Switch Mode

စာစဥ် (၉) အပိုင်း (၁၂၆)

လွတ်မြောက်ခြင်း

ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်ရဲ့ မြူခိုးတွေ အရောင်မှိတ်သွားတဲ့ အချိန်။

အနက်ရောင် ပုံရိပ် တော်တော်များများသည် ထိုအခြေအနေကို သတိပြုမိသွားပြီး ကျင့်ကြံနေခြင်းကို ရပ်တန့်ကာ သူတို့ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရူလိုက်ကြသည်။

အမှောင်ထဲတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို မြင်တွေ့နိုင်စွမ်း မရှိကြသော်လည်း ယောင်ယောင်နှင့် ဂူကလန်တို့ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အသံများကြောင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်ကြသည်။

ယောင်ယောင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ လူတိုင်း၏ နားအတွင်းသို့ အသံတစ်ခု ပို့လွှတ်လိုက်သည်။

“ဒီနေရာက စိတ်ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်ပဲ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေ စုပ်ယူ မခံချင်ဖူးဆိုရင် ဒီက အမြန်ထွက်သွားကြတော့”

ဒီစကားတွေကို ကြားလိုက်ရသော အချိန်မှာ မရေမတွက်နိုင်တဲ့ လူတွေအားလုံး ကြောက်လန့် အံ့အားသင့် သွားကြသည်။

“ဘာ။ စိတ်ဝိညာဉ် သန့်စင်ခြင်း မျှော်စင်မဟုတ်ပဲ စိတ်ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်လား”

“ဒါပေမဲ့ ဘာလို့ ငါ့စိတ်ဝိညာဉ် အစွမ်းတွေ တိုးတက် လာတယ်လို့ ခံစားနေရတာလဲ”

“ဟမ်။ ဒီမှာ လူတစ်ယောက် သေနေတယ်”

“ဘာလို့ သူ့စိတ်ဝိညာဉ် စွမ်းအားတွေ ကုန်ဆုံး သွားရတာလဲ”

“…..”

ယောင်ယောင်၏ သတိပေးသံကြောင့် လူတိုင်းက မျှော်စင်ထဲမှ ထွက်ခွာရန် အတွက် ကြိုးစား လိုက်ကြသည်။

“ခွေးမလေး … ”

မျှော်စင်ထဲမှ အခြေအနေကို မြင်တဲ့ အချိန်မှာ ဂူချိုး၏ မျက်လုံးများ နက်မှောင် သွားသည်။

သည်လူတွေသာ မျှော်စင်ထဲမှ ထွက်ခွာ သွားနိုင်လျှင် ဂူကလန်၏ လျှို့ဝှက်ချက် ပေါက်ကြားသွားပြီး ဂူကလန်၏ ရန်သူတွေ ပိုမိုများပြား လာပေမည်။ ဂူချိုးက ဒေါသထွက်စွာ အေးဆက်ဆက် အမိန့်ပေးလိုက်သည်။ လူတွေ အားလုံးကို မျှော်စင်ဆီကို ခေါ်လိုက် ဒီနေ့ သူတို့လုပ်ခဲ့တဲ့ အရာအားလုံး အတွက် သူတို့ ပေးဆပ်ရမယ်။

အကြီးကဲ တစ်ယောက်က ခေါင်းညိတ်ပြလိုက်ပြီး စူးရှသော လေခွန်သံတစ်ခု ပြုလိုက်သည်။ ထိုအသံသည် ဂူကလန်ဝန်း တစ်ခုလုံး ပျံ့နှံသွားပြီး ဂူကလန်သားများ၏ ခြေလှမ်းများက စိတ်ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်ဆီသို့ ဦးတည် လိုက်ကြသည်။

“စိတ်ဝိညာဉ် ဆက်သွယ်ခြင်း”

ဂူချိုး၏ မျက်လုံးတွင် အကြင် အနာကင်းမဲ့သော အရိပ်ယောင်များ ထွက်ပေါ်လာပြီး အကြီးကဲ နှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။

အကြီးကဲ နှစ်ယောက်လည်း ခေတ္တမျှ တုံ့ဆိုင်း သွားသည်။ စိတ်ဝိညာဉ် ဆက်သွယ်ခြင်း ပညာရပ်က ဂူကလန်၏ လျှို့ဝှက်နည်း စနစ်တစ်ခု ဖြစ်ပြီး အခြားသူတွေ၏ စိတ်ဝိညာဉ် စွမ်းအားများကို ရယူပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနည်းစနစ်ကို အသုံးပြုသည့် အတွက် ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလှပေသည်။

ထိုပညာရပ်က သူတို့၏ စိတ်ဝိညာဉ်ကို အလွန်အမင်း နာကျင်စေပြီး ကျင့်ကြံခြင်း လမ်းစဉ်ကိုပင် ထိခိုက် စေနိုင်သည်။ သို့သော်လည်း သူတို့က လျင်မြန်စွာပင် ခေါင်းညိတ် ပြလိုက်ပြီး ဂူချိုး၏ ပခုံးပေါ်သို့ သူတို့၏ လက်များ တင်လိုက်သည်။ ထို့နောက်သူတို့၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာပြီး ဂူချိုး၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်။

ဂူချိုး၏ မျက်ခုံးနှစ်ခု ကြားတွင်လည်း အလင်းရောင်များ စူးရှတောက်ပလာပြီး သူ၏ စိတ်ဝိညာဉ် စွမ်းအားများလည်း မြင့်တက် လာခဲ့သည်။

ဝရုန်း… မိုးချူန်းသံကဲ့သို့ အသံတစ်ခု ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။

မူလ စဦးချီများနှင့် အတူ စိတ်ဝိညာဉ် တိုက်ခိုက်မှု တစ်ခုထွက်ပေါ်လာသည်။

ဝေါင်း……

ထန်ထန်နှင့် ရေခဲငှက်တို့၏ ကျယ်လောင်စွာ အော်ညည်းသံများ ထွက်ပေါ်လာသည်။ ရှေးဦး သွေးပါသော မှော်သတ္တဝါများ ဖြစ်သော်လည်း စိတ်ဝိညာဉ် တိုက်ခိုက်မှုက သူတို့၏ စိတ်ဝိညာဉ်များကို တိုက်ရိုက် လာရောက်ထိမှန်သည်။

ယောင်ယောင်၏ လက်ထဲတွင်  စိတ်ဝိညာဉ် စွမ်းအားများ လင်းလက် သွားပြီး….

“စိတ်ဝိညာဉ် ဒိုင်း…”

ကြည်လင်သော ဒိုင်း တစ်ခုက သူမ၏ ရှေ့တွင် ပေါ်လာပြီး တိုက်ခိုက်လာသော စိတ်ဝိညာဉ် အားလှိုင်းများကို ကျိုးပဲ့စေသည်။ သို့သော်လည်း ဒိုင်းမှာ ပြင်းထန်စွာ တုန်ခါနေပြီး  ကြာရှည်စွာ ခုခံနိုင်မည့်ပုံ မပေါ်တော့ပေ။

သုံးယောက် စုစည်းထားသော စိတ်ဝိညာဉ် စွမ်းအားများမှာ လွန်စွာ ကြီးမားလှသည်။

“အစ်မကြီး အခြေအနေ မကောင်းတော့ဘူး”

လုလျိုက အားပျော့စွာ ပြောလိုက်သည်။

မကြာမီပင် ဂူကလန်၏ ပိုင်နက် အတွင်းမှ ကလန်သားများ စိတ်ဝိညာဉ် မျှော်စင်သို့ ရောက်လာလျှင် သူတို့၏ အခြေအနေက ပိုမို ဆိုးတေ သွားပေလိမ့်မည်။

ယောင်ယောင်က ခေါင်းညိတ် လိုက်ပြီး ပြောလိုက်သည်။

“ဆုတ်ဖို့ ပြင်ထားလိုက်”

သူတို့ ရည်မှန်းချက် ပြည့်မြောက်သွားပြီ ဖြစ်သောကြောင့် ဤနေရာတွင် ဆက်တိုက်ခိုက်ဖို့ မလိုတော့ပေ။

ထိုစကားကို ကြားတော့ လုလျို၏ ပါးစပ်မှ ထူးဆန်းတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ ရေခဲငှက်က သူမ၏ ရှေ့သို့ ပျံဝဲရောက်ရှိလာပြီးနောက် သူမရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးက လေထဲသို့ ပြန်ဝဲသွားပြီး ရေခဲငှက်၏ ကျောပေါ်သို့ တက်လိုက်သည်။

ထန်ထန်ထံမှ အနီရင့်ရောင် ထွက်ပေါ်လာပြီး ယောင်ယောင်အား သူ၏ ကျောပေါ်သို့ တင်ဆောင်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ဇူယွမ်က အဝေးမှ တစ်ဟုန်တိုး ပြေးလာပြီးနောက် သူ၏ ခြေထောက်အား စောင့်နင်းချလိုက်ပြီး လေထဲသို့ ခုန်တက်ကာ ယောင်ယောင်၏ နောက်သို့ ခုန်ဝင်လိုက်သည်။ သူ၏ လက်များက အရှိန်မထိန်းနိုင်ပဲ သူ၏ ရှေ့တွင်ရှိသော ပုံရိပ်လေး၏ သွယ်လျလျ ခါးလေးကို ဖက်မိလျက် သွားကျသည်။

ယောင်ယောင်၏ ခါးကို ဖက်မိလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ် တောင့်တင်း သွားသည်ကို ဇူယွမ် ခံစားလိုက်ရပြီး ရှက်ရွံ့မှု တစ်ဝက် ဒေါသတစ်ဝက်နှင့် မျက်နှာလေးက သူ့ကို လှည့်ကြည့် လာသည်။

ဇူယွမ်က သူ၏ လက်ကို ကိုးရိုးကားရား မြှောက်လိုက်ပြီး “ငါသူ့တို့ကို မထိမိဖူး”

ယောင်ယောင်က နှာခေါင်းရှုံ လိုက်သည်။ ဒီနေရာမှ အပြစ်ပေးဖို့ မသင့်လျော်သေးဘူး ဆိုတာကို သူမသိသည်။ ထိုနောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ထန်ထန်က အလင်းတန်း တစ်ခုလိုမျိုး မျှော်စင် အပြင်ဘက်သို့ ပြေးထွက် လိုက်သည်။

“ဘယ်ကို သွားဖို့ စဉ်းစားနေတာလဲ”

ထိုအရာကို မြင်တော့ ဂူချိုး အော်ဟစ် လိုက်သည်။ ဂူကလန်၏ အစီအစဉ်တွေက ဇူယွမ်တို့ကြောင့် ပျက်စီး သွားသည့် အပြင် နောက်လာမယ့် နေ့ရက်တွေမှာ သူတို့ အတွက် ရပ်တည်ဖို့ လွယ်ကူတော့မှာ မဟုတ်ဘူး။ သူတို့ကို ဒုက္ခပေးသွားတဲ့ အတွက် အသေ သတ်ပစ်ချင်နေပြီ။

ဂူချိုး၏ နဖူးပေါ်တွင် အလင်းတန်းတစ်ခု လင်းလက်လာပြီး စိတ်ဝိညာဉ် ပုံပေါ်ခြင်း အဆင့် စွမ်းအားတွေ ပါဝင်သော စိတ်ဝိညာဉ် တိုက်ခိုက်မှု တစ်ခုက သူ့ ခေါင်းထဲမှ ထွက်ပေါ်လာသည်။ ဝိညာဉ် စွမ်းအားတွေက ရှည်ထွက်လာပြီး မှုန်ဝါးစွာ သွားနေသော ဇူယွမ်တို့ဆီကို အမြန်နှုန်း တစ်ခုနှင့် ပစ်လွှတ်လိုက်သည်။

သည်မြင်ကွင်းကို မြင်ရတော့ ဇူယွမ်၏ မျက်နှာက အမူအရာ ပြောင်းလဲသွားသည်။ သူက ဂူချိုး၏ စိတ်ဝိညာဉ် စွမ်းအားကို ခံစားမိသည်။ ဤပစ်ချက်သာ သူ့ စိတ်ဝိညာဉ် ထိမှန်သွားပါက သူ့ စိတ်ဝိညာဉ် ပျက်စီးသွားမည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော်လည်းပဲ ထိုအချိန်တွင် ယောင်ယောင်၏ လက်မောင်းအိုး အတွင်းမှာ ဒါဇင်ချီတဲ့ စာလိပ်များ ထွက်ပေါ်လာသည်။

ဘုန်း ဘုန်း ဘုန်း …

စာလိပ်တွေ ပေါက်ကွဲ သွားပြီး တစ်ခုဆီက အဆင့်လေး မှော်စာလုံးများ ဖြစ်သည်။ စွမ်းအင်တွေ နေရာအနှံ ပျံ့နှံ့သွားပြီး ဂူချိုး၏ စိတ်စွမ်းအင်ကို တားဆီးလိုက်သည်။

ထန်ထန်က စက္ကန့်ပိုင်းအတွင်း အရှေ့သို့ တိုးထွက်သွားပြီး အသက်ရှူချိန် မိနစ်အနည်းငယ် အတွင်း အနက်ရောင် မျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

“သူတို့ကို တားစမ်း”

မျှော်စင်၏ အပြင်ဘက်တွင် များစွာသော ဂူကလန်သားများက တိုက်ခိုက်ရန် စောင့်နေကြပြီး သူတို့ ထုတ်ဖော်ထားသော ချီစွမ်းအားများက ကောင်းကင်ကိုပင် ဖုံးအုပ်လျက်ရှိပြီး ထန်ထန်ကို တားဆီး လိုက်ကြသည်။

ဝေါင်း..

ထန်ထန်၏ မျက်နှာမှာ ရက်စက် ကြမ်းကြုတ်သည့် အသွင်သို့ ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် အတွက် သူ၏ ပါးစပ်ကို ဖွင့်ဟ လိုက်သည်။ အနက်ရောင် အလင်းတန်းနှင့် အတူ တွင်းနက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားပြီး တိုက်ခိုက်သူ တစ်ယောက်စီတိုင်းကို မျိုချလိုက်သည်။

ဂူချိုးက မျှော်စင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း မူလ မှော်သားရဲ နှစ်ကောင်လုံးမှာ အလွန် ဝေးကွာသော အရပ်ဆီသို့ ရောက်ရှိနေပြီး သူတို့ကို ဖမ်းဆီးဖို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။

“ဟဟ။ ငါဒီရတနာ ပစ္စည်းကို ကူညီပြီး သိမ်းထားပေးပါ့မယ်။ ခင်ဗျား နောက်ထပ်သားကောင် တွေ့ရှာလို့မရအောင်”

ထွက်ပြေးနေရင်းနဲ့ ဇူယွမ်က အနက်ရောင် သလင်းလုံးလေးကို မြှောက်ပြလိုက်ပြီး အော်ပြော လိုက်သည်။

ဂူချိုး၏ မျက်လုံးတွေက ပေါက်ကွဲလု မတတ် နီရဲနေပြီး အော်ပြောခဲ့သည်။

“သူခိုးလေး ငါတို့ ဂူကလန်ရဲ့ ရတနာကို ချထားခဲ့ လိုက်စမ်း”

ဂူကလန်က မှော်စာလုံး ရေးရာတွင် ထူးချွန် နေရခြင်းမှာ ထို အနက်ရောင် သလင်းကျောက်လုံး လေးကြောင့်သာ ဖြစ်သည်။ သူတိူ့ဒီအရာကို ယူဆောင် သွားသည့်အတွက် ဂူကလန်၏ အဆင့်အတန်းကား နိမ့်ကျသွားမည် ဖြစ်သည်။

သို့သော်လည်း သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီးနောက် သားရဲနှစ်ကောင်နှင့် အတူ ဂူကလန်ကို နောက်တွင် ချန်ထားရစ်ပြီး မိုးကုတ် စက်ဝိုင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။

အား …

ဂူချိုးက သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ပါးစပ်ထဲတွင် ပြည့်တက် လာသည့် သွေးများ အန်ထွက်လာသည်။

သူက အကြီးကဲ တစ်ယောက်ကို အမိန့်ပေးလိုက်သည်။

“ဂူလန်ကို ဘာတွေဖြစ်နေလဲ ဆိုတာ သတင်းသွားပို့လိုက် သူမအကို အသတ်ခံလိုက်ရပြီး သတ်သွားတဲ့ သူက သူတော်စင် အကြွင်း အကျန်နယ်မြေကို ဦးတည် သွားနေတယ်လို့”

“အနက်ရောင် ယင်ကလန်ရဲ့ ဂုဏ်ထူးဆောင် တပည့် တစ်ယောက်အနေနဲ့ သူမက သူ့ကို သတ်ပြီး ဂူကလန်ရဲ့ ရတနာကို ပြန်ယူလာဖို့ ပြောလိုက်”

သူက ထိုစကားများကို စောင့်တည်ရာမဲ့စွာ ရှူးရှူးရှဲရှဲ ပြောလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset