“တကယ် သူမပဲ!”
ချုစစ်ဟန် ပြုံး၏။
သူက ချုယွမ်ကို ကြည့်ပြီး “အဖိုးတန်ပစ္စည်းတွေ လုံခြုံရဲ့လား?”
“သခင်၊ စိတ်မပူပါနဲ့။ လုံခြုံပါတယ်။”
ချုစစ်ဟန် စိတ်မရှည်စွာ ခေါင်းညိတ်ပြီး “မင်းဒဏ်ရာကို သွားကုသလိုက်။ ငါ သူမကို ရှာလိုက်ဉီးမယ်။”
ချုယွမ် ခေါင်းညိတ်တယ်။ စောစောက သူ ရှောင်တိမ်းနေတုန်း ဓားက သူ့အရေပြားကို ရှပ်ထိသွားသည်။
သူ့အရိုးတွေ အရွတ်တွေတော့ မထိခိုက်ခဲ့ပါ။
ချုစစ်ဟန် မှောင်မိုက်သောညတွင် ပျောက်ကွယ်သွား၏။
ချုစစ်ဟန်ရဲ့ ပုံသဏ္ဌန်ကို မှုန်ဝါးဝါးကြည့်ရင်း လုရှန်းက အခင်းဖြစ်ပွားရာနေရာကနေ ချက်ချင်းထွက်လာခဲ့တယ်။
ထိုအမျိုးသားရဲ့ ကြီးမားသည့်ရင်ဘတ် သူမရဲ့ စိတ်ထဲတွင်အမြဲပေါ်လာပြီး ရှက်လည်း မရှက်နိုင်တော့။
“မိန်းကလေး လု!”
ထိုအမျိုးသားရဲ့ အသံက သူမကို ထိတ်လန့်သွားစေ၏။
သူမ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် အမှောင်ထဲတွင် သွယ်လျသော ပုံရိပ်လေးရပ်နေ၏။
“ရှင်၊ ရှင် ကျွန်မမှန်း ဘယ်လိုသိတာလဲ?”
အမှောင်ထဲ ချုစစ်ဟန်ရဲ့ ချောမောသော မျက်နှာအပေါ် အပြုံးတစ်ခု ပေါ်လာတော့သည်။
သူ သူမဆီ တစ်လှမ်းချင်း လျှောက်လာတယ်။
“ငါတို့ တည်းခိုခန်းမှာရှိတည်းက မင်းပဲဆိုတာ သံသယရှိနေခဲ့တာ။ ငါ သတိလစ်နေချိန် မင်းရဲ့ခေါ် သံ ကြားလိုက်သလိုပဲ။ မင်း ဆိုတာ အတည်မပြုရဲရုံပဲ။ မင်းက ရုပ်သေးပညာကို သုံးတယ်လို့ ချုယွမ်က ပြောတယ်။”
လုရှန်း သူမရဲ့အသွင်ပေါ်သွားပြီမို့ အနည်းငယ်ရှက်ရွံ့သွား၏။
သူမ ပေါ့ပေါ့ပါးပါး ချောင်းဆိုးပြီး ရှင်းပြတယ်။ “ကျွန်… ကျွန်မ စပ်စုချင်လို့ ရှင့်အနောက် လိုက်လာခဲ့တာ …ရှင်က ဒီလို အဆင့်နိမ့်လှည့်ကွက်ထဲ ပြုတ်ကျသွားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။”
ချုစစ်ဟန် ခေါင်းညိတ်တယ်။ “မင်း မှန်ပါတယ်။ ဒီတစ်ခါတော့ အရမ်းသတိမထားမိဘူး။ မင်းသာမဟုတ်ရင် ငါဘယ်လိုသေရမှန်းတောင် မသိတော့ဘူး။”
ကံကောင်းစွာနဲ့ ဒီလူတွေက သူ့ဘဝအတွက်မဟုတ်ဘဲ စည်းစိမ်ဥစ္စာအတွက်သာ လာကြတာဖြစ်တယ်။
ဒီလူတွေက ချုစစ်လင်းရဲ့ လူတွေ မဟုတ်လောက်ပါ။
နောက်ထပ်မေးခွန်းတွေ မေးမှာစိုးတာကြောင့် လုရှန်း အကြောင်းအရာကို အမြန်ပြောင်းလိုက်တယ်။ “ ကျွန်မ ရှင့်ကို ကယ်တင်ခဲ့တယ်နော်။ ကျွန်မကို ဘယ်လိုကျေးဇူးဆပ်မှာလဲ?”
“ဘယ်လို ကျေးဇူးဆပ်စေချင်လဲ?”
သူ့အသံတွင် အရိပ်အမြွက်ရှိနေပုံရတယ်။
လုရှန်း အကြားတာ မှားသည်ဟု ခံစားရသည်။ သူမက ပေါ့ပေါ့ပါးပါး ချောင်းဟန့်ပြီး “ရှင် ကျွန်မကို ငွေတစ်ထောင် ဘာလို့မပေးရမှာလဲ?”
ချုစစ်ဟန်ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာရှိတဲ့ အပြုံး အေးခဲသွားကာ သူ့မျက်လုံးဝန်းထဲ စိတ်ပျက်သည့် အရိပ်အမြွက်များ ပေါ်လာတော့သည်။
“မိန်းကလေးလု မင်း ဒီမှာ ခြင်စာကျွေးနေတော့မှာလား?”
လုရှန်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ထိုအချိန်မှပင် သူမက မိုက်မဲတဲ့ အခိုက်အတန့်မှ တောထဲထွက်ပြေးလာသည်ကို နားလည်လိုက်တော့သည်။
“သယ်ယူပို့ဆောင်ရေးရုံးတော်ကို ပြန်ကြရအောင်။”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချုစစ်ဟန် ထပ်ပြော၏။
သူ လှည့်သွားတာကိုကြည့်ရင်း လုရှန်း သူ့အနောက် လိုက်လာခဲ့သည်။
သူတို့ နှစ်ယောက်စလုံး သယ်ယူပို့ဆောင်ရေးရုံးတော်ကို ပြန်ရောက်ချိန်တွင် ချုယွမ်သည် ဒဏ်ရာကို သန့်စင်ပြီး အဝတ်သန့်သန့်တစ်ခုနဲ့ ပတ်ထားသည်။
“သခင် ပြန်လာပြီ။”
ချုယွမ် သခင့်ဘေးနားက မိန်းကလေးကို ကြည့်ပြီး ချုစစ်ဟန်ကို မေးခွန်းထုတ်တယ်။
ချုစစ်ဟန် ပြန်မဖြေဘဲ ပေါ့ပေါ့တန်တန် ပြောလိုက်တယ်။ “အရင်ထွက်သွားဉီး။ ဘယ်သူမှ အနားမကပ်စေနဲ့။”
“ဟုတ်ကဲ့။”
ချုယွမ် လုရှန်းကို ဖြတ်သွားပြီး တံခါးအပြင်ဘက်ကို လျှောက်သွားကာ ခဏရပ်လိုက်တယ်။
တံခါးပိတ်ပြီးနောက် လုရှန်းက သူမရဲ့ ခေါင်းဆောင်းချွတ်လိုက်ပြီး ချုစစ်ဟန်ကို သူမရဲ့ ဗာဒံပုံသဏ္ဍာန် မျက်လုံးများဖြင့် စိုက်ကြည့်၏။
“ထိုင်။”
ချုစစ်ဟန် သူမကို ထိုင်ခိုင်းပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ လက်ဖက်ရည်တခွက်ထည့်ပေး၏။
“ကျေးဇူးတင်ပါတယ်၊ သခင်လေး။”
လုရှန်း သူ့ကို ကျေးဇူးမတင်ခင် လက်ဖက်ရည်ခွက်ကို လက်ခံယူကာ ပြောလိုက်၏။
“မင်း ဘာလို့ ဒီကိုရောက်နေတာလဲ?”
“ကျွန်မ…”
“အမှန်အတိုင်းပြောပါ။”
ချုစစ်ဟန်ထို စကားကို တင်းတင်းကျပ်ကျပ် မေးခွန်းထုတ်လိုက်၏။