“မိန်းကလေးတွေက ပိုပြီး သီးသန့်ဖြစ်တယ်။ သူတို့က အချိန်ကြာလာတာနဲ့အမျှ ခံစားချက် ကြီးထွားလာတာကို နှစ်သက်ကြတာ။ မင်း အရမ်းထိတ်လန့်နေရင် သူမကို ခြောက်သလို ဖြစ်သွားလိမ့်မယ်။”
ယွမ်တင်း ပြုံးပြီး တိုးတိုးလေး ဆိုတယ်။
“မင်းပြောတာနဲ့ ဆန့်ကျင်ဘက်ပဲ။“ ရှီရီ အေးစက်စက် ရယ်မောတယ်။ “ဒါ မင်းအပေါ် ဖူစီစီရဲ့သဘောထား မဟုတ်ဘူးလား? မင်းကိုမင်း မိန်းကလေး တစ်ယောက်လို့ ထင်နေတာများလား?”
ဖူစီစီက ဝန်ကြီးချုပ်ဖူရဲ့ သမီးဖြစ်ပြီး ချုစစ်ဟန်ရဲ့ဝမ်းကွဲဖြစ်သည်။
သူမ သိတက်စအရွယ်တည်းက ယွမ်တင်းကို သဘောကျနေခဲ့ပြီး နှစ်အတော်ကြာ လိုက်ဖမ်းခဲ့တယ်။
ကျန်တာအားလုံးကို ဘေးဖယ်ထားဉီး။ ယွမ်တင်းက သူမကို ခါချနိုင်ဖို့ လင်းဂျန်အိမ်တော် ခရီးစဉ်ကို နာရီပေါင်းများစွာ မြင်းရထား စီးပြီးရောက်လာခဲ့တယ်။
ယွမ်တင်းက ရှီရီကို အေးစက်စက် ကြည့်ပြီး စကားမပြောပေ။
ချုစစ်ဟန် ပေါ့ပေါ့ပါးပါး ပြုံးပြီး “ညီအစ်ကိုယွမ်အပေါ် စီစီရဲ့ခံစားချက်က အမြဲတမ်း ရိုးရိုးရှင်းရှင်းပဲ။ ခန့်မှန်းစရာမလိုဘူး။”
သူ့ဝမ်းကွဲက ယွမ်တင်းကို တော်တော်စွဲလမ်းသည်။ အခု သူမ အသက်ဆယ့်ငါးနှစ်ရှိပြီ။ သူမ ယွမ်တင်း ကို အသက် ၁၀ နှစ်တည်းက နှစ်သက်ခဲ့ကာ ယွမ်တင်းကို ငါးနှစ်ကြာအောင် လိုက်ခဲ့တယ်။ တုံ့ပြန်မှု မရရှိခဲ့သော်လည်း လက်လွှတ်မခံခဲ့ဘူး။
သူမရဲ့နောက်ခံနဲ့ အလှတရားကြောင့် ယွမ်တင်းမဟုတ်ပဲ တခြားယောက်ျားဆိုရင် စုံတွဲဖြစ်နေတာ ကြာပြီ။
သို့သော် ယွမ်တင်းက သူမရဲ့ ကြင်နာမှုကို ဘယ်လို တန်ဖိုးထားရမယ်ဆိုတာကို မသိခဲ့ဘဲ သူမအပေါ် နှစ်များစွာ အေးစက်ခဲ့တယ်။
ရှီရီ ကျောက်ကုလားထိုင် အနောက်ဘက်ကိုမှီကာ ရယ်မောတယ်။ “မင်း တတ်နိုင်သလောက် ပုန်းနေလိုက်၊ သူမ တခြားသူကို နှစ်သက်သွားတဲ့အခါ မင်းနောင်တရဖို့ တအားနောက်ကျသွားလိမ့်မယ်။”
ယွမ်တင်း အေးစက်စက်ပြုံးတယ်။ “သူမ တခြားတစ်ယောက်နဲ့ လက်ထပ်ရင် ပိုတောင်ကောင်းဦးမှာ မဟုတ်ဘူးလား။ ဒါဆိုနေ့တိုင်း ငါ့ကိုလာနှောက်ယှက်တော့မှာ မဟုတ်ဘူး။”
ရှီရီ နှာခေါင်းရူံ့တယ်။ ”မင်းက ပြောတာတစ်ခု ဆိုလိုတာ တခြားတစ်ခု။”
သူ့အမြင်အရတော့ ယွမ်တင်းက အခေါင်းမမြင်မချင်း မျက်ရည်ကျမဲ့လူမျိုး မဟုတ်ဘူး။
မိန်းကလေး သူမရဲ့ တောင်းရမ်းလွှာတွေကို ဖျက်သိမ်းပြီး သူ့ကို ၅ နှစ်ကြာအောင် နှောက်ယှက်ခဲ့ပေမဲ့ ယွမ်တင်း မထူးမခြားနား ဖြစ်နေ၏။
ဖူစီစီ နေမကောင်းဖြစ်တုန်းက သူ့ရဲ့စိုးရိမ်တဲ့အမူအရာကို မမြင်ခဲ့ဘူးဆိုရင်၊ သူမ အပေါ်ခံစားချက် မရှိဘူးဆိုတာ သူယုံကြည်မိမှာ။
ချုစစ်ဟန် သူ့ကိုယ်သူ တွေးပြီး “ငါ အရမ်းစိတ်စောနေလား?”
သိတာ ၁ လ မပြည့်သေးတဲ့ မိန်းကလေးကို ဒီလိုမေးခွန်းမေးတယ်ဆိုတာ သူတအား အလျင်လိုနေတာမဟုတ်ဘူးလား?
“မိန်းကလေးလုက ဘာလို့ မင်းနဲ့ လင်းဂျန်အိမ်တော်ကို လိုက်လာတာလဲ?”
ယွမ်တင်း ရှီရီရဲ့ စကားကို အလိုအလျောက် လျစ်လျူရှုပြီး ချုစစ်ဟန် ဘက်လှည့်ကာ မေးတယ်။
“သူမ?” ချုစစ်ဟန်က “သူမကို သွမ့်အိမ်တော်က ပိုင်ဆိုင်မှုတွေကို ပို့ဆောင်ပေးဖို့ တစ်စုံတစ်ယောက်က အကူအညီတောင်းထားလို့။”
မြို့တော်ရှိ လူအများအပြားက သွမ့်စံအိမ်ရဲ့ လူသတ်မှုကိစ္စနှင့် ပတ်သက်ပြီး ပြောဆိုကြတယ်။ ထို့ကြောင့် ရှီရီနဲ့ ယွမ်တင်းတို့ ဒီအကြောင်းကို သိတယ်။
“မိန်းကလေးလု မင်းနဲ့အတူ ပစ္စည်းတွေ စောင့်ရှောက်ဖို့ လိုက်လာတာလား?”
ရှီရီ အံ့သြသွားတယ်။ “ဒါက ခရီးကို မချောမမွေ့ဖြစ်စေမှာ မဟုတ်ဘူးလား?”
လုရှန်းသည် အားနည်းသော မိန်းကလေးတစ်ဦးဖြစ်တယ်။ သူတို့နောက်ကို လိုက်ခဲ့မယ်ဆိုရင် သူမဟာ ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မဟုတ်ဘူးလား။
ချုစစ်ဟန် သူတို့ သံသယတွေကို သိတာကြောင့် “သူမရဲ့ ကိုယ်ခံပညာစွမ်းရည်က ငါနဲ့တန်းတူလောက်ရှိတယ်” ဟု ချက်ချင်းဆိုသလို ရှင်းပြလိုက်၏။
“ ဟွတ်… ဟွတ်… ”
ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော ယွမ်တင်း လက်ဖက်ရည်သီးသွားကာ ရှီရီလည်း အံ့အားသင့်သွား၏။
ယွမ်တင်း ပထမဆုံး တုံ့ပြန်တယ်။ သူ မယုံကြည်နိုင်စွာ ဆိုတယ်။ – “သူမ ရွာငယ်လေးမက မိန်းကလေး မဟုတ်ဘူးလား? သူမရဲ့ ကိုယ်ခံပညာစွမ်းရည်က မင်းနဲ့အတူတူပဲ? ဒါ တကယ်ပဲလား?”
ချုစစ်ဟန် ခေါင်းညိတ်တယ်။ “ဖြစ်နိုင်တယ်၊ သူက ငါ့ထက်တောင် ပိုကောင်းတယ်။”
အခြားအရာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာသိတဲ့ သူမ၏ စွမ်းရည်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်တယ်။
သူသာ သူမကို ရန်ပြုမယ်ဆိုပါက သူ အနိုင်ရဖို့တောင် ခက်ခဲလိမ့်မယ်။
“လျိုယွဲ့ကျေးရွာမှာ ပုန်းနေတဲ့ ကျားနဲ့နဂါး ပြည့်နှက်နေတာပဲ။”
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့တဲ့ ရှီရီ ရုတ်တရက် ထအော်တယ်။
သူတို့ ချုစစ်ဟန်ရဲ့ ကိုယ်ခံပညာကိုသိသော်လည်း လုရှန်းက ချုစစ်ဟန်နဲ့တန်းတူ သို့မဟုတ် ချုစစ်ဟန်ထက် ပိုကောင်းတယ်လို့ ဆိုခဲ့တယ်။ ဒါက သူတို့ကို တုန်လှုပ်စေသည်။
“ငါ သိနေတယ်လေ။”
ယွမ်တင်း ခပ်ဖျော့ဖျော့ ပြုံးတယ်။ “အစ်ကိုချုရဲ့ အကဲဖြတ်မှုကိုကြည့်ရင် အစ်ကိုချု သာမန်မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး။”
မြို့တော်တွင် ချုစစ်ဟန်ကို သဘောကျနေတဲ့ မရေတွက်နိုင်သော အမျိုးသမီးများ ရှိပြီး သူတို့မှာ အလှတရား ကင်းမဲ့ခြင်း မရှိပေ။ သို့သော် တစ်ယောက်မှ ချုစစ်ဟန်ရဲ့ မျက်ဝန်းထဲ မဝင်ခဲ့ဘူး။
ထို့ကြောင့် ယွမ်တင်း လုရှန်းကို မြင်ချိန်တွင် သူမက သာမန်မိန်းကလေး မဟုတ်လောက်ဘူးလို့ ထင်ခဲ့သည်။
လုရှန်း လှပပြီး သပ်ရပ်ပေမဲ့ ချုစစ်ဟန်ကို သဘောကျသော အမျိုးသမီးများကြားတွင် ရုပ်ရည်အရ အနိုင်ရနိုင်တဲ့ မိန်းကလေး တချို့ ရှိတယ်။
ချုစစ်ဟန်သာ ရုပ်ရည်ကို ဂရုစိုက်တယ်ဆိုရင် ဟိုးအရင်ကတည်းက တခြားတစ်ယောက်ကို သဘောကျသွားလိမ့်မယ်။
သို့သော် လုရှန်းက သူထင်ထားသည်ထက် ပိုစွမ်းနေမယ်လို့ မထင်ထားဘူး။