သူတော်စင် အကြွင်းအကျန်မြို့က ကန်မင်တိုက်ကြီး၏ အလယ်ပိုင်း နယ်မြေတွင် ရှိပြီး သူတော်စင် အကြွင်းအကျန် ဒေသ၏ ပတ်ဝန်းကျင် နယ်မြေတွင် အကြီးမားဆုံးမြို့ကြီး တစ်မြို့ ဖြစ်သည်။
ထိုမြို့က ကန်မင်တိုက်ကြီးတွင် အလှဆုံးမြို့တစ်ခု အနေဖြင့် ပါဝင်သည်။ ကြီးမားပြီး လူကြိုက်များသော အဆောက်အဦးများက အများအားဖြင့် အင်အားကြီး ကလန်များ၊ ဂိုဏ်းများ၏ အဆောက်အဦးများ ဖြစ်သည်။ သူတော်စင် အကြွင်းအကျန် နယ်မြေ၏ စွမ်းအားက သည်တိုက်ကြီးမှာ ရှိသော ကြီးမားလှသည့် အင်ပါယာများ ကလန်များထက် လုံးဝကို အားမနည်းပေ။
နှစ်အနည်းအငယ်က သူတော်စင် အကြွင်းအကျန်မြို့သည် သူတော်စင် အကြွင်းအကျန် ဒေသကို အမှီပြုပြီးတော့ သူတို့၏ အင်အားတွေတို တိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး အခုဆိုလျှင် သည်တိုက်ကြီး အတွင်းတွင် တည်ရှိသော မြို့တော်တော်များများက သည်မြို့၏ အင်အားကို မယှဉ်ပြိုင်နိုင်တော့ပေ။
“ဘယ်လောက် ထည်ဝါလှတဲ့ မြို့ကြီးလဲ”
သူတို့ လူစုမြို့ထဲကို လျှောက်လာတော့ ဇူယွမ်၏ အမူအရာမှာ လွန်စွာ သဘောကျ နေပုံပေါ်ပြီး မြင်မြင်သမျှကို လိုက်ကြည့် နေတော့သည်။ ဒီနေရာနှင့် နှိုင်းယှဉ်ပါက သူတို့ ကြီးမြတ်သော ဇူအင်ပါယာက ကလေးလေး တစ်ယောက် ကဲ့သို့ ဖြစ်သွားပေမည်။
လမ်းပေါ်တွင် နေရာလပ် မရှိအောင်ပင် လှုပ်ရှား သွားလာသူများနှင့် ပြည့်နှက်နေပြီး ကျယ်လောင်သော အသံများဖြင့် အသက်ဝင်လျက် ရှိသည်။ အလွန်ကြီးမားသော မူလ မှော်စာလုံး အစီအရင် တစ်ခုက ကောင်းကင်ပေါ်မှ တစ်ဆင် တစ်မြို့လုံးကို လွမ်းခြုံလျက် ရှိသည်။
“ဒီအစီအရင်က အံ့ဩဖွယ် ကောင်းလောက်အောင် သန်မာနေသူမှ သာလျှင် ချိုးဖြတ် နိုင်လောက်မယ်”
အလွန်ကြီးမားလှသော မူလ မှော်စာလုံး အစီအရင်ကြီးကို ကြည့်ပြီးတော့ ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။ သည်မှော်စာလုံး အစီအရင်ကို အသက် သွင်းထားရန်အတွက် မူလ သလင်းကျောက် တော်တော်များများ ကုန်ဆုံးမည်မှာ သေချာပေသည်။ ထိုအရာက မြို့ကို ကျူးကျော် ဝင်ရောက်နိုင်ခြင်း မရှိစေရန် သူတို့၏ အစွယ်ကို ထုတ်ပြထားခြင်းပင် ဖြစ်သည်။
ဒီမူလ မှော်စာလုံး အစီအရင်ကို ရေးဆွဲဖို့အတွက် အနိုမ့်ဆုံး အဆင့်၅ မူလ မှော်စာလုံး ပညာရှင် လိုအပ်မှာပဲ။ ထိုအဆင့် ရှိတဲ့ သူတစ်ယောက်ရဲ့ ဝန်ဆောင်မှုကို ရရှိဖို့ရန်က အင်မတန် ခက်ခဲလှသည်။
နှစ်ပေါင်းများစွာ ရပ်တည်နိုင်နေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ အခြေခံ အုတ်မြစ်က မည်မျှ ခိုင်မာသည်ကို ဖော်ပြနေသည်။
“ဒီနေရာကို ပါရမီရှင်များ စံအိမ်လို့ခေါ်ပြီး များပြားလှတဲ့ ပါရမီရှင်တွေက ဒီမှာ လာရောက် တည်းခိုကြတယ်။ ငါတို့လဲ ဒီမှာပဲ တည်းခိုကြရအောင် ဒီနေရာမှာ သူတော်စင် အကြွင်းအကျန် ဒေသရဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်လိမ့်မယ်”
လုလျိုက ဇူယွမ်နှင့် ယောင်ယောင်တို့ကို ကြည့်ပြီး ပြောလိုက်သည်။ သူမကို ကြည့်ရတာ အိမ်စာတွေ ပြီးသွားသော ကလေးတစ်ယောက်လိုပဲ။ ဇူယွမ်နှင့် ယောင်ယောင်တို့က မည်သည့် ကန့်ကွက်မှုမျှ မလုပ်ပေ။ သူတို့သုံးယောက်က သူတော်စင် အကြွင်းအကျန်မြို့၏ လမ်းမအတိုင်း လျောက်လာပြီး မြို့လည် အရောက်မှာ အလွန် ခမ်းနား ကြီးကျယ်လှသော အဆောက်အဦး တစ်ခုက မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။
ထိုအဆောက်အဦးက အံ့ဩဖွယ် ကောင်းလောက်အောင်ပင် လှပနေပြီး နဂါးနှင့် ဖီးနစ်ငှက်တို့၏ ပုံရိပ်များဖြင့် တန်ဆာ ဆင်ထားရာ အကန့်အသက်မဲ့သော အရှိန်အဝါများ ထွက်ပေါ်လျက် ရှိသည်။ အဆောက်အဦးပေါ်တွင် ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲထားပြီး ရွှေစာလုံးများဖြင့် ဝင့်ကြွားစွာ ရေသားထားသည်။
“ပါရမီရှင်စံအိမ်”
ထိုရိုရှင်းကသော စာလုံး သုံးလုံးက ဂုဏ်ယူ ဝံ့ကြွားမှုများ ထွက်ပေါ်လျက် ရှိသည်။
အပြင်ဘက်တွင် ရှိနေသည့် မရေမတွက်နိုင်သော လူစုကြီးက ပြင်းပြတဲ့ စိတ်ဆန္ဒများ တောက်လောင်နေသော မျက်လုံးများဖြင့် ပါရမီရှင် စံအိမ်ကြီးအား ကြည့်ရူလျက် ရှိကြသည်။ သည်နေရာက သူတို့၏ လူငယ်မျိုးဆက် အတွင်းမှာ သူတို့ကိုသူတို့ ပါရမီရှင်ဟု ခေါ်ထိုက်သော လူများအတွက်သာ ဖြစ်သည်။ သာမန်လူတွေ အတွက် သည်နေရာက အိမ်မက် မက်ရုံသာရှိမည်။
ဇူယွမ်တို့ သုံးယောက်က ရပ်တန့်ခြင်း မရှိပဲ လူအုပ်ကြီး၏ အာရုံစိုက်မှု အောက်တွင်ပဲ ပါရမီရှင်များ စံအိမ်၏ တံခါးပေါက်ဝသို့ လှမ်းသွားလိုက်သည်။ တံခါးအနီးတွင် အစောင့်များ အပြည့်ရှိနေပြီး လုံခြုံရေး တင်းကြပ်လျက် ရှိသည်။
“ကျေးဇူးပြုပြီး ရပ်ပေးပါ”
ဇူယွမ်တို့ သုံးယောက် နီးကပ်လာတဲ့အချိန်မှာ သက်လတ်ပိုင်း လူကြီးက လမ်းလျှောက်ထွက်လာပြီး ပြုံးလျက် သူ့လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်သည်။
“ဒီနိမ့်ကျတဲ့ လူကြီးနာမည်က ရှောင်လို လို့ခေါ်ပြီး ကျွန်တော်က ပါရမီရှင်များ စံအိမ်၏ စီမံခန့်ခွဲရေးမှူး တစ်ယောက်ဖြစ်တယ် မင်းတို့ ဒီစံအိမ်အတွင်းသို့ ဝင်ရောက်မှာဆို မင်းတို့ရဲ့နာမည် ဂုဏ်ပုဒ် ဒါမှမဟုတ် နောက်ခံအင်းအားကို တင်ပြရလိ့မ်မယ်။ သာမန်လူတွေ အတွက်ကတော့ ဒီစံအိမ်မှာ နေရာမရှိဖူး”
လုလျိုက မျက်မှောင်ကြုတ်လိုက်ပြီး…
“များလိုက်တဲ့ စည်းကမ်းတွေ”
သို့သော်လည်း သူမက နောက်ထပ်မည်သည့် မှတ်ချက်မှ မပေးတော့ပဲ အသံစွာစွာဖြင့် ပြောလိုက်…
“သားရဲတစ်ထောင်အင်ပါယာက လုလျို”
ထိုစကားကို ကြားတော့ သက်လတ်ပိုင်း လူကြီးနဲ့ သူတပည့်တွေက အနောက်သို့ တွန့်သွားကြပြီး သူရဲ့မျက်နှာပေါ်မှာ နွေးထွေးတဲ့ အပြုံးတစ်ခုပေါ်လာပြီး ကြိုဆိုလိုက်သည်။
“အို သားရဲတစ်ထောင် အင်ပါယာက သခင်မလေးကို ကျွန်တော်မျိုး ကြားဖူးနေတာ ကြာပါပြီ ကျွန်တော့်ရဲ့ အပြုအမှုတွေကို ခွင့်လွတ်ပေးပါ”
“ဒါဆို ငါတို့အခု အထဲဝင်လို့ ရပြီလား”
လုလျိုက ရှောင်လိုကို ဂရုစိုက်မနေပဲ စံအိမ်ကို ကြည့်ရင်း ပြောလိုက်သည်။
သို့သော်လည်း သူမအထဲဝင်ရောက် သွားတဲ့အချိန်မှာ အထဲသို့ လိုက်ဝင်လာတဲ့ ယောင်ယောင်နှင့် ဇူယွမ်တို့ကို အစောင့်များက တားလိုက်သည်။
“မင်းတို့ ဘာလုပ်နေတယ်လို့ ထင်လဲ”
လုလျှိုက အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ ရှောင်လိုက လက်နှစ်ဖက်ကို ယှက် အရိုအသေပြုပြီး ရှင်းပြလိုက်သည်။
“သခင်မလေးက အရည်အချင်းရှိသူ တစ်ယောက်ဖြစ်လို့ စံအိမ်ထဲကို ဝင်ခွင့်ရှိတယ် ဒါပေမဲ့ သူတို့လည်း သူတို့ရဲ့ နာမည်တွေကို ပြောပြဖို့ လိုအပ်တယ်”
သည်အချိန်မှာ လူအချို့ရဲ့ လှောင်ပြောင်လိုသော အကြည့်တွေ စိတ်ဝင်စားမှုတွေက အဆောက်အဦး ရှေ့သို့ ရောက်ရှိလာသည်။ ချီစုဆောင်းမူ အဆင့်သာ ရှိသေးသူ တစ်ယောက်နှင့် မည်သည့် ချီစွမ်းအင်မှ ထွက်ပေါ်ခြင်း မရှိသေးသူ တစ်ယောက်က တကယ်ပဲ ပါရမီရှင်များ စံအိမ်ကို ဝင်နိုင်မယ်လို့ ထင်နေတာလား။
လှောင်ပြောင်သော အကြည့်တွေ ဇူယွမ်တို့ ဆီသို့ ရောက်ရှိလာသော အချိန်မှာ ဇူယွမ်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ကြီးမြတ်သော ဇူအင်ပါယာက ဇူယွမ်”
ရှောင်လိုက အပေါ်အယံ အပြုံးတစ်ခု ပြုံးလိုက်ပြီး…
“အလွန်ဝေးလံ လှတဲ့ ကြီးမြတ်သော ဇူအင်ပါယာကလား အဲဒီတိုင်းပြည်မှာ ပါရမီရှင်လို့ ခေါ်ထိုက်တဲ့ လူရှိတယ်လို့ မကြားဖူးဘူး”
သူကြည့်ရသည်မှာ လွန်စွာ အလေးအနက်ထားပြီး ပြောနေသည်ဟု ထင်ရသော်လည်း သူ့စကားထဲတွင် အထင်သေးမှုများ ရောယှက် ပါဝင်နေသည်။ သူက ယောင်ယောင်ကို ကြည့်လိုက်ပြီး…
“ကျေးဇူးပြုပြီး မင်းရဲ့ နာမည်နဲ့ အဆင့်အတန်းကို ပြောပါ”
သို့သော်လည်း ယောင်ယောင်က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပဲ မူလ မှော်စာလိပ် တစ်ခုကိုသာ လက်ထဲမှာ ဆုပ်ကိုင်လိုက်သည်။ အလင်းတန်းများစွာက သူ့မ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး သူမ စိတ်ဝိညာဉ် လှုပ်ရှားကာ အဆင့်လေး မှော်စာလုံး အစီအရင်ကို အသက် သွင်းလိုက်သည်။
အဆင့်လေး မှော်စာလုံး အစီအရင်မှ လှိုင်း လုံးများက မုန်တိုင်းသဖွယ် မြင့်တက်လာခဲ့သည်။ ထိုစဉ် များပြားလှတဲ့ ပါရမီရှင်တွေက အဆောင်အဦးရှေ့ရှိ ကြမ်းပြင်ကို ကြည့်လိုက်ပြီး အံ့သြစွာ အော်ဟစ် လိုက်ကြသည်။
“အဆင့်လေး မှော်စာလုံးလား။”
“ဒြပ်ထည်အဆင့် စိတ်ဝိညာဉ်”
ရှောင်လို့၏ တပည့်တွေကတော့ ပြင်းထန်စွာ တုန်ရီနေပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံမှုတွေ အတိုင်းသား မြင်တွေ့ရသည်။ ရှောင်လို အနေဖြင့်လည်း ဒီချောမောလှပသော ကောင်လေးတွင် စွမ်းအားကြီးသည့် စိတ်ဝိညာဉ် ရှိလိမ့်မည်ဟု မထင်ထားပေ။
အဆင့်လေးမှုလ မှော်စာလုံး ရေးသူ တစ်ယောက်က မူလစဦး အဆင့်ကျင်ကြံသူ တစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီး သည်သန်မာမှုက ကန်မင်တိုက်ကြီး၏ ပါရမီရှင်များထဲတွင် ထိပ်ဆုံးက ရပ်တည်နေသည်။
“ဒီသခင်လေးက စွမ်းအားတွေကို ကောင်းစွာ ဖုံးကွယ်ထားတာပဲ ကျွန်တော် မမြင်နိုင်ခဲ့ဘူး”
ရှောင်လိုက ကိုးရိုးကားရားနိုင်စွာ ရယ်မောလိုက်ပြီး ခဏအကြာတွင် သူ့အကြည့်တွေက ဇူယွမ်ထံသို ရောက်ရှိသွားပြီး ဇူယွမ်နားကို ကပ်ကာ ပြောလိုက်သည်။
“မိတ်ဆွေလေး ဒီနှစ်ယောက်က ပါရမီရှင်များ စံအိမ်ကို ဝင်ရောက်နိုင်ပြီ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်သူမှ ချီစုဆောင်းမှု အဆင့်လောက်နဲ့ ပါရမီရှင်များ စံအိမ်ကို ဝင်ခွင့်မရခဲ့ကြဘူး။ ဒါကြောင့်မင်း တခြားနေရာ တစ်ခုကို သွားတည်းခို သင့်တယ်လို့ ငါအကြံ ပေးချင်တယ်”
ဇူယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး လူတစ်ဦးတစ်ယောက်က သူတို့ကို တမင်သက်သက် ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်မှာ ထင်ရှားလှသည်။ ဒါပေမဲ့ သူတို့ ဒီနေရာကို ပထမဦးဆုံး ရောက်တာဖြစ်ပြီး ဘယ်သူမှ သူတို့ကို မသိသေးဖူးမလား…
လုလျို၏ မျက်နှာက အေးစက်သွားပြီး …
“နင် ငါခေါ်လာတဲ့သူကို မောင်းထုတ်ဖို့ ဘယ်ကသတ္တိတွေရလဲ”
ရှောင်လိုကပြုံးပြီး ရှင်းပြလိုက်သည်။
“သခင်မလေး အထင်မလွဲပါနဲ့ ကျွန်တော်တို့က ကိုယ့်အလုပ်ကို လုပ်ရုံသာဖြစ်ပြီး မြို့စားမင်း ချမှတ်ထားတဲ့ စဉ်းကမ်းတွေကို သေချာ လိုက်နာရုံပါပဲ”
သူက စကားလုံးများဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ရှင်းလင်းစွာပင် ပါရမီရှင်များ စံအိမ်၏ စည်းမျဉ်းများကို မြို့စားမင်း ကိုယ်တိုင် ချမှတ်ခဲ့တာ ဖြစ်သည်။
ဇူယွမ်၏ မျက်နှာက အေးစက်သွားပြီး မေးလိုက်သည်…
“ပါရမီရှင်ဖြစ်ဖို့ ဘယ်လို အရည်အချင်းတွေလိုလဲ”
ရှောင်လို သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး…
“လူငယ်မျိုးဆက်တွေ ထဲမှာဆိုလျှင် ကောင်းကင်တံခါး အဆင့်ကို ရောက်နေဖို့လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် ပါရမီရှင်လို့ မသတ်မှတ်ဘူး”
ဇူယွမ်က ခေါင်းညိတ်ရင်း မေးလိုက်တယ်
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်မှာလဲ”
ရှောင်လို့က တောက်ပစွာ ပြုံးပြီး ဖြေကြားလိုက်သည်။
“ကောင်းကင်တံခါး အလယ်အဆင့်”
ဇူယွမ်၏ မျက်လုံးထဲတွင် အေးစက်စက် အငွေ့များ ဖြတ်သန်းသွားသည်။
ဝုန်း…
နက်ရွှေရောင်ချီတွေက ဇူယွမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ၏ ပုံရိပ်က အလင်းတန်း တစ်ခုကဲ့သို့ ရှောင်လို့ ရှေ့သို့ ရောက်သွားသည်။ သူ၏ လက်သီးဆုပ်လိုက်ပြီး လေကို ခွင်း၍ထိုးလိုက်သည်။ သူ၏ လက်သီး တစ်ခုလုံးတွင် အစိမ်းရောင် ကြေးခွံများ ဖုံးအုပ်နေပြီး အနည်းငယ် တောက်ပနေသည်။
“ရိုင်းစိုင်းလိုက်တာ”
ရှောင်လို၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး အော်ဟစ်လျက် လျင်မြန်စွာ သူ၏ ချီစွမ်းအားများကို အပြည့် အ၀ ထုတ်ဖော်လိုက်သည်။ သူဒီမာန ထောင်လွှားနေသော လူငယ်လေးကို အနည်းငယ် ပညာ ပေးရပေတော့မည်။
ဘန်း…
လူအုပ်ကြီး၏ အကြည့်အောက်မှာပဲ ပုံရိပ်နှစ်ခုက ရုတ်ရင်း ကြမ်းတမ်းစွာ ရင်ဆိုင်မိသွားသည်။ အားလှိုင်းတွေ လေထဲတွင် ထွက်ပေါ်လာပြီး ရှောင်လို၏ အမူအရာမှာ ပြောင်းလဲသွားကာ သူ့မျက်လုံးတွင် အံ့အား သင့်ဟန်များ ပေါ်လွင်နေသည်။ သူ့ရှေ့တွင် ပြိုင်ဘက်ကင်းသော အင်အားတစ်ခု သက်ဆင်းလာသည်ဟု ထင်မှတ်လိုက်ရကာ သည်စွမ်းအားတွေက ချီစုဆောင်းမှု အဆင့်က သူတစ်ဦး၏ စွမ်းအားများနှင့် လုံး၀ ကွာခြားပေသည်။
ဘုန်း…
လေလှိုင်းနှင့်အတူ ရှောင်လို၏ ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်စင်သွားပြီး ကျောက်တိုင်တစ်ခုနှင့် တိုက်မိကာ ပါးစပ် အပြည့်သွေးများ အန်ချလိုက်ရသည်။
ပါရမီရှင်စံအိမ်၏ ရှေ့မြေကွက်လပ်မှ လူများအားလုံး အံအားသင့်သွားပြီး ပတ်ဝန်းကျင်မှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကောင်းကင်တံခါး အလယ်အဆင့် ရှောင်လိုက ချီစုဆောင်းမှုသာ ရှိသေးတဲ့ ကလေး တစ်ယောက်ထံမှာ ရိုက်ချက် တစ်ချက်တည်းဖြင့် ရှုံးနိမ့် သွားခဲ့တယ်။
သူတို့ရဲ့ အကြည့်တွေက ပြောင်းခဲ့ သွားပြီး ဇူယွမ်ကို စိုက်ကြည့်လိုက်ကြသည် အမှန်တကယ်ပဲ ဒီကောင်လေးက လုံးဝကို သာမန်မဟုတ်ပေ။ လူအုပ်ကြီး၏ အကြည့်အောက်မှာ ဇူယွမ်က သူ့လက်သီးကို ဖြေချလိုက်ပြီး သူ၏ မျက်လုံးများက ပြောင်းလဲမှုမရှိပဲ ရှောင်လိုကို ကြည့်လိုက်သည်…
“ကြည့်ရတာမင်းရဲ့ ကောင်းကင်တံခါး အလယ်အဆင့်က သိပ်ပြီး ဂုဏ်ယူစရာ မဟုတ်ဖူးပဲ’’
သူ့စကားအဆုံးမှာ ဇူယွမ်က ရှောင်လိုကို ဂရုစိုက်မနေတော့ပဲ ပါရမီရှင်များ စံအိမ်အတွင်းသို့ ဝင်သွားလိုက်သည်။ သည်တစ်ခါတော့ မည်သူမှ သူ့အား မတားမြစ် နိုင်တော့ပေ။ သို့သော်လည်း ဇူယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားလိုက်သည်။ သူ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာလား။