‘သူဌေး’ သည် ပုလွေကို ထုတ်ကာ တီးခတ်လိုက်၏။
အနက်ရောင်ဝတ်စုံနဲ့ လူတစ်စု ရုတ်တရက် ဝင်ရောက်လာ၏။
“ပစ္စည်းတွေ အရင်ယူသွား။ ငါသူတို့ အားလုံးကို သတ်မယ်။”
အနက်ရောင်ဝတ်စုံနဲ့လူများ ထိုစကားကို ကြားချိန်တွင် လှည်းပေါ်တက်ကာ ထွက်သွားဖို့ ပြင်ဆင်ကြတယ်။
သို့သော် ထိုအချိန် စားပွဲပေါ် လဲလျောင်းနေတဲ့ လူတိုင်း ရုတ်တရက် နိုးလာ၏။
တခြားသူများ ပြန်လည် သတိရလာချိန် အနက်ရောင်ဝတ်စုံနဲ့ လူတစ်ဝက်လောက် အသတ်ခံရပြီးပြီ။
ချုယွမ် အေးစက်စက်ပြုံးပြီး “ငါတို့ဆီက တစ်ခုခု ယူချင်ရင် မင်းအသက်ရှင်နေသေးလားဆိုတာ ကြည့်ရမယ်။”
“နင်၊ နင်တို့ အဆင်ပြေတယ်? ဒါ ဘယ်လိုဖြစ်ရတာလဲ?”
ထိုမိန်းကလေးက ဒေါသတကြီး ခြေဆောင့်၏။
“ဒီလက်ဖက်ရည်နဲ့ လိုက်ဖက်တဲ့ ငါ့ရဲ့နံ့သာပေါင်းက အမှားအယွင်းမရှိတာ သေချာတယ်!”
လုရှန်း လက်ပိုက်ပြီး မျက်ခုံးပင့်ကာ နတ်ဆိုးဆန်သည့် အပြုံးဖြင့် “မင်းရဲ့ နံသာပေါင်း ရှိသေးလားဆိုတာ ဘာလို့တချက်မကြည့်တာလဲ?”
ထိုမိန်းကလေး ဒီစကားကြားချိန်တွင် ချက်ချင်းဆိုသလို မျက်ဝန်းပြူးကျယ်သွား၏။ သူ စကားပွဲအောက်ခြေကို ကြည့်ဖို့ ခေါင်းငုံ့လိုက်သည်။ ထိုအချိန် သူမရဲ့နံသာပေါင်းကို တစ်ယောက်ယောက်ငြိမ်းသက်လိုက်တာ ဒါမှမဟုတ် တစ်ယောက်ယောက် တက်နိုင်းလိုက်တာ နားလည်လိုက်တယ်။
“ဒါကို နင်ဘယ်တုန်းက သိသွားတာလဲ?”
ဒီလူများက သူမရဲ့ မှော်နံ့သာကို ဘယ်လို အနံ့ခံနိုင်မှာလဲ?
လုရှန်း လက်ဖက်ရည်စားပွဲကို မှီပြီး ပြုံးတယ်။ “ဝင်ကတည်းက အနံ့ခံမိနေတာ။”
‘သူဌေး’ မျက်နှာ မည်းမှောင်သွားပြီး ချုစစ်ဟန်ကို ကြည့်၏။ “သခင် ပြောတာ မှန်တယ်။ ငါတို့ မင်းကို လျှော့တွက်လို့မရဘူး!”
သူတို့ရဲ့ ရန်သူကို လျှော့တွက်ခဲ့မိသည်။
ဒါ အဓိပ္ပာယ်ရှိတယ်။ ချုစစ်ဟန်ကို ကိုင်တွယ်ဖို့ လွယ်ကူနေရင် ချုစစ်ဟန် အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် လင်းဂျန်အိမ်တော်ရဲ့ တရားသူကြီး ဖြစ်လာမှာလဲ?
“ငါ မမှားရင် မင်းက အန်းလျိုဂိုဏ်းကပဲ။”
ချုစစ်ဟန် လုရှန်းအနားမှာရပ်နေပြီး ‘သူဌေး’ နဲ့ အေးဆေးစွာ စကားပြော၏။
အန်းလျိုဂိုဏ်းသည် သိုင်းလောက၏ ကိုယ်ခံပညာဂိုဏ်းတစ်ခု ဖြစ်တယ်။ နောက်ကွယ် သခင်က ဘယ်သူလဲဆိုသည်ကို တခြားသူတွေ မသိပေမဲ့ သူ ကောင်းကောင်းသိတယ်။
အစောပိုင်းနှစ်များမှာ အန်းလျိုဂိုဏ်းအတွင်း ခေါင်းဆောင်ရှိခဲ့သည်။ သူတို့ရဲ့ဂိုဏ်းခေါင်းဆောင် ရန်သူများလုပ်ကြံ သတ်ဖြတ်တာခံခဲ့ရကာ သူ့တပည့်ချီနန်က ခေါင်းဆောင်တက်ပြီးနောက်ပိုင်း ဂိုဏ်းအဆင့်အတန်း နိမ့်ကျသွားခဲ့သည်။
ဒီချီနန်က ချုစစ်လင်းရဲ့ လက်ပါးစေဖြစ်သည်။ ဟောင်ရန်မြို့ကို ပြန်လာဖို့ ဆွဲဆောင်ခဲ့သူလည်း ဖြစ်လောက်သည်။
ဒီ ‘သူဌေး’ နဲ့ ထိုမိန်းမတို့ မတိုက်ခိုက်ခင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးဖြူများ ချက်ချင်းဖုံးလွှမ်းသွား၏။
“အဟွတ်၊ အဟွတ်။”
သူတို့ သတိလက်လွတ်ဖြစ်သွားပြီး ချောင်းဆိုးကြတယ်။
ကျေးဇူးတင်ဖို့ကောင်းတာက အဖြူရောင်မီးခိုးတွင် အဆိပ်မရှိဘူး။ မဟုတ်ရင် ဒီမှာရှိနေတဲ့လူတိုင်း သေသွားလိမ့်မယ်။
မီးခိုးဖြူတွေ လွင့်စင်သွားချိန်တွင် အန်းလျိုဂိုဏ်းသားများ ပျောက်ကွယ်သွား၏။
ချုယွမ် သူ့လူတွေနဲ့အတူ လိုက်ဖမ်းချင်ပေမဲ့ ချုစစ်ဟန်က တား၏။
“ရန်သူကို မတိုက်ခိုက်နဲ့တော့။ ငါတို့ ခရီးဆက်ရအောင်။”
“ဟုတ်ကဲ့!”
ချုယွမ်သည် သခင်၏အမိန့်ကို နာခံပြီး လူတိုင်းကို ခရီးဆက်ရန် အမိန့်ပေးတယ်။
သုံးရက်အကြာ၊ လင်းဂျန်အိမ်တော်၌။
မြို့တော်သည် လူနေမှုဘဝများဖြင့် စည်ကားနေပြီး အဆုံးမရှိသော စီးပွားရေးလည်ပတ်မှုများလည်း ရှိသည်။
ဈေးသည်တွေက အော်ဟစ်ပြီး ဖောက်သည်တွေက ရယ်မောနေကြတယ်။ ငြိမ်းချမ်းပြီး သာယာဝပြောသော မြင်ကွင်းဖြစ်၏။
မြို့ထဲကိုဝင်ပြီးနောက် ချုယွမ်နဲ့ သူရဲ့ လူများက သက်ပြင်းချလိုက်တော့သည်။ ကိုယ့်နယ်မြေကိုယ် ပြန်ရောက်သွားသလို ခံစားရတယ်။
လုရှန်းသည် မြို့ထဲကိုဝင်ပြီးကတည်းက ထူးထူးခြားခြား တက်ကြွလာတယ်။
သူမ သဘောကျသည့် ပစ္စည်းများကို မေးမြန်းပြီး ရံဖန်ရံခါ နှစ်သက်တဲ့ ပစ္စည်းအချို့ကို ဝယ်ဖို့ ပိုက်ဆံ ဖြုန်းတီးတယ်။ ချုစစ်ဟန်ကလွဲပြီး အဖွဲ့ရှိ လူတိုင်းက သူမကို အလွန်သဘောကျကြတယ်။
သူတို့ဟာ အတူတူခရီးထွက်ခဲ့ကြပြီး အကြမ်းဖျင်းအားဖြင့် အတူတူအနားယူကြတယ်။ တစ်ခါတလေ လုရှန်းက သူတို့ထက် စောစောနိုးနေတတ်တယ်။
သို့သော် သူမသည် အလွန်တက်ကြွပေမဲ့ သူတို့ကတော့ နှင်းခဲထားသော ခရမ်းသီးများလိုပဲ။
ယောက်ျားလေးတစ်စုက ဒီမိန်းကလေးလို မနေနိုင်ဘူး။ ဒီသတင်းတွေ ပြန့်သွားရင် ဘယ်လောက် ရှက်စရာကောင်းမလဲ။
သို့သော် ဒါက လုရှန်းရဲ့ ထူးခြားသည့် အလှတစ်ခုဟု တွေးမိကာ သူတို့ ရှက်ရွံ့စရာအကြောင်း မရှိဘူးလို့ ခံစားမိကြတယ်။