Switch Mode

Chapter 73 – သူ့အတွက် လုံလောက်တာထက် ပိုတယ်။

သူ့အတွက် လုံလောက်တာထက် ပိုတယ်။

လုရှန်း ချီးကျုးစကားကြောင့် မျက်နှာပူတက်သွား၏။ သူမ တခဏစဉ်းစားပြီး ခြောက်ကပ်ကပ်အပြုံးဖြင့် “သခင်လေးက အပြောကောင်းတာပဲ။”

“လာ ဒီမှာထိုင်။”

ချုစစ်ဟန် သူမကို လက်ဝေ့ယမ်းပြပြီး ရှီရီဆီ မထီမဲ့မြင်ပြုသော အကြည့်တစ်ချက် ပစ်လိုက်သည်။ “သူ့ကို လျစ်လျူရှုလိုက် သူ့မှာ ဝက်ရူးပြန်ရောဂါရှိတယ်။ တစ်ခါတလေ ဖြစ်တတ်တယ်။”

လုရှန်း ဝက်ရူးပြန်ရောဂါသည် ‘စိတ်ရောဂါ’ ဆိုတဲ့ အသုံးအနှုန်းနဲ့ တူတယ်ဆိုသည်ကို သိသည်။

သူမ ရှီရီကို စာနာစိတ်နဲ့ ကြည့်ပြီး ချုစစ်ဟန်အနား ဝင်ထိုင်၏။

ရှီရီ ပြောစရာစကား ပျောက်ရှသွားတယ်။

“မိန်းကလေး အစ်ကိုချုရဲ့ အဓိပ္ပာယ်မရှိတဲ့စကားကို နားမထောင်နဲ့။ ကျွန်တော် တကယ်နေကောင်းတာပါ။”

သူတို့ သူငယ်ချင်းတွေ မဟုတ်ဘူးလား? သူ့မှာ ဘာလို့ သူငယ်ချင်းဆိုးတွေ ရှိနေတာလဲ?

ဒီနှစ်တွေမှာ သူ့စိတ်ရင်းအမှန်က အချည်းအနှီးပဲ။

ရှီရီ လုရှန်းနဲ့ ဆန့်ကျင်ဘက် ကုလားထိုင်ကို အထူးရွေးချယ်ပြီး ဝင်ထိုင်၏။ သူက ပြုံးပြီး “ကျွန်တော်က ရှီရီပါ။ မင်းနာမည်ကို သိလို့ရမလား?”

“လုရှန်း။”

သူမ ပါးစပ်ဖွင့်မည့်အချိန် ချုစစ်ဟန် ကြားဖြတ်ပြော၏။

လုရှန်း အံ့အားတကြီး ကြည့်ပြီး ပြုံးတယ်။

“ငါ မင်းကို မမေးဘူး။”

ရှီရီ အေးစက်စက် အော်ပြောတယ်။

“ယွမ်တင်း။”

ယွမ်တင်း လုရှန်းကို ကြည့်ပြီး သူ့ကိုယ်သူ တိုးတိုးလေး မိတ်ဆက်သည်။

“လုရှန်းပါ။ ‘လု’ က ဘေးနားက နားရွက်လို့ ရေးတဲ့ ’လု’ ၊ ရှန်းက ‘သီချင်းဆိုခြင်း’ ဆိုတဲ့ ရှန်း။”

“နေဉီး။ မျိုးရိုး ‘လု’?“

ရှီရီ မျက်တောင်တဖျပ်ဖျပ် ခတ်တယ်။ “ဒါဆို မင်းက သခင်မလေး ရှန်းကွမ်း မဟုတ်ဘူးပေါ့?”

“သခင်မလေး ရှန်းကွမ်း?”

လုရှန်း ရှီရီကို သံသယအကြည့်နဲ့ ကြည့်ပြီး ချုစစ်ဟန်ကို ကြည့်လိုက်တယ်။

“အဓိပ္ပာယ်မရှိတာတွေ နားမထောင်နဲ့ သူက အရေးကြီးတဲ့ လူ မဟုတ်ဘူး။”

“အိုး။”

လုရှန်း တိုးတိုးလေး ပြန်ဖြေ၏။

“တိုင်းပြည်နတ်ဆရာက မင်းကို လျိုယွဲ့ရွာက မိန်းကလေးနဲ့ လက်ထပ်စေချင်နေတာလို့ ငယ်ဆရာဖူ ဆီက ကြားတယ် ဒါဆို ဖြစ်နိုင်တာက …”

ယွမ်တင်း ပြောနေစဉ် သူ့အကြည့်က လုရှန်းဆီ ရောက်သွား၏။

ချုစစ်ဟန် စကားမပြောဘူး။ လုရှန်းလည်း နှုတ်ခမ်းကို ဖွကာ စကားမပြောပေ။

“ဒီအလှလေးက တကယ်ပဲ မိန်းကလေးလုလား?”

ရှီရီလည်း အံ့သြသွား၏။

ယွမ်တင်း ဒါကို မပြောခဲ့ဘူးဆိုရင် ဒီကိစ္စကို မေ့နေမှာ။

လုရှန်းက ချုစစ်ဟန်ရဲ့ ကောင်းမွန်စွာ သတ်မှတ်ထားတဲ့ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ပြီး အဆင်မပြေစွာ ပြုံးတယ်။ “အမှားတစ်ခု မဟုတ်ရင် တကယ်ပဲ ကျွန်မပါ။”

ရှီရီ အေးစက်စက်လေကို ရူသွင်းပြီး သူတို့နှစ်ယောက်ကို မယုံနိုင်ဖွယ် ကြည့်နေ၏။

“ဒါဆို ဒီလက်ထပ်ပွဲက အောင်မြင်တယ်လို့ ဆိုလိုတာလား?” ယွမ်တင်း မျက်ခုံးပင့်တင်ကာ မေးလိုက်၏။

လုရှန်းသည် ကမ္ဘာကို မမြင်ဖူးသော ကျေးလက်မိန်းကလေးနဲ့ တူ၏။ ချုစစ်ဟန်ကို မြင်သည့် မိန်းကလေးအများစု ကြောက်ရွံ့တုန်လှုပ်သွားကြတယ်။ ဒါပေမယ့် လုရှန်းကတော့ မတူပါ။ ချုစစ်ဟန်ရှေ့မှာ သူမ အလွန် ဂရုမစိုက်ပုံပေါ်၏။

သူမ အခြားသူများထက် ရဲရင့်တာပဲလား ဒါမှမဟုတ် ချုစစ်ဟန်က ဒီလိုအပြုအမူမျိုး ခွင့်ပြုထားတာလား?

သူ့အမြင်အရတော့ နောက်ဆုံးတစ်ခုပဲ။

သူသည် ချုစစ်ဟန်နဲ့ ၁၀ နှစ်နီးပါး သိကျွမ်းခဲ့သူ ဖြစ်တယ်။ ချုစစ်ဟန် မိန်းကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာ မမြင်ဖူးဘူး။

လုရှန်း သေချာပေါက် ပထမဆုံးပဲ။

“မဟုတ်ဘူး!”

လုရှန်း ခေါင်းယမ်းတယ်။ “အဲဒီတုန်းက တစ်ခုခုဖြစ်ခဲ့လို့… အဲဒါက မအောင်မြင်ဘူး။”

“ဟုတ်လား!”

ယွမ်တင်း မျက်ခုံးပင့်လာပြီး ချုစစ်ဟန်ကို လှောင်ပြောင်သည့်အကြည့်နဲ့ ကြည့်လိုက်သည်။

ရှီရီ သက်ပြင်းချပြီး “ကျေးဇူးပါပဲ။ အလုပ်မဖြစ်ခဲ့တာ ကောင်းတယ်။ မဟုတ်ရင် ကျွန်တော်တို့ နောင်တရပြီး သေရလိမ့်မယ်။”

“ဘာလို့?”

ရှီရီက “ကျွန်တော်တို့ ညီအစ်ကိုချုနဲ့ သိလာတာ ဆယ်နှစ်လောက်ရှိပြီ။ သူ့ မင်္ဂလာပွဲ မတက်ရရင် နောင်တမရပဲ ဘယ်နေမှာလဲ?”

လုရှန်း ခေါင်းညိတ်တယ်။

“ဘာကိုကြောက်တာလဲ?” ချုစစ်ဟန် ရှီရီကို တချက်ကြည့်ပြီး “အောင်မြင်ခဲ့ရင်တောင် ငါမင်းကို ထပ်ပြီး ဖြည့်ဆည်းပေးမယ်။”

သူ့မိန်းကလေးကို ဝေါယာဉ်ထဲ တစ်ယောက်တည်း လိုက်ပါပြီး ဘယ်လိုလုပ် လက်ထပ်စေမှာလဲ?

သူမကို ဒီလောက်သနားစရာကောင်းတဲ့ အနေအထားနဲ့ တွေ့ခဲ့ရင် သူသည်းခံနိုင်မှာ မဟုတ်ဘူး။

သူ့အမေကတော့ လုရှန်းက သူ့အတွက် လုံလုံလောက်လောက် မကောင်းမွန်ဘူးလို့ ခံစားရပေမဲ့  သဘောတူဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိပါ။

ကံကောင်းတာက အဆုံးသတ်မှာ သူတို့ မင်္ဂလာပွဲကိုကန့်ကွက်ဖို့ မအောင်မြင်ခဲ့ဘူး။

ဒီမိန်းကလေးက သူ့အတွက် လုံလောက်တာထက်ပိုနေသေးတယ်!

“မှန်တယ်!” ရှီရီ ပြုံးပြီး “ပြောရရင် မင်းကြိုက်တဲ့လူတွေ့ရင် အသက်ဝင်ဖွယ်ကိစ္စလေးတွေ သေချာပေါက် မင်းလုပ်မယ်လို့ ကတိပေးခဲ့တယ်။ မင်း ဒီလိုနိမ့်ကျအောင် မလုပ်နဲ့။”

Comment

Leave a Reply

Options

not work with dark mode
Reset