“ကျွန်မ။”
သူမ မပြောခင် တခဏ တုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ ”ကျွန်မကို တစ်စုံတစ်ယောက်က အပ်နှံထားလို့ မဟုတ်ဘူး။ ဝိညာဉ်တစ်ယောက်က တောင်းဆိုခဲ့လို့။”
“တောင်းဆိုတယ်? ဝိညာဉ်တစ်ယောက်?”
ချုစစ်ဟန်ရဲ့ မျက်လုံး ကျဉ်းမြောင်းသွား၏။ “မင်းကို ဒီလိုလုပ်ဖို့ ဘယ်ဝိညာဉ်က တောင်းဆိုတာလဲ?”
လုရှန်း နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး “သခင်လေး၊ ကျွန်မကို ယုံယုံ၊ မယုံယုံ အရေးမကြီးဘူး။ တကယ်ကို ကျွန်မ လူသေကို မြင်နိုင်တယ်။”
ချုစစ်ဟန် စကားမပြောပေ။ သူမကို တည်တည်ငြိမ်ငြိမ် တခဏ စိုက်ကြည့်နေ၏။ ချုစစ်ဟန် သူမရဲ့မျက်နှာပေါ် ဖြူစင်လေးနက်သည့် အမူအရာကို တွေ့ရသည်။ သူမ လိမ်နေပုံ မပေါ်ပါ။
“အိုး?” သူ သံသယနဲ့ ပြန်ဖြေတယ်။ “ငါ့ကို ထပ်ပြောပြပါ။”
“ကျွန်မကို မိန်းကလေးကန်း တောင်းဆိုခဲ့လို့ပါ။ မိန်းကလေးကန်းက ခရိုင်တရားသူကြီးနဲ့ ကျန့်ဝေ ပူးပေါင်းပြီး အားမင်ကို ချောက်ချခဲ့တဲ့အကြောင်းနဲ့ ကျန့်ဝေက ခရိုင်တရားသူကြီးကို ကန်းမိသားစုရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးမယ်လို့ ကတိပေးထားတယ်ဆိုတဲ့ကိစ္စတွေ ကျွန်မကို ပြောပြတယ်။”
“အဖိုးတန်ပစ္စည်းတွေကို ပို့ဆောင်တဲ့ ဒီခရီးစဉ်က သခင်လေးအတွက် ချောမွေ့မှာမဟုတ်ဘူးလို့လည်း ပြောတယ်။ ဒါ့ကြောင့် သခင်လေးကို တိတ်တိတ်လေး ကူညီပေးဖို့ မိန်းကလေးကန်း တောင်းဆိုခဲ့တယ်။”
ကျန့်ဝေ လီမင်ကို အကောက်ကြံတာ လူတိုင်းသိထားသည်။
သို့သော် တရားသူကြီးရှန်းကွမ်းသည် ကန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ရယူလိုစိတ်ဖြင့် ကျန့်ဝေနဲ့ပူးပေါင်းခဲ့တယ်ဆိုတာ သိတဲ့လူသိပ်မရှိပါ။
လုရှန်း အမှန်အတိုင်းပြောနေတာများလား? သူမ လူသေတွေရဲ့ ဝိညာဉ်တွေကို အမှန်တကယ် မြင်နိုင်တာလား?
တိုင်းပြည်နတ်ဆရာသည် အတိတ်နဲ့ အနာဂတ်ကို ခန့်မှန်းနိုင်ပြီး ကောင်းကင်ယံကိုပင် သွားလာနိုင်ကြောင်း သူကြားသိသည်။ သို့သော် သေလွန်သူများရဲ့ ဝိညာဉ်များကို မြင်နိုင်တယ်ဆိုတာကတော့ … ဒီလို စိတ်ကူးယဉ်မှုမျိုး ဒီကမ္ဘာပေါ်မှာ အမှန်တကယ် ရှိလို့လား?
“ရှင် ကျွန်မကို မယုံဘူးမလား?”
သူ၏ မျက်မှောင်ကြုံ့ပြီး သံသယဝင်နေတဲ့အကြည့်ကို ကြည့်ရင်း သူမ မသာမယာ ဖြစ်သွား၏။
ချုစစ်ဟန် သူမကို ကြည့်ပြီး ခေါင်းမညိတ်ပေ။
“ရှင် တွေ့ချင်ရင် ကျွန်မပြ နိုင်တယ်။”
ဝိညာဉ် တကယ်တည်ရှိကြောင်း သက်သေပြရန် သူ့ကို ကြည့်ခွင့်ပြုဖို့ သူမ တကယ် စိတ်မရှိပေ။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကြီးကြီးမားမား တားမြစ်ချက်တော့ မဟုတ်။
“ငါလည်း မြင်လို့ ရတယ်?” ချုစစ်ဟန် သံသယဖြစ်စွာ မေး၏။
“ဟုတ်တယ်!”
လုရှန်း ဂါထာစာရွက်ကို ထုတ်ပြီး သူ့ရှေ့တွင် မီးရိူ့လိုက်သည်။
အနက်ရောင်ပုံရိပ် လွင့်ထွက်လာပြီး နာခံစွာရပ်နေကြသည်။
လုရှန်း ချက်ချင်း နာခံမှုဖြင့်လာသည့် ဝိညာဉ်များကို သံသယဖြင့် ကြည့်နေ၏။ သူမ အမိန့်မပေးရသေးဘူး။ ယုတ္တိနည်းအရ ပြောရရင် သူတို့က ဒီလောက် နာခံမှု မရှိသင့်ဘူးလေ။
ချုစစ်ဟန်ရဲ့ အာဏာက သူတို့ကို ခြိမ်းခြောက်တာများလား?
ဟုတ်တယ်၊ ဒါ အရမ်းဖြစ်နိုင်တယ်။
ချုစစ်ဟန်သည် အခန်းတွင်း အပူချိန် ကျဆင်းသွားသည်ကို ခံစားမိသည်။ သူ မျက်မှောင်ကြုံ့ပြီး သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ဘာမှမတွေ့ပေ။
လုရှန်းက နောက်ထပ် ဂါထာစာရွက်ကို ဆွဲထုတ်ပြီး လက်ညှိုးကို ကိုက်လိုက်၏။ ထို့နောက် သူမ ရွတ်ဆိုတယ်။
“မျက်လုံးမှိတ်ထားပေးပါ။”
သူမ စကားပြောပြီးတာနဲ့ ချုစစ်ဟန် မျက်လုံးမှိတ်ပြီး ပူးပေါင်း၏။ လုရှန်းရဲ့ လက်ထဲရှိ သွေးများ စွန်းထင်းနေသော အဝါရောင်ဂါထာစာရွက် သူ့မျက်လုံးရှေ့ ဖြတ်သွားပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ တချိန်တည်းတွင် သူမလက်ထဲက အဝါရောင်ဂါထာစာရွက်ဟာ အလိုလို လောင်ကျွမ်းသွားသည်။
လုရှန်း အဝါရောင်ဂါထာစာရွက်ကို မြေပြင်ပေါ် ပစ်ချပြီး “မျက်လုံးဖွင့်လို့ရပြီ။”
ချုစစ်ဟန် မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် အခန်းထဲမှာ လူတွေပိုရှိနေတာကို သိလိုက်ရတယ်။ မဟုတ်ဘူး အနက်ရောင် ပုံရိပ်တွေ။
သူတို့ရဲ့ မျက်လုံးများက နီရဲနေပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို အနက်ရောင် မြူမှုန်များဖြင့် ဖုံးအုပ်ထား၏။ သူတို့ ခြေထောက်တွေ မြေကိုမထိဘဲ သူ့ရှေ့ မျောပါ သွားလာနေကြသည်။
ဒီမြင်ကွင်းက သရဲတစ္ဆေလုံးဝမယုံတဲ့ သူ့ကို ထိတ်လန့်သွားစေ၏။
ဆိုရိုးစကားအတိုင်း ‘ကြားသောအရာသည် မှားနိုင်သော်လည်း မြင်သောအရာ မှန်နေသည်။’ ဒီအချိန်တွင် သရဲတစ္ဆေရှိသည်ကို ရုတ်တရက် ခံစားလိုက်ရတယ်။
သူ မမြင်ရင် ယုံမှာမဟုတ်ပါ။
ချုစစ်ဟန် ရူးကြောင်ကြောင်နဲ့ ကြောက်လန့်မှာ စိုးတာကြောင့် လုရှန်း ‘အနက်ရောင်အရိပ်’ များထည့်သည့် ဂါထာစာရွက်ကို သိမ်းကာ အနက်ရောင်ဝိညာဉ်များကို ဖယ်ရှားလိုက်၏။
“ကျွန်မကို အခုယုံသင့်ပြီ မဟုတ်လား?”
သူမ မျက်ခုံးပင့်ကာ နှုတ်ဆိတ်နေသော ချုစစ်ဟန်ကို မေးလိုက်သည်။
ချုစစ်ဟန်ရဲ့ မျက်လုံးများ ရွေ့လျားသွားပြီး သူမကို အချိန်အကြာကြီး စိုက်ကြည့်နေ၏။
ချုစစ်ဟန် အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ “ဒါတွေကို မင်းဘယ်လိုသိလဲ?”
“ဆရာ့ဆီက သင်ယူခဲ့တာ။” လုရှန်း အပြုံးဖြင့် ပြောလိုက်၏။
“မင်းရဲ့ဆရာက တိုင်းပြည်နတ်ဆရာလား?”
ရွမ်ယွဲ့တိုင်းပြည်၏ တိုင်းပြည်နတ်ဆရာကလွဲပြီး ဒီလိုစွမ်းရည်များ ပိုင်ဆိုင်ထားတဲ့သူ တခြား ဘယ်သူ့ကိုမှ သူ မစဉ်းစားမိပါ။