အပြာရောင်ဝတ်စုံနှင့် လူငယ် တောင်ထိပ် တစ်ခု၏ အပေါ်တွင်။ သူ၏ မျက်လုံးများ ပိတ်လျက် ထိုင်နေပြီး ကလေးတစ်ယောက်၏ လက်သီးဆုပ်အရွယ် နို့နှစ်ရောင် သလင်းလုံးလေးက သူ၏ ဦးခေါင်း အထက်သုံးပေ အကွာတွင် ပျံဝယ်လျက်ရှိကာ ဇူယွမ်ပေါ်သို့ အလင်းတန်းများ ပျံကျဲလျက် ရှိသည်။
ဇူယွမ်၏ မျက်ခုံးနှစ်ခုကြားတွင် ကြက်ခြေခတ် သဏ္ဌာန်ပုံရိပ် တစ်ခု ဖြစ်ပေါ်နေပြီး အလင်းတန်းများကို ဆုပ်ယူလျက် ရှိသည်။ အလင်းရောင်တွေကို စုပ်ယူပြီးတိုင်းမှာ သူ၏ စိတ်ဝိညာဉ်က ပိုမို ပုံပေါ်လာခဲ့သည်။ နှစ်နာရီမျှ လေ့ကျင့်ပြီးတဲ့ အခါမှာတော့ ဇူယွမ်၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
သူ့ခေါင်းအထက်မှ နို့နှစ်ရောင် သလင်းလုံးလေးမှာလဲ ဖြည်းညင်းစွာ ကျဆင်းခဲ့ပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွေ အစက်လေးတစ်ခု အဖြစ် နစ်မြုပ် သွားသည်။ လေ့ကျင့်ပြီးတဲ့ အချိန်မှာ ဇူယွမ်က သူ့ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ သူ၏ စိတ်ဝိညာဉ် ပုံသဏ္ဌာန်က ပိုမို ထင်ရှားလာသော်လည်းပဲ သူ့အနေဖြင့် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ကို ချိုးဖောက် မဝင်ရောက် နိုင်သေးပေ။
“စိတ်ဝိညာဉ်ကို လေ့ကျင့်ရတာ အမှန်တကယ်ကို ခက်ခဲတာပဲ” ဇူယွမ်က ရေရွတ်လိုက်သည်။
သို့သော်လည်း ကျင့်ကြံခြင်း လမ်းကြောင်းက မလွယ်ကူဘူးဆိုတာ သူနားလည်ပေသည်။ သူတဖြည်းဖြည်းခြင်းနှင့် တစ်ဆင့်ခြင်း သွားရပေမည်။ ဟမ်…။ သူက တောင်အောက်ချေသို့ ဆင်းသွားလိုက်သည်။ တောအတွင်း တစ်နေရာ မှာတော့။
ဇူယွမ် ပြန်ရောက်တဲ့ အခါတွင် ယောင်ယောင်နှင့် လုလျိုတို့ နှစ်ဦးက မတ်တပ်ရပ်လျက်ရှိပြီး သူတို့ နှစ်ဦး၏ရှေ့ မနီးမဝေးတွင် ထန်ထန်က ကြီးမားလှတဲ့ သားရဲကြီး တစ်ကောင်ကို ကိုက်ချီလျက် ရပ်နေသည်။ သူက ယောင်ယောင်အတွက် ဒီသားရဲကြီးကို ဖမ်းဆီး၍ လက်ဆောင်ပေးရသည့် အတွက် လွန်စွာ ပျော်ရွင်နေဟန် ရသည်။
ရှင်းလင်းစွာပင် သူက ယောင်ယောင် အနေဖြင့် သားရဲကို စားသောက်ဖို့အတွက် ချက်ပြုတ်ပေးရန် မျှော်လင့်နေသည်။
သို့သော်လည်း ယောင်ယောင်က စိတ်ဝင်စားမှု ကင်းမဲ့စွာ ထန်ထန်အား တစ်ချက်မျှ ကြည့်လိုက်ပြီး …
“မသိဘူး …”
ထန်ထန်က မြေပြင်ပေါ်သို့ စိတ်ပျက်စွာ ပစ်လဲချလိုက်ပြီး လုလျိုထံသို့ လှမ်းကြည့် လိုက်ပြန်သည်။
အစိမ်းရောင် ဆံပင်နှင့် မိန်းကလေးက မျက်လုံးပေကလပ် ပေကလပ် လုပ်လိုက်ပြီး သူမ၏ ခေါင်းကိုခါလိုက်၍ ရှက်ရွံစွာ ပြုံးလိုက်သည်။
“ပျင်းရိဖို့ ကောင်းတဲ့ အိမ်မှု ကိစ္စတွေကို ဘယ်လို လုပ်ရမလဲ ငါတကယ်မသိဘူး”
ထင်ရှားစွာပင် ထပ်မံရောက်ရှိလာတဲ့ မိန်းမပျို နောက်တစ်ယောက်ကလည်း မည်သို့ ချက်ပြုတ် ရမည်ကို နားမလည်ပေ။ ထန်ထန်အား အားပျက်သွားဟန်ဖြင့် မြေပြင်ပေါ်သို့ လှဲချလိုက်သည်။
“နောက်ထပ် မိန်းမပျိုလေး” ဇူယွမ်က ထိုမြင်ကွင်းကို အကူအညီ ကင်းမဲ့စွာ လှမ်းကြည့်လိုက်သည် သူက လေ့ကျင့်ခြင်း တစ်ခုကိုသာ အာရုံစိုက်ချင် သော်လည်းပဲ အခု သူတို့အားလုံးက ဆာလောင်လျက် အချင်းချင်း စိုက်ကြည့်နေကြသည် ရှင်းလင်းစွာပင် တစ်ယောက်မျှ သူတို့၏ဘဝတွင် အိမ်မှုကိစ္စနှင့် ပက်သက်၍ နားလည်ခြင်း မရှိကြပေ။
ဇူယွမ်က သူတို့၏ရှေ့သို့ လျောက်လာသည်ကို မြင်သည်နှင့် ထန်ထန်က ပျော်ရွင်စွာ သူ့အား လှမ်းကြည့်လိုက်သည်။
“မျိုးမစစ်လေး မင်းကငါ့ကို အချိန်တိုင်း အရသာရှိတဲ့ အစားအသောက်ကြီးလို့ မြင်နေတာပဲ” ဇူယွမ်က သူ၏ စိတ်အတွင်းမှ ကျိန်ဆဲလိုက်သည်။ သို့သော်လည်းသူက အရှေ့သို့ လျှောက်လှမ်းသွားပြီး မှော်သားရဲကို အရေခွံ ဆုတ်ခြင်း မီးကင်ရန်တံစို့ ထိုးခြင်းဖြင့် အလုပ်များ သွားသည်။
ဇူယွမ် အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း ယောင်ယောင်က အနည်းငယ် ရှက်ကိုး ရှက်ကန်း ဖြစ်သွားပြီး စိတ်ဝင်တစား မေးလိုက်သည်။
“ဒီအလုပ်က ခက်ခဲလား…”
ဇူယွမ်က ပခုံး တွန့်လိုက် ပြလိုက်သည်။ ယောင်ယောင်က ခဏအကြာမှ ဆက်ပြောလိုက်သည်။
“မင်း ဝိညာဉ် စွမ်းအား အရင်းအမြစ်တွေကို စုပ်ယူပြီးတော့ မင်းတိုးတက်သင့်နေပြီ”
လုလျိုက မေးကိုလက်နှင့် ထောက်လိုက်ပြီး …
“ဒါပေမဲ့ အစ်မကြီး ယောင်ယောင်ပြောတော့ စိတ်ဝိညာဉ် စွမ်းအားတွေ အပြည့်အဝ သက်ရောက်ဖို့ အတွက် မူလစဦး အရင်းအမြစ် နှစ်ခု လိုအပ်တယ်ဆို …”
“အဲဒီ အရင်း အမြစ်နှစ်ခုကို ဘယ်လိုခေါ်လဲ …”
ဇူယွမ်က ကြားဖြတ် ပြောလိုက်သည်။
“မြေအောက် ဝိညာဉ်သစ်သီးနဲ့ သွေးမြက်ပင်”
သူက မျက်မှောင်ကြုတ်လျက် ဆက်ပြောခဲ့သည်။
“ဒီမူလ အရင်းအမြစ် နှစ်ခုလုံးက မြင်ရဖို့တောင်ခက်ခဲပြီး ရှာဖွေဖို့ မလွယ်ကူဘူး”
လုလျိုက ပြုံးလိုက်ပြီး။
“စိတ်မပူပါနဲ့ ငါတို့ သူတော်စင် အကြွင်းအကျန်မြို့ကို ရောက်တဲ့ အခါမှာ အဲဒီအရာတွေကို ဝယ်နိုင်လိမ့်မယ်”
သူတော်စင် အကြွင်းအကျန်မြို့က သူတော်စင် အကြွင်းအကျန်ဒေသ အပြင်ဘက်မှာ ရှိသော ကြီးမားလှသော မြို့ကြီး တစ်မြို့ဖြစ်ပြီး ထိုမြို့၏ အရှင်သခင်မှာလဲ ထိုသူတော်စင် အကြွင်းအကျန် နယ်မြေတစ်ဝိုက်၌ အင်အား အကြီးဆုံး သူတစ်ယောက် ဖြစ်သည်။
သူတို့အုပ်စု၏ ခရီးအဆုံးကား သူတော်စင် အကြွင်းအကျန်မြို့ ဖြစ်ပြီး သူတို့ ထိုနေရာသို့ ရောက်ရှိသွားပါက သူတော်စင်အကြွင်း အကျန်ဒေသနှင့် နီးကပ်နေပြီ ဖြစ်သည်။ ဇူယွမ်က ခေါင်းညိတ်ခဲ့သည်။ ကြည့်ရတာ ထိုအခွင့်အရေး တစ်ခုသာ ကျန်တော့သည်။ ဇူယွမ်က ရုတ်တရက် ပြောလိုက်သည်။
“ဂူကလန်ကရော သူတို့ ပြဿနာ လာရှာတာလဲ မတွေ့ပါလား။ ငါသူတို့ရဲ့ အထောက်အပံ့ ရတနာပစ္စည်းကို ခိုးယူလာလို့ လွယ်လွယ်ကူကူနဲ့ လွှတ်ပေးမယ်တော့ မထင်ဘူး”
ယောင်ယောင်က ပြောလိုက်သည် …
“ငါတို့က သူတို့ရဲ့ ယုတ်မာမှုတွေကို ဖော်ထုတ်ခဲ့တဲ့အတွက် သူတို့ကြီးမားတဲ့ ဖိအားတွေအောက်မှာ ရုန်းကန် နေရလောက်ပြီ။ ငါတို့ကိုတော့ အခုတလော ဂရုစိုက်နိုင်သေးမှာ မဟုတ်ဖူး။ ဒါပေမဲ့လည်း ငါတို့ ပေါ့ဆလို့ မရဘူး နည်းနည်း ဂရုစိုက်ရမယ်”
ဇူယွမ်က ခေါင်းညိတ်လိုက်သည်။ နာရီ အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် ဇူယွမ်က မှော်သားရဲကို ကင်ပြီးသွားခဲ့သည်။ ဇူယွမ်က အမျိုးသမီး နှစ်ယောက်နှင့် သူ့အတွက် အသားများကို အငမ်းမရ စားချင် သောက်ချင်နေသော ထန်ထန်အား မကျွေးမှီ ကြိုတင်၍ ဖယ်ကာ လှီးဖြတ် ထားလိုက်သည်။
ဒေါင်ဒေါင်…
သို့သော်လည်း သူတို့ပျော်ရွင်စွာ စားသောက်နေစဉ် အတွင်း မြေကြီး တုန်ခါလာသည်ကို ခံစားမိလိုက်သည်။ သူတို့ အုပ်စု တောင်၏ အနက်ပိုင်းသို့ လှမ်းကြည့်လိုက်သော အချိန်တွင် မှော်သားရဲ အမြောက်အမြားက ကြောက်ရွံ ထိတ်လန့်စွာ ဖနောင့်နှင့်တင်ပါး တသားထဲ ကျအောင် ပြေးလာသည်ကို မြင်လိုက်ရသည်။ လုလျိုက သတိပေးဟန်ဖြင့် ရေရွတ်လိုက်သည်။
“ဂူကလန်တော့ မဖြစ်နိုင်ဘူးမလား …”
ဇူယွမ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မူလ စဦးချီများက သူ့ပတ်ဝန်းကျင်တွင် စတင် လည်ပတ်လာသည်။ တကယ့်ကို ဂူကလန်လား။
ခဏကြာပြီးနောက် တောအုပ်အတွင်း အသံထွက်ပေါ်လာရာသို့ ဇူယွမ်လှမ်းကြည့်လိုက်ရာ တောအုပ်အတွင်းမှ ဖြည်းညင်းစွာ လမ်းလျောက် ထွက်လာသော ပုံရိပ် တစ်ခုကို တွေ့လိုက်ရသည်။ ပုံရိပ်က တောအုပ်ထဲမှထွက်လာခဲ့ပြီး ဇူယွမ်၏ မြင်ကွင်းတွင် လူတစ်ယောက်၏ ပုံရိပ်ရှင်းလင်းစွာ ပေါ်လာခဲ့သည်။ ထိုပုံရိပ်က အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက် ဖြစ်သည်။
သူ၏ ကျောဘက်တွင် လေးလံတဲ့ ဓားတစ်ချောင်းကို သယ်ဆောင်လာကာ သူ၏ မျက်လုံးများကို အနက်ရောင် အဝတ်စ တစ်ခုဖြင့် စည်းနှောင်ထားသည်။ သို့သော်လည်း သူ၏ ခြေလှမ်းများက ယိမ်းယိုင်ခြင်း မရှိပဲ ခိုင်မာ တည်ကြည်လှသည်။ ထို့အပြင်သူ ဖြတ်သန်သွားခဲ့သည့် နေရာတိုင်းမှ သစ်ပင်များသည် တိတ်ဆိတ်စွာ ထက်ပိုင်း ပြတ်ကျ လျက်ရှိပြီး ပြတ်သွားတဲ့ နေရာများကလဲ ကြေးမုံကဲ့သို့ ချောမွေ့လျက် ရှိသည်။
“ဘယ်လိုတောင် ဖြုံစရာ ကောင်းလိုက်တဲ့ ဓားချီတွေလဲ”
ဇူယွမ်က မျက်လုံးတွင် အနက်ရောင် အဝတ်စ စည်းနှောင်ထားသော လူငယ်လေးကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်နောက်မှ ထွက်ပေါ်လာသော အရှိန်အဝါများက သူ့ရဲ့ အရေပြားပေါ်အထိ နာကျင်မှုကို ပေးစွမ်း နိုင်သည်။ ကြည့်ရတာ သည်လူငယ်ကလည်း အံ့သြဖွယ် ကောင်းလောက်အောင်ပင် စွမ်းအား ပြည့်ဝသူ ဖြစ်သည်။ သည်အပြာရောင် ဝတ်စုံနှင် လူငယ်လေးက ဖြည်းညင်းစွာပင် ဇူယွမ်တို့ အုပ်စုနှင့် နီးကပ်လာသည်။
ဝေါင်း…
ထန်ထန်က တစ်ချက်မျှ ဟိန်းလိုက်ပြီး သူ၏ ပါးစပ်အတွင်းမှာ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
လူငယ်က သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး သူ့ရှေ့တွင်ရှိ စွမ်းအားများကို အာရုံခံ ကြည့်လိုက်သည်။
ဇူယွမ်က အပြာရောင်ဝတ်စုံနှင့် လူငယ်ကို စိုက်ကြည့်ရင်း သူတို့က သတိထား စောင့်ကြည့်နေသည်။
ဒီအချိန်မှာ လေထုက စတင် တိတ်ဆိတ်လာသည်။
ဂွီ…
သို့သော်လည်း လေထုက ထူးဆန်းတဲ့ အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ ထိုအသံက အေးစက်စက် မျက်နှာထားနှင့် အပြာရောင် ဝတ်စုံဝတ် လူငယ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရုတ်တရက် အခြေအနေက ကိုးရိုးကားရား ဆန်လွန်းလာသည်။ ထိုအခြေအနေကို အပြာရောင်ဝတ် လူငယ်ထံမှ ကွဲရှရှအသံက ဖြိုခွင်းလိုက်သည်။
“ငါအစားမစားရတာ သုံးရက်ရှိပြီ”
ဖလူး…
လုလျိုက နောက်ဆုံး မထိန်းနိုင်ပဲ ရယ်လိုက်သည်။ ဇူယွမ်၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်တွန့် ကွေးသွားပြီး ညီအစ်ကို မင်းဝင်လာတဲ့ပုံက အရမ်းမိုက်တာပဲ။ ပြီးတော့ ရယ်စရာ ကောင်းသော ကိစ္စကိုလဲ လုပ်နိုင်သည်။ သို့သော်လည်း သူ့ကြည့်ရသည်မှာ ဂူကလန်မှ လွတ်လိုက်သော သူဟုတ်ပုံ မရပေ။
“ငါတို့မှာလည်း စားစရာ ကျန်ရှိ နေသေးတာပဲ ငါတို့ အတူ စားသောက်လို့ ရပါတယ်”
ဇူယွမ်က တစ်ဝက်မျှ ကျန်ရှိနေသော အသားကင်တွေကို ညွှန်ပြရင်း ပြောလိုက်သည်။
အပြာရောင် ဝတ်စုံနဲ့ လူငယ်လေးက ဇူယွမ်ဘေးနားတွင် ထိုင်လိုက်ပြီး မည်သည့် စကားမျှ မဆိုတော့ပဲ ငတ်ပြတ်နေသော မြေခွေး တစ်ကောင်လို အငမ်းမရ စားသောက်လိုက်သည်။
ဇူယွမ်က စားသောက်လို့ အနည်းငယ် အကြာမှာ ပြောလိုက်သည်။
“ဒီတောတောင်ထဲမှာ မှော်သားရဲတွေ အမြောက်အမြား ရှိတာကို မင်းဘာလို့ သတ်မစားတာလဲ”
အပြာရောင် ဝတ်စုံနှင့် လူငယ်က သူ့ ပါးစပ်ကို သုတ်ရင်း ပြန်ဖြေခဲ့သည်။
“ငါဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာမသိဖူး”
ဇူယွမ်က ဒေါသထွက်စွာ မေးစေ့ကို ပွတ်သပ်လိုက်သည်။ သုံးယောက်လုံးက သခင်လေးနှင့် သခင်မလေးတွေပါလား။ ငါလည်းပဲ ကြီးမြတ်သော ဇူအင်ပါယာက မင်းသားတစ်ပါ။ အခုတော့ စားဖိုမှူး တစ်ယောက် ဖြစ်နေရပြီ။ လုလျိုက မေးထောက်လျက် အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးကို ပြုံးကြည့်လိုက်ပြီး မှတ်ချက် ပြုလိုက်သည်။
“နာမည်ကြီးနေတဲ့ ဓားအင်ပါယာက မျက်ကန်းဓားကို ဒီမှာ တွေ့ရလိမ့်မယ်လို့ တကယ်ကို မထင်ထားဘူး”