စာစဥ် (၁၀) အပိုင်း (၁၂၇)

ရတနာများကိုခွဲဝေခြင်း

ဂူမြို့၏ အဝေးတွင် ရှိသော တောင်တန်းများ၏ နက်ရှိုင်းသော အတွင်းဘက်၌ မူလသားရဲ နှစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လို့လာသည်။

ထန်ထန်က သားရဲကောင်လေး အဖြစ်သို့ ပြန်ပြောင်းလဲကာ ယောင်ယောင်၏ လက်မောင်းပေါ်သို့ ခုန်တက်လိုက်သလို ရေခဲ ငှက်လေးကလည်း သေးငယ်သော ငှက်ကလေးအဖြစ် ပြောင်းလဲပြီး လုလျို၏ ပခုံးပေါ်သို့ ခိုနားလိုက်သည်။

“မြန်မြန် ရတနာကို သေချာကြည့်ကြစို့…”

လုလျိုက ဇူယွမ်ကို ကြည့်လိုက်ရင်း သူမ၏ မျက်ဝန်းထဲ၌ သိချင်စိတ်များ ပြည့်နှက်လျက် ရှိနေသည်။ သူမ မျက်နှာပေါ် ၌လည်း မျှော်လင့် စောင့်စားခြင်းများ၊ သိလိုစိတ်များ ဖြတ်ပြေးသွားသည်။ သူတို့က ဂူကလန်ကို ဗြောင်းဆန်အောင် လုပ်ပြီးတဲ့ နောက်မှာ ဇူယွမ်လက်ထဲ၌ ရှိသည့် အရာတစ်ခုသာ အကျိုးအမြတ်အဖြစ် ရရှိခဲ့ကြသည်။

ဇူယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်၏။ ဇူယွမ်က စကြာဝဠာ အိတ်ထဲကို လက်နှိုက် ရှာဖွေလိုက်ပြီး အနက်ရောင် သလင်းလုံးက သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။

“ဒါကဘာလဲ…”

လုလျိုကသည် အလုံးလေးကို ပဟေဠိ ဖြစ်ဟန်နှင့် စူးစမ်းလိုက်သည်။ သူမက ထိုကျောက်တုံးလေးထဲ၌ သန့်စင်သည့် စိတ်ဝိညာဉ် အရင်းအမြစ် များစွာ ပါဝင်နေသည်ကို ခံစားမိသည်။ သို့သော် သူမက ထိုသလင်းလုံးလေးကို မည်သည့်အရာ ဖြစ်သည်ဟု မသတ်မှတ်နိုင်ချေ။ ယောင်ယောင်က ရှေ့သို့ လျှောက်လာပြီး ထိုသလင်းလုံးလေးကို ခဏတာ အာရုံစိုက် ကြည့်လိုက်၏။ ထို့နောက် သူမက ခပ်တိုးတိုး ပြောလိုက်သည်။

“ဒါက သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးပဲ…”

“သူတော်စင် စိတ်ဝိညာဉ် သလင်းလုံး…” ဇူယွမ်နှင့်လုလျိုက ထပ်မေးလိုက်မိ၏။ သူတို့က ၎င်းကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။

ယောင်ယောင်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။

“ဒါက စစ်မှန်သော ရတနာဖြစ်ပြီး စိတ်ဝိညာဉ် ကျောက်မျက်တုံးလို့လည်း ခေါ်တယ်။ ငါက ဒီလိုသေးငယ်သော ဂူကလန်မှာ ဒီလိုအရာ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားမိဘူး…”

ဇူယွမ်က သိချင်စိတ်ဖြင့် စပ်စုလိုက်၏။

“ဒါက ဘာလုပ်ဆောင်ချက်တွေ ရှိလို့လဲ…”

“မင်းက ဒီအရာကို ပိုင်ဆိုင် ထားမယ်ဆိုရင် စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းလမ်းတွေကို မလေ့ကျင့်ဘူး ဆိုရင်တောင်မှ မင်းရဲ့ စိတ်ဝိညာဉ်က တဖြည်းဖြည်း သန့်စင်လာပြီး ခွန်အား ကြီးလာလိမ့်မယ်…”

ယောင်ယောင်က ဇူယွမ်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

“တကယ်တော့ မင်းက စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းလမ်းကိုလည်း လေ့ကျင့်တယ် ဆိုရင် ဒါက ကျားကို အတောင်ပံ တက်ပေး လိုက်သလိုပဲ…”

ဒါ့အပြင် ဒီအရာရဲ့ အံသြစရာ အကောင်းဆုံးအရာက စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူနိုင်ပြီး စိတ်ဝိညာဉ် အရင်းအမြစ် အဖြစ်ပြောင်းကာ ဒီသလင်းလုံး ကိုယ်တိုင် ပို၍ သန်မာ လာလိမ့်မယ်။ မင်းက ဒီသလင်းလုံးကို သန့်စင်ပြီး ကိုယ်ပိုင် ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် ဘယ်သူကမှ မင်းကို စိတ်ဝိညာဉ် တိုက်ခိုက်မှုတွေ လုပ်ရဲမှာ မဟုတ်ဘူး။ တိုက်ခိုက်ရင်လည်း သူ့အစာ ဖြစ်သွားလိမ့်မယ်။ ဒါ့ကြောင့် ဒီသလင်းလုံးက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်ပြီး စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်တယ်။

ဇူယွမ်နှင့်လုလျိုက ထိုအကြောင်းကို ကြားလိုက်သောအခါ သူတို့ နှုတ်ခမ်းကို သပ်လိုက်မိကြသည်။ သူတို့ နှစ်ယောက်လုံးက စိတ်ဝိညာဉ် ကျင့်ကြံသူများလို့ ပြောလို့ရပြီး ထိုအတွက်ကြောင့် သူတို့က သူတော်စင် စိတ်ဝိညာဉ် သလင်းလုံး၏ တန်ဖိုးကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်၏။ ပင်ကိုယ်အားဖြင့် လူတစ်ယောက်၏ စိတ်ဝိညာဉ် စွမ်းအင်ကို အလျင်အမြန် တိုးတက်စေသည့် စွမ်းဆောင်ရည်သည် တန်ဖိုးဖြတ်၍ မရချေ။

သူတို့က စိတ်ဝိညာဉ်ကို အဆင့်မြင့်တင်ရန် မည်မျှ ခက်ခဲသည်ကို နားလည်ပေသည်။ ဇူယွမ်က မူလ ဖျက်ဆီးခြင်း နတ်ဘုရား၏ စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း နည်းလမ်းကို တစ်နှစ်လုံးလုံး လေ့ကျင့်ခဲ့သော်လည်း သူက ခုထိ စိတ်ဝိညာဉ် ဖွဲစည်းခြင်း အဆင့် ထိပ်ဆုံးသို့ မရောက်နိုင်သေးချေ။

ဇူယွမ်က သူ့ခေါင်းကို အကူအညီမဲ့စွာ ကုတ်လိုက်မိသည်။ လုလျိုက သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးကို ရရှိခဲ့ခြင်း၌ ကြီးမားစွာ အကူအညီပေးခဲ့သူ တစ်ယောက် ဖြစ်သည်။ သူမ၏ ရေခဲငှက်က မူလစဦးအဆင့် ကျင့်ကြံသူ တစ်ယောက်ကို မတားစီးပေးခဲ့ဘူး ဆိုလျှင် ယောင်ယောင်က ကြီးမားသော ဖိအားကို ရင်ဆိုင်ခဲ့ ရပေလိမ့်မည်။ ထို့အတွက် ရတနာကို ခွဲဝေရန် ပြဿနာ အနည်းငယ် ရှိနေပေသည်။ သို့ရာတွင် လုလျိုက ပေါ့ပါးစွာ ပြောလိုက်သည်။

“ငါ့အတွက် စဉ်းစားပေးဖို့ မလိုပါဘူး။ မင်းတို့ကြောင့် မဟုတ်ဘူးဆိုရင် ငါက ဂူကလန်ရဲ့ လက်ထဲမှာ ကျရောက် နေရလိမ့်မယ်”

သူမက ယောင်ယောင်နှင့်ဇူယွမ်တို့၏ အဓိက စွမ်းဆောင်မှုကို နားလည်သည်။

ထပ်ပြောရရင် ပင်ကိုယ်အားဖြင့် သူမက စိတ်ဝိညာဉ် သန့်စင်ခြင်း မျှော်စင်ထဲသို့ ဝင်ရောက်ရသည် ဟူ၍ပင် ထင်ခဲ့ခြင်း ဖြစ်သည်။ ယောင်ယောင်ကသာ စိတ်ဝိညာဉ် ဝါးမြိုခြင်း မျှော်စင်၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်ပေးခဲ့ရင် သူမ၏ စိတ်ဝိညာဉ်ကလည်း အခြား ကံမကောင်းသည့် လူတွေလို စုပ်ယူခြင်း ခံရနိုင်ပေသည်။ ယောင်ယောင်က ထိုစကားကို ကြားရသောအခါ လုလျိုကို ဒုတိယအကြိမ် သေချာ ကြည့်မိလိုက်သည်။

“ဒါကိုကြားတော့ သူမက ပြုံးပြီး ပြောလိုက်ပါတယ်။ စိတ်မပူပါနဲ့ … လူတိုင်းအတွက် အဆင်ပြေပါလိမ့်မယ်…”

ယောင်ယောင်၏ စကားများက လုလျိုကို ပို၍ ပျော်ရွှင် ကျေနပ်စေသည်။ လုံလောက်သည့် အကျိုးကျေးဇူးမျာကို ခွဲဝေ ပေးမည်ဆိုလျှင် မည်သူကမျှ ထိုအရာနှင့် ပတ်သတ်၍ ညဉ်းညူနေမှာ မဟုတ်ပေ။ ယောင်ယောင်က အနက်ရောင် သလင်းလုံးကို ညွှန်ပြရင်း ပြောလိုက်သည်။ နှစ်ပေါင်း များစွာထဲက ဂူကလန်က စိတ်ဝိညာဉ် အရင်းအမြစ် မြောက်များစွာကို ဒီသူတော်စင် စိတ်ဝိညာဉ် သလင်းလုံးထဲကို စုပ်ယူထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရက်စက်သော နည်းလမ်းကြောင့် ဒီစွမ်းအင်တွေ အကုန်လုံးကို မထုတ်ယူနိုင်ခဲ့ဘူး။

“ခုတော့… ဒီလို ဖြစ်တာက ငါတို့ကို အကျိုးရှိစေခဲ့ပြီ…”

ထိုစကားလုံးများကို ပြောပြီးနောက်မှာတော့ ယောင်ယောင်က မူလစုတ်တံ တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုစုပ်တန်ဖြင့် သူမက ရှုပ်ထွေးသော မူလမှော်စာလုံးများကို အနက်ရောင် သလင်းလုံးပေါ်၌ ရေးဆွဲလိုက်သည်။ ထိုမူလ မှော်စာလုံးများက တစ်မူထူးခြားသော လှိုင်းများ ထုတ်လွှတ် လျက်ရှိသည်။

လုလျိုက ယောင်ယောင်ကို မချီးမွမ်းဘဲ မနေနိုင်ချေ။ သူမက ယောင်ယောင်ကို သေချာ ကြည့်ရင်း ပြောလိုက်သည်။

“အစ်မကြီးယောင်ယောင် နင့်ရဲ့ ထူးဆန်းတဲ့ မူလ မှော်စာလုံးတွေက အရမ်း အံသြစရာ ကောင်းတာပဲ”

သူမ၏ စိတ်ဝိညာဉ်က အားမနည်းသော်လည်း ထိုမူလ မှော်စာလုံးများက သူမကို အနည်းငယ် မူးဝေမှုကို ခံစားရစေ၏။ ထိုသို့ ဖြစ်စေမှုက ယောင်ယောင်၏ မူလ မှော်စာလုံးများသည် သာမန် မဟုတ်ကြောင်း ထင်ရှားစေသည်။

ယောင်ယောင်က သူမ၏ အလုပ်တွင် ဈန်ဝင်စားနေပြီး မည်သည့် တုန်ပြန်မှုမှ မလုပ်နိုင်ချေ။ ထိုမြင်ကွင်းကြောင့် ယောင်ယောင်က အားသွန် ခွန်စိုက်လုပ်နေပုံရပြီး သူမ၏ ဝင်းလက်နေသော နဖူးထိပ်၌ ချွေးသီးလေးများပင် ထွက်နေခဲ့၏။ ထိုအခါ ဇူယွမ်က စပ်စုလွန်းသော လုလျိုကို မကျေမနပ် ကြည့်လိုက်ပြီး ယောင်ယောင်ကို မနှောင့်ယှက်ရန် ပြောလိုက်၏။

နောက်ဆုံးတော့ တစ်နာရီခန့် ကြာပြီးနောက်မှာ ယောင်ယောင်က သူမ ပခုံးပေါ်မှ လေးလံလွန်းသော ဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်က အသက် ရှုထုတ်လိုက်သည်။ သူမရှေ့ရှိ အနက်ရောင် သလင်းလုံးပေါ်၌ များစွာသော မူလ မှော်စာလုံးများက ချမှတ် ထားပြီး ဖြစ်၏။ ယောင်ယောင်က လက်ထဲရှိ မူလစုတ်တံဖြင့် သလင်းလုံးထံသို့ ညင်သာစွာ ညွှန်ပြလိုက်သည်။

တစ်ယောက်ယောက်က မူလ မှော်စာလုံးများ စတင် တောက်ပလာသည်ကို တွေ့နိုင်၏။ မြင့်မြတ်သော မီးကဲ့သို့ စူးရှ တောက်ပလွန်းသော အလင်းတန်းများက ထိုသလင်းလုံးကို ပြည့်ဝစွာ လွှမ်းခြုံ ထားလေသည်။

“ချက် … ချက် …”

ဆီပေါက်သံလို အသံတစ်ခုက ထိုအလင်းရောင်များထဲ၌ အကြိမ်ကြိမ် ထွက်ပေါ်လျက် ရှိ၏။

ဇူယွမ်နှင့်လုလျိုုသည် ထိုသလင်းလုံးက လျင်မြန်စွာ ကျုံ့သွားကာ ထူးဆန်းသည် အရည်များ တဖြည်းဖြည်းချင်း အောက်သို့ စိမ့်ထွက် လာသည်ကို မှင်သက်စွာ ကြည့်နေမိသည်။

ယောင်ယောင်က ကျောက်စိမ်း ပုလင်း အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ထူးဆန်းသည့် အရည်များကို စုဆောင်းလိုက်သည်။ အချိန်ခဏ ကြာပြီးနောက်မှာ ထိုသလင်းလုံးလေးသည် မူလ၌ ကလေး ခေါင်းလောက်ရှိသည့် အရွယ်အစားမှ ကလေး လက်သီး အရွယ်အစားသို့ သေးငယ်သွားသည်။ ယောင်ယောင်က ကျောက်စိမ်း ပုလင်းလေးများကို ပေါ့ပါးစွာ သိမ်းဆည်း လိုက်သည်။ တစ်စုံတစ်ယောက်က ကျောက်စိမ်းပုလင်းထဲ၌ ကိုယ်ပိုင် အသိစိတ် ရှိသကဲ့သို့ စီးဆင်းနေသည့် အရည်စက်လေးများကို တွေ့မြင်နိုင်ပေသည်။ လုံး၀ အံသြ စရာကောင်းသည့် မြင်ကွင်းပင် ဖြစ်၏။

ဇူယွမ်က သိချင်စွာ မေးမြန်းလိုက်သည်။

“ဒါကဘာလဲ…”

ဤအရည်များက သူ၏ စိတ်ဝိညာဉ်ကို အစာရေစာ ငတ်ပြတ်နေသူ တစ်ယောက်က ခန်းနားသော စားသောက်ပွဲ တစ်ခုအား ရုတ်တရက် မြင်လိုက်ရသကဲ့သို့ အလွန်ဆာလောင်မှုကို ဖြစ်စေသည်။

ယောင်ယောင်က ပြံး၍ ပြန်ဖြေလိုက်သည်။

“ဒါက အသန့်စင်ဆုံး စိတ်ဝိညာဉ် အရင်းအမြစ် စွမ်းအင်ဖြစ်ကာ စိတ်ဝိညာဉ် တစ်ခုအတွက် အကောင်းဆုံး ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အရာတွေထဲက တစ်ခုလည်း ဖြစ်တယ်…”

“ဒီတစ်ပုလင်းမှာ စိတ်ဝိညာဉ်အစက် စုစုပေါင်း ဆယ့်နှစ်ခုရှိတယ် … ရော့ လေးခုက မင်းအတွက်…”

ယောင်ယောင်က လုလျိုထံ လေးပုလင်း ပစ်ပေးလိုက်၏။

“ကျေးဇူးအများကြီး တင်ပါတယ် အမကြီး ယောင်ယောင်…”

လုလျိုက ထိုပုလင်းများကို လက်ခံလိုက်ပြီး သူမ၏ မျက်လုံးများမှာ ဝင်းလက်လို့ သွားသည်။ ဒီအစက်လေး စက်က နှစ်တစ်ဝက်စာ လေ့ကျင့်သည်နှင့် အတူတူပင် ဖြစ်သည်။ ထိုအရာက အမှန်တကယ် အကျိုးများ ပြားလွန်း၏။

ယောင်ယောင်က နောက်ထပ် တစ်ပုလင်း ယူလိုက်ကာ စိတ်လှုပ်ရှားနေသည့် ဇူယွမ်က ပေးလိုက်သည်။

“ရော့ … မင်းအတွက် နှစ်စက်…”

ဇူယွမ်က နာကျင်သွား၏။

“ဘာလို့ ငါက နှစ်စက်ပဲ ရတာလဲ…”

ယောင်ယောင်က ပါးပါးလေး ပြုံးကာ ပြောလိုက်သည်။

“အခြား နှစ်စက်က ငါ့အတွက် ထုတ်လိုက်တာ … ဘာလို့လဲဆိုတော့ ခုနက တုန်းက မင်းက ငါ့ကို အသားယူလိုက်လို့ပဲ…”

သူမက စောနတုန်းက ဇူယွမ်က သူမခါးကို ဖက်လိုက်သည်ကို ရည်ညွှန်းနေသည်မှာ ထင်ရှား၏။ ဇူယွမ်မျက်နှာက ချက်ခြင်းရှုံ မဲ့သွားကာ သူက သနားစရာ ကောင်းစွာ ပြောလိုက်သည်။

“ဒါက ကိုယ်ရေး ကိုယ်တာကြောင့် သပ်သပ် အနိုင်ကျင့်တာပဲ”

ယောင်ယောင်က ဇူယွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“အစကတော့ ငါက မင်းကို သူတော်စင် စိတ်ဝိညာဉ် သလင်းလုံး ပေးမလို့ဘဲ… ခုမင်းက ငါ့ကို မမျှတဘူးလို့ ထင်နေတော့ ဒါကို မေ့လိုက်ကြစို့”

ဇူယွမ် အမူအရာက ချက်ခြင်း ပြောင်းသွားပြီး တုန့်ဆိုင်းခြင်း မရှိ ဝန်ခံလိုက်သည်။

“ငါမှားတာပါ…”

ထိုအခါ ဘေးမှာ လုလျိုက သူမလျှာကို ထုတ်ပြကာ ဇူယွမ်ကို လှောင်လိုက်၏။

“အစ်ကိုငယ်လေး… နင်က တော်တော် အရေပြား ထူတယ်နော်…”

ယောင်ယောင်က မျက်လုံးကစားပြီး ဇူယွမ်ကို ကြည့်လိုက်သည်။ ထို့နောက် ဖြတ်ခနဲ သူတော်စင် စိတ်ဝိညာဉ် သလင်းလုံးကို ဇူယွမ်ထံ ပစ်ပေးလိုက်သည်။

ဇူယွမ်က ပျော်ရွှင်စွာဖမ်းယူလိုက်သည်။ သည်အရာက အရမ်းတန်ဖိုး ထိုက်တန်တယ်လေ။

“ဒီကျောက်တုံးနဲ့ဆိုရင် သူက မကြာခင်မှာ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးသို့ ခြေချနိုင်လိမ့်မယ် မဟုတ်လား…”

သူက ထိုအဆင့်ကို ရောက်နေမည်ဆိုလျင် သူတော်စင် အကြွင်းအကျန် နယ်မြေ၌ အခြား ပါရမီရှင်များနှင့် ရင်ဆိုင်နိုင်ဖို့ စွမ်းရည်တွေ ပိုင်ဆိုင် လာပေလိမ့်မည်။


Comment

Leave a Reply

Options

not work with dark mode
Reset