Switch Mode

Chapter 67 – အနံ့ခံအာရုံကောင်းတယ်။

အနံ့ခံအာရုံကောင်းတယ်။

သူမကို မယုံကြည်တာမို့ လုရှန်း နောက်ထပ် အသေးစိတ်ရှင်းပြရန် စိတ်မဝင်စားတော့ပေ။

ချုယွမ် လျှောက်လာပြီး ချုစစ်ဟန်က သူ၏ ဝိုင်းသို့လာစေချင်သည်ဟု ပြောလာသည်။

လုရှန်း ချုစစ်ဟန်ဆီ မသွားခင် အမေနဲ့သမီးကို ခေါင်းညိတ်ပြလိုက်၏။

“ခုနက ဘာအကြောင်းတွေ ပြောနေတာလဲ?”

ချုစစ်ဟန် သူမအတွက် လက်ဖက်ရည်ကို ခွက်ထဲထည့်ပေးရင်း တိုးတိုးလေးမေး၏။

“ဘာမှမဟုတ်ပါဘူး၊ ရိုးရိုးရှင်းရှင်း စကားဝိုင်းတစ်ခုပါပဲ။”

လုရှန်းပြောနေစဉ် အမေနဲ့သမီးကို ကြည့်လိုက်သည်။ ထို့နောက် လေသံလျှော့ပြီး မေးတယ်။ “ဒီလက်ဖက်ရည်ဆိုင်ဖွင့်တာ ဘယ်လောက်ကြာပြီလဲ?”

ဒီလို ဝေးလံခေါင်သီတဲ့အရပ်တွင် လက်ဖက်ရည်ဆိုင်တဆိုင် ဖွင့်တာ ၁၀ နှစ်ကျော်ပြီ။ ဒီကို မကြာခဏ လာလည်တဲ့ ချုစစ်ဟန်မှ အထင်အမြင်တချို့ ရှိသင့်တယ်မလား?

“တော်တော်ကြာပြီ။”

ချုစစ်ဟန် ပြန်ပြောတယ်။ ဘေးနားရှိ ချုယွမ်က တွေးတောဆင်ခြင်ပြီး “တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဟိုးအရင် ဟောင်ရန်မြို့ကို ပြန်ရောက်တော့ ဒီလက်ဖက်ရည်ဆိုင်ပိုင်ရှင်က ဒီလင်မယားမဟုတ်လောက်ဘူး။”

“အိုး?” လုရှန်း မျက်ခုံးပင့်ပြီး။ “အရင်ပိုင်ရှင်က ဘယ်သူလဲ?”

“သူက လူလတ်ပိုင်း ဖြစ်ပေမဲ့ အရမ်းသန်မာတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦးက သူ့ကိုကူညီတယ်။ သူ့သားတွေ ဖြစ်ပုံရတယ်။”

သူသည် သူ့သခင်လောက် မှတ်ဉာဏ်မကောင်းပေမယ့် တော်ယုံလောက်တော့ ကောင်းနေတုန်းပဲ။ သူ မှတ်မိတာ သေချာတယ်။

လုရှန်း ခေါင်းညိတ်တယ်။ “ကျွန်မ သိပြီ။”

သူမက စားပွဲအောက်ခြေကို ငုံ့ကြည့်ကာ ပြုံး၏။

“မင်းရော သတိထားမိလား?” ချုစစ်ဟန် တိုးတိုးလေးမေးလိုက်တယ်။

“အင်း”

သူမ အနည်းငယ် ခေါင်းညိတ်တယ်။

သူများတွေ ပိုကျယ်လောင်စွာပြောလာတာနဲ့အမျှ သူတို့အသံတွေက ပိုပျော့သွားသလိုပဲ။

‘အမေ-သမီးနှစ်ယောက်’ မှ အဝတ်တစ်ထည်နှင့် လမ်းလျှောက်လာသည်။

လုရှန်း အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး လင်းဂျန်အိမ်တော်တွင် အရသာရှိသောအရာများ အကြောင်း ချုယွမ်ကို မေးမြန်း၏။

ချုယွမ်သည် အများအားဖြင့် ရိုးရိုးသားသား ကြည့်သော်လည်း အရေးကြီးသောအခိုက်အတန့်များတွင်  အားကိုးရသည်။

သူက လင်းဂျန်မြို့တွင်း၌ ထင်ရှားကျော်ကြားသော အရသာအချို့ဖြစ်တဲ့ ခရမ်းရောင် ကိတ်မုန့်၊ ရွှေကောက်ညှင်းဘောလုံးနဲ့ အေးခဲနေသောတိမ်ချပ်များလို ထင်ရှားတဲ့ အရသာအချို့ကို ဆက်တိုက် ဖော်ပြတယ်။

ဘယ်လိုအရသာရှိလဲ ဆိုတာကိုတော့ မပြောခဲ့။ ဒါပေမယ့် မုန့်နာမည်တွေ နားထောင်ကြည့်သလောက် မဆိုးပါ။

အသုံးဝင်သည့် သတင်းမကြားလိုက်တာကြောင့် မိန်းကလေး လုရှန်းကိုကြည့်၏။ လုရှန်း သူမကို ကြည့်နေတာမြင်တော့ မိန်းကလေးက အပြစ်ကင်းစင်သည့် အပြုံးဖြင့် ပြုံးပြ၏။

လုရှန်း နူးညံ့သော အပြုံးနဲ့ ပြန်ပြုံးပြသည်။

‘မိန်းကလေး’ ထွက်သွားပြီးနောက် ချုယွမ် အသံကို လျှော့လိုက်ပြီး “သခင်က စားပွဲအောက်ခြေမှာ မွှေးပျံ့နေတဲ့ နံ့သာပေါင်းတွေ့တယ်။ ထို့ကြောင့် မင်းကို ဖိတ်ဖို့ခေါ်လိုက်တာ။ မိန်းကလေးလုလည်း ရှာတွေ့မယ်လို့ မမျှော်လင့်ထားဘူး။”

သူမရဲ့ အနံ့ခံအာရုံသည် သာမန်လူထက် ပိုစူးရှတာကြောင့် သူမ လျှောက်လာစဉ် ငြီးငွေ့ဖွယ်ကောင်းပေမဲ့ ထူးဆန်းတဲ့ရနံ့ကို အနံ့ခံမိသည်။

အစကတော့ ခြင်တွေကို နှိမ်နင်းဖို့ အသုံးပြုသည့်ရနံ့ဟု သူမထင်ခဲ့သည်။ နောက်တစ်ခုက တောထဲတွင် ခြင်တွေ အများကြီးရှိသည်။ အမွှေးတိုင်ထွန်းတာက သာမာန်ပါပဲ။

လက်ဖက်ရည်တစ်ခွက် လောင်းထည့်နေစဉ် တစ်ခုခုလွဲနေတာ သိလိုက်သည်။

သို့ပေမဲ့ လက်ဖက်ရည်ကြမ်းက အဆိပ်မရှိဘူး။ သို့သော် အမွှေးနံ့သာနဲ့ တွဲလိုက်ရင် မတူညီတဲ့ရနံ့ကို ဖန်တီးနိုင်သည်။

လက်ဖက်ရနံ့ ပြင်းထန်လွန်းတာမို့ ဒီရနံ့သင်းသင်းလေးကို အလွယ်တကူ လျစ်လျူရှုမိလိမ့်မယ်။

ထို့ကြောင့် သူမ လက်ဖက်ရည်ပန်းကန်ကို မတော်တဆ တိုက်မိအောင် လုပ်လိုက်တာဖြစ်သည်။

လက်ဖက်ရည်စားပွဲပေါ်တွင် အပေါက်တစ်ခုရှိတယ်။ လက်ဖက်ရည်စီးကျသွားကာ နံ့သာပေါင်း မီးငြိမ်းသွား၏။

အမွှေးတိုင်ရဲ့အရောင်သည် မြေကြီးအရောင်နဲ့ ဆင်တူသည်။ အနီးကပ် မကြည့်ရင် သတိထားမိမှာ မဟုတ်။

ထိုအချိန်တွင် စကားပြောနေသည့် လူတိုင်း ရုတ်တရက် မူးလဲသွားတော့သည်။

လုရှန်း၊ ချုစစ်ဟန်နဲ့ ချုယွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ နောက်တော့ နဖူးကိုကိုင်ကာ စားပွဲပေါ်သို့ လဲကျသွားတော့သည်။

“ဒီချုစစ်ဟန်က အရမ်းတော်တယ်။ သူ့သတိက အရမ်းညံ့တယ်။ သခင်ကြီး ဘာကြောက်နေတာလဲလို့တွေးမိတယ်။”

ထိုပြောသံနဲ့အတူ မိန်းကလေးက စားပွဲပေါ် အဝတ်ထည်ပစ်ချလိုက်၏။ သူမရဲ့အသံသည် အပြစ်ကင်းစင်သည့်လေသံမှ အရွယ်ရောက်ပြီးသား မိန်းမပျိုလေး လေသံအဖြစ်ပြောင်းလဲသွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset