Switch Mode

စာစဥ် (၉) အပိုင်း (၁၂၄)

ကောင်းကင်ဖျက်စီးခြင်း

ဇူယွမ်က ပတ်ပတ်လည် ဧရိယာကို စိုက်ကြည့်နေရင်းမှ ဂူလန်၏ နောက်ကျောဘက်ရှိ အောက်ခံခုံ တစ်ခုပေါ်တွင် တင်ထားသော ထူးဆန်းသော အလင်းရောင် ထွက်ပေါ်နေသည့် အနက်ရောင် သလင်းလုံး ထံသို့ အရောက်တွင် အကြည့်များရပ်တန့် သွားတော့သည်။ အောက်ခံ ခုံပေါ်တွင်လည်း မြေကြီးနှင့် ဆက်လျက် ရှေးဟောင်း မူလ မှော်စာလုံးများကို ရေးဆွဲထားသည်။

ဒီသလင်းလုံးလေးက ဝိညာဉ် ဝါးမျိုခြင်း မျှော်စင်၏ ဗဟိုချက် ဖြစ်ရပေမည်။

“ပမွှား ကောင်လေးလား”

ဇူယွမ်က ဂူလန်ရဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့ အချိန်မှာ ပြုံးလိုက်သည်။ မူလစဦး အဆင့်ကျင့်ကြံသူ တစ်ယောက်ကိုပင် သူက ငွေအရိပ်ရဲ့ စွမ်းအားကို ငှားရမ်း အသုံးပြုပြီးတော့ သတ်ဖြတ် ခဲ့သည်။ အခု ဂူလန်ကတော့ ကောင်းကင်တံခါး အလယ်လတ် အဆင့်ရှိသူ တစ်ယောက်သာ ဖြစ်သည်။

“မင်းရဲ့ခြေထောက်က ကျောက်တုံး တစ်ခုနှင့် ထုရိုက်ခံလိုက်ရတဲ့ အခါ မင်းဘယ်လို ခံစားရလဲ”

ဇူယွမ်က ခပ်ဟဟ ပြုံးလျက် မေးလိုက်သည်။ ဂူလန်က ယောင်ယောင်ရဲ့ ပုံရိပ်ကို မသိပဲ စိတ်ဝိညာဉ် မျှော်စင်ထဲသို့ ဝင်ရောက်ခွင့် လက်မှတ်ကို ပေးခဲ့သည်။ သူတို့က ထွက်သွား နိုင်ခဲ့သော်လည်း သူတို့၏ သဘော ဆန္ဒအလျောက် ဒီကိစ္စထဲတွင် ပါဝင် လာခဲ့သည်။

ဂူလန်၏ မျက်နှာ အမူအရာက ပြောင်းလဲမှု မရှိပဲ မေးလိုက်သည်။

“မင်းက ငါ့ကို ရပ်တန့် နိုင်မယ်လို့ ထင်လား။ မင်းရဲ့ အရည်အချင်းက င့ါပန်းခြံထဲက ကျောက်တုံး တစ်တုံး ဖြစ်ဖို့ အတွက်တောင် အရည်အချင်း မမီဘူး။ ကျောက်စရစ်ခဲလေးလိုပဲ လွယ်လွယ်ကူကူ ကန်ထုတ် လိုက်လို့ရတယ်”

သူ့၏နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားပြီး လူယုတ်မာ ဆန်သော အပြုံး တစ်ခုဖြင့် ဇူယွမ်ကို ကြည့်လိုက်သည်….

“မင်းကြည့်ရတာ ဒီမိန်းမလှလေးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ရှိပုံရတယ်။ ဟုတ်တယ်မလား စိတ်မပူပါနဲ့။ မင်းတို့ အားလုံးကို ဖမ်းဆီးပြီး နောက်ပိုင်းမှာ မင်းရဲ့ရှေ့မှာ သူမနဲ့ ကောင်းမွန်စွာ ပျော်ပါး ပြပေးမယ်”

ဇူယွမ်က ခံစားချက်မဲ့စွာ ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးတွေက ဂူလန်ကို စူးရှစွာ စိုက်ကြည့် လိုက်သည်။

“ကြည့်ရတာ ဒီနေ့က မင်း အသက်ရှင်ခွင့် ရတဲ့ နောက်ဆုံးနေ့ ဖြစ်မယ့်ပုံပဲ”

သူ့ရဲ့ စကားလုံးတွေမှာ အလွန်ပြင်းထန်နဲ့ လူသတ်ငွေ့တွေ ပါဝင်နေသည်။

“အို…”

ဂူလန်က မုန်းတီးစွာ ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ခရမ်းရောင် မူလ စဦးချီများ ထွက်ပေါ်လာပြီး သူ၏ အလယ်လတ် ကောင်းကင် တံခါးအဆင့် သန်မာမှုကို ထုတ်ဖော်လိုက်သည်။

ဂူလန်၏ မူလစဦး ချီများသည် မှိန်ဖျော့ဖျော့ အလင်းရောင်ရှိပြီး သူ့အရှိန်အဝါက တောင်များကို ထမ်းပိုး ထားရသလို အလွန်အမင်း လေးလံသော ခံစားချက်ကို ပေးသည်။ ဤမှုလချီများမှာ ဂူကလန်၏ အကောင်းဆုံးမှုလချီ ဖြစ်သော အဆင့်လေး တောင်ပေါင်း တစ်ထောင် အုပ်စိုးခြင်း ချီ ဖြစ်သည်။

“ပမွှားကောင်လေး မင်းငါ့ကို သွေးအန်စေမယ့် စကားလုံးတွေ ပြောဖို့ ယုံကြည်ချက် ရှိသေးလား။ မင်းရဲ့ ချီစုဆောင်းမှု စွမ်းအင် အဆင့်လေးနဲ့လေ”

ဂူလန်က လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။

ဘန်း……

သူ၏ ခန္ဓာကိုယ်က စကားဆုံးသည်နှင့် ဇူယွမ်ထံသို့ ခုန်ဝင်သွားသည်။ မျက်လုံးထဲတွင် ရက်စက်မှု အပြည့်ဖြင့် လက်သီး တစ်လုံးကို လေကို ခွင်း၍ ထိုးချလိုက်သည်။

ခလပ်…

ရက်စက် ကြမ်းကြုတ်လှသော ထိုးချက်က လေထဲသို့ ဝင်ရောက်သွားပြီး အဝါရောင် မူလချီများလည်း ရုတ်ရင်းကြမ်းတမ်းစွာ ပါဝင်လာသည်။

ဇူယွမ်၏ မျက်လုံးများမှာ ထက်ရှသွားပြီး ချက်ချင်းပင် သူ၏ နက်ရွှေရောင် စပါးအုံး ချီများကို ထုတ်ဖော်လိုက်ပြီး ဖြည်းညင်းစွာပင် သူ၏ လက်ငါးချောင်းကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး လက်သီးကို ရင်ဆိုင်လိုက်သည်။

ဘန်း….

လက်သီးနှစ်ခု ရင်ဆိုင်မိ သွားပြီး သူတို့ နှစ်ယောက်လုံး မြေပြင်သို့ ပြန်အကျတွင် အားလှိုင်းများ လေထဲတွင် ပျံ့ နှံ့ သွားခြင်းနှင့် အတူ ပုံရိပ်နှစ်ခုလည်း နောက်သို့ လွင့်စဉ်သွားကြသည်။

လေထုထဲတွင် ဖုန်ထသွားသည်။ ဂူလန်က မျက်နှာ နက်မှောင်စွာဖြင့် ဇူယွမ်ကို ကြည့်လိုက်သည်။ ဒီအဖြစ်အပျက်က သူ့ကို သိသွားစေသည်။ သူက ကောင်းကင် တံခါး အဆင့်ကို ရောက်နေပေမယ့် ချီစုဆောင်းမှု ထိပ်ဆုံး အဆင့်မှာ ရှိနေတဲ့ ဇူယွမ်က သူ့ကို ယှဉ်တိုက် နိုင်သည်။ ဒီအဆင့်နှစ်ခုက ကြီးမားစွာ ကွာဟ သင့်တယ် မဟုတ်ဖူးလား။

“ဒီ မူလချီစွမ်းအား ဒီလူငယ်ရဲ့ ကျင့်ကြံမှုက မရိုးရှင်းဖူးပဲ”

သို့သော်လည်း ဂူလန် လျင်မြန်စွာ သဘော ပေါက်သွားသည်။ ဇူယွမ် ပတ်လည်ရှိ နက်ရွှေရောင် မူလချီများကို ကြည့်ရတာ ထိုမူလချီများ၏

အရည်အသွေးမှာ အဆင့် ၄ ချီစွမ်းအားထက် သာလွန်ပေသည်။

“ဒါဆိုမင်းရဲ့ ယုံကြည်မှုတွေက ဒီကရတာပေါ့”

“ငါမင်းရဲ့ မူလစဦး ချီတွေကို စိတ်ဝင်စား လာပြီ မင်းကို ဖမ်းပြီးမှပဲ မင်းပါးစပ်ကနေ ဒီချီကျင့်ကြံခြင်း နည်းလမ်းကို ထုတ်ပြောလာအောင် လုပ်ရမှာပေါ့”

ဂူလန်က ကောက်ကျစ်စွာ ပြောလိုက်သည်။

ဇူယွမ်က တောက်ပစွာ ပြန်ပြုံးလိုက်ပြီး “မင်းက ဒီချီစွမ်းအားကို စိတ်ဝင်စားတယ်ပေါ့ ငါစိုးရိမ်မိတာက သေပြီးသားလူ အတွက် အသုံးမဝင် ဖြစ်နေမှာကိုပဲ”

ပုံရိပ်နှစ်ခုက အရှေ့ကို တစ်ဖန် ပြန်တက် လာကြသည်။

မြေ‌ပြင်ပေါ်တွင် ပုံရိပ်နှစ်ခုက တစ်ခုထဲ အဖြစ် ယှက်လျက် တည်ရှိနေပြီး တစ်ယောက်နှင့် တစ်ယောက် ထိုးကြိတ် ကန်ကြောက်လျက် တိုက်ခိုက် နေကြသည် တိုက်ခိုက် နေစဉ်အတွင်း ဂူလန်၏ မျက်လုံးများတွင် အလင်းရောင် တစ်ခု ဖြတ်သန်း သွားပြီး သူ၏ လက်သီးဆုပ် အတွင်း မူလ မှော်စာလုံး အစီအရင်တစ်ခု ပေါ်လာပြီး သူ့လက်မောင်း တစ်လျှောက် အလင်းတန်းများ လင်းလက် လာသည်၊

“အဆင် ၂ မူလ မှော်စာလုံး သတ္ထုကြံ အစီအရင်”

ဂူလန်၏ လက်သီးမှာ ရုတ်တရက် အနက်ရောင် သတ္ထု အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ကြောက်လန့်ဖွယ် စွမ်းအားများ ထွက်ပေါ်လာသည်။

ရုတ်တရက် မြင့်တက်လာသော စွမ်းအားများ အရ အဆင့်တူ ပြိုင်ဖက် တစ်ယောက်ကိုပင် အမှုန့်ကြိတ် နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

သို့သော်လည်း အနက်ရောင် သတ္တုများနှင့် လက်သီး တစ်ချက် သူ့ဆီသို့ တိုးဝင်လာသည်ကို မြင်သည်နှင့် ဇူယွမ်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ပခုံးကို ဆတ်ခနဲ လှုပ်ရှား လိုက်သည်။

“ရွှေလူဝံ တောင်များကို ရွှေ့ခြင်း မှော်စာလုံး”

မှော်စာလုံး တစ်ခုသူ၏ ကျောပေါ်တွင် အသက် ဝင်လာပြီး သူ၏ စွမ်းအားမှာလဲ တိုးမြင့်လာကာ လေထုကို ဖြတ်ကို လက်သီး တစ်လုံး ပြန်ထိုးလိုက်ရာ ဂူလန်၏ လက်သီးနှင့် ကြမ်းတမ်းစွာ တိုက်မိ သွားတော့သည်။

မြေတွင် အက်ကွဲကြောင်း နှစ်ခု ဖြစ်ပေါ်လာပြီး နှစ်ယောက်လုံး ခြေလှမ်း ဒါဇင်ခန့် နောက်ဆုတ် ပေးလိုက်ရသည်။

ဇူယွမ်က ခေါင်းမော့လိုက်ပြီး ဂူလန်ကို ပြောလိုက်သည်။ “ငါ့မှာ အဆင့်၂ မူလ မှော်စာလုံးတွေ အများကြီး ရှိတယ်”

ဂူကလန်ဝင် တစ်ယောက် အနေဖြင့် သူ့တွင် သန်မာသော စိတ်ဝိညာဉ် ပိုင်ဆိုင်ပေသည်။ ဒီမှော်စာလုံး အစီအရင်များကို သူ မှော်စာလုံးများ စောင့်ကြပ်ဖို့သာ လာခဲ့သဖြင့် သူ့ ခန္ဓာကိုယ်ပေါ်တွင် အမြောက်အများ ပြင်ဆင် လာခြင်း မရှိပေ။ ဂူလန်၏ မျက်လုံးထဲတွင် စိုးရိမ် ထိတ်လန့်မှုများ ဖြတ်ပြေး သွားပြီး သူပမွှားကောင်ဟု သတ်မှတ်ထားသော သူကို ကြောက်ရွံ့ ထိတ်လန့်လာသည်။

အခြားသော ကောင်းကင် တံခါးအဆင့် သာမန်ကျင့်ကြံသူ တစ်ယောက်သာ ဆိုလျှင် သူ့ကို စဦးကတည်းက ရှုံးနိုမ့်နေပြီ ဖြစ်သည်။ အခုတော့ သူက အဆင့် ၂ မူလ မှော်စာလုံးတွေကို အသုံးပြုနိုင်တဲ့ ကောင်းကင် တံခါးအလယ် အလတ်အဆင့် ဂူလန်နှင့် ရင်ဆိုင် နေရသည်။ သို့သော်လည်း အခု မျက်မှောက်ကာလ အခြေအနေအရ သူ့ရဲ့ ချီစုဆောင်းမှု နောက်ပိုင်း အဆင့်က သူ့ကို အကူအညီမဲ့ စေသည်။

ဂူလန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး  သူ၏ မူလ ချီစွမ်းအားများ အားလုံးကို ဇူယွမ်ထံ ပစ်လွှတ်လိုက်သည်။ အချိန် ကြာလာသည်နှင့် အမျှ ဇူယွမ်၏ စွမ်းအားကို သူနားမလည်နိုင်ပဲ ရူးမတတ် ဖြစ်နေသည်။

“ငါရဲ့တာဝန်က ဒီနေရာကို ကာကွယ်ပေးဖို့ပဲ အချိန်ကြာလာတဲ့နဲ့ အမျှ ငါ့အဖေနဲ့ အကြီးအကဲတွေရဲ့ တိုက်ပွဲ စွမ်းအားတွေ တိုးတက်လာပြီးတော့ ရန်သူတွေကို အဆုံးသတ်ပြီးရင် ဒီကောင့်ကို အေးဆေးရှင်းလို့ရပြီ အဲ့အချိန် မင်းမာန ကြီးနိုင်သေးမလား ကြည့်ရတာပေါ့”

ဂူလန်ရဲ့ မျက်လုံးတွေကို ကြည့်ရင်း ဇူယွမ်က ဂူလန်တိုက်ပွဲ အခြေအနေကို ပြောင်းလဲနိုင်ရန် လုပ်နေသည်ကို တွေ့လိုက်သည်။ ဂူလန်က တိုက်ခိုက်ခြင်း မရှိတော့ပဲ   မူလ မှော်စာလုံး အစီအရင်များကို ကာကွယ်နေပြီး အချိန်ဆွဲလျက် ရှိသည်။

“ငါအမှန် တကယ်တော့ ကောင်းကင် တံခါးအဆင့်သို့ ရောက်အောင် မင်းကို ဓားသွေးကျောက် အဖြစ် အသုံးပြုပြီးတော့ လေ့ကျင့်ချင်တာ”

ဇူယွမ်က ခေါင်းခါ  လိုက်ပြီး..

“ဒါပေမဲ့ မင်းက တိုက်ခိုက်ဖို့ စိတ်မပါမှတော့ မင်းက အသက်ဆက်ရှင်ဖို့ အတွက် တန်ဖိုး မရှိတော့ဘူး”

“ရှက်တတ်ရင် မင်းရဲ့ ပမွှားအဆင့် ပါးစပ်လေးကို ပိတ်ထားလိုက်…”

ဂူလန်က ပြက်ရယ် ပြုလိုက်သည်။ ဇူယွမ်၏ တစ်ဇွတ်ထိုးဆန်သော တိုက်ခိုက်မှု အောက်တွင် နောက်ဆုံး၌ သူရှုံးနိမ့် နိုင်သည်ကို ဂူလန်သိနေသည်။

ဇူယွမ်က အချိန်ဆွဲ မနေတော့ပဲ သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူ့ ခြေလှမ်း တစ်ဝက်ခန့် ရှေ့သို့ တက်လိုက်ပြီး သူ၏ လက်မောင်းကို ဖြည်းညင်းစွာ လှုပ်ရှား လိုက်သည်။ ဖြည်းညင်းစွာ လှုပ်ရှားလာသော လက်ထဲတွင် တောင်တစ်လုံး၏ စွမ်းအားများအား ဆုပ်ကိုင် ထားဟန်ရပြီး ပတ်ဝန်းကျင်ရှိ လေထုပင် စတင်ပြီး တုန်ခါ လာတော့သည်။ မူလစဦး ချီများသည် လှိုင်းလုံးများကဲ့သို့ ရုတ်ရင်း ကြမ်းတမ်းစွာ ဇူယွမ်၏ ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာသည်။ ဇူယွမ်၏ ခြေထောက်အောက်ရှိ လေထုမှာလဲ ပြင်းထန်စွာ လှုပ်ရှားနေပြီး ဖုန်ထလျက် ရှိသည်။

ဇူယွမ်က သူ့လက်တစ်ဖက်ကို လွှဲရိုက်လိုက်တဲ့ အခါ နက်ရွှေရောင် အလင်းရှိတဲ့ နဂါးလက်သည်း ပုံသဏ္ဍာန် ပေါ်လာပြီး တောင်တွေကို ဆုပ်ကိုင်ပြီး ကောင်းကင်ကို ဖြိုချမည့် ဟန်ပေါ်သည်။ အံ့အားသင့်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခု ဇူယွမ်ရဲ့ ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်သည်။

“ငါ့လှုပ်ရှားမှု တစ်ချက် ကောင်းကင်ကို ခွဲခြမ်းနိုင်တယ်”

ဇူယွမ်က ရှေ့သို့ လှမ်းတက်လာပြီး ဂူလန်ဆီသို့ ကြီးမားလှသော လက်တစ်ဖက်ဖြင့် ကျောက်တုံးကြီး တစ်တုံး ပစ်လွှတ် လိုက်သကဲ့သို့ ရိုက်ချလိုက်သည်။ သူ၏ ရှေ့တွင်ရှိသော မြေကြီးမှာ အက်ကွဲ လာခဲ့သည်။

နဂါးလက်ဝါးသိုင်း အဆင့်သုံး ကောင်းကင်ခွဲခြင်း။

ဂူလန်၏ မျက်နှာ အမူအရာက ထိတ်လန့် သွားခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset