“သခင်၊ ဒီလူတွေက မနေ့က လူတွေနဲ့ အတူတူပဲလား?”
ချုယွမ်သည် ချုစစ်ဟန်အတွက် လက်ဖက်ရည်တစ်ခွက်ကို ထည့်ပေးပြီး တွေးတောကာ မေးလိုက်တယ်။
“သူတို့ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူတို့အားလုံး ငါတို့ ရန်သူတွေပဲ။”
ချုစစ်ဟန် လက်ဖက်ရည်ခွက်ထဲမှ တစ်ငုံသောက်လိုက်ပြီး စားပွဲပေါ်တင်ကာ သူ့နားထင်များကို ငြီးငွေ့စွာ ပွတ်သပ်၏။
“မနေ့က ကျနော်တို့ လူတချို့ ဆုံးရူံးခဲ့တယ်။ မကြာခင် နောက်ထပ်လာဖို့ ရှိကောင်းရှိပါလိမ့်မယ်။ သခင့် မှာ တခြားအစီအစဉ် ရှိသေးလား?”
ချုယွမ် စိုးရိမ်တကြီး မေးလိုက်တယ်။
ဒီစည်းစိမ်ဥစ္စာတွေကို ကိုင်တွယ်တဲ့အခါ ခရီးက အေးချမ်းမှာ မဟုတ်သည်ကို သူသိသည်။
သခင် ဒီအာလူးပူပူကို ဘာလို့ ယူဆောင်လိုတယ်ဆိုတာ သူနားမလည်ဘူး။ ခရိုင်တရားသူကြီးကို လွှဲပေးရုံနဲ့ မရဘူးလား?
ချုယွမ် ဒီအကြောင်းကို တွေးတောပြီး သံသယနဲ့ မေးတယ်။ “သခင် ဒီစည်းစိမ်ဥစ္စာများကို အုပ်ချုပ်ဖို့ ခရိုင်တရားသူကြီးကို ဘာလို့ မပေးတာလဲ?”
“ခရိုင်တရားသူကြီးကို လွှဲပေးဖို့လား?”
ချုစစ်ဟန် အေးစက်စက် ပြုံးတယ်။ “လီမင် အပြစ်မရှိတာ သိပေမဲ့ ဘာကြောင့် ရာဇ၀တ်မှုကို ဝန်ခံခိုင်းတာလဲ သိလား?”
ချုယွမ် ခေါင်းယမ်းလိုက်တယ်။ “မသိဘူး။”
သူ့သခင် ဘာလို့မေးသလဲ သူလည်းမသိဘူး။
“လူသတ်သမားက ကျန့်ဝေဆိုတာကို ဟိုးအရင်ကတည်းက သိခဲ့ပေမယ့် လီမင်ကို လူသတ်သမားလို့ ကြံစည်တဲ့ အကြောင်းအရင်းက ကျန်းဝေက ခရိုင်တရားသူကြီးကို ကန်းမိသားစုရဲ့ စည်းစိမ်တစ်ဝက်ကို ပေးမယ်လို့ ကတိပေးထားလို့ပဲ။”
ချုယွမ် ထိုစကားကို ကြားချိန်တွင် ရုတ်တရက် အလင်းပေါက်သွား၏။
သို့သော် သူ နားမလည်သည့် အချက်တစ်ခု ရှိတယ်။
သူ့သခင်ရဲ့ စရိုက်နဲ့ဆိုရင် ဒီတာဝန်ကို တာဝန်ယူမှာ မဟုတ်ဘူး။
ခရိုင်တရားသူကြီးထံ လွှဲအပ်ပြီး အဖိုးတန်ပစ္စည်းများကို မြို့တော်သို့ လွှဲပို့ခိုင်းစေသင့်တယ်။
ချုယွမ် ရုတ်တရက် သူ့သခင်၏စိတ်ကို မဖတ်နိုင်အောင်ဖြစ်သွား၏။
“ဒီအာလူးပူပူကို ငါဘာလို့ယူခဲ့တာလဲ သိချင်နေတာလား?”
ချုယွမ် ခေါင်းညိတ်လိုက်တယ်။ “ဟုတ်တယ်။ ကျွန်တော် နားမလည်ဘူး ဒါပေမဲ့ သခင်က ဆင်ခြင်တုံတရားရှိသူပါ။“
ချုစစ်ဟန် ခေါင်းညိတ်လိုက်တယ်။
“ငါ့မှာ ကိုယ်ပိုင် စဉ်းစားစရာတွေ ရှိတယ်။” သူက ချုယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဆိုတယ်။ “ခရိုင်တရားသူကြီး တစ်ယောက်တည်း ဒီစည်းစိမ်ကို စိုက်ကြည့်တဲ့သူ မဟုတ်ဘူး။ တခြားသူတွေလည်း ရှိတယ်။ အထူးသဖြင့် ချုစစ်လင်း။”
ခရိုင်တရားသူကြီးကို လွှတ်လိုက်လျှင် ဒီစည်းစိမ်ဥစ္စာတွေ မကြာမီ အခြားသူများလက်ကို ရောက်သွားလိမ့်မည်။
ခရိုင်တရားသူကြီးလို လူတစ်ယောက် သေသွားတာ နှမြောစရာ မဟုတ်ပါ။ သို့သော် ဒီစည်းစိမ်ဥစ္စာက အခြားသူများလက်ထဲ ရောက်သွားရင် ဒုက္ခဖြစ်လိမ့်မည်။
အခြားအရာအားလုံးကို ဂရုမစိုက်ဘဲ တစ်စုံတစ်ယောက်က ဒီချမ်းသာကြွယ်ဝမှုဖြင့် တပ်ဖွဲ့ဝင်များစုဆောင်းရန် ကြံစည်ပါက အကျိုးဆက်များ ဆိုးရွားလာလိမ့်မည်။
ဒါကလည်း ချုစစ်ဟန် ဒီအာလူးပူပူကို လိုချင်တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်တယ်။
“ကျွန်တော်နားလည်ပြီ!”
ချုစစ်ဟန် တစ်ဝက်တစ်ပျက်သာ ပြောသော်လည်း ချုယွမ် နားလည်သည်။
လုရှန်း ဘေးနားမှာ နားထောင်နေ၏။ ချုယွမ် နောက်ဆုံးတွင် ဉာဏ်အလင်းရသွားသည်ကို မြင်တော့ သူမ သူ့ကို ချီးကျူးလုနီးပါးပင်။
သူတို့ သူမကို မမြင်နိုင်မှန်း သိသဖြင့် သူမ စကားများကို မျိုချလိုက်တယ်။
ချုစစ်ဟန်ရဲ့ အာရုံများက စူးရှလွန်းတာမို့ သူမ အနားမကပ်ရဲပါ။ ထောင့်တစ်နေရာမှာ ထိုင်ပြီး အဝေးကနေ နားထောင်ဖို့ သတ္တိပဲရှိ၏။
“ဒီည ပို့ဆောင်ဆက်သွယ်ရေးနေရာက မလုံခြုံမှာ စိုးမိတယ်။”
ချုစစ်ဟန် ချုယွမ်ကို ညွှန်ကြား၏။ “လူတိုင်းကို သတိရှိဖို့ အမိန့်ပေးလိုက်။”
“ဟုတ်ကဲ့။”
သူ့အမိန့်ကို လက်ခံပြီးနောက် ချုယွမ် လှည့်ထွက်သွားတယ်။
ထိုအချိန်တွင် တစ်စုံတစ်ယောက် တံခါးလာခေါက်၏။
“ဘယ်သူလဲ?” ချုစစ်ဟန် အေးစက်စက်မေးတယ်။ “သခင်ရဲ့ ချိုးရေကို ယူလာပေးတာပါ။”
“အထဲဝင်ခဲ့ပါ ”
တံခါးဖွင့်သံကြားရပြီး အစေခံနှစ်ယောက် အခန်းထဲသို့ ရေနွေးကို သယ်ဆောင်လာခဲ့သည်။
သူတို့ ရေဇလုံထဲ ရေလောင်းထည့်ပြီး နောက်ထပ် လူ ၂ ယောက်က ရေသွားယူတယ်။
ရေချိုးကန်ထဲ ရေလောင်းပြီး အပူချိန်ကို စမ်းသပ်၏။ ထို့နောက် သူတို့ ချုစစ်ဟန်ကို လေးစားစွာ အသိပေးပြီး ပြန်ဆုတ်သွားကြတယ်။
ချုစစ်ဟန် သူတို့ ထွက်သွားချိန်ကို စောင့်ပြီး တံခါးပိတ်ကာ သူ့အဝတ်အစားများဖြင့် ရေချိုးဆောင်ထဲဝင်လာခဲ့သည်။
ရေချိုးဆောင်ကို အဖြူရောင် ကာဗာအလွှာဖြင့်သာ ဖုံးထားသည်။ လှမ်းကြည့်လိုက်ချိန်တွင် ထိုယောကျာ်း သူ့ အဝတ်အစားတွေ ချွတ်နေတာကို တွေ့လိုက်ရတယ်။