စတုတ္ထသခင်ကြီးလင်းသည် အင်ပါယာရုံးတော်၏ အခွန်ဝန်ကြီးဖြစ်ခဲ့သည်။ သို့ပေမဲ့ လုပ်ကြံခံရပြီး သူ့ရဲ့ တရားဝင် ရာထူး ဖယ်ရှားခံခဲ့ရသည်။
နောက်ပိုင်းတွင် သူက အပြစ်မရှိကြောင်း အတည်ပြုခဲ့ပြီး ဧကရာဇ်မင်းက အခွန်ဝန်ကြီးအဖြစ် ရာထူး ပြန်လည်ပေးအပ်ဖို့ ကိုယ်တိုင်ပင် အမိန့်ပေးခဲ့တယ်။
သို့သော် စတုတ္ထသခင်ကြီးလင်းသည် အသက်ကြီးပြီ ဖြစ်လို့ အင်ပါယာရုံးတော်၌ အမှုမထမ်းဆောင်နိုင်တော့ကြောင်း အကြောင်းပြချက်ကို အသုံးပြုကာ ဧကရာဇ်၏အမိန့်ကို တိုက်ရိုက် ပယ်ချခဲ့သည်။
ဒီကိစ္စသည် အရာရှိအားလုံးကို သတိကပ်စေခဲ့သည်။ အချို့က ဧကရာဇ်မင်းထံသို့ တိုင်တည်၍ မထီမဲ့မြင်ပြုမှုဖြင့် သူ့ကို အပြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် ဧကရာဇ်က လျစ်လျူရှုခဲ့တယ်။
စတုတ္ထသခင်ကြီးလင်းသည် မြို့တော်မှ လင်းဂျန်အိမ်တော်ကို ပြန်ခဲ့သည်။ အခု လင်းဂျန်မြို့ရှိ လင်းဂျန် အိမ်တော်ကို လင်းမိသားစုရဲ့ အဆင့်အတန်းကြောင့် ဘယ်သူ့ကို မစော်ကားရဲပေ။
ကျေးဇူးတင်စရာကောင်းတာက စတုတ္ထသခင်ကြီးလင်းသည် ကြင်နာတတ်တဲ့သူဖြစ်ပြီး တခြားသူတွေအတွက် အခက်အခဲ မရှိခဲ့ပေ။ ထို့အပြင် လင်းဂျန်အိမ်တော်တွင် စတုတ္ထသခင်ကြီးလင်းကို ကြင်နာတတ်သူအဖြစ် လူသိများတယ်။
ချုစစ်ဟန် မြို့တော်မှာ ရှိစဉ်ကတည်းက စတုတ္ထသခင်ကြီးလင်းကို သိသည်။ သူတို့ နှစ်ဦးက အသက်အရွယ် ကွာခြားပေမဲ့လည်း ခင်မင်ရင်းနှီးသူများ ဖြစ်တယ်။
လင်းဂျန်အိမ်တော်ရှိ စတုတ္ထသခင်ကြီးလင်းသည် သူ၏ ချိန်းဆိုမှုကို ရရှိချိန် သူ့ကိုကြိုဆိုဖို့ ပွဲကြီးတစ်ခု ကျင်းပပေးခဲ့သည်။
ချုစစ်ဟန် အားလပ်ချိန်တိုင်းလည်း စတုတ္ထသခင်ကြီးလင်းသည် အရက်သောက်ဖို့ လာရှာလေ့ရှိတယ်။
ချုစစ်ဟန်က လင်းအိမ်တော်မှ လူတိုင်းကို လက်တွေ့မြင်ဖူးပေမဲ့ လင်းဂျန်ကိုတော့ မမြင်ဖူးပေ။
လင်းဂျန်သည် တိုင်းတစ်ပါး၌ ကျောင်းတက်နေပြီး အိမ်တော်မှာ နေခဲတယ်လို့ ဆိုကြတယ်။ ရလဒ်အနေဖြင့် ချုစစ်ဟန် လင်းဂျန်ကို မြင်ချိန်တွင် မသိပါ။
ချုစစ်ဟန် လင်းဂျန်ရဲ့ အကြည့်မှ စတုတ္ထသခင်ကြီးလင်း၏ ခြေရာများကို ယောင်ယောင်ဝါးဝါး မြင်သည်။
ချုယွမ်သည် ချုစစ်ဟန် အနောက်မလိုက်ခင် လင်းဂျန်အိမ်တော်၌ နေခဲ့သည်။ ထို့ကြောင့် လင်းဂျန်ကို အရင်က မြင်ဖူးတယ်။
လင်းဂျန်သည် သူ့ဘဝမှာ အခြားအရာများကို စိတ်မဝင်စားပေ။ သူသည် ကမ္ဘာပတ်ဖို့ ဆန္ဒရှိသူဖြစ်တယ်။
***
လင်းဂျန်သည် ကိုယ်ခံပညာဆရာသခင် ၁၀ ယောက်လောက်နဲ့ ဆုံခဲ့သည်။ သို့သော် သူတို့အားလုံးက စိတ်မချရဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုတက်ကြသူများ ဖြစ်သည်။ သူတို့အားလုံး အသုံးမကျဘူး။
ထိုမိန်းကလေး၏ အရည်အချင်းကို မြင်ချိန်တွင် သူ အံ့အားသင့်သွား၏။ သူမရဲ့တပည့်ဖြစ်လာစေဖို့ သူ့ကိုယ်သူ ကျိန်ဆိုခဲ့သည်။ သို့ပေမဲ့ သူလိုက်ဖမ်းပေမဲ့ အဖြူရောင်အရိပ်လေး ပျောက်ကွယ်သွားခဲ့ပြီ။
ထိုမိန်းကလေး မြင်း မစီးတာ သိသာသည်။ သို့သော် သူကလည်း မြင်းစီးပြီး လိုက်ရှာတာ ဖြစ်သည်။ ဒါဆို မြင်းစီးတဲ့လူက ခြေဗလာနဲ့ လူကိုဘာလို့ မမိတာလဲ?
လင်းဂျန်က ထိုမိန်းကလေး ပျောက်သွားချိန်တွင် အလွန်စိတ်ပျက်မိသည်။
သို့ပေမဲ့ လင်းဂျန်း တည်းခိုဆောင်ကိုလည်း မပြန်ချင်ဘူး။ ထို့ကြောင့် ရှေ့ဆက်လျှောက်ပြီး လင်းဂျန်အိမ်တော်ကို သွားဖို့ ပြင်ဆင်တယ်။
သူ ထွက်သွားပြီးနောက် လုရှန်း တောထဲမှ ထွက်လာခဲ့တယ်။
လင်းဂျန် ထွက်သွားသော လမ်းကြောင်းကို သံသယဖြင့် ကြည့်လိုက်ပြီး အနောက်ကို ပြန်ကြည့်၏။
ချုစစ်ဟန်နဲ့ ကျန်သူများက မထွက်ခွာကြသေးဘူး။ မကြာခင်တော့ အချိန်မရွေး ထွက်သွားလိမ့်မယ်။
လုရှန်းသည် သစ်ပင်ကြီးတစ်ပင်ကို ရွေးကာ အနားယူဖို့ မှီလိုက်သည်။ သူမ ချုစစ်ဟန်တို့အနောက် တညလုံး လိုက်ခဲ့တာကြောင့် အိပ်ချင်လာပြီ။
ချုစစ်ဟန်ရဲ့အဖွဲ့ မွန်းတည့်ချိန်မှသာ ပြန်လည်ထွက်ခွာကြသည်။
ရထားဘီးများနှင့် မြင်းခွာသံများ နီးကပ်လာသည်ကို နားထောင်ရင်း လုရှန်းရဲ့ မျက်လုံး ပြူးကျယ်သွား၏။
သူမ ‘ကိုယ်ပျောက် ဂါထာစာရွက်’ ထုတ်ကာ သူမကိုယ်သူမ ကပ်လိုက်ပြီး တိတ်တဆိတ် လိုက်လာခဲ့တယ်။
ပစ္စည်းတွေရှိသည့် ရထားလုံးများ အရမ်းနှေးသည်။ သူမ လမ်းလျှောက်လိုက်ရင်တောင် မှီတယ်။
သူတို့ နေ့ခင်းတလျှောက်လုံး လမ်းလျှောက်ကြပြီး ပို့ဆောင်ဆက်သွယ်ရေးနေရာကို ရောက်တော့ ရပ်တန့်သွားသည်။
ပို့ဆောင်ဆက်သွယ်ရေးနေရာကို ရောက်ချိန်တွင် ချုစစ်ဟန်နဲ့ ချုယွမ်တို့ အခန်းထဲ ဝင်သွားသည့် နောက်ကို လိုက်လာခဲ့သည်။
ရှေ့ကလျှောက်လာနေတဲ့ ချုစစ်ဟန် ရုတ်တရက် သူ့ခေါင်းကိုလှည့်ပြီး သူမရဲ့ ဦးတည်ရာကို စူးစူးရဲရဲ ကြည့်၏။
လုရှန်း သူ့အကြည့်ကြောင့် အလွန် ထိတ်လန့်သွားပြီး ရပ်တန့်သွား၏။
“သခင်၊ ဘာဖြစ်လို့လဲ?”
ချုယွမ် ခေါင်းလှည့်ကာ ကြည့်ပေမဲ့ ဘာမှ မမြင်ပေ။ သူ မတက်နိုင်ပဲ ဇဝေဇဝါ ဖြစ်သွားတယ်။
“ဘာမှမဟုတ်ဘူး။”
ချုစစ်ဟန် မျက်မှောင်ကြုံ့ပြီး ခေါင်းယမ်း၏။
သူ အရမ်းပင်ပန်းနေလို့လားတော့မသိ တစ်စုံတစ်ယောက် အနောက်ကနေ လိုက်နေသလို ခံစားရတယ်။