“သခင်လေးက တကယ်ကတိ ပေးထားတာလား?”
လုရှန်း သိချင်လာပြီး လှပသည့် မျက်ဝန်းများဖြင့် ရှီရီကို မေး၏။
ရှီရီ မျက်တောင်တဖျပ်ဖျပ်ဖြင့် ဂုဏ်ယူစွာဆိုတယ်။ “ဒါကို ကျွန်တော့်နားနဲ့ ကြားတာ ဂုဏ်ယူဖွယ်ပဲ။”
လုရှန်း ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ပြီး ချုစစ်ဟန်ကို ကြည့်ကာ ပြုံးပြုံးရွှင်ရွှင် မေးလိုက်၏။ “သခင်လေးရဲ့ဇနီး ဖြစ်မယ့်တစ်ယောက်ကတော့ အရမ်းပျော်နေတော့မှာပဲ။ အနာဂတ်မှာ ဘယ်မိန်းကလေးက အကျိုးအမြတ်ရမလဲ သိချင်မိတယ်!”
ယွမ်တင်း ချုစစ်ဟန်ကို အံ့အားသင့်စွာ ကြည့်၏။
သူတို့ နှစ်ယောက် လက်ထပ်ဖို့ နီးကပ်နေပြီလို့ သူထင်နေခဲ့တာ။ ချုစစ်ဟန် တစ်စုံတစ်ယောက်ကို မရသေးဘူးဟု မမျှော်လင့်ထားဘူး။
ယွမ်တင်းရဲ့ နှုတ်ခမ်းမွှေးရေးရေးလေး ကွေးတက်သွားပြီး ရယ်မောနေသည်လား လှောင်ပြောင်နေသည်လား မသိပေ။
ရှီရီ တစ်ခုခုပြောတော့မည့်အချိန် ယွမ်တင်း ရှီရီကို ကန်လိုက်၏။
သူဟာ ထက်မြက်တဲ့ လူတစ်ယောက်။ လုရှန်းရဲ့ စကားကိုကြားပြီး ချုစစ်ဟန်ရဲ့ အနည်းငယ် အုပ်မှိုင်းနေသည့် အမူအရာကိုမြင်တော့ သူ့အစ်ကိုချု မိန်းကလေးလုကို ချစ်နေတာ သိလိုက်တယ်။
“မိန်းကလေးလု ပြောတာမှန်တယ်!” ရှီရီ ခေါင်းငြိမ့်တယ်။ “ရွမ်ယွဲ့တိုင်းပြည်မှာ အစ်ကိုချုကို တိတ်တဆိတ် သဘောကျနေတဲ့မိန်းကလေး ဘယ်နှစ်ယောက်ရှိနေသလဲဆိုတာ မိန်းကလေး မသိပါဘူး။ သူဆန္ဒရှိသရွေ့ သူ့ကိုလက်ထပ်ဖို့ မိန်းကလေးတွေ အပြေးအလွှား ရောက်လာမှာ သေချာတယ်။”
ညီအစ်ကိုဖြစ်သည့် သူက သူ့အစ်ကို ချုကို ကူညီပေးရမည်လေ။
လုရှန်း နှုတ်ခမ်းကို ဖွဖွကိုက်ရင်း မပျော်မရွှင် ဖြစ်သွားတယ်။ “မှန်တယ်။ သခင်လေးက ကျွန်မတို့ မျိုးဆက်မှာ ရှားပါးတဲ့ အရည်အချင်းရှိတဲ့ လူလေ။ မိန်းကလေးတိုင်း သခင်လေးကို သဘောကျမှာပဲ။”
“အကြာကြီးထိုင်ရလို့ ခြေထောက် ထုံနေပြီ။”
ယွမ်တင်း လိမ္မာပါးနပ်စွာ မတ်တပ်ထရပ်လိုက်ပြီး ရှီရီကို ဆွဲလိုက်တယ်။ “ညီအစ်ကိုရှီ၊ ငါနဲ့ လမ်းလျှောက်ထွက်ကြစို့။”
“ကောင်းပြီ!”
ရှီရီ မတ်တတ်ထရပ်ကာ ပြုံးတယ်။ ယွမ်တင်း သူတို့နှစ်ယောက်ရဲ့အဝေးကို ထွက်သွားတော့သည်။
လုရှန်း အံဩသွားတယ်။ သူတို့ ချုစစ်ဟန်ရဲ့ အရင်အချိန်တွေကို ပြောဆိုနေကြတာ မဟုတ်ဘူးလား?
“သူတို့က ဘာဖြစ်လို့…”
“မင်း ဆိုရင်ကော?”
သူမရဲ့စကားမဆုံးခင် ချုစစ်ဟန် စကားဖြတ်မေး၏။
“ဟင်?”
လုရှန်း အံ့ဩသွားပြီး အချိန်မီ မတုံ့ပြန်နိုင်ဖြစ်သွား၏။
“ကျွန်မက ရှားရှားပါးပါး အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်လို့ ရှင်ပြောခဲ့တယ်နော်။ ရှင်ကရော?”
သူ သူမရဲ့ စကားများကို ထုတ်ဖော်မပြဘဲ ထပ်ခါတလဲလဲ ပြောနေပေမဲ့ သူ့မျက်လုံးများတွင် မျှော်လင့်ခြင်း အရိပ်အမြွက်နဲ့ ကြောက်ရွံ့မှုတို့က သူ့ကို သစ္စာဖောက်နေ၏။
လုရှန်း အံ့ဩသွားကာ သူ့ကို အကြာကြီးစိုက်ကြည့်နေရင်း ပြောစရာစကားမဲ့နေတယ်။
မဏ္ဍပ်ထဲ အဆင်မပြေသည့် လေထု ပျံ့နှံ့သွား၏။
သူမ မတ်တပ်ထရပ်ပြီး ချောင်းဟန့်ကာ “အမလေး ခုနက လမ်းမှာ အများကြီးစားခဲ့လို့ နည်းနည်း ဗိုက်ပြည့်နေပြီ။ ညစာ မစားတော့ဘူး။ ကျွန်မ အရင် သွားလိုက်ဦးမယ်။”
ထို့နောက် လုရှန်း လေကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
ချုစစ်ဟန် မှုပ်ကုပ်သည့်အကြည့်နဲ့ သူမ ထွက်သွားသည့်ဘက်ကို စိုက်ကြည့်နေခဲ့သည်။
သူမ ရှက်သွားတာလား ဒါမှမဟုတ် ငြင်းခဲ့တာလား။
အဆင်ပြေပါတယ်။ သွားရမယ့်လမ်း အရှည်ကြီးရှိသေးတာပဲ။
“ဟေး… အစ်ကိုချု မင်းဟာက တကယ်လား?” ရှီရီ ရှေ့ကို အမြန်ရောက်လာတယ်။ “မိန်းကလေး အမြန်ပြေးထွက်သွားတယ်။ မင်း ဘာပြောလိုက်လို့လဲ?”
လုရှန်းကို နှုတ်ဆက်ဖို့ လုပ်ပေမဲ့ လုရှန်းက သူ့ကိုတချက်တောင်မကြည့်ပဲ ထွက်သွားသည်လေ။
“ဘာမှမဟုတ်ဘူး။”
သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ဘာမှမထူးခြားသလို ပြန်ဖြေလိုက်၏။
ယွမ်တင်း သူ့ထိုင်ခုံမှာ ပြန်ထိုင်ပြီး ပြုံးတယ်။ သူ့ခွက်ထဲသို့ လက်ဖက်ရည်ကြမ်းကို လောင်းချပြီး တငုံသောက်၏။
ချုစစ်ဟန် ရုတ်တရက် ယွမ်တင်းကို ကြည့်ပြီး တခဏတုန့်ဆိုင်းနေပြီးမှ ထုတ်မေးတယ်။ “မိန်းကလေးတစ်ယောက် ကြိုက်သလား၊ မကြိုက်သလား ငါ ဘယ်လိုသိနိုင်မလဲ?”
“မင်း သူ့ကို မေးနေတာလား။ ဟား … ” ရှီရီ အေးစက်စက် ရယ်မောတယ်။
ငပျင်းလိုကောင်ဆီကနေ ဘာများရနိုင်မှာလဲ?
အခု သူက အတွေ့အကြုံရင့် ပလေးဘွိုင်တစ်ဦးဖြစ်ပေမဲ့ လျစ်လျူရှုခံနေရတယ်။ ညီအစ်ကိုချူ ဘာတွေတွေးနေတာလဲ?
ချုစစ်ဟန်ရဲ့ အကြည့် ပြောင်းလဲသွားပြီး မျက်မှောင်ကြုံ့ကာ “ဒါဆို မင်းငါ့ကိုပြော။”
“ငါပြောမှာမဟုတ်ဘူး။”
ဟား! အခုမှ ဘာလို့ တိုက်ရိုက်မေးတာလဲ?
သူ့မှာ ဒေါသမရှိဘူးလို့ တကယ်ထင်နေသလား?
“ဒါဆို ပါးစပ်ပိတ်ထား။”
ရှီရီ စကားမပြောနိုင်အောင် ဖြစ်သွား၏။
?😇😇😇😇