသည်ကို ပြသလို့နေသည်။ သူတော်စင် အကြွင်းအကျန် နယ်မြေ မဖွင့်ခင် လူတိုင်းက သူတို့ကိုယ်သူတို့ တက်နိုင်သမျှ ပိုမို သန်မာလာအောင် လုပ်လိုကြသည်။ ကောင်းမွန်သည့် မူလလက်နက်၊ မူလရတနာ များကို ပိုင်ဆိုင်ရခြင်းက သူတို့ကို အလွန်အမင်း အကျိုး ရှိစေပေလိမ့်မည်။

လုလျို၏ နာမည်ဂုဏ် သတင်းက ဇူယွမ်ထက် ပိုထင်ရှားသည်။ ထို့အတွက် သူတို့ သုံးယောက်လုံးက အထူးခန်းကို လွယ်ကူစွာပင် ရရှိကြ၏။ ထိုအခန်းထဲကနေ သူတို့က အပေါ်စီးကနေ အောက်ကို ကြည့်နိုင်သည်။ သူတို့က မှန်အကြည်များဖြင့် ကာရံထားသည့် အခန်းကနေ နေရာတစ်ခုလုံး၊ လေလံစင်မြင့် တစ်ခုလုံးကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

ကန်မင်ကုန်းမြေ ဒေသရဲ့ အခြားသော ပါရမီရှင်များကလည်း အလားတူ အထူးခန်းမှာ ရှိနေကြလိမ့်မယ်။ လုလျိုက မထိတထိ ပြုံး၍ ဆက်ပြောလိုက်သည်။

“ဝူဟောင်ကလည်း သူတို့ထဲမှာ ရှိနေလောက်မှာပဲ…”

ထိုစကားကို ကြားလိုက်သည့်အခါ ဇူယွမ် လက်ထဲရှိခွက်က အနည်းငယ် တုန်ရီသွားပေမဲ့ သူက ဘာမှတော့ ပြန်မပြောခဲ့ပေ။ သို့ရာတွင် သူ့မျက်လုံးထဲ၌ အနည်းငယ်ပို၍ တည်ကြည် လေးနက်သွားသည်ကို တွေ့ရ၏။ လုလျို၏ စကားများက မှန်ကန်သည်ကို သူ သိပါသည်။ ဇူယွမ်က သူ့ခွက်ထဲရှိ ဝိုင်ကို နည်းနည်း စုပ်လိုက်၏။ စူးရှသော အရသာက လည်ချောင်းထဲသို့ စီးဆင်းသွားသည်။ သူက ဝူဟောင်နှင့် မကြာခင် တွေ့ဆုံမိမည်ကို စိတ်ထင့်နေမိသည်။

“ဒီကောင်က သူရဲ့ မြင့်မြတ်သော နဂါးက ကောင်းချီးပေးခံရခြင်းကို ခိုးယူထားပြီး တကယ်ကောင်းတဲ့ ဘဝအခြေအနေကို ပိုင်ဆိုင်နေတာပဲ…”

ဒုန်း…။

ဇူယွမ်က အတွေးထဲ နစ်မြုပ်နေစဉ်မှာ ရုတ်တရက် မောင်းသံတစ်ခုက လေလံပွဲနေရာမှ မည်ဟိန်းလာခဲ့သည်။ စူညံနေသော အသံများက ချက်ချင်း ရပ်သွားပြီး အကုန်လုံးက စိတ်လှုပ်ရှားစွာ လေလံစင်မြင့်ပေါ်သို့ အာရုံ စိုက်လိုက်ကြ၏။

စင်မြင့်ပေါ်သို့ အသက်ကြီးကြီး သဏ္ဌာန်တစ်ခုက တက်လာသည်။ သူထွက်ပေါ်လာစဉ်မှာ စွမ်းအားပြည့်သော မူလချီများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိသည်။ ထိုလူအိုကြီးက မူလစဦးအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင် ဖြစ်ကြောင်း ရှင်းလင်း၏။ ဇူယွမ်က ထိုအရာကို မြင်သောအခါ အံ့သြမိလေ၏။

“သူတို့က လေလံပွဲကို ကြီးကြပ်ဖို့ မူလစဦးကျင့်ကြံသူ တစ်ယောက်ကို အမှန်ပင် စေလွှတ်နိုင်တယ်…။ အထင်ကြီးစရာပဲ …”

လုလျိူက ပြောပြသည်။

“ဒီလေလံပွဲရဲ့ အနောက်မှာ မြို့စားစံအိမ်က တာဝန်ယူထားတာ ဖြစ်တယ်။ ဒီမူလစဦး အဆင့် ကျင့်ကြံသူကလည်း မြို့စားစံအိမ်က အဖွဲ့ဝင် တစ်ယောက် ဖြစ်လိမ့်မယ် …”

ဇူယွမ်က ခေါင်းညိတ် ပြလိုက်၏။

သူတို့နှစ်ယောက် အပြန်အလှန် စကားပြောနေစဉ်မှာ ထိုလူအိုကြီးက သည်နေရာ တစ်ခုလုံးကို သိမ်းကျုံးကြည့်လိုက်ပြီး သူ့အသံက လူတိုင်း၏ နားထဲ၌ ကြားလိုက်ရသည်။

“လူတိုင်းက အဝေးကြီးကနေ လာရတာ ဖြစ်တဲ့အတွက် ငါအရင်ဆုံး နည်းနည်း ရှင်းပြပေးမယ်…။

ဒီလေလံပွဲက အချိန်အတော်ကြာထဲက ပြင်ဆင်ခဲ့ရပြီး လူတိုင်းက ဒီလေလံပွဲကို စိတ်ဝင် စားလိမ့်မယ်လို့ ငါယုံကြည်ပါတယ် …”

ကဲ စကြစို့ …။

လူအိုကြီး၏ စကားများ ပျောက်ကွယ်သွားသည်နှင့် လေထုက သိသည်းလာသည်။ လူတိုင်းက သူတို့ရှေ့က လူကြီးကို မျက်လုံးမခွာတမ်း ကြည့်နေကြသည်။ လူအိုကြီးက လက်ဝှေ့ယမ်းလိုက်သည့်အခါ ပစ္စည်းတချို့ကို ထည့်ထားသည့် ရှည်မျောမျော အရာတစ်ခုကို သယ်လာကြပြီး သူတို့ခြေလှမ်းများက တောင်တစ်လုံးလုံးကို မထားရသလို လေးလံနေ၏။

လူအိုကြီးက ထိုပစ္စည်းကို ဖုံးအုပ်ထားသည့် အဝတ်စကို ဖယ်လိုက်၏။ ထိုအခါ လူတိုင်း၏ မြင်ကွင်း၌ အနက်ရောင် ပုဆိန်ရှည် တစ်ခုက ပေါ်လာသည်။ ထိုလေးလံသည့် ပုဆိန်ရှည်က ပေအနည်းငယ်ရှည်ပြီး အရေးအကြောင်း ပုံစံများဖြင့် ဖုံးထား၏။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်းများက ပျံနှံလျက်ရှိပြီး လူတိုင်း၏ ဆံပင်များကို ထောင်မတ်သွားစေသည်။ လူအိုကြီးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဒါက ပျက်စီးနေသည့် တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့် မူလလက်နက်ပဲ …။ ကောင်းကင်ဘုံ ပုဆိန်ရှည် လို့ခေါ်တယ် …။

ဝိုး…

ပုံမှန်အားဖြင့် လေလံပွဲက ဆူညံလို့သွားသည်။ ပထမဆုံးပြသည့် ပစ္စည်းက တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့် မူလလက်နက် တစ်ခု ဖြစ်နေသည်။ ၎င်းက ပျက်စီးနေသော်လည်း ကောင်းကင်အဆင့် လက်နက် ဖြစ်နေတုန်းပင်။ ထိုလက်နက်က တကယ်ကို သာမန် မဟုတ်နိုင်ပေ။

“အံ့သြစရာပဲ…။ ပထမဆုံး ပစ္စည်းက တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့် မူလလက်နက် ဖြစ်နေတယ်…။ ထိုအရာက လူထုကို အမှန် အံ့အားသင့်စေမှာပဲ …”

ထို့အတွက် ဇူယွမ်က မချီးကျူးဘဲ မနေနိုင်ချေ။ ကြီးကျယ်သော ဇူအင်ပါယာမှာ ဆိုလျှင် အဆင့်မြင့်ဆုံး လက်နက်က သူ့အဖေ၏ မီးတောက်ကို မျိုးလှံပင် ဖြစ်သည်။ သို့သော် ၎င်းက အဆင့်မြင့် အနက်ရောင် မူလ လက်နက်တစ်ခုမျှသာ ဖြစ်၏။

ထိုကောင်းကင်အဆင့် လက်နက်က ပျက်စီးနေသော်လည်း လှောင်စရာ မလိုအပ်ပေ။ ၎င်း၏စွမ်းအားက အဆင့်မြင့် အနက်ရောင် မူလလက်နက်ကို လက်နက်ခြင်း ယှဉ်တိုက်လျှင် လုံး၀ ဖိနှိပ်ထားနိုင်သေးသည်။

ထိုလက်နက်နှင့်ဆိုလျှင် ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် တစ်ယောက်က မူလစဦး ပထမအဆင့်ကို ယှဉ်တိုက်နိုင်ပေ၏၊

ပြန်ပြောရရင် စုယုဝေ၏ ကိုယ်ထဲရှိ ယန်မင်ဓားက မူလစဦး အဆင့်ကျွမ်းကျင်သူ တစ်ယောက်ကိုပင် သတ်ဖြတ် နိုင်ခဲ့ပေသည်။ ထို့ကြောင့် ကောင်းကင်အဆင့် မူလလက်နက် တစ်ခုက မည်သို့သော စွမ်းအားများ ပိုင်ဆိုင်နေသည်ကို သိနိုင်ပေ၏။

တကယ်တော့ ယန်မင်ဓားက ကောင်းကင်ဘုံ ပုဆိန်ရှည် လက်နက်ထက် များစွာပို၍ အဆင့်မြင့်ပေသည်။

ဒီလက်နက်အတွက် ကြမ်းခင်းဈေးက မူလ သလင်းကျောက် ငါးသိန်း…။ လူအိုကြီး၏ အသံက လေလံကွင်း တစ်ခုလုံးကို လွှမ်းမိုးစွာ ထွက်ပေါ်လို့လာသည်။ ထိုအသံကြောင့် လေလံပွဲ တစ်ခုလုံး ခဏ တိတ်ဆိတ်လို့ သွား၏။

ခြောက်သိန်း…

ငါက ခုနှစ်သိန်း….

ရှစ်သိန်း… လူတိုင်းငါ့ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်။ ငါက လုဒန်…။

မင်းကိုယ်မင်း ဘာထင်နေလို့လဲ …။ မင်းနာမည်ကို တစ်ခါမှ မကြားဖူးဖူး … တစ်သန်း …။

ဆယ့်နှစ်မိနစ်လောက် အကြာမှာပင် ကောင်းကင်ဘုံ ပုဆိန်ရှည် လေလံဈေးက ၁.၅သန်း ဖြစ်သွား၏။ ဇူယွမ်ကတော့ သူတို့ကို ကြည့်နေရင်း အကူအညီမဲ့စွာ သက်ပြင်းသာ ချလိုက်မိသည်။ သူပိုင်ဆိုင်သည့် မူလသလင်းကျောက် ငါးသိန်းလောက်ပဲ ရှိခြင်းက မည်မျှ သနားဖို့ကောင်းသည်ကို သဘောပေါက်မိသည်။

၁ သန်းခွဲသို့ ရောက်လာသောအခါ လူအနည်းငယ်ကပဲ ပါဝင်နိုင်တော့သည်။ အဆုံးမှာတော့ တစ်ယောက်က ၂.၁ သန်းနှင့် အနိုင်ရ၏။ ကောင်းကင်ဘုံ ပုဆိန်ရှည်က လေလံဈေး ၂.၁သန်းဖြင့် အဆုံးသတ်သွားသည့် အခါ လေလံပွဲ တစ်ခုလုံး သက်ပြင်းချသံများ ထွက်ပေါ်လို့လာသည်။ သူတို့က ခံပြင်းမှုကြောင့် အံကြိတ်လိုက်၏။ မည်သူက ထိုလက်နက်အား ပိုင်ဆိုင်သွားသည်ကို မသိရှိရပေ။

လူအုပ်ကြီးက ဝမ်းနည်းသွားပြီး နောက်မှာ လေထုက တစ်ဖန် ပြန်အသက်ဝင်လာ၏။ များစွာသော အကြည့်များက စင်မြင့်ပေါ်သို့ ထပ်ကြည့်လိုက်ပြန်သည်။ ပထမဆုံး တစ်ခုက အမှန်ပင် တန်ဖိုးရှိလွန်းသည်။ ပစ္စည်းကောင်းများက အမှန်ပင် ဈေးကောင်းလှ၏။

“နောက်ထပ် ဘယ်လိုအရာများ ထပ်ပြီးပေါ်လာဦးမလဲ…”

မရေမတွက်နိုင်သော မျှော်လင့်တကြီး ဖြစ်နေသည့် အကြည့်တွေ အောက်မှာပင် လေလံပွဲက ဆက်၍ ကျင်းပကာ တောမီးလောင်သလို ရပ်တန့်လို့ ရနိုင်မည့်ပုံ မပေါ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset