Switch Mode

Chapter 72 – တစ်ယောက်နဲ့တစ်ယောက် သိဖို့လိုတယ်။

တစ်ယောက်နဲ့တစ်ယောက် သိဖို့လိုတယ်။

လုရှန်းသည် ချုစစ်ဟန်ရဲ့ သူငယ်ချင်းများနဲ့ တွေ့ဆုံဖို့ မရည်ရွယ်ထားခဲ့ပေ။ ပြောရရင် သူတို့ မရင်းနှီးကြဘူးလေ။

သို့သော် ရထားလုံး ရုံးတော်ထဲဝင်လာချိန်တွင် ချုစစ်ဟန်က ချုယွမ်ကို ပစ္စည်းများကို ခြံထဲအရင်ပို့ရန်  ညွှန်ကြားခဲ့သည်။

သူမ သူနဲ့ အတူလိုက်စေချင်တာ ထင်ရှား၏။

“အိုး သခင်လေး ရှင်လုပ်စရာရှိတာတွေ သွားလုပ်ပါ။ ကျွန်မ ပြန်ဖို့ ပြင်ဆင်လိုက်ဉီးမယ်။”

သူမ ချုစစ်ဟန် သူငယ်ချင်းတွေနဲ့ မရင်းနှီးဘူး။ အတူတူထိုင်ရင် သိပ်အဆင်မပြေ ဖြစ်လိမ့်မယ်။

ဒါ့အပြင် ထိုလူနှစ်ယောက်အကြောင်းပြောစဉ် ချုယွမ်ရဲ့မျက်နှာပေါ် လေးစားမှုအပြည့်ရှိနေ၏။ သူတို့က  သာမန်လူတွေ မဟုတ်တာ သိသာတယ်။

“ညစာစားချိန် နီးနေပြီ။ ကိုယ့်နောက်လိုက်ခဲ့ပါ။ ဒီည အတူတူ ညစာစားမယ်။”

သူမသည် မနက်ဖြန် လင်းဂျန်အိမ်တော်ကနေ ထွက်ခွာမှာဖြစ်ပြီး ဘယ်အချိန် ပြန်တွေ့မယ်ဆိုတာ မသိပေ။ သူမကို သူ့အနား ရှိနေစေချင်၏။

ဒါ့အပြင် ရှီရီနဲ့ ယွမ်တင်းတို့က သူ့ရဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်။ သူတို့နဲ့ သူမ သိဖို့ လိုအပ်သည်။

ချုစစ်ဟန် ထိုသို့ တွေးတောနေပေမဲ့ သူ့မျက်နှာ တည်ငြိမ်နေ၏။

ချုယွမ် ပြုံးပြီး “မိန်းကလေးလု ကျေးဇူးပြုပြီး သွားလိုက်ပါ။ စိတ်မပူပါနဲ့ မိန်းကလေးရဲ့ပစ္စည်းတွေ ဘယ်သူမှ မယူစေရဘူး။”

“ကျွန်မ ဆိုလိုတာ အဲ့လို မဟုတ်ပါဘူး။”

ဒီလို တရားရုံးတော်မှာ ဘယ်သူက ဒီပစ္စည်းတွေကို ပေါ့ပေါ့ဆဆ ယူရဲမှာလဲ?

“ဒါဆို သွားကြရအောင်။”

ချုစစ်ဟန် သူမရဲ့ အဖြေကိုလျစ်လျုရူပြီး အရှေ့ကိုလျှောက်သွား၏။

လုရှန်း သွားတင်းတင်းကြိတ်ရင်း ချုစစ်ဟန်ရဲ့ အနောက်ကို လိုက်လာခဲ့တယ်။

ချုစစ်ဟန်၏ ခြံဝင်းထဲတွင်။

“အစ်ကိုချု မင်းအရမ်းလွန်တယ်။ မင်း လက်ထပ်တော့မယ်ဆိုတာ ဘာလို့မပြောတာလဲ။ ငါတို့ရဲ့ ဆယ်နှစ်ကြာ ခင်မင်ရင်းနှီးမှုက အလကားပဲ။”

ရှီရီ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မဏ္ဍပ်တွင်ထိုင်ကာ မကျေမနပ် ညည်းညူနေ၏။

ယွမ်တင်းက “ဖူမိသားစု ငါတို့ကို သတင်းမပေးဘူးဆိုတည်းက တခြားအကြောင်းပြချက် ရှိရမယ်။”

မြို့တော်မှ အာဏာရှိသည့် ဆွေမျိုးများကတောင် တရားသူကြီးရဲ့ အိမ်ထောင်ရေးအကြောင်း မသိကြပါ။

သူက ကိုယ်လုပ်တော်နဲ့ လက်ထပ်ရင်တောင် ဒီလောက်ရိုးရှင်းမှာမဟုတ်။

“သူချစ်တဲ့လူနဲ့ တွေ့ဆုံဖို့ လုံလောက်တဲ့ ကံကောင်းမှုရှိခဲ့ရင်‌ သေချာပေါက် လက်ထပ်မယ်လို့ ပြောခဲ့ဖူးတယ်။ မိန်းကလေးက သူ့ကို မချစ်တာများလား?”

ရှီရီ မျက်လုံးပြူးပြီး မှန်းဆကြည့်တယ်။

ယွမ်တင်းက “တိုင်းပြည်နတ်ဆရာက သူ့ကို ကျေးလက်မိန်းကလေးနဲ့ လက်ထပ်စေချင်တယ်လို့ ငယ်ဆရာဖူဆီက ကြားခဲ့တယ်။ တီးမှုတ်ခြင်း၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီ  အနုပညာ ၄ မျိုးတောင် မတတ်ဘူး။ သူမ လှတာ မလှတာ တောင်မသိဘူး။ မင်းသာဆိုရင် မင်းပျော်မှာလား?”

ချုစစ်ဟန်လို လူအတွက် ကိုယ်လုပ်တော် ကောက်ရင်တောင် ကိုယ်လုပ်တော်မှာ ရင်သပ်ရှုမောဖွယ် အလှကို ပိုင်ဆိုင်ရမည်။ မဟုတ်ရင် ချုစစ်ဟန်နဲ့ မထိုက်တန်ဘူး။

“သူက စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ဖို့ ဟောင်ရန်မြို့ကို ပြန်သွားတယ်လို့ ကြားတယ်။ ဒီ တစ်ခေါက် မိန်းကလေးတစ်ယောက်ကို ပြန်ခေါ်လာတယ်။ အဲမိန်းကလေးက သူ့ကိုယ်သူ ကြောငြာထားတဲ့ ကလေးဘဝတည်းက ချစ်သူသခင်မလေး ရှမ်းကွမ်း ဖြစ်လိမ့်မလား?”

ရှီရင် အခု တရားရုံးတော်ကို လှည့်ပတ်စစ်ဆေးခဲ့သည်။ ချုစစ်ဟန် လှပသည့် မိန်းကလေးကို ပြန်ခေါ်လာတာ ကြားသိပေမဲ့ မိန်းကလေးရဲ့နာမည်ကို သူ မမေးဖြစ်ခဲ့ဘူး။

“မင်းတို့နှစ်ယောက်လုံး ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို မေးဖို့ ဒီကို ပြေးလာတာလား?”

အေးစက်စက် အသံတစ်ခု ကြားရချိန်တွင် သူတို့နှစ်ယောက် မတ်တပ်ထရပ်၏။

“အစ်ကိုချု၊ မတွေ့တာကြာပြီ!”

ရှီရီ မတ်တပ်ထရပ်ရင်း လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။ ရှီရီ ချုစစ်ဟန်ကို ပွေ့ဖက်ပေးဖို့ သူ့လက်နှစ်ဖက်ကို ဖွင့်ထားပေမဲ့ တွန်းထုတ်ခံလိုက်ရ၏။

ယွမ်တင်း ရယ်မောရင်း သူ့နေရာသူ ပြန်ထိုင်၏။

ရှီရီ သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် လုပ်ကာ ပြုံးရင်း “အစ်ကိုချု၊ မင်းရဲ့ ပိန်ကျုံးနေတဲ့ညီလေးကို ဘယ်လိုတောင် ဆက်ဆံနိုင်ရတာလဲ?”

ချုစစ်ဟန် သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်ပြီး စကားမပြောပါ။

“ဟား ဟား …”

ချုစစ်ဟန်ရဲ့ အနောက်၌ ရပ်နေသည့် လုရှန်း ဒီမြင်ကွင်းကို မြင်တော့ စိတ်ဝင်စားဖို့ကောင်းတာကြောင့် မတတ်နိုင်ပဲ ရယ်မောမိ၏။

ချုစစ်ဟန် အရှေ့သို့ နှစ်လှမ်းတိုး၏။ လုရှန်း အခန်းတွင်းရှိ လူနှစ်ယောက်ရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။

ယွမ်တင်း အဆင်ပြေနေသေးသည်။ သူ့အကြည့်တွေကို ပြန်မဆုတ်ခင် ခေါင်းညိတ်ပြ၏။

ရှီရီက သူ့မေးစေ့ကို ညင်သာစွာ ပွတ်သပ်ပြီး ချီးကျူးတယ်။ “အစ်ကိုချု ဒီအလှလေးကို ဘယ်က ရှာလာတာလဲ? ပန်းချီကားထဲက နတ်သမီးလေးလိုပဲ။”

Comment

Leave a Reply

Options

not work with dark mode
Reset