ချုစစ်ဟန်က လင်းဂျန်အိမ်တော်ရဲ့ တရားသူကြီးဖြစ်ပြီး တခြားအထောက်အထား တစ်ခုလည်းရှိတယ်။
ဂုဏ်သိက္ခာရှိတဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ သာမန်အမျိုးသမီးတွေက သူ့အတွက် အမှန်တကယ် မသင့်လျော်ဘူး။ ပြောရရင် သူ့ဘဝက အေးစက်နေတဲ့ သံမဏိတွေနဲ့ တလျပ်လျပ် ပြည့်နှက်နေတာ။
သူ့အတွက်ကတော့ အနုပညာ ၄ မျိုးကိုပဲသိတဲ့ ဇနီးသည်က သူရဲ့အားနည်းချက် ဖြစ်လာလိမ့်မယ်။
တစ်ဖက်မှာ လုရှန်းက သူ့ကို ကူညီပေးနိုင်ပြီး ဘယ်အရာကိုမှ မစိုးရိမ်ဖို့ တားဆီးပေးနိုင်တဲ့ စံပြဇနီးတစ်ယောက်။
ဒါ့အပြင် ရှီရီနဲ့ ယွမ်တင်းတို့ ချုစစ်ဟန် လုရှန်းကို ထူးထူးခြားခြားဆက်ဆံနေတာ ပြောနိုင်တယ်။
လုရှန်း အခန်းထဲ ပြေးသွားပြီး ရင်ဘတ်ကို ဖိထားသည်။
နှစ်ပေါင်းများစွာမှာ ပထမဆုံးအကြိမ်အနေနဲ့ သူမရဲ့နှလုံးခုန်နှုန်းကို မထိန်းချုပ်နိုင်ဖြစ်နေ၏။
လက်ဖက်ရည်အေးတခွက် ကိုယ်တိုင်ထည့်ပြီး တစ်ခါထဲ မော့ချလိုက်တယ်။ ထို့နောက် ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။
“ငါ ချုစစ်ဟန်ကို ချစ်မိသွားပြီလား?”
သူမ မျက်မှောင်ကြုံ့ပြီး သေချာပြန်ထိုင်ကာ ခေါင်းခါယမ်းရင်း ကိုယ့်ကိုကိုယ် ရိုက်လိုက်တယ်။ “ငါ အတွေးလွန်နေတာ ဖြစ်ရမယ်!”
ဒါ့အပြင် ချုစစ်ဟန် သူမကို သေချာပေါက် မကြိုက်လောက်ဘူး။ စောစောက သူနောက်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်။
သူမ ပေါ့လျော့လွန်းလှတယ်။ သူမ ပို၍ အရေထူတယ်။
‘ဒေါက်…ဒေါက်… ’
ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ သူမ ထိုင်နေတာ ၁၅ မိနစ်ခန့် ရှိပြီ။
သူမ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး “ဘယ်သူလဲ?” ဟု ခပ်တင်းတင်း မေးလိုက်၏။
“မိန်းကလေး’လု’၊ သခင်လေးက စားစရာတစ်ခု ပို့ခိုင်းလို့ပါ။”
ထိုသူက သူမကို လွန်ခဲ့သည့် နှစ်ရက်က ပြုစုစောင့်ရှောက်ပေးတဲ့ အထိန်းတော်’ယောင်’ဆိုသူ ဖြစ်တယ်။
လုရှန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး “အထဲဝင်ခဲ့ပါ။”
တံခါးဖွင့်သံနဲ့အတူ နို့ထိန်း’ယောင်’ အစားအသောက်ခြင်း ယူလာ၏။
“မမလေး ချိုချဉ်ကြိုက်တယ်ဆိုလို့ သခင်လေးက ဒီဟင်းချက်ကို ပို့ဖို့ မီးဖိုချောင်ကို ပြောထားတယ်။ ဒီကြာပန်းအမြစ် ကြက်စွပ်ပြုတ်ကို မီးဖိုချောင်မှာ ချက်ပြုတ်ဖို့ သခင်လေးက ကျွန်မကို ညွှန်ကြားထားလို့ပါ။ အဆင်မပြေရင် ပြောပါ။”
ချိုချဉ်ငါးနဲ့ ကြာပန်းကြက်သားစွပ်ပြုတ်ကို သူမနဲ့ ချုစစ်ဟန်တို့ တန်ရှန်စားသောက်ဆိုင်မှာ စားသောက်ခဲ့ဖူးတယ်။
သူ မှတ်မိနေလိမ့်မယ်လို့ သူမ မထင်ထားဘူး။
သူမကို တကယ် စိတ်ဝင်စားနေတာတော့ မဖြစ်လောက်ဘူးမလား?
လုရှန်း ဒီအတွေးကို ချက်ချင်း ငြင်းပယ်လိုက်တယ်။
တစ်ယောက်နဲ့တစ်ယောက်သိတာ တစ်လလောက်ပဲ ရှိသေးတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းမသိကြသေးဘူး။ သူတို့ရဲ့ နှလုံးသားက ဘယ်လိုလုပ် လွယ်လွယ်ကူကူ လှုပ်ရှားနိုင်မှာလဲ?
သူ့မှတ်ဉာဏ် တခြားသူတွေထက် ပိုကောင်းတာကြောင့်လည်း ဖြစ်နိုင်တယ်။
“လုံလောက်ပါတယ်… ကျွန်မ သခင်လေးကို ကျေးဇူးတင်ပါတယ်!”
နို့ထိန်း’ယောင်’ ကြင်နာစွာ ပြုံးတယ်။ “သွားစားဦး။ ကျွန်မ နောက်ကျမှ လာရှင်းပေးမယ်။”
လုရှန်းနဲ့ ချုစစ်ဟန်တို့ ဆက်ဆံရေးအကြောင်း မနေ့က တရားရုံးတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့် လူတိုင်းက သူမကို မိန်းကလေး’လု’လို့ ခေါ်ဆိုကြပေမဲ့လည်း သူမကို သခင်မလို့ သီးသန့်ခေါ်ကြတယ်။
ဟုတ်တယ် လုရှန်း ဒါကို သတိမထားမိခဲ့ဘူး။
ညစာစားပြီးချိန်တွင် ခြံဝန်းထဲ လမ်းလျှောက်ဖို့ ထွက်လာခဲ့သည်။ နောက်တော့ ရေချိုးပြီး အိပ်ဖို့ အခန်းထဲဝင်လာခဲ့သည်။
အဲဒီ့ည ချုစစ်ဟန်က သူမကို လာမရှာဘူး။ လုရှန်း သက်ပြင်းချရင်း နှလုံးသားထဲ ထူးဆန်းသော ခံစားချက်တစ်ခု ခံစားလိုက်ရတယ်။
သူမရဲ့ ခံစားချက်တွေကို အတိအကျ မဖော်ပြတတ်ပေမဲ့လည်း စိတ်ပျက်မှုနဲ့ သက်သာရာရမှုတို့ ရောနှောနေတာ ခံစားမိတယ်။
နောက်တစ်နေ့။
လုရှန်း စောစောနိုး၏။
ချုယွမ် မြင်းရထားကို ခြံဝင်းထဲသို့ မောင်းခိုင်းချိန် သူမ မနက်စာ စားပြီးသွားပြီ။ သူက လုရှန်းရဲ့ ပစ္စည်းများ ရထားလုံးပေါ်ရွေ့ဖို့ အရာအားလုံးကို ကူညီပေးတယ်။
လုရှန်း အိတ်တစ်လုံးနဲ့ ရောက်လာတယ်။ သူမ ရောက်လာတော့ ရထားလုံးထဲ ပစ္စည်းများ ပြည့်နေပြီ။
ချုယွမ်က သူမကိုကြည့်ပြီး “သခင် ဝင်ပေါက်မှာ စောင့်နေတယ်။ မိန်းကလေး’လု’ တစ်ခုခု ကျန်ခဲ့သေးလား ကြည့်ပါဉီး။“
“မရှိဘူး!”
ချုစစ်ဟန် တံခါးဝမှာ စောင့်နေတယ်ဆိုတာ ကြားတော့ လုရှန်း ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရတယ်။
မနေ့က သူမ ထွက်ပြေးလာတာ မမှန်ကန်ဘူးလေ။
ရထားထဲကို မဝင်ခင် အချိန်အတော်ကြာ လန့်နေတာ မြင်တော့ ချုယွမ် သံသယနည်းနည်း ဝင်သွားတယ်။
မနေ့ညက သခင်နဲ့ သူ့သူငယ်ချင်းတွေ အရက်သောက်ခဲ့ပြီး ပြန်လာချိန်တွင် သခင် စိတ်ဆိုးနေပုံပဲ။
မိန်းကလေး’လု’ ကြောင့်လား မသိ။
သူ့ရဲ့သခင် အမြဲတမ်းလိုလို စိတ်ဓာတ်ကျနေပြန်တယ်။ သူ သခင်ရဲ့ စိတ်ခံစားချက်တွေကို မဖတ်သလို ဖတ်လည်း မဖတ်ရဲပါ။