“မိန်းကလေးရဲ့ အဝတ်အစားတွေ ရေစိုနေတယ်။ ဒါတွေကို အရင်သွားလဲ။ တစ်ခုခုရှိရင် သခင်က နောက်မှ အသေးစိတ်ပြောပြလိမ့်မယ်။”
ချုယွမ် ပြောပြီးနောက် အစေခံကို လုရှန်းအနောက် အမြန်လိုက်သွားဖို့ ပြောလိုက်၏။
အဝတ်အစားလဲပြီးသည့် လုရှန်း သံသယဖြစ်နေ၏။
သူမ ချုယွမ်နှင့် သိတာကြာပြီ။ သူ ဖြောင့်မတ်သူဆိုတာလည်း သူမသိသည်။
သခင်လေးဂျန် ကလေးကို တွန်းချခဲ့တာ ထင်ရှားသည်။ သို့သော် ချုယွမ်က ဂရုမစိုက်သလို ပြုမူနေ၏။ သခင်လေးဂျန်က ထိုကလေးကို ရည်ရွယ်ချက်ရှိရှိ လူသတ်တာ ထင်ရှားသည်။ ဒီအခိုက်အတန့် ကလေးရဲ့အဖွားက ပြသာနာမရှာပဲ ဘာလို့ တရားခံကို တောင်းပန်တာလဲ?
ဒါ့အပြင် ချုယွမ်က ဘာလို့ စိတ်ပူနေတာလဲ?
ဒီသခင်လေးဂျန်က ဘယ်သူများလဲ?
သူမ အဖြေရှာဖို့ ကြိုးစားနေစဉ် တစ်စုံတစ်ယောက် တံခါးလာခေါက်တယ်။
“ဝင်ခဲ့။”
သူမ စကားဆုံးသွားချိန်တွင် ချုစစ်ဟန် တံခါးကို တွန်းဖွင့်ပြီး ဝင်လာ၏။
သူရဲ့ အသွင်အပြင်က သာမာန်ထက် ပို၍ ဂုဏ်သိက္ခာ ရှိ၏။ ဒီနေ့မနက်နဲ့ မတူပဲ ချုစစ်ဟန် အရာရှိ ဝတ်ရုံကို ဝတ်ဆင်ထား၏။
“လူတစ်ယောက်ကို ကယ်တင်ဖို့ မင်းရေကန်ထဲကို ခုန်ဆင်းသွားတယ် ကြားတယ်။”
လုရှန်း သူ့မေးခွန်းကို မဖြေပါ။ ထို့အစား သခင်လေးဂျန် အကြောင်းမေးတယ်။
“သခင်လေးဂျန်က ဘယ်သူလဲ?”
ချုစစ်ဟန် သူမအတွက် လက်ဖက်ရည်ပူပူတစ်ခွက် ထည့်ပေးပြီး သူ့အတွက်သူ နောက်ထပ်တစ်ခွက် မလောင်းခင် သူမကို မော့ကြည့်ပြီး မှုပ်ကုပ်ကုပ်နဲ့ဆိုတယ်။ “သူ့အဖိုးက လက်ရှိ အိမ်ရှေ့စံရဲ့ဆရာ။“
သူရဲ့ စကားတိုလေးက လုရှန်းရဲ့ စိတ်ရှုပ်ထွေးမှုကို ရှင်းလင်းသွားစေ၏။ ဒီလူက ချုစစ်ဟန်တောင် စော်ကားရန် မတတ်နိုင်သူဆိုတာ သိလိုက်တယ်။
အနည်းဆုံးတော့ ရာထူးအရ ချုစစ်ဟန် သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူး။
သို့သော် …
“ဆိုရိုးစကားအတိုင်း ပြစ်မှုကျူးလွန်သူကို ကျောသားရင်သား မခွဲဘူး။ ဒီကလေးရဲ့အဖိုးက အိမ်ရှေ့စံရဲ့ဆရာ။ သူ တခြားသူကို ထိခိုက်အောင် လုပ်ခွင့်ပြုရမှာလား?”
“ဒီစကားတွေက ပြည်သူတွေကို နှစ်သိမ့်ဖို့သက်သက်ပါ။”
ချုစစ်ဟန်ရဲ့ ပါးလွှာသော နှုတ်ခမ်းများက သိမ်ငယ်သော လှောင်ပြောင်မှုအဖြစ် ကွေးညွတ်သွား၏။
“ဧကရာဇ်က သူတို့ ဉပဒေချိုးဖောက်ရင် သာမန်လူတွေမျိုး အပြစ်ပေးမယ်လို့ တကယ်ထင်လား?”
ဒီမိန်းကလေး နုံအတာပဲလား? ဒါမှမဟုတ် တုံးအတာပဲလား?
“ကျွန်မ ဒီအတိုင်းပြောတာ။“
လုရှန်း နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။
သူမရဲ့ အရင် ဘဝနေထိုင်မှုပတ်ဝန်းကျင်သည် အနည်းငယ်ပို သန့်ရှင်းပြီး ဒီလို အလှည့်အပြောင်းများ ကြုံတွေ့ရခဲသည်။ စာအုပ်တွေဖတ်မှ အချို့အရာတွေကို နားလည်တာ ဖြစ်တယ်။ သူမရဲ့ ဆရာ ပြောတာမှန်သည်။ ပြင်ပကမ္ဘာသည် တောင်တန်းတွေထက် ပိုရှုပ်ထွေးတယ်။
“စိတ်မပူပါနဲ့။ ဂျန်မိသားစုက သူ့ကို မစီမံရင် တစ်စုံတစ်ယောက်က သူ့အတွက် သဘာဝကျကျ စီမံပေးလိမ့်မယ်။”
ချုစစ်ဟန် အေးစက်စက်ရယ်မော၏။
ဂျန်မိသားစုသည် ဒီနှစ်တွေတစ်လျှောက်လုံး အိမ်ရှေ့စံ၏ ဆရာဆိုသည့် အဆင့်အတန်းအပေါ် အမြဲမှီခိုပြီး အခြားသူများကို အနိုင်ကျင့်ခဲ့သည်။
အခြားအရာအားလုံးကို ဘေးဖယ်ထားဉီး။ အသက် ၆ နှစ်အရွယ် ဂျန်ရိူးတောင် လူတစ်ယောက်သတ်ဖူးသည်။
ဆရာဖြစ်သူက အိမ်ရှေ့စံကို အကူအညီတောင်းခံခဲ့တာကြောင့် ဘယ်သူမှ မစော်ကားရဲခဲ့ပါ။ မဟုတ်ရင် နို့စို့ အရွယ်ကလေး သေသွားတာကြာပြီ။
ဆိုရိုးစကားအတိုင်း ခြေဗလာရှိသူက မကြောက်တတ်ပါ။ ဂျန်မိသားစုသည် လင်းဂျန်အိမ်တော်ရဲ့ အာဏာ ကြောင့် လူများစွာကို စော်ကားခဲ့သည်။
သူ ကံတရားကို ယုံကြည်သည်။ တစ်နေ့ ဂျန်မိသားစုက ကြေကွဲဖွယ်ရာရှုံးနိမ့်မှုကို ကြုံတွေ့ရလိမ့်မယ်။
ဒါ့အပြင် နန်းတက်မဲ့သူဟာ အိမ်ရှေ့စံဆိုတာ မသေချာသေးဘူး။
သေချာပေါက် ချုစစ်ဟန်က သူမကို ပြောဖို့မလိုအပ်ဘူးလို့ ခံစားမိတာကြောင့် မပြောခဲ့ဘူး။ ဒီကိစ္စတွေကို သူမ မသိချင်ဘူးလို့လည်း ခံစားမိတယ်။
“ဗိုက်ဆာနေလား?” ချုစစ်ဟန် ခေါင်းစဉ်ပြောင်းလိုက်၏။
“ဘယ်လိုလုပ်ဆာမှာလဲ?” လုရှန်းရယ်မောရင်း “ကျွန်မ ဗိုက်အပြည့်စားထားတာ။ တစ်နာရီတောင် မပြည့်သေးဘူး။”
ချုစစ်ဟန် ခေါင်းညိတ်၏။ “ဒါဆိုထားတော့။ ငါ အဝတ်အစားလဲပြီးရင် လမ်းလျှောက်ထွက်ကြမယ်။”
လုရှန်းရဲ့ မျက်လုံးများ တောက်ပသွားကာ အရူးအမူး ခေါင်းညိတ်တယ်။ “ကောင်းပြီ!”
သူမ ဈေးဝယ်ထွက်ချင်နေတာ ကြာပြီ။