“ဘုန်း….”
ဇူယွမ်က လှမ်းရိုက်လိုက်သည်နှင့် မြေကြီးပင် တုန်ခါသွားသည်။ တစ်ယောက်ယောက်က ဇူယွမ်ရှေ့တွင် ရွှေအိုရောင် သက်တံ့ တစ်ခုကဲ့သို့ ရွှေရောင်ရင့်ရင့် အလင်းတန်းများကို တွေ့နိုင်ပေသည်။ ၎င်းအလင်းတန်းများက ဂူလန်ရှိရာသို့ ခြယ်လှယ် နိုင်စွမ်း အပြည့်ဖြင့် တန်းတန်းမတ်မတ် ဝင်သွားသည်။ ထိုရွှေရောင် သက်တံများက ကောင်းကင်ကို ထိုးခွင်းနိုင်သော စိတ်ဆန္ဒတို့ဖြင့် တောင်ထိပ်မှ ဆင်းသက် လာသော ဧရာမ နဂါးကြီးကဲ့သို့ ရှိသည်။
၎င်းက ခန်းနား ထည်ဝါကာ အလွန် အံ့သြထိန့်လန့်ဖွယ် ကောင်း၏။
ရွှေရောင် သက်တံ့များကြောင့် ဇူယွမ်ရှေ့ရှိမြေ ကြီးများပင် အက်ကွဲရသည်။
နဂါးလက်ဝါး အဆင့်သုံး…
တစ်နှစ် ကြာလေ့လာပြီးနောက် ဇူယွမ်က အဆင့်သုံးကို အသုံးပြု နိုင်စွမ်း ရှိလာသည်။ ထိုစွမ်းအားများက သူ့ကိုလုံး၀ အံ့အားသင့် စေသည်။ ဤတိုက်ခတ်မှုက အလယ်အလတ် အနက်ရောင် မူလကျင့်စဉ် အဆုံးစွန် အင်ပါယာ တံဆိပ်၏ အဆင့်မြင့် အဆင့်ထက်ပင် သာလွန် နေသည်။ အလယ်အလတ် ကောင်းကင် တံခါးအဆင့် ကျွမ်းကျင်သူများပင် ထိုရိုက်ချက်ကို ရှောင်ဖို့သာ တက်နိုင်၏။
ဂူလန်၏မျက်နှာက တုန်လှုပ်ဟန် ပေါ်လာပြီး ကြောက်ရွှံမှုများကို သူ့မျက်လုံးထဲ၌ တွေ့ရသည်။ သူက ချီစုဆောင်းမှု အဆင့်တစ်ယောက်ဟာ အခုလို ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်လိမ့်မည် ဟု တစ်ခါမျှ မတွေးဘူးပေ။ ဂူလန်က ထိုတိုက်ခတ်မှုမှ အလျင်အမြန် ရှောင်ပြေးလိုသည့် သနားစရာ အသွင်ဖြစ်နေသည်။ သို့သော် ရွှေရောင် သက်တံ အလင်းက အရိပ်တစ်ခုလို အသက်တစ်ခါ ရှူချိန်အတွင်း သူ့ရှေ့သို့ ကျရောက်လို့ လာသည်။ ရှောင်လို့ မရတော့သည့် အတွက်ကြောင့် သူက ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး မူလချီများကို ပေါက်ကွဲ စေလိုက်သည်။ သူက လက်ငါးချောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး လက်သီး တစ်လုံးကို ပေါက်ကွဲ ထွက်လာစေသည်။
“ဘုန်း…”
လေထုပင် အက်ကွဲ ကုန်သည်။
တောင်ပေါင်း တစ်ထောင် လက်သီးတံဆိပ်…
ဒေါသတကြီး ပေါက်ကွဲ ထွက်လာသည့် မူလချီများက မုန်တိုင်း တစ်ခုလို ပြောင်းသွားကာ ရွှေရောင်သက်တံများအား တိုက်ခိုက် စေသည်။
“ဘန်း…”
စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ကို ဖွတ်ဖွတ်ညက်ညက် ကျေစေသည်။ မြေကြီးများကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေသည်။ ပြင်းထန်သော တိုက်ခတ်မှုကြောင့် ဂူလန်က လွင့်ထွက်သွားကာ သွေးတစ်လုတ် အန်လိုက်ရသည်။
သို့ရာတွင်သူက လွင့်ထွက် သွားစဉ်မှာပင် အန္တရာယ် အကြည့်က သူ့မျက်နှာပေါ်၌ ပေါ်လာ၏။ ဂူလန်က သူ့လျှာကို ကိုက်လိုက်ကာ သေးငယ်သော အနက်ရောင် အလင်းတန်းလေး တစ်ခုကို ထွက်ပေါ် စေသည်။ ထိုအလင်းတန်းလေးကို မိုးကြိုး ပစ်သလို တိုက်ခိုက်မှုဖြင့် ဇူယွမ်နဖူးထံသို့ တည့်တည့် ဝင်ရောက်ကာ ထိမှန်စေသည်။ ဂူလန်၏ တိုက်ခိုက်မှုက မြေပြင်ကို ထိမှန်ကာ ကြေမွစေသည်။ သူ့အသားအရေမှာ နက်မှောင် သွားပြီး အတွင်းအင်္ဂါ များမှာလည်း အစိတ်စိတ် ကွဲထွက်သလို ခံစားရသည်။ စွမ်းအား ပြည့်လွန်းသော အလင်းတန်းကြောင့် သူကိုယ်တိုင် ဆိုးရွားစွာ နာကျင်ရသည်မှာ ရှင်းလင်းပေသည်။
သို့ရာတွင်သူက အပြင်းအထန် နာကျင် နေသော်လည်း ဇူယွမ်ကို ကြည့်ကာ လှောင်ရယ်ကာ ပြောလိုက်သည်။
“ကောင်လေး … မင်းက ဝါနု ပါသေးတယ်။ မင်းကငါ့ရဲ့ စိတ်ဝိညာဉ် ဖျက်ဆီးခြင်း အပ်ကို ထိမှန်ခံရပြီး ဖြစ်တဲ့အတွက် ကျိန်းသေ သေရတော့မယ်”
ဇူယွမ်အနားမှာ ရှိသောဖုန်များ ပျောက်ကွယ် သွားပြီးနောက် သူ့၏ ပုံသဏ္ဌာန်သည် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ဂူလန်၏ မျက်နှာပေါ်က အပြုံးကလည်း တစ်စချင်း ကြက်သေ သေသလို ဖြစ်သွား၏။
ဇူယွမ်၏ မျက်ခုံး နှစ်ခုကြားတွင် အစိမ်းရောင် ကြေးခွံ ပေါ်လာခဲ့လေသည်။ ပါးလျသော ထိုအနက်ရောင် အပ်လေးက သူ၏ ကြေးခွံပေါ်တွင် စိုက်ဝင်နေကာ အရေပြားထဲသို့ ထွင်းဖောက် မဝင်ရောက် နိုင်ခဲ့ပေ။ ဇူယွမ်က ထိုအပ်ကို ထုတ်ယူလိုက်ပြီး ဂူလန်ကို မထူးခြားစွာ ကြည့်လိုက်၏။
“ဒါက ဘယ်လို ဖြစ်နိုင်မှာလည်း… ဂူလန်က ကြောက်ရွံ့ တုန်လှုပ်စွာ အော်ပြော လိုက်တယ်။ ပြီးခဲ့တဲ့ သူ့ရဲ့ အလစ် တိုက်ခိုက်မှုက မိုးကြိုးပစ်သလို မြန်ဆန်ပြီး ချိန်သားလည်း ကိုက်တယ်။ ဒါကို တောင်မှ …ဇူယွမ်က ဘယ်လိုလုပ် ကာကွယ် နိုင်လိုက်တာလဲ”
“မင်းက ဒီနေရာမှာပဲ စိုးရွားစွာ သေရမယ်…”
ဇူယွမ်ရဲ့ အသံက ထွက်ပေါ် လာခဲ့သည်။ အသတ်အဖြတ် အငွေ့အသက်များဖြင့် ဇူယွမ်က သူရှိရာသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို ကြည့်ရင်း ဂူလန်က သေလောက်အောင် ကြောက်ရွံ့မိသည်။
“မင်းငါ့ကို သတ်ရင် ဂူကလန်က ခွင့်လွှတ်မှာ မဟုတ်ဘူး”
ဇူယွမ်က နှုတ်ခမ်းထောင့်မှာ သရော်ပြုံး တစ်ခုကို တပ်ဆင်ကာ ပြောလိုက်သည်။
“ဂူကလန်က ဒီလိုလုပ်ဖို့ ဒီအချိန်၊ ဒီနေရာကို ဘယ်သူမှ ဝင်မလာနိုင်သေးဘူး…”
ဂူလန်လည်း ထိုအရာကို နားလည်ပုံ ရသည်။ ရုတ်တရက် သူက လွတ်မြောက်ဖို့ အခွင့်အရေး ရရန် မျှော်လင့်မိပြီး မြေကြီးပေါ်ကို အလျင်အမြန် ဒူးထောက် ချလိုက်သည်။
“သို့သော်… ဇူယွမ်က သူကို့ ဒီလိုအခွင့်အရေးမျိုး ဘာလို့ပေးရမှာလဲ”
ဇူယွမ် လက်ချောင်း ကြားထဲမှ အနက်ရောင် အပ်လေးက အလင်းတန်း အဖြစ် ထွက်ပေါ်လာပြီး ဂူလန်၏ ခေါင်းကို ဖောက်ထွက်သွား၏။ ဂူလန်၏ မျက်နှာက အေးစက်သွားပြီး သူ့ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ဝုန်းခနဲ လဲကျသည်။ သူက အသက်ငွေ့ငွေ့သာ ရှိတော့၏။
“ဒီခဏမှာသူက ဇူယွမ်တို့ နှစ်ယောက်ကို ရတနာ ခန်းမဆောင်မှာ ရန်စမိတဲ့ အတွက် အတော်လေး နောင်တ ရမိပါတယ်… ဒီချီစုဆောင်းမှု အဆင့်ပမွှားကောင်က သူမျှော်လင့် မိတာထက် စွမ်းအား ပိုကြီးနေပုံပဲ…”
ဇူယွမ်က အသက်မဲ့နေသည့် ဂူလန်၏ ခန္ဓာကိုယ်ကို အေးစက်စွာ ကြည့်လိုက်သည်။
ဂူကလန်၏ ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်ကြောင့် လူဘယ်လောက်တောင်များ သေကြေ ပျက်စီး ခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။ သည်နေ့တွင် ဂူကလန်က ဝဋ်လည်ခြင်းကို ခံစားရပေမည်။
သူက ဂူလန်ကို အာရုံမစိုက်တော့ဘဲ အနက်ရောင် သလင်းလုံးလေး တင်ထားသည့် ကျောက်တုံးအောက်ခံခုံကို စိုက်ကြည့် လိုက်သည်။ အနက်ရောင် မြူများက မြေကြီးထဲမှ ထွက်ပေါ်နေပြီး ထိုသလင်းလုံးလေး အနားတွင် လှည့်ပတ်လျက် ရှိသည်။ ထိုသလင်း ကျောက်ထဲသို့ တစ်စုံတစ်ခုက အဆုံးမရှိ ဖြည့်တင်း ပေးနေသကဲ့သို့ ရှိလေသည်။
ဇူယွမ်က ၎င်းအရာကို တွေ့ရှိပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်မိ သွားသည်။ သူက ထိုအရာထဲ၌ စိတ်ဝိညာဉ် စွမ်းအင်များ စီးဆင်းနေသည်ကို ရှာတွေ့မိ၏။ ထို့အပြင် စိတ်ဝိညာဉ် စွမ်းအင်များက အနက်ရောင် သလင်းလုံးထဲသို့ ဝင်ရောက်ပြီး ပြန်လည် သန့်စင် မွမ်းမံ နိုင်သည်ကိုလည်း တွေ့ရသည်။
ဤအနက်ရောင် သလင်းလုံးလေးက မြောက်များစွာသော သန့်စင်သည် စိတ်ဝိညာဉ် စိမ်းအင်များကို စုစည်း ပေးနိုင်သည်။
ဇူယွမ်က ကူရာမဲ့စွာ သူကိုယ်သူ ပြောလိုက်မိသည်။
“ဒီသလင်းလုံးလေးက ဘာများဖြစ်မလဲ… ဒီဟာက စိတ်ဝိညာဉ် တွေကို စုပ်ယူနိုင်ပြီး ပြန်လည် သန့်စင်နိုင်တယ်လား…”
ထိုသလင်းလုံးလေးကြောင့် ဂူကလန်၏ အဖွဲ့ဝင်များသည် စိတ်ဝိညာဉ် စွမ်းအင်များ သန်မာ နေကြသည်မှာ ရှင်းလင်းစွာ သိနိုင်ပေသည်။
“ဘာပဲဖြစ်ဖြစ်…… ပထမဆုံး ဒါကိုအရင် ယူသွားလိုက်မယ်…”
ဇူယွမ်က အနက်ရောင် သလင်းလုံးအား ကျောက်တုံးအောက်ခံ ခုံပေါ်မှ ဆွဲယူလိုက်သည်။ အနက်ရောင် သလင်းလုံးက ဖယ်ရှား ခံရပြီးနောက် ကျောက်တုံး အောက်ခံခုံသည် တဖြည်းဖြည်း တုန်လာပြီး စတင် အက်ကွဲလို့ လာသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်ထဲ၌ အနက်ရောင် မြူများက ဖြည်းညင်းစွာ ပျောက်ကွယ် ကုန်သည်။
“ဘုန်း…”
ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်ထဲ တစ်နေရာမှာတော့ ပြင်းထန်သော တိုက်ပွဲက ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ သို့ရာတွင် ထန်ထန်နှင့် ရေခဲငှက်လေးတို့၏ ပြင်းထန် ရက်စက်သော တိုက်ခိုက်မှုကြောင့် ဂူကလန်၏ အကြီးအကဲ နှစ်ယောက်သည် မောပန်းနေကြပြီ ဖြစ်၏။ မူလသားရဲ နှစ်ကောင်၏ ကြမ်းကြုတ် ရက်စက်သော တိုက်ပွဲဝင် စွမ်းအားကြောင့်ပင် ၎င်းတို့သည် သာမန် သားရဲများ မဟုတ်ကြောင်း ပြသလို့နေ၏။
သူတို့ အသက်ရှင် နိုင်နေခြင်းမှာ စိတ်ဝိညာဉ် ဝါးမျိုခြင်းမျှော် စင်မှ အဆုံးမရှိသည့် စွမ်းအင်များ ရရှိနေခြင်းကြောင့်သာ ဖြစ်သည်။ ဤသည်က မူလ သားရဲနှစ်ကောင်၏ တိုက်ခိုက်မှုကို သူတို့ ခုခံနိုင်နေခြင်း အကြောင်းရင်း ဖြစ်၏။
ယောင်ယောင်နှင့် ဂူချိုးတို့၏ တိုက်ပွဲက ပိုလို့ပင် ရယ်စရာ ကောင်းသေးသည်။ ယောင်ယောင်က မူလချီများ တစ်စက်မှ မထုတ်ဖော်နိုင်ပေ။ သူမက အရိုးရှင်းဆုံး ပုံစံဖြင့် တိုက်ပွဲကို ရင်ဆိုင်သည်။ တစ်စုံတစ်ယောက်က သူမသည် သူ့ရှေ့ရှိ ရန်သူကို အဆင့်လေး မူလချီ မှော်စာလုံးများ တစ်ခုပြီးတစ်ခု ထုတ်ပစ် နေသည်ကို တွေ့မြင်နိုင်သည်။ ယောင်ယောင်က စက္ကူများဖြင့် တရစပ် ထိုးနှက်နေသလို ဖြစ်နေပြီး ဂူချိုး၏ အခြေအနေမှာ ဤကဲ့သို့ ဖြစ်နေခြင်းကို လုံးဝ စိတ်ပျက်ကာ မယုံနိုင် ဖြစ်နေသည်။
အဆင့်လေး မူလမှော်စာလုံး….
၎င်းမှော်စာလုံးများသည် ဂူကလန်၌ အနည်းငယ် ရှိသော်လည်း သူတို့က အဆင့်အတန်းမြင့် ရတနာအဖြစ် သိမ်းဆည်း ထားရသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က အခုလိုမျိုး အဆင့်လေး မှော်စာလုံးကို ပေါများစွာ သုံးစွဲနေသည့် အခါ နှလုံးသားက ပြင်းထန်စွာ နာကျင်ရသည်။ ဤမိန်းကလေးက မကုန်ဆုံးနိုင်သည့်မူလမှော်စာလုံးများရှိနေသည့်ပုံပေါ်ကာ ဂူကလန်တစ်ခုလုံး၏ ပိုင်ဆိုင်မှုထက်ပင် များစွာ ပိုနေသည်။
ဂူချိုးက ယောင်ယောင်၏ အဆင့်လေးမူလ မှော်စာလုံးများကြောင့် အခက် တွေ့နေရသော်လည်း သူက စိတ်ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်မှ စွမ်းအား အကူအညီဖြင့် ခုခံနိုင်နေသေးသည်။
“ငါတို့ရဲ့စွမ်းအားက စိတ်ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်ထဲမှာဆိုရင် မကုန်ခန်းနိုင်ဘူး။ မင်းရဲ့ မူလ မှော်စာလုံးတွေနဲ့ ငါ့ရဲ့စိတ်ရှည်မှုမှာ ဘယ်အရာက အရင်ကုန်ဆုံးမလဲ၊ ကြည့်ကြတာပေါ့….”
ခိုင်မာ ပြတ်သားသော အမူအရာကို ဂူချင်း မျက်လုံးထဲ၌ တွေ့ရ၏။ သူက ထိုသို့ တွေးနေစဉ်မှာပင် မျှော်စင် အတွင်းဘက်မှ အနက်ရောင် မြူများသည် ရုတ်တရက် စတင် လျော့ပါး လာနေသည်ကို ခံစားမိသည်။
ထိုခဏ၌ မျှော်စင် တစ်ခုလုံးသည် စတင် တုန်ခါလို့ လာ၏။
အနက်ရောင် မြူများ ကြားထဲ၌ လူအများက တစ်ယောက်ပြီး တစ်ယောက် သတိ ထားမိလာပြီး သူတို့၏ မျက်လုံးများက မှင်တက်လျက် ရှိသည်။
“သေစမ်း…. ဝိညာဉ် သန့်စင်ခြင်း သလင်းလုံးက ဖယ်ရှား ခံရလိုက်ပြီလား…
ဂူလန်က အဲ့ဒါကို မကာကွယ် နိုင်ဘူးလား။ ဒီကောင်က ချီစုဆောင်းမှု အဆင့် ပမွှားကောင်လေး ကိုတောင် မထိန်းသိမ်း နိုင်ဘူးလား..”
ဂူချိုး၏ အသွင်မှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
“ဘုန်း…”
ဂူကလန်၏အကြီးအကဲ နှစ်ယောက်က နောက်သို့ ထိတ်လန့်စွာ ဆုတ်လိုက်မိသည်။ သူတို့က အနက်ရောင် မြူများ လျော့ပါးလာသည်ကို တွေ့ရသောအခါ အမူအရာများ ချက်ချင်း ပြောင်းသွားကာ ကြောက်လန့် တကြား အော်ဟစ်မိ လိုက်သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…၊ ဒီပမွှားကောင်က ဂူလန်ကို တကယ် သတ်နိုင်ခဲ့တာလား”
သူတို့၏ အသံကို ကြားရသောအခါ လုလျို၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမက တုန်လှုပ်မိသည်။ ပုံမှန်အားဖြင့် သူမက ဇူယွမ်ရှုံးနိမ့်လိမ့်မည်ဟု ယုံကြည်သည်။ ထိုအတွက် သူမက အမှန်တကယ် ဇူယွမ်နိုင်လိမ့်မည် ဟူ၍ စိတ်ပင်မကူးမိချေ။ လုလျိုက သူမ၏ မျက်လုံးရွှဲကြီးများကို ပုတ်ခတ်၍ သူ့ကိုယ်သူ ပြောလိုက်သည်။
“အစ်ကိုငယ်လေးဇူယွမ်… နင်က အရမ်းအံသြစရာ ကောင်းတာပဲ…”