Switch Mode

Chapter 66 – ရေနွေးကြမ်းနံ့သာ။

ရေနွေးကြမ်းနံ့သာ။

ဒါကြောင့် ခရီးတစ်လျှောက်လုံး သူမကို သခင်မအဖြစ် လူတိုင်း နှုတ်ဆက်ကြသည်။

လုရှန်း ကို့ရို့ကားယားနဲ့ ခြောက်ကပ်ကပ် ရယ်မောရင်း ဖုံးကွယ်ခဲ့တယ်။

တစ်ဖက်က ချုစစ်ဟန် စကားတခွန်းမှ မပြောပေ။ ရှင်းပြဖို့ ပျင်းနေတာလား ဒါမှမဟုတ် ရှင်းပြဖို့ လုံးဝကို မထီမဲ့မြင်ပြုနေတာလား မသိပါ။

ထူးဆန်းတာက နောက်ရက်အနည်းငယ် အရမ်းအေးချမ်းနေခဲ့သည်။ လုပ်ကြံသတ်ဖြတ်တဲ့ အရိပ်အယောင် လုံးဝမရှိခဲ့ပါ။

သို့သော် ဒီလိုဖြစ်လေလေ၊ လူတိုင်း စိတ်မသက်မသာဖြစ်လေလေပင်။

တကယ်တော့ မြေမျက်နှာပြင်ပေါ်တွင် အားလုံးငြိမ်သက်နေပေမယ့် အမှောင်ထဲ အမည်မသိ မုန်တိုင်းတွေ ပေါက်ဖွားနေသေးတာ လူတိုင်းသိသည်။

“သခင်၊ မနီးမဝေးမှာ လက်ဖက်ရည်ဆိုင်ရှိတယ်။ ခရီးမဆက်ခင် ကျွန်တော်တို့ အနားယူကြမလား။” ချုယွမ် သူ့မြင်းကို ရှေ့သို့ မောင်းနှင်းရင်း မေး၏။

“အင်း။”

ချုစစ်ဟန် တိုးတိုးလေးဖြေတယ်။ သူရဲ့ ချောမောတဲ့မျက်နှာ အေးစက်နေပေမဲ့ လုရှန်းကို ကြည့်စဉ် သူ့မျက်လုံးများထဲ သတိမထားမိနိုင်တဲ့ နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ရှိနေ၏။

လက်ဖက်ရည်ဆိုင်သည် အနည်းငယ် ယိုယွင်းနေ၏။ ဘေးကာရံနှစ်ဖက်ရှိသည့် ရိုးရှင်းတဲ့ တဲလေးတစ်လုံးသာ။

လက်ဖက်ရည်ဆိုင်ကြီးလို့ ခေါ်မယ့်အစား လက်ဖက်ရည်ဆိုင်လေးနဲ့ ပိုတူသည်။

လက်ဖက်ရည်စားပွဲသည် လုရှန်းတို့ကြောင့် ပြည့်နှက်သွား၏။

လက်ဖက်ရည်ဆိုင်လေးရဲ့ သူဌေးမှာ အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်တယ်။ သူက ပိန်ပိန်သေးသေး ဖြစ်ပေမဲ့ လုပ်ရည်ကိုင်ရည် အလွန်စွမ်းဆောင်နိုင်ရည်ရှိသည်။

သူဌေးအပြင်၊ သူဌေးရဲ့ မိန်းမနဲ့ သမီးဖြစ်တဲ့ မိခင်-သမီး အတွဲလည်း ရှိသေးသည်။ ထပ်ပြောင်းပြောရရင် ဆိုင်ပိုင်ရှင်တို့သည် သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြပြီး လက်ဖက်ရည်သောက်ဖို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်ကြသည်။

လုရှန်းက အဖွဲ့ထဲ တစ်ဉီးတည်းသော မိန်းကလေးဖြစ်သည်ကို မြင်သွားချိန်တွင် သားအမိနှစ်ယောက် စကားလာပြောတယ်။

“ညီမ မင်းကဘယ်သူလဲ?”

မိန်းကလေးသည် အနက်ရောင်မျက်လုံးများဖြင့် စူးစူးဝါးဝါးစိုက်ကြည့်နေ၏။

ဒါဟာ ပြဿနာကြီးကြီးမားမားမဟုတ်မှန်းသိလို့ လုရှန်းက “ကျွန်မတို့ လင်းဂျန်အိမ်တော် သွားမလို့။” ဟုပြောလိုက်သည်။

“အစ်မ၊ ဒီအစ်ကိုက အရမ်းချောတာ။ သူက မင်းရဲ့ခင်ပွန်းလား?”

လုရှန်း အံ့အားသင့်သွား၏။ ထို့နောက် သူမ ပြုံးကာ ခေါင်းခါလိုက်၏။ “မဟုတ်ဘူး။”

“မင်း လက်ဖက်ရည်ဆိုင်ဖွင့်တာ ဘယ်လောက်ကြာပြီလဲ။” လုရှန်း ခေါင်းစဉ်ပြောင်းပြောလိုက်တယ်။

အမျိုးသမီး ပြုံးပြီးပြောတယ်။ “ဆယ်နှစ်ကျော် ကြာပြီ၊ ကျွန်မရဲ့ ယောကျာ်းက မိသားစုစီးပွားရေးကို ကျွန်မယောက္ခမဆီက နှစ်အနည်းငယ်လောက်ကမှ လွှဲပြောင်းယူခဲ့တာ။”

လုရှန်း ခေါင်းညိတ်ပြီး သူ့ပတ်ဝန်းကျင်ကို တိတ်တဆိတ် ကြည့်၏။

သူမရဲ့အပြုံး ပေါ့ပါးပေမဲ့ သူမရဲ့အကြည့်က အေးစက်နေ၏။

ချုစစ်ဟန် သယ်ယူပို့ဆောင်ရေးနေရာတွင် တစ်ကြိမ်လှည့်စားခံရပြီးကတည်းက သူပို၍ သတိရှိလာခဲ့သည်။

ထို့ကြောင့် လူတိုင်း လက်ဖက်ရည်ထဲ အဆိပ်ရှိ၊ မရှိ စမ်းသပ်ဖို့ ငွေအပ် ထုတ်ကြတယ်။ အဆိပ်မပါဝင်တာမြင်တော့ သူတို့ ငြိမ်သက်စွာ သောက်သုံးကြတယ်။

လုရှန်းရဲ့ အင်္ကျီလက်သည် လက်ဖက်ရည်ခွက်ကို မတော်တဆ ပွတ်မိသွားပြီး စောင်းသွား၏။ စားပွဲပေါ်  ပြုတ်ကျတော့မှာကို ကြည့်ရင်း မိန်းကလေးက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် အမြန်ပြန်တင်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ်!”

လုရှန်း အပြုံးလေးနဲ့ ကျေးဇူးတင်စကားဆိုတယ်။ သူမရဲ့ မျက်လုံးများ နူးညံ့ကြင်နာသော အကြည့်များနဲ့ ပြည့်နေ၏။

အမေနဲ့သမီး နှစ်ယောက်၊ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ထို့နောက် လုရှန်း ဘက်လှည့်ပြီး “ညီမ လှည်းထဲဘာများလဲ? ဘာလို့ လူတွေအများကြီး ခြံရံဖို့ လိုအပ်တာလဲ?”

လုရှန်း စိတ်ရှည်ရှည်နဲ့ ပြန်ဖြေတယ် “ဘာမှမဟုတ်ပါဘူး? ကျွန်မ ရွာကဝယ်လာတဲ့ ကုန်တွေပါ။ သိပ်လည်း မထိုက်တန်ပါဘူး။”

မိန်းကလေးရဲ့ မျက်လုံးထဲ သရော်လှောင်ပြောင်မှု အရိပ်အမြွက် ထွက်ပေါ်လာပေမဲ့ ချက်ချင်းပဲ ပျောက်ကွယ်သွား၏။

လုရှန်း ဂရုတစိုက်မကြည့်မိရင် သတိထားမိမှာ မဟုတ်။ လုရှန်း လက်ဖက်ရည်ခွက် ကိုင်ကာ နှုတ်ခမ်းပေါ် တင်ပြီး တစ်ငုံသောက်လိုက်သည်။ သူမရဲ့ မျက်ခွံများ အနည်းငယ် မှိန်သွားကာ သူမ ဘာကို တွေးနေသည် ကို ဘယ်သူမှမသိပေ။

“မင်းက အရမ်းလှတယ်။ မင်းမှာ ကောင်းမွန်တဲ့ မိသားစုနောက်ခံရှိတယ်ဆိုတာ သေချာတယ်။”

လုရှန်းကို ခေါင်းမှခြေအဆုံးကြည့်ပြီးနောက် ထိုအမျိုးသမီးက ပြုံးပြီး “ကျွန်မတို့ ဆင်းရဲတဲ့ မိသားစုက လာတာပါ။ ကျွန်မတို့ ဘယ်လောက်ပဲ ရုပ်ချောနေပါစေ မင်းလို နူးညံ့တဲ့ အသားအရည်နဲ့ နုပျိုတဲ့ မိန်းကလေးလို ငါတို့ မွေးမြူလို့ မရဘူး။”

လုရှန်း ဒီစကားကို ကြားသောအခါ ပြုံး၏။

သူမ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်ပြီး “ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ ကျွန်မလည်း လယ်လုပ်သူ မိန်းကလေး တစ်ယောက်ပါ။ ရွှံ့ရေစိမ်ပြီး ကြီးပြင်းခဲ့တာ။”

“မိန်းကလေးက ဟာသ ဘယ်လိုပြောရမလဲ သိတာပဲ။”

ထိုအမျိုးသမီး မယုံကြည်ပဲ နောက်ပြောင်နေတယ်လို့ ထင်နေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset