Switch Mode

Chapter 71 – သူတို့က အရေးမကြီးဘူး။

သူတို့က အရေးမကြီးဘူး။

နေ့လည်ခင်းအချိန်တွင် လင်းဂျန်အိမ်တော်ရဲ့ အိမ်ရှေ့လမ်းပေါ်တွင် လူအများအပြား ရှိနေသေး၏။

“ရှင် အဖိုးတန်ပစ္စည်းတွေကို လွှဲပေးလိုက်ပြီဆိုတော့ လမ်းခုလတ်မှာ ပျောက်သွားရင်တောင် ရှင်နဲ့ ဘာမှမဆိုင်ဘူးလို့ ဆိုလိုတာဟုတ်။”

တရားရုံးမှ ထွက်ခွာလာသော ရထားလုံးထဲ လုရှန်း ချုစစ်ဟန်ကို တီးတိုးမေး၏။

“ဟုတ်တယ်။”

လုရှန်း ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချတယ်။ “အဲဒီလိုဆိုရင် စိတ်ချရပြီ။”

“စိတ်ချတယ်?”

ချုစစ်ဟန် သူမကို ခေါင်းငုံ့ကြည့်၏။ သူ့မျက်ဝန်းတွေ အပြုံးမပျက်ရှိနေပြီး စိတ်ကောင်းဝင်နေ၏။

“ဒါဆို မင်း အဖိုးတန်ပစ္စည်းတွေကို စိတ်ပူလို့ မဟုတ်ဘဲ ငါ့ကို စိတ်ပူလို့ ဒီကို လိုက်လာတာပေါ့?”

လုရှန်းရဲ့ အမူအရာ ရပ်တန့်သွား၏။ ထို့နောက် သူမ အသက်မပါသလို ရယ်မောရင်း ခေါင်းစဉ်ပြောင်းလဲဖို့ကြိုးစားတယ်။” အခုတလော ရာသီဥတု အေးနေပြီလား?”

သူ လိုချင်တဲ့အဖြေကို သိပြီးနောက် ချုစစ်ဟန် ဆက်မမေးတော့ဘူး။

ထို့အစား သူမရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပြီး ခေါင်းညိတ်တယ်။ “နည်းနည်း အေးတယ်။”

မြင်းရထားရပ်သွားချိန်တွင် ချူယွမ်သည် သူ့သခင်ရဲ့ အမူအရာ အရင်ကထက် ပိုမိုနူးညံ့သိမ်မွေ့လာသည်ကို နားလည်လိုက်သည်။

လုရှန်းသည် သူမရဲ့ ဈေးဝယ်ခရီးစဉ်တလျှောက် ပစ္စည်းအများအပြားကို ဝယ်ယူခဲ့တယ်။ ဝယ်နေစဉ်  ကြည်နူးမိပေမဲ့ ဝယ်ပြီးနောက် ရုတ်တရက် မှုန်ကုပ်သွား၏။

“ဘာဖြစ်လို့လဲ?”

ချုစစ်ဟန် ထိုမိန်းကလေးရဲ့ စိတ်ကို မဖတ်နိုင်ပေ။

လုရှန်း သက်ပြင်းချရင်း “ဆင်းရဲလွန်းလို့! ကျွန်မ အရမ်းဆင်းရဲလို့ စိတ်ဆိုးတယ်။”

သူမ ငွေတုံး ၁၀၀ ပိုသုံး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

ပုဇွန်တွေနဲ့ ဂဏန်းတွေ ဘယ်လိုရှိနေမလဲ၊ အာလူးနဲ့ ခရမ်းချဉ်သီးတွေ အရင်လို ကြီးထွားရဲ့လားလို့ သူမတွေးမိသည်။

ဒီအရာများက သူမရဲ့ ပထမဆုံးရွှေအိုးကို ရိုက်ရန် လိုအပ်သောအရာများဖြစ်သည်။ သူမ ဘယ်အရာကိုမှ အမှားမခံနိုင်ဘူး။

အိမ်က ကလေးနှစ်ယောက် ကောင်းကောင်းစားရဲ့လား ဆိုတာလည်း သူမ မသိဘူး။

“မနက်ဖြန် မနက် ဟောင်ရန်မြို့ကို ပြန်မယ်။”

သူမတွင် စိုးရိမ်စိတ်တွေများပြီး ကြာကြာမနေနိုင်ပါ။

ချုစစ်ဟန်ရဲ့ မျက်လုံးများ မှေးမှိန်သွားကာ သူ့အသံက ပို၍မှုန်ဝါးလာတယ်။

“မင်း နောက်ထပ် ရက်အနည်းငယ် ဆက်နေမှာ မဟုတ်ဘူးလား?”

“မဟုတ်ဘူး၊ နောက်တစ်ခါ စျေးဝယ်မယ်။ အိမ်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။”

အိမ်ကြီးအိမ်ကောင်းဖြစ်သော လင်းဂျန်အိမ်တော်က သူမနဲ့ မလိုက်ဖက်ဘူး။ သူမ လယ်သူဘဝကိုနှစ်သက်တယ်။

“ဒါဆို မနက်ဖြန် မြို့ပြင်လိုက်ပို့မယ်။”

ချုစစ်ဟန်သည် အခုမှ ပြန်ရောက်တာဖြစ်လို့ တရားသူကြီးအနေနဲ့ တရားရုံးမှာ အလုပ်တွေ အများကြီးရှိနေသည်။

သူ ဘယ်လိုပဲ ဆန္ဒရှိနေပါစေ သူမကို အတင်းအကြပ် မနေခိုင်းပါ။

ဒါ ကောင်းမွန်တဲ့ ခံစားချက် မဟုတ်ဘူး။

လုရှန်း သူပြောသည်ကို မငြင်းဆန်ပဲသဘောတူ၏။

“သခင်၊ သခင်လေးယွမ်နဲ့ သခင်လေးရှီတို့ ရောက်လာပါတယ်။”

သူတို့နှစ်ယောက် ရထားလုံးပေါ် ရောက်ချိန်တွင် ချုယွမ် သတင်းလာပို့ဖို့ ရထားလုံးထဲဝင်လာ၏။

“သူတို့ ဘာလို့ ဒီကိုရောက်နေတာလဲ?”

ချုစစ်ဟန် အံ့သြစွာ မျက်ခုံးပင့်၏။

“ကျွန်တော်လည်း သေချာတော့ မသိဘူး။ သခင့်ကို တရားရုံးမှာ စောင့်နေမယ် ပြောတယ်။”

ချုယွမ်ရဲ့ စကားကို ကြားချိန်တွင် ချုစစ်ဟန် လုရှန်းကို လျင်မြန်စွာကြည့်၏။

သူ့မှာ ဧည့်သည်ရှိနေတာ သိလိုက်ရတော့ လုရှန်းက “ပြန်ကြရအောင်။ ကျွန်မ ဝယ်သင့်သလောက် ဝယ်ပြီးပြီ။”

“သူတို့က အရေးမကြီးဘူး။ မင်း ဈေးဝယ်ချင်ရင် ဆက်ဝယ်ပါ။ ငါ လိုက်ခဲ့မယ်။”

ချုစစ်ဟန်ရဲ့ စကားများကြောင့် လုရှန်းနဲ့ ချုယွမ်တို့၏ မေးရိုးများ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

သခင်ယွမ်နှင့် သခင်ငယ်ရှီတို့က အရေးမကြီးကြောင်း သခင့်ဆီက ပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။

သခင် ဒီလိုပုံစံ ဖြစ်သွားမယ်လို့ သူ မမျှော်လင့်ထားပါ။

ကံကောင်းတာက ဧည့်သည့်နှစ်ယောက် ဒီမှာမရှိလို့ပင်။ မဟုတ်ရင် သူတို့နှလုံးသားတွေ ကြေကွဲသွားလိမ့်မည်။

ဆယ်နှစ်ကျော်ကြာ ခင်မင်ရင်းနှီးမှုက တစ်လလောက်သာ သိကျွမ်းခဲ့တဲ့ မိန်းကလေးနဲ့ နှိုင်းယှဉ်လို့မရပေ။

“ကျေးဇူးတင်ပါတယ် သခင်လေး!” လုရှန်း သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ခေါင်းခါယမ်းရင်း “ဒါပေမယ့် ကျွန်မ တကယ်ကို ဈေးဝယ်လို့  ပြီးသွားပြီ!”

သူမ ဆက်ပြီး ဈေးဝယ်နေရင် ငွေထပ်ကုန်မှာ စိုးမိသည်။

ရထားပေါ်ရှိ ပစ္စည်းအများစုကို ချုစစ်ဟန် ရှင်းပေးတာ။ သူမ အနည်းငယ် ရှက်မိ၏။

ချုစစ်ဟန် စိတ်မကောင်းစွာ ခေါင်းညိတ်ပြီး ချုယွမ်ကို “ရုံးတော်ကို ပြန်ကြစို့။”

“ဟုတ်ကဲ့!”

ချုယွမ် ပြန်တုန့်ပြန်ပြီး ရထားလုံးထဲက ထွက်သွား၏။ ထို့နောက် ရထားလုံးကို တရားရုံးတော်ဆီသို့ မောင်းနှင်ခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset