“တရားသူကြီးတရားရုံးကို အရင်သွား။ မင်းအနားယူပြီးရင် မင်းကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားပေးမယ်။”
ချုစစ်ဟန်ရဲ့ စကားများက လုရှန်းရဲ့ စျေးဝယ်တာကို ဆက်လုပ်မည်ဆိုသော အတွေးကို အနှောင့်အယှက် ဖြစ်စေ၏။
‘နိုင်ငံတော် ရတနာများ’ ကို ကြည့်နေကြသည့် အနီးရှိ လူတစ်စုကို ကြည့်ပြီး မြန်မြန်ဆန်ဆန် သဘောတူလိုက်၏။
လင်းဂျန်အိမ်တော်သည် မသေးငယ်ပေ။ ကံကောင်းတာက စည်ကားသောမြို့နဲ့ မဝေးလှဘူး။
မိမိကိုယ်မိမိ ချစ်မြတ်နိုးပြီး အထီးကျန်ဆန်သော သူတို့ရဲ့သခင်က အမျိုးသမီးတစ်ဦးကို ရုတ်တရက် ပြန်ခေါ်ဆောင်လာသည်ကို မြင်ချိန်တွင် တရားသူကြီးတရားရုံးရှိ အစောင့်များ အလွန်သိချင်နေကြတယ်။
“ကန်းအိမ်တော် လူသတ်မှုကို စုံစမ်းစစ်ဆေးဖို့နဲ့ စေ့စပ်ပွဲကို ဖြတ်တောက်ဖို့ သခင်ကြီးက ဟောင်ရန်မြို့ကို ပြန်သွားတာလို့ ပြောတာမဟုတ်လား? ရုတ်တရက် မိန်းကလေးတစ်ယောက်ကို ဘာလို့ ပြန်ခေါ် လာတာလဲ?”
တစ်စုံတစ်ယောက်က စပ်စုပြီး ချုယွမ်ကို ရဲဝံ့စွာ မေးလိုက်တယ်။
ချုယွမ် သူတို့ကို ကြိမ်းမောင်းပြီး ဒီမိန်းကလေးက သခင်နဲ့ စေ့စပ်ထားသူဆိုတာ တိတ်တဆိတ်ပြောပြခဲ့တယ်။
အဆုံးတွင် မျက်စိတစ်မှိတ်အတွင်း စေ့စပ်ထားသူကို ပြန်လည် ခေါ်ဆောင်လာတဲ့ သခင်ရဲ့ သတင်းက တရားသူကြီးတရားရုံး တစ်ခုလုံး တောမီးလို ပျံ့နှံ့သွားတော့သည်။
ထို့ကြောင့် တရားသူကြီးရဲ့ ‘အနာဂတ် ဇနီး’ ကို မြင်နိုင်ဖို့ ထူးဆန်းတဲ့ ဖြစ်စဉ်အချို့ ဖြစ်ပေါ်လာတယ်။
ဥပမာအားဖြင့် လုရှန်း ဘယ်နေရာကို သွားသည်ဖြစ်စေ သူမ အနောက်ကို လူအနည်းငယ်တစ်စု တိတ်တဆိတ် လိုက်လာကြတယ်။
သူမ အနောက်လှည့်ကြည့်ချိန်တွင် ထိုလူတွေ စကားပြောသလို ဟန်ဆောင်တယ်။
သို့သော် သူတို့ လုရှန်းရဲ့ မျက်နှာကို မြင်ချိန်တွင် အစောင့်များက ‘ကောင်းကင်ဘုံက ပြီးပြည့်စုံတဲ့ စုံတွဲ’ လို့ ပြောရင်း အတူတူသက်ပြင်းချလိုက်ကြတယ်။
ချုစစ်ဟန် ကိုယ်တိုင် သတိပေးချက်ထုတ်ပြန်မှ ဒီဖြစ်စဉ်က ပျောက်ကွယ်သွားခဲ့တယ်။
တရားသူကြီးရုံးတော်သည် အလွန်တရာသိမ်မွေ့ပြီး ငြီးငွေ့ဖွယ်ကောင်းလှတယ်။
သက်ကြီးရွယ်အို အမျိုးသမီးအချို့ကလွဲပြီး အခြားအမျိုးသမီးငယ်တစ်ဦးကိုမျှ မတွေ့ရဘူး။
နောက်တစ်နေ့။
ချုစစ်ဟန် အဖိုးတန်ပစ္စည်းများကို လွှဲပြောင်းပေးလိုတာမို့ လုရှန်း အိမ်တော်၌ တစ်ယောက်တည်း ကျန်ခဲ့သည်။
သူမရဲ့ ကန့်သတ်ချက်တွေကို သိထားလို့ သူမ သူ့ကိုဒုက္ခပေးမှာကို သူ မကြောက်ဘူး။
လုရှန်း ကြာပန်းရေကန် ဆီလျှောက်လာ၏။ သူမ မဏ္ဍပ်တွင် ထိုင်ကာ မှိန်းနေ၏။
သို့သော် ထိုအချိန် ရေထဲကို တစ်စုံတစ်ရာ ပစ်ချသံကို ကြားလိုက်ရတယ်။
ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ချိန် မြစ်ကမ်းစပ်တွင် ရပ်နေသော ကလေးနှစ်ယောက်ကို တွေ့လိုက်တယ်။ ရေကန်ထဲ ကျောက်ခဲတွေနဲ့ ပစ်ဖို့ တိုက်ပွဲဝင်နေကြတယ်။
သူမနဲ့ ပတ်သက်နေမှာစိုးတာကြောင့် လုရှန်း အမြန်ထ ထွက်သွားခဲ့သည်။
သို့သော် သူမ ထွက်သွားပြီး မကြာခင် အနောက်မှ အော်သံကြားရ၏။ သူမ ပြန်လှည့်လာချိန်တွင် ကလေးတစ်ယောက် ကြာရေကန်ထဲ ရောက်နေသည်ကို တွေ့ရ၏။
ကမ်းနားက ကလေး ကျယ်လောင်စွာ ရယ်မောနေ၏။
ရေထဲက ကလေးရုန်းကန်နေတာကို ကြည့်ရင်း လုရှန်းရဲ့ အမူအရာ ပြောင်းသွား၏။
သူမ ဘာမှမတွေးပဲ ကြာရေကန်ထဲ ခုန်ဆင်းပြီး ကလေးကို ကယ်တင်ခဲ့သည်။ ကလေးကို ကမ်းပေါ် သယ်လာချိန်တွင် ချုယွမ် ပြေးလာတယ်။
“မိန်းကလေးလု ဘာဖြစ်တာလဲ?”
ကလေးက လုရှန်းကို ပွေ့ဖက်ပြီး ငိုယိုအော်ဟစ်နေ၏။
လုရှန်း ထိုကလေးမျက်နှာပေါ်က ရေကို သုတ်ပေးပြီး တိုးတိုးလေးဆိုတယ်။ “သူ မတော်တဆ ရေထဲ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်။”
“သူ ငါ့ကို တွန်းတယ်! သူ ငါ့ကို တွန်းလိုက်တာ!”
ကလေး ငိုပြီး တခြားကလေးကို လက်ညိုးထိုးတယ်။
“သခင်လေးဂျန်?”
ချုယွမ်ရဲ့ မျက်လုံးများ တုန်လှုပ်ခြောက်ခြား သွားတယ်။
“ဘာတွေ လျှောက်ပြောနေတာလဲ!”
အမျိုးသမီးတစ်ဦးက ပြေးလာပြီး ကလေးငယ်ရဲ့ ကျောကို ပုတ်ပေးကာ အပြစ်တင်တယ်။ ထို့နောက် လုရှန်းအား ကျေးဇူးတင်စကား ဆိုတယ်။
“မိန်းကလေး ဒီကျွန်ရဲ့မြေးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကောင်က အရမ်းဆိုးတယ်။ ချော်လဲတာဖြစ်မယ်။ သခင်လေးဂျန်နဲ့ ဘာမှမဆိုင်ပါဘူး။”
ထိုစကားပြောပြီး ထိုအမျိုးသမီး ကလေးကို ပွေ့ကာ မထွက်သွားခင် သခင်လေးဂျန်ကို တောင်းပန်တယ်။
ဂျန်ရိူးသည် မေးမော့ထားပြီး လုရှန်းကို ကြည့်တယ်။ ထိုကလေးသည် အေးစက်စက် နှာခေါင်းရူံ့ပြီး အစေခံတစ်ယောက် အနောက်သို့ လိုက်သွား၏။
လုရှန်း မျက်မှောင်ကြုံ့သွားကာ ချုယွမ်ကို မေးတယ်။ “ဒီသခင်လေးဂျန်က ဘယ်သူလဲ?”
ဒီလို အာဏာရှင်မျိုးကို ဘယ်သူမှ မဆုံးမရင် နောင်မှာ ဥပဒေမဲ့ ဖြစ်သွားမှာ မဟုတ်ဘူးလား။