Switch Mode

အပိုင်း(၁၁၂)-အဂ္ဂိရတ်ပညာရှင်အသင်း

ခုံတန်းရှည်ပေါ်တွင်လှဲကာ နေပူဆာလှုံနေသော ရှီမာယူယူ၏ စိတ်သည်သာယာနေသည်။ သူမသည် ရှီမာယူမင်နှင့် တခြားသူများကို ဆေးတစ်သုတ်ထုတ်ပေးပြီးပြီဖြစ်သည်။ သူ့ပါးစပ်ကပင် နာလန်ဟီ၏ တုန့်ပြန်မှုကို ရှီမာယူယူတွေ့ရှိခဲ့ရသည်။ အခြေအနေအားစုံစမ်းရန်လာသော သူများကိုမြင်ချိန်တွင် သူတို့သည် ဒုတိယအသုတ်ဆေးထွက်လာသည့်အချိန်တွင် အားလုံးအံ့သြသွားသည်ကို မြင်လိုက်ရသည်။ နာလန်ဟီနှင့် တခြားသူများ ဘယ်လိုနေမလဲဆိုသည်ကို တွေးရင်းနှင့်ပင် သူမစိတ်ထဲတွင် ကြိတ်ပျော်နေသည်။

“သခင်လေး ဘုရင်ကြီးရဲ့ မွေးနေ့စားပွဲက နောက်နှစ်ရက်ဆိုရောက်တော့မယ်၊ သွားမှာလား” ချွန်ဂျီအန်းသည် လက်ဖက်ရည်ငှဲ့ပေးပြီးနောက်မေးလိုက်သည်။

ရှီမာယူယူခွက်ကိုကောက်ယူလိုက်သည်။ စွမ်းအားရှင်များစွာလာမည်ဟု ဖက်တီးကျူပြောခဲ့သည်ကိုတွေးကာ သူမပြောလိုက်သည် “သွားမှာ ဘယ်လိုလုပ်မသွားပဲနေရမှာလဲ၊ အခုနာလန်ဟီဘာတွေဖြစ်နေလဲဆိုတာ ကြည့်ချင်နေပြီ”

“နာလန်မျိုးနွယ်က သခင်လေးကိုလာတိုက်ခိုက်မှာပဲကြောက်တာပါ” ချွန်ဂျီအန်းပြောလိုက်သည်။

“ကြက်ကိုတောင်မချည်နိုင်တဲ့ အမှိုက်တစ်စကို အဲလောက်လူတွေအများကြီးရှေ့မှာ သူတို့ဘာလုပ်နိုင်မှာမို့လို့လဲ” ရှီမာယူယူပြောလိုက်သည် “သူတို့အဘိုးကိုတိုက်ခိုက်မှာပဲစိုးတာ”

ထိုအချက်သည် သူမထည့်သွင်းစဉ်းစားရမည့်အဓိကအချက်ဖြစ်သည်။

အခုတော့ သူတို့မိသားစုနှစ်ခုကြားမှ တိုက်ပွဲသည် မီးနီအဆင့်ရောက်နေပြီဖြစ်သည်။ အဂ္ဂိရတ်ဆရာများ စုဝေးရောက်ရှိချိန်တွင် နာလန်ဟီအခွင့်ကောင်းယူကာ ပြဿနာရှာမည်ကိုပဲ သူမစိုးရိမ်သည်။

“နာလန်မျိုးနွယ်က အောင်မြင်မှုတွေရနေတဲ့ မိသားစုကြီးပဲ ဒီကိစ္စကို ဒီလိုပဲဆက်လုပ်ဖို့ သူတို့မှာရွေးချယ်စရာ မရှိတော့တာလား၊ သူတို့ကို တိုက်ရိုက်သတ်လို့ရမယ့် နည်းလမ်းမရှိဘူးလား” ခွက်ထဲမှ လက်ဖက်ရည် အရွက်အား ကြည့်ကာ ရှီမာယူယူရေရွတ်လိုက်သည်။

“သခင်လေး၊ ဘယ်လိုပဲဖြစ်ဖြစ် နာလန်မျိုးနွယ်ကို တိုက်ရိုက်သတ်လို့မရဘူး” ရှီမာယူယူပြောသောစကားများကို ကြားသည်နှင့် ချွန်ဂျီအန်းပြောလိုက်သည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ဘုရင်ကြီးကခွင့်မပြုလို့ပဲ” ချွန်ဂျီအန်းပြောသည် “စစ်သူကြီးက စစ်တပ်ကို အုပ်ချုပ်ရမယ်ဆိုပေမယ့် နာလန်မျိုးနွယ်ကလည်း မြို့တော်ကလိုအပ်တဲ့ စွမ်းအင်တွေကို ဟန်ချက်ထိန်းပေးတဲ့ မျိုးနွယ်တစ်ခုပဲ၊ စစ်သူကြီးအနေနဲ့ကလည်း နာလန်မျိုးနွယ်ကို ဖိအားပဲပေးလို့ရတယ်၊ သူတို့ကို ရှင်းပစ်လို့မရဘူး”

“ဒါဆို သူတို့ကိုရှင်းပစ်လို့ရတာဘယ်သူလဲ”

“ဘုရင်ကြီး” ချွန်ဂျီအန်းပြောလိုက်သည် “ပြီးတော့ သူတို့မျိုးနွယ်လောက်ကြီးတဲ့ မျိုးနွယ်ကို ရှင်းပစ်လို့ရတာ သူပဲရှိတယ်၊ သူ့မှာပဲ အဲလိုလုပ်နိုင်တဲ့ အင်အားရှိတာ”

“ဘုရင်ကြီးဟုတ်လား” အရင်တစ်ခေါက်က ရှီမာလိုင်ပြောသောစကားများကို ရှီမာယူယူတွေးကာ ခေါင်းရမ်းလိုက်သည်။ ထိုလူသည် နာလန်မျိုးနွယ်အားအသုံးချပြီး ရှီမာမျိုးနွယ်အား အားနည်းအောင်ပြုလုပ်ရန် စဉ်းစားသေးတာပဲ၊ ဘာလို့နာလန်မျိုးနွယ်ကို မျိုးဖြုတ်ဖို့စဉ်းစားသေးတာလဲ။

“ဒါလည်းနည်းလမ်းမဟုတ်ဘူး၊ အားနည်းချက်တစ်ခုခုကိုရှာတွေ့ရင် အဆင်ပြေတယ်” ချွန်ဂျီအန်းပြောလိုက်သည် “အခုဘုရင်ကြီးက အရမ်းသံသယကြီးတယ်လို့ စစ်သူကြီးအရင်ကပြောတာ ကြားဖူတယ်၊ အဲအချက်ကို အသုံးချမယ်ဆိုရင်…”

ရှီမာယူယူမျက်လုံးများ အရောင်တောက်လာကာ တစ်ခဏမျှရပ်တန့်သွားကာ ထိုင်ခုံမှ ထလိုက်လေသည်။ သူမသည် ချွန်ဂျီအန်၏ မျက်နှာအား ဆိတ်လိုက်ကာ စိတ်လှုပ်ရှားစွာပြောလိုက်သည် “ချွန်ဂျီအန်း မင်းက ဒီသခင်ကြီးရဲ့ ဗဟုသုတအိုးကြီးပဲ၊ ငါအဘိုးနဲ့သွားပြီး ဆွေးနွေးလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူမသည် ကြောင်အမ်းအမ်းဖြစ်သွားသော ချွန်ဂျီအန်းအား ထားခဲ့ကာ အပြင်သို့အလောတကြီးထွက်သွားလေသည်။

“သခင်လေး….သူက အသုံးချဖို့အရမ်းကိုကွဲပြား….”

နှစ်ရက်အကြာတွင် ဒုံချိန်းနိုင်ငံဘုရင်၏ အသက်၁၅၀ပြည့်မွေးနေ့စားပွဲ ကျင်းပလေသည်။ တော်ဝင်မိသားစုသည် ကြီးမားသော ဧည့်ခံပွဲဖြင့် ဧည့်သည်တော်အများအပြားကိုဖိတ်ကြားထားသည်။ မင်းသား ၁ နှင့် မင်းသား ၃ တို့သည် အင်ပါယာနန်းတော်တွင်ကျင်းပမည့်ပွဲတွင် တစ်နိုင်ငံလုံးမှ ပထမအဆင့်စွမ်းအားရှင်များကို ဧည့်ခံရန်တာဝန်ယူရသည်။

ရှီမာလိုင်သည် စစ်သူကြီးဖြစ်သည့်အလျောက် လုံခြုံရေးနှင့် စားပွဲစီစဉ်ရာတွင်တာဝန်ယူရသဖြင့် နန်းတော်တို့ စောစောသွားရသည်။

ရှီမာယူယူနှင့် ရှီမာယူမင်နှင့် တခြားနှစ်ယောက်တို့သည် ပွဲတော်ကိုလာသည့်အချိန်မှပင် သားရဲဆွဲသော ရထားလုံးဖြင့် အင်ပါယာနန်းတော်သို့ ဦးတည်ကြလေသည်။

သားရဲရထားလုံးသည် နန်းတော်အဝင်ဝရောက်သောအခါ လူတစ်စု၏ တားမြစ်ခြင်းကိုခံလိုက်ရလေသည်။

“ဘာဖြစ်လို့လဲ” ရှီမာယူမင် ရထားလုံးတံခါးအားဖွင့်ကာ မေးလိုက်သည်။

ရှီမာယူယူတံခါးဖွင့်ကာ ကြည့်လိုက်ရာ စစ်သည်တစ်စုသည် သူတို့သားရဲရထားလုံးရှေ့တွင် ရပ်ကာ သူတို့အား ရပ်တန့်ရန်ဆွဲထားလေသည်။

“မင်းသား ၁ရဲ့အမိန့်” တခြားစစ်သည်များကိုဦးဆောင်လာသော စစ်သည်တစ်ဦးသည် ရှီမာယူမင်အား မှတ်မိသွားကာ လက်ကိုဝှေ့ရမ်းပြလိုက်ပြီး ပြောလိုက်သည် “မင်းသား၁က အမိန့်ချထားတယ်၊ ဘုရင်ကြီးကို အရိုအသေပေးတဲ့အနေနဲ့ သားရဲဆွဲတဲ့ရထားလုံးစီးပြီး ဘယ်သူမှနန်းတော်ထဲမဝင်ရဘူး၊ အဲဒါကြောင့်မို့လို့ ဒီသခင်ကြီးနဲ့ တခြားသခင်ကြီးကို ရထားလုံးပေါ်ကနေဆင်းပြီး နန်းတော်ထဲကို လမ်းလျှောက်သွားဖို့ ဖိတ်ပါတယ်ခင်ဗျ”

“အကုန်လုံး ဒီလိုလုပ်ဖို့လိုလို့လား” ရှီမာယူရွှီမေးလိုက်သည်။

“ဟုတ်ပါတယ်၊ သားရဲဆွဲတဲ့ရထားလုံးတွေအကုန် ဒီနေရာမှာပဲထားခဲ့ရတာဗျ” အုပ်စုခေါင်းဆောင်သည် ဘေးတွင်ရှိသော နေရာလွတ်တစ်ခုအားညွှန်ပြလိုက်သည်။

ရှီမာယူယူတံခါးအပြင်သို့ကြည့်ရာ နေရာလွတ်တွင် ညီညာစွာရပ်ထားသော သားရဲဆွဲရထားလုံးအနည်းငယ်ကို ရှီမာယူယူတွေ့လိုက်ရသည်။

ရှီမာယူမင် တစ်ချက်ကြည့်ကာပြောလိုက်သည် “အဲလိုဆိုမှတော့ ငါတို့လည်းဆင်းရတာပေါ့”

“အင်း..”

“သူတို့ငါးယောက်ဆင်းတာနဲ့ စစ်သည်တစ်ယောက်က ရထားလုံးမောင်းသွားပြီး ဘေးမှာရပ်ထားပေးလိုက်ပါ”

“နားလည်ပေးတဲ့အတွက်ကျေးဇူးပါသခင်ကြီး” ခေါင်းဆောင်သည် လက်အုပ်ချီကာ ကျေးဇူးထပ်တင်နေလေသည်။

“ဝင်ရအောင်” လမ်းမပျောက်ရန် သူတို့နောက်အားလိုက်သွားရန်တွေးကာ လှည့်ပတ်ကြည့်နေသော ရှီမာယူယူအား ရှီမာယူရွှီပုတ်လိုက်သည်။

သူတို့နန်းတော်တံခါးသို့ဝင်သည်နှင့် သားရဲရထားလုံးနှစ်စင်းသည် ရပ်လိုက်လေသည်။

“ဘာ.. သူတို့တကယ်ပဲလမ်းလျှောက်ဝင်ခိုင်းတာလား”

ထိုအသံသည် ရုတ်တရက်မြင့်လာကာ ဘေးနားမှလူများ၏ အာရုံစူးစိုက်မှုကိုခံရကာ ရှီမာယူယူနှင့် တခြားသူများပင် နောက်ပြန်လှည့်ကြည့်ရသည်အထိပင်။

ရှီမာယူလီသည် ရထားလုံးမှ အမှတ်တံဆိပ်အားမြင်သည်နှင့် နှုတ်ခမ်းတွန့်ကာပြောလိုက်လေသည် “ဒီအဂ္ဂိရတ်ပညာရှင်အသင်းကတော့ စိတ်ကြီးဝင်နေတာပဲ၊ သူတို့က စွမ်းတယ်လို့များတကယ်ထင်နေတာလား မသိဘူး”

“အဲလူတွေက တကယ်စွမ်းတာပဲ” ရှီမာယူမင်သည် ရှီမာယူလီအားကြည့်ကာပြောလိုက်သည် “ဘုရင်ကြီး စားပွဲက ဒီနေ့ညပဲ၊ ဆိုတော့ ငါတို့သွားမရှုပ်တာကောင်းမယ် ဒါမှမဟုတ်ရင် အဘိုးအခက်တွေ့လိမ့်မယ်”

“ငါသိပါတယ်” ရှီမာယူလီသည် ခေါင်းပွတ်ကာ ပြောလိုက်သည်။

သားရဲရထားလုံးပေါ်မှ လူငယ်တစ်ယောက်ဆင်းသည့်နောက်မှ အဖြူရောင်ဝတ်ထားသော မိန်းကလေးနှင့် လူလတ်ပိုင်းယောက်ျားလေးတို့ဆင်းလာသည်ကို ရှီမာယူယူကြည့်နေလိုက်သည်။ နောက်ဆုံးတွင် လူအိုကြီးတစ်ယောက် ဆင်းလာသည်။ ထိုအဖြူရောင်ဝတ်အမျိုးသမီးသည် ရပ်ရသည့်အတွက်ကြောင့် လုံးဝမကျေမနပ်နိုင်ဖြစ်ကာ သူမမျက်နှာသည် မည်းမှောင်နေသည်။ သူမသည် ချက်ချင်းပင် တော်ဝင်အစောင့်ခေါင်းဆောင်ဆီသွားကာ လက်သီးဖြင့်ထိုးလိုက်လေသည် “ဒါဘယ်သူ့ရဲ့ ရထားလုံးလဲဆိုတာမင်းမကြည့်ဘူးလား မင်းကများ ငါတို့ကိုလမ်းလျှောက်ဖို့ပြောရဲတယ်၊ မင်းထပ်ပြီးအသက်မရှင်ချင်တော့ဘူးထင်တယ်”

တော်ဝင်အစောင့်ခေါင်းဆောင်သည် မြေပြင်ပေါ်မှထကာပြောလိုက်သည် “ဒါက မင်းသား၁ရဲ့အမိန့်ပါ၊ အားလုံးက နန်းတော်ထဲကိုလမ်းလျှောက်ဝင်ရပါတယ်၊ ကျွန်တော် ဆရာကြီးရှီနဲ့ ကိုယ်စားလှယ်ဝူတို့ကို ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်”

“အင်း.. မင်းသား၁က အဲလိုပြောတိုင်းငါတို့က နန်းတော်ကို လမ်းလျှောက်သွားရမှာလား” သတ်လတ်ပိုင်းအမျိုးသားသည် မေးဖျားအားမော့ကာ ယဉ်ကျေးမှုမရှိသော အထက်စီးဆန်သော အပြုအမူဖြင့်ပြောလိုက်လေသည်။

“ဆရာကြီးရှီ၊ မင်းသား၁က အားလုံးကို ဒီလိုလုပ်ခိုင်းဖို့ပြောထားလို့ပါ” တော်ဝင်အစောင့်ခေါင်းဆောင်သည် ပြောလိုက်သည်။

ရှီလေသည် ထိုတော်ဝင်အစောင့်ခေါင်းဆောင်သည် သူ့အားထိုကဲ့သို့ ပြန်ပြောမည်ဟု ထင်မထားသဖြင့် ချက်ချင်းပင်မျက်နှာပျက်သွားသည်။ သူသည် ခေါင်းဆောင်အားပေါက်ကွဲမည်အလုပ်တွင် ရှီမာယူယူ ဝင်ပြောလိုက်သည်။

“အိုး… ဒါက ဆရာကြီးရှီမဟုတ်လား၊ ဒီလိုနေရာမှာဘာလို့ပြဿနာလာရှာနေရတာလဲ”

ရှီလေသည် သူစကားပြောနေသည်ကို ကြားဖြတ်လိုက်သဖြင့် ထိုဖြတ်ပြောလိုက်သော သူအား ဒေါသဖြင့် လှမ်းကြည့်လိုက်သည်။ ထိုပြောလိုက်သောသူသည် အမှိုက်ရှီမာယူယူဖြစ်သဖြင့် သူ့မျက်နှာပိုပျက်သွားသည်။

“ရှီမာယူယူလား၊ မင်းဒီကိုဘာလို့လာတာဲ” ထိုလူငယ်သည် ရှီမာယူယူအား အထင်သေးစွာဖြင့်ကြည့်လိုက်သည်။

ထိုလူငယ်အား ရှီမာယူယူသာမာန်သာကြည့်လိုက်သည်။ ဘယ်အချိန်က မူရုန်အန်းက အဂ္ဂိရတ်ပညာရှင်အသင်းကို ဝင်လိုကတာပါလိမ့်။

သူ့ဘေးမှ အဖြူရောင်ဝတ်ထားသော အမျိုးသမီးအားကြည့်ခြင်းအားဖြင့် နာလန်လန် ကျောင်းထုတ်ခံရသည်နှင့် တခြားတစ်ယောက်ဆီပြောင်းသွားသည်လား။

“ကျွန်တော့်လိုလူတောင်မှ အေးအေးဆေး ဘုရင်ကြီးမွေးနေ့ပွဲကိုဝင်ကြည့်ချင်တာပဲ” ရှီမာယူယူပြောလိုက်သည် “ဆရာကြီးရှီက ဘာလို့ဝင်ကြည့်လို့မဖြစ်နိုင်ရမှာလဲ၊ သြော် တောင်ဝင်ဂိတ်စောင့်အစ်ကိုကြီးရယ် သေချာမမြင်မိဘူးလား၊ ဒါဘယ်သူ့သားရဲရထားလုံးလဲလို့ကြည့်ပါဦး၊ ဒါက အဂ္ဂိရတ်ပညာရှင်အသင်းက ဆရာကြီးှရှီနဲ့ ကိုယ်စားလှယ်ဝူတို့ရဲ့ ရထားလုံးပဲ၊ ဘယ်လိုလုပ်သူတို့ကို ဆင်းခိုင်းရတာလဲ၊ ဒါက မင်းသား ၁ရဲ့အမိန့်ကို လိုက်နာရတာမှန်း ငါသိပါတယ်၊ ဒါပေမယ့်အဂ္ဂိရတ်ပညာရှင်အသင်းက လွယ်လွယ်နဲ့ ကိုင်လှုပ်လို့ရမလား၊ သူုတို့ဆင်းပြီး လမ်းလျှောက်ဖို့လိုသေးလား”

ရှီမာယူယူပြောသောစကားများကို ကြားပြီးနောက် အဖွဲ့ခေါင်းဆောင် ရှီလေ၏မျက်နှာသည် ချက်ချင်းပင်ပြောင်းသွားသည်။ ဘေးမှအကြည့်များလည်းပြောင်းသွားသည်။

သူတို့သာ အမှန်တကယ်ပင် သားရဲရထားလုံးအားဆက်စီးပါက ထိုအရာသည် အဂ္ဂိရတ်ပညာရှင်အသင်း၏ဂုဏ်သည် မင်းသား၁ထက်ကြီး၍ တော်ဝင်မိသားစုအထက်တွင်ရှိကြောင်းပြနေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset