“ကျွန်မ အခုလိုပြောနေတာ သခင်လေးကို ယုံကြည်လို့ပါ။”
လုရှန်းရဲ့ ကျပန်းစကားကြောင့် ချုစစ်ဟန် သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်မိသည်။ သူမ၏ စကားဆုံးချိန်တွင် သူမ ဆိုလိုတာကို နားလည်လိုက်တယ်။
“ကျွန်မရဲ့ဆရာက လူမဟုတ်ဘူး။ တကယ်တော့ သူက အနှစ်တစ်ထောင် ကျင့်ကြံထားတဲ့ နတ်ဆိုးမြေခွေးအိုကြီးပဲ။”
ချုစစ်ဟန်က “နတ်ဆိုးမြေခွေး?”
ဟုတ်သား။ သရဲ၊ တစ္ဆေတွေ တည်ရှိတယ်ဆိုရင် နတ်ဆိုးတွေ ဘာလို့ မတည်ရှိရမှာလဲ?
“ဟား… ဟား… ”
လုရှန်းက ရယ်မောတယ်။ ”သခင်က ကျွန်မ စကားတွေကို တကယ်ယုံကြည်တာလား?”
ချုစစ်ဟန် စကားမပြောနိုင်အောင် ဖြစ်သွား၏။
ဒီမိန်းကလေးက ချစ်ဖို့ကောင်းရုံတင်မကဘူး၊ မုန်းစရာလည်းကောင်းတယ်။
“ကျွန်မ ရှင့်ကို စနောက်နေတာ!” လုရှန်း မပြောခင် မရယ်ဖို့ အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး “ကျွန်မ ဆရာက ကျင့်ကြံသူ၊ အသက်ရာကျော် ရှိနေပြီ နတ်ဘုရားတဝက် ဖြစ်လောက်တယ်။ သို့သော် သူ့ရုပ်ရည်က အရွယ်ရောက်ပြီးသား လူတစ်ယောက်လို ငယ်ငယ်ရွယ်ရွယ်ပဲ။”
ချုစစ်ဟန် မျက်မှောင်ကြုံ့ပြီး “မင်းရဲ့ဆရာက မသေမျိုးတစ်ဝက်ရှိတယ် မင်းကျ ဘာလို့သေမျိုးလဲ?”
“ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ကျင်ကြုံနိုင်စွမ်း တိမ်မြုပ်နေလို့!” လုရှန်း ပေါ့ပေါ့ပါးပါး နှာခေါင်းရှုံ့လိုက်၏။
“သူက နှစ်တစ်ရာကျင့်ကြံထားတာ။ ကျွန်မက ကျင့်ကြံတာ ၁၀ နှစ်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ် တူမှာလဲ?”
သူမ ချုစစ်ဟန်ကို အကြောင်းရင်းအမှန်ကို ပြောပြမည် မဟုတ်ပေ။
သူမ သေနိုင်တဲ့ အကြောင်းရင်းက သူမဟာ သေမျိုးခန္ဓာကိုယ်နဲ့ မွေးဖွားလာပြီး နာမ်ဝိညာဉ် စုစည်းမှု မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ဒီအတွက်ကြောင့် သူမရဲ့ ဆရာက နတ်ဆရာ(မှော်ဆရာ) ပညာ သင်ဖို့ အထူးညွှန်ကြားခဲ့သည်။
ဒီအကြောင်းပြောနေရင်း သူမ ဆရာ့ကို နည်းနည်းလွမ်းမိသား။
အဖိုးအိုကြီးသည် သူ့နောက်ကွယ်မှာ သူမ အစားကောင်းစားပြီး အဆိပ်သင့်သေတာကို သိပြီးနောက် သူမရဲ့ ‘အလောင်း’ ကို ကြည့်ပြီး ဆူပူနေသလား သူမ မသိပေ။ သူမရဲ့ဆရာ ဒီလိုလုပ်လိမ့်မယ်လို့ သူမ ခံစားရတယ်။
“နောက်ကျနေပြီ”
ချုစစ်ဟန် မတ်တပ်ထရပ်ပြီး “ဒီမနက် ဒီအခန်းထဲမှာပဲ အနားယူလိုက်တော့။”
သူ့တွင် ဒီနေ့ မြင်တွေ့ကြားခဲ့ရသမျှ ချေဖျက်ဖို့ အချိန်တစ်ခုလိုအပ်သည်။
လုရှန်း အမြန်ထပြီး “သခင်လေး၊ ရှင်ကော?”
“ငါ့မှာ သွားစရာ နေရာရှိတယ်။”
တောက်ပနေသော ဖယောင်းတိုင်မီးရောင်အောက် သူရဲ့ ချောမောတဲ့ မျက်နှာက အနည်းငယ် ဇဝေဇဝါဖြစ်နေ၏။
လုရှန်း ခေါင်းတညိတ်ညိတ်နဲ့ သူ့ကို တံခါးဆီ ပို့လိုက်တယ်။
နောက်တစ်နေ့တွင် စောစောအိပ်ယာထလေ့ရှိသော လုရှန်း အစောကြီးနိုးလာသည်ဟု ထင်ခဲ့သည်။
သို့သော် သူမ ထက်စောနိုးတဲ့လူ ရှိမယ်လို့ မမျှော်လင့်ထားဘူး။
ပြင်ဆင်ထားတဲ့ ရထားတွဲများဘေးတွင် ယာဂုသောက်နေတဲ့ ချုစစ်ဟန်ကို ကြည့်ရင်း သူမ မှိတ်တုတ်မှိတ်တုတ် ကောင်းကင်ကို မော့ကြည့်၏။
မနက်ငါးနာရီပဲ ရှိသေးတာ မဟုတ်လား?
နေက အခုမှ ထွက်လာတာကို နိုးနေပြီလား?
“မိန်းကလေးလု နိုးပြီလား? မြန်မြန် မနက်စာ လာစား။”
ချုယွမ် သူမကိုမြင်တော့ နွေးထွေးစွာ နှုတ်ဆက်ဖို့ရောက်လာ၏။
မနေ့ညကတည်းက ချုယွမ် လုရှန်းအပေါ် အထင်မြင်ကြီးမှု ရှိနေခဲ့သည်။
ချုစစ်ဟန် မော့ကြည့်ကာ သူရဲ့ ဆန့်ကျင်ဘက်ခုံတွင် ထိုင်ခိုင်းတယ်။
လုရှန်း ထိုင်လိုက်ချိန်တွင် ချုယွမ် ယာဂု၊ မုန့်များနဲ့ ဧည့်ခံတယ်။
“မိန်းကလေးလု ဖြည်းဖြည့်စား မဝရင် ပြောပါ။”
“ကျေးဇူးတင်ပါတယ်!”
လုရှန်း ကျေးဇူးစကားဆိုပြီးနောက် ဖြေးဖြေးချင်းစား၏။
နံနက်စာမှာ အရံဟင်း နှစ်ပန်းကန်၊ ဆားနယ်ထားသော ဟင်းသီးဟင်းရွက်များနှင့် မုန်လာဥခြောက်တို့ဖြင့် တွဲဖက်ထားသည်။ ရိုးရိုးဂျုံယာဂုနဲ့ ပေါင်မုန့်တွေနဲ့ အတော်လေး အရသာရှိတယ်။
ဗိုက်ဖြည့်ပြီးသည်နှင့် ခမ်းနားတဲ့ပုံစံနဲ့ ခရီးမထွက်ခင် ခဏလောက်ထိုင်ကြသည်။
လုရှန်း အနီရောင်အင်္ကျီလဲလိုက်ပြီး ခေါင်းဆောင်းကိုချွတ်ထားသည်။ ဆံပင်ကိုမြင်းမြှီးပုံစံ စည်းနှောင်ထားပြီး နဖူးပေါ်ဆံမြိတ်နှစ်ဖက် ဘယ်ညာ ရှိ၏။ သူမရဲ့ပုံစံသည် လှပပြီး သူရဲကောင်းဆန်နေ၏။
ချုစစ်ဟန်ရဲ့မြင်းနဲ့ အတူစီးနေစဉ် တစ်စုံတစ်ယောက်က ချုစစ်ဟန်နဲ့ သူမရဲ့ ဆက်ဆံရေးအကြောင်း ချုယွမ်ကို တိတ်တဆိတ်မေး လာခဲ့သည်။
ချုယွမ် မေးခွန်းကို မရှောင်လွှဲဘဲ သူမက သူ့သခင်နဲ့ စေ့စပ်ထားသူဖြစ်ကြောင်း ပြန်ဖြေတယ်။
လုရှန်းသည် အကြားအာရုံကောင်းမွန်သူ ဖြစ်ပြီး၊ သူမရဲ့ နှုတ်ခမ်းအနည်းငယ် တွန့်သွား၏။ သို့သော် သူမပြန်မပြောပေ။ ပြောရရင် သူမ ယောက်ျားများစွာနဲ့ ခရီးသွားရန် သင့်လျော်သော အထောက်အထားတစ်ခု လိုအပ်သည်။
မနေ့က တည်းခိုခန်းမှာ သူမရဲ့ အရည်အချင်းကို လူတိုင်း မြင်ဖူးကြသည်။
ထို့ကြောင့် သူမက ချုစစ်ဟန်ရဲ့ စေ့စပ်ထားသူဖြစ်ကြောင်းသိပြီးနောက် လူတိုင်း ချုစစ်ဟန်ကို လေးစားသွားကြသည်။