လုရှန်း ချုစစ်ဟန်ကို သူမအား ခေါ်ဖို့အတွက်လာတဲ့ သူတစ်ယောက်ပဲဟု လုရှန်း ထင်မြင်ခဲ့တယ်။ ရှီရီနဲ့ ယွမ်တင်းတို့ ရောက်နေမယ်လို့ သူမ မမျှော်လင့်ထားပေ။
သူမ ချုစစ်ဟန်ရဲ့ မျက်နှာကို တိတ်တဆိတ်ကြည့်ချိန်တွင် သူ့ရဲ့အမူအရာ ပုံမှန်အတိုင်းလိုပဲ ဘာမှမထူးခြားတာကို သတိပြုမိသည်။
သူတို့သုံးယောက် မြင်းစီးကြတယ်။ ချုယွမ်က သူတို့ကို ဂိတ်ပေါက်ထိ ပို့ပေးပြီး မြင်းစီးသူကို ပြောင်းလဲ၏။
လုရှန်း ရထားထိန်းကို ကြည့်ပြီး ချုစစ်ဟန်ကို “သခင်လေး ကျွန်မ ဘယ်လိုမောင်းရမယ်ဆိုတာ သိတယ်။”
သူမရဲ့ အရင်ဘဝ တောင်ပေါ်မှာနေထိုင်ခဲ့တုန်းက သူမရဲ့ဆရာ မြင်းဖြူတစ်ကောင်ကို မွေးခဲ့ဖူးတယ်။
ပစ္စည်းတွေ စုဆောင်းဖို့ မကြာခဏ သုံး၏။
ချုစစ်ဟန် မြင်းထိန်းနေရင်း သူမကို လှည့်ကြည့်သည်။
ခဏကြာချိန်တွင် သူ မျက်မှောင်ကြုံ့ပြီး “ဟောင်ရန်မြို့ကို ကိုယ့်ဘာသာကိုယ် ပြန်ချင်တာလား?”
လုရှန်း ခေါင်းညိတ်တယ်။ “မြင်းရထားအတွက် ကျွန်မ ငွေပေးချေလိုက်မယ်။”
ရထားလှည်းတစ်စီးက အများကြီး မကုန်လောက်ဘူးမလား။
သူမမှာ ငွေရှစ်ရာ ရှိသေးတယ်။ လုံလောက်တယ်။
“မိန်းကလေး’လု’ သခင်လေးက ဒီရထားလုံးကို မင်းအတွက် အထူးမှာယူပြီး ဝယ်ထားတာ။”
ချုယွမ် ဝင်ပြောတယ်။
“ရှင်! ကျွန်မအတွက် ဝယ်ခဲ့တာလား?”
လုရှန်း ချုစစ်ဟန်ကို အံ့အားသင့်စွာကြည့်မိလိုက်၏။
“မင်း မြို့ထဲမကြာခဏ သွားတတ်လို့ ငါ ပြင်ဆင်လိုက်တာ။ ဒီရထားမောင်းတဲ့လူက …”
ချုစစ်ဟန် ရထားမောင်းတဲ့လူကို တစ်ချက်ကြည့်လိုက်ပြီး “မင်း သူ့ကို မလိုချင်ရင်လည်း ကောင်းပြီလေ။”
ရထားမောင်းတဲ့လူက သူ့လူတွေထဲက တစ်ယောက်ဖြစ်သည်။ အစောပိုင်းတုန်းက ဒီမိန်းကလေးကို ဟောင်မြို့ကို လိုက်ပို့ဖို့ စေလွှတ်ချင်ခဲ့တာ။ သို့သော် သူမက မလိုလားဘူး။
“ကျေးဇူးတင်ပါတယ် သခင်လေး! ကျွန်မ ကိုယ်တိုင်လုပ်နိုင်ပါတယ်။”
လုရှန်း ပြုံးပြီး ကျေးဇူးတင်တယ်။
ယွမ်တင်း ချုစစ်ဟန်ကို မရေရာသော အပြုံးဖြင့် ကြည့်၏။ သူ့မျက်လုံးတွေက လှည့်စားခြင်း အရိပ်အမြွက်ကို ထုတ်ဖော်နေ၏။
ရှီရီ ချုစစ်ဟန်နဲ့ လုရှန်းတို့ကို ယောင်ဝါးဝါး ကြည့်နေ၏။
ချုစစ်ဟန် ခေါင်းညိတ်ပြတာကို မြင်ချိန်တွင် ရထားမောင်းသူ ကမန်းကတန်း ဦးညွှတ်ပြီး တိတ်တိတ်လေး ပြန်ဆုတ်သွားတော့သည်။
လုရှန်း တခစ်ခစ်ရယ်ပြီး စောစောက ရထားမောင်းတဲ့လူထိုင်တဲ့ နေရာဝင်ထိုင်တယ်။ သူမ မြင်းပေါ်က ချုစစ်ဟန်ကို ကြည့်ပြီး “သခင်လေး ဒီရထားဘယ်လောက်ပေးရလဲ?”
“မလိုဘူး။ ဒါ မင်းအတွက်ပဲ။”
ဒီမိန်းကလေး သူ့အသက်ကို ကယ်တင်ခဲ့ပြီးဖြစ်လို့ သူမကို လှည်းတစ်စီးပေးရတာ ကြီးကြီးမားမားတော့ မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် သခင်လေး!”
“သွားကြရအောင်!”
ချုစစ်ဟန် သူ့မြင်းကို လှည့်လိုက်ပြီး လုရှန်းရဲ့မြင်းရထား အနားကိုကပ်သွား၏။ ချုယွမ် အနောက်မှာရှိနေတုန်းပဲ။
ဒီနေ့ ရာသီဥတု ကောင်းတယ်။ နေရောင်ခြည်သည် တောက်ပနေပြီး လေပြေလေညင်းလေးများ တိုက်ခတ်နေ၏။
မြို့ထဲခရီး သည် တစ်နာရီလောက်ကြာပေမဲ့ ချုစစ်ဟန် အချိန်ကုန်တာ မြန်နေတယ်လို့ ခံစားရသည်။
“ကျွန်မကို ဒီကနေ လွှတ်လိုက်လို့ ရတယ်။”
လုရှန်းက သူမရဲ့ မြင်းကို ထိန်းပြီး သူတို့ကို ပြုံးပြတယ်။
“မိန်းကလေး ငါတို့ မင်းကို နောက်ထပ်တစ်နေရာကို လိုက်ပို့ပေးရမလား?” ရှီရီ ပြုံးပြုံးလေး မေးတယ်။
လုရှန်း ပြုံးပြီး ခေါင်းခါယမ်းတယ်။ “အဆင်ပြေပါတယ်။ ရှင်တို့အားလုံး အလုပ်ရှုပ်နေတာ။ ရှင့်ရဲ့ အရေးကြီးတဲ့အလုပ်တွေကို ကျွန်မကြောင့် မနှောင့်နှေးစေချင်ဘူး။”
သူမ ပြောနေတုန်း သူမရဲ့ အပြုံးက ပျောက်ကွယ်သွားပြီး သူမရဲ့အကြည့် ချုစစ်ဟန်ရဲ့ မျက်နှာပေါ်ကို ရောက်သွား၏။
သူ့အကြည့်တွေက သူမကို စူးစူးစိုက်စိုက်ကြည့်နေပြီး သူ့ချောမောတဲ့မျက်နှာပေါ် ဘာအမူအရာမှ မတွေ့ရပါ။
ချုစစ်ဟန် မြင်းပေါ်က ဆင်းပြီး သစ်သားသေတ္တာလေး ထုတ်ပေးကာ တီးတိုးပြောလိုက်သည်။
“ဂရုစိုက်… ပြန်ရောက်မှ ထုတ်ကြည့်။”
လုရှန်းက သေတ္တာကို လက်ခံရယူလိုက်ပြီး ပြုံးကာ လက်ဝေှ့ယမ်းတယ်။ “သခင်လေး၊ နှုတ်ဆက်ပါတယ်!”
“သွားတော့!”
သူ့အသံက ခါတိုင်းလို အေးစက်နေပေမယ့် လုရှန်းကတော့ ဝမ်းနည်းမှု အရိပ်အမြွက်ကို ကြားနေရတယ်။
“သွားတော့မယ်!”
သူမက လက်ပြနှုတ်ဆက်ကာ တည့်တည့်မတ်မတ်ထိုင်ပြီး နောက်ပြန်မလှည့်ဘဲ သူမရဲ့လှည်း ထွက်ခွာလာခဲ့သည်။
မြို့ရဲ့နှစ်ဖက်စလုံး မိုးမခသစ်ရွက်တွေ ကြွေကျနေပြီး အကိုင်းအခက်များသာ လေထဲတွင် လှုပ်ယမ်းနေ၏။
သစ်ကိုင်းပေါ်တွင် ရွှေစာငှက်နှစ်ကောင် တေးဆိုနေကြ၏။ ထိုတေးသီးဆိုသံက စိတ်ရူပ်ထွေးနေသည့် ချုစစ်ဟန်ကို ပို၍ စိတ်ရှုပ်သွားစေသည်။