လုရှန်း ရှက်သွားပေမဲ့ သူမအကြည့်ကို ချက်ချင်းပြန်မရုတ်ပေ။
မီးအရောင်မှတဆင့် ထိုယောက်ျား၏ သန်မာတဲ့ ခန္ဓာကိုယ်ကို မြင်နိုင်ဆဲပင်။ သူ့ပုံသဏ္ဌန်နဲ့ အသားရောင်ကို မမြင်ရပေမဲ့ ပုံရိပ်လေးကတောင် သူမရဲ့မျက်နှာကို ရဲတက်စေ၏။
သူမက အပြစ်ရှိစွာ အကြည့်ကို နောက်ပြန်ဆုတ်ပြီးနောက် စောစောက မြင်ကွင်းကို မေ့သွားအောင် သူမရဲ့ ပူထူနေတဲ့ မျက်နှာကို ပွတ်သပ်လိုက်၏။
ရေသံကို နားထောင်ရင်း ချုစစ်ဟန် ရေချိုးနေပြီလို့ ခန့်မှန်းမိတယ်။
သို့သော် တစ်နာရီလောက်ကြာတော့ အတွင်းဘက်မှ လှုပ်ရှားမှုမကြားရတော့ပေ။
သူမ စိတ်ရှုပ်ထွေးစွာနဲ့ မျက်မှောင်ကြုံ့သွား၏။ ဆောင်းဦးပေါက်နေပြီ၊ ရာသီဥတုက ပိုအေးလာပြီဖြစ်သည်။ ရေနွေးက တစ်နာရီလောက် ထားပြီးရင် အေးသွားပြီလေ။
မတော်တဆ အိပ်ပျော်သွားတာလား?
ထို့နောက် သူမ နောက်ထပ် တစ်နာရီခန့် ထပ်စောင့်၏။ ရေချိုးခန်းထဲမှာ လှုပ်ရှားမှုမရှိတဲ့အပြင် ချုယွမ် ကိုလည်း မတွေ့ရပေ။
သူမ မျက်မှောင်ကြုံ့ပြီး ရေချိုးခန်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။
သို့သော် သူမ ဝင်လာချိန် ချုစစ်ဟန် ရေချိုးကန်ထဲ လဲလျောင်းနေတာ သိလိုက်တယ်။သူ့ မျက်လုံးများ မှိတ်ထားပြီး အသက်ရှုသံက နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေပုံပင်။
“ချုစစ်ဟန်?”
လုရှန်း အလိုလိုခေါ်မိလိုက်သည်။
သူမ သူ့ကို အကြိမ်အနည်းငယ်ခေါ် ပြီး သူ့မျက်နှာကို ပုတ်လိုက်တယ်။ သို့သော် သူနိုးလာမဲ့ပုံ မပေါ်ပါ။
အပြင်ဘက်မှ တိုက်ပွဲသံများ ရုတ်တရက် ကြားလိုက်ရသည်။
လုရှန်း ထိတ်လန့်သွားပြီး ရေကို အနံ့ခံကြည့်၏။ ထို့နောက် သူမရဲ့ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
ရေထဲ အိပ်ဆေးတွေ ရှိနေတယ်။ ကိုယ်ခံပညာ ဘယ်လောက်ပင် ကျွမ်းကျင်နေပါစေ ဒီဆေးရေထဲ စိမ်ပြီးရင် အိပ်ပျော်သွားလိမ့်မည်။
ရိုးရိုးရှင်းရှင်းပြောရရင် ခဏ သတိလစ်သွားလိမ့်မည်။
လုရှန်း သွားတင်းတင်းကြိတ်ကာ ယောက်ျားနှင့် မိန်းမကြား ကွဲပြားမှုကို လျစ်လျူရှုကာ ချုစစ်ဟန်ကို ရေချိုးကန်ထဲမှ ဆွဲထုတ်၏။
ဘေးနားရှိ အဝတ်အစားတွေကို ကောက်ကိုင်လိုက်ပြီး ဂရုမစိုက်ဘဲ ဝတ်ပေးတယ်။ ထို့နောက် အခြေအနေကို စစ်ဆေးရန် အခန်းအပြင်ဘက်ကို အပြေးအလွှား မထွက်သွားခင် ချုစစ်ဟန်ကို လုံခြုံတဲ့နေရာမှာ ဖွက်ထားခဲ့တယ်။
သူမ ထွက်သွားပြီးနောက် ရေချိုးကန်မှ ထွက်လာတဲ့ ချုစစ်ဟန် သတိပြန်လည် လာခဲ့တယ်။
လုရှန်း ထွက်လာချိန် ချုယွမ်ရဲ့ ပခုံးပေါ် ပြတ်ရှဒဏ်ရာတစ်ခုရနေပြီး သူ့ခန္ဓာကိုယ်မှာ သွေးများ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရတယ်။
သူမရဲ့ ဓားကိုဆွဲထုတ်ပြီး အရှေ့သို့ ပြေးကာ ချုယွမ်ကို ဝိုင်းထားတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူများကို ကန်ထုတ်လိုက်တယ်။
ထို့နောက် သူမ တခြားလူဆိုးများနဲ့ ဆက်လက်တိုက်ခိုက်၏။
သူတို့ သူမနဲ့ မယှဉ်နိုင်တာကို ကြည့်ရင်း အနက်ရောင်ဝတ်စုံနဲ့လူများ သူမကို ဝိုင်းထားကြတယ်။
လုရှန်း နောက်မဆုတ်ပဲ အရှိန်မြှင့်ပြီး ပျံသန်းနေတဲ့ အနက်ရောင်လူအနည်းငယ်ကို စေလွှတ်လိုက်တယ်။
ချုယွမ် အာရုံပြန်ရချိန်တွင် အစောက အင်္ကျီဖြူဝတ်ထားသော အမျိုးသမီးကို တိုက်ခိုက်နေကြသည့် အနက်ရောင်လူများသည် ဦးတည်ချက်ပြောင်းပြီး သူတို့ရဲ့ အပေါင်းအဖော်များကို စတင်တိုက်ခိုက်နေကြတာကို တွေ့လိုက်ရတယ်။
ချုစစ်ဟန် အဝတ်စားဝတ်ပြီး ထွက်လာချိန်တွင် အဖြူရောင်အလင်းတန်းလေး မြင်လိုက်ရတယ်။
“သူမ ဖြစ်နိုင်မလား?”
ချုယွမ် ပခုံးကို တင်းတင်းဆုပ်ရင်း တိုးတိုးလေးပြောလိုက်တယ်။
“ဘာဖြစ်တာလဲ?”
ချုစစ်ဟန် မျက်မှောင်ကြုံ့ကာ မေးလိုက်တယ်။
“သခင် အဆင်ပြေရဲ့လား?”
အပြင်မှာ ဒီလောက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ချုစစ်ဟန် ထွက်မလာသည်ကို ကြည့်ရသလောက် တစ်ခုခုမှားနေတာ ခံစားမိတယ်။ သူဝင်ပြီး စစ်ဆေးချင်ပေမယ့် အနက်ရောင်ဝတ်ထားတဲ့လူတွေက ချုပ်နှောင်ထားခဲ့လို့ မလွတ်မြောက်ခဲ့ပါ။
ချုစစ်ဟန် အေးစက်စက်ဆိုတယ်။ “သူတို့ ရဲ့ ထောင်ချောက်ထဲ မတော်တဆကျပြီး ရေချိုးခန်းထဲ နစ်မြုပ်သွားခဲ့တယ်။”
“ဘာ?” ချုယွမ် စိတ်ပူလာပြီး သူ့ဒဏ်ရာကို ဂရုမစိုက်နိုင်တော့။ သူက ချုစစ်ဟန်ကို စစ်ဆေးရန် အမြန်ရောက်လာတယ်။
“ငါ အခုအဆင်ပြေတယ်။” ချုစစ်ဟန် အဖြူရောင်ရုပ်လေး ပျောက်ကွယ်သွားသည့်ဘက် မျက်မှောင်ကြုံ့ကာ စိုက်ကြည့်နေ၏။ “ အဲဒါ…”
သူ လုရှန်းရဲ့ အသံကို ကြားလိုက်သလိုပင်။
“မိန်းကလေးလုလား၊ မသေချာဘူး။” ချုယွမ် အသံတိုးတိုးဖြင့်ပြော၏။
“သူမ သခင့်အခန်းထဲက ထွက်လာပြီး ကျွန်တော့်ကို ကယ်ခဲ့တာ။ ဟုတ်တယ်၊ အဖြူရောင်မိန်းကလေးက မိန်းကလေးလုလို ရုပ်သေးပညာကို သိတယ်။”