စားပွဲထိုးသည် လုရှန်းမှာသည့် အရံဟင်း အနည်းငယ်နဲ့ ဝိုင်ပုလင်းကို အမြန်ချပေးခဲ့သည်။
လုရှန်းသည် ဝိုင်ကို ပန်းကန်လုံးထဲကို လောင်းထည့်လိုက်ပြီး တစ်ကျိုက်တည်း သောက်လိုက်၏။
ထို့နောက် ပန်းကန်ပြားပေါ်ရှိ ဟင်းလျာများကို ပေါ့ပေါ့ပါးပါး စား၏။
သူမရဲ့ အစီအရီ လှုပ်ရှားမှုများက ချုစစ်ဟန်ရဲ့ နှလုံးသားထဲက လူနဲ့ ပိုပိုဆင်တူစေ၏။
သို့သော်လည်း ချုစစ်ဟန် ပေါ့ပေါ့ပါးပါး ရှေ့မတိုးရဲပါ။
ပထမအချက် သူ အမှားလုပ်မိမှာ စိုးမိသည်။ နောက်တစ်ချက်ကတော့ တစ်ဖက်က သူ့ရန်သူဖြစ်မည်ကို စိုးမိသည်။
“မင်းက အရက်ကို ခံနိုင်ရည်ရှိတာပဲ!”
ဘေးတွင် ထိုင်နေသော ခပ်ထွားထွား လူတစ်ယောက် လုရှန်း သောက်တာကို ကြည့်ရင်း စိတ်ဝင်စားသွားသည်။ သူသည် မထိန်းနိုင်ပဲ လက်ခုပ်တီးပြီး ချီးမွမ်း၏။
လုရှန်း ထိုလူကို ကြည့်ပြီး စကားမပြောဘဲ ခပ်တိုးတိုး ပြုံး၏။
ထိုလူက ဒေါသမထွက်ဘူး။ ထို့အစား ထိုလူ ပြောင်တင်းတင်းမေး၏။ “မင်းရဲ့ အရည်အချင်းနဲ့ မင်းရဲ့ ရုပ်ရည်က ဘယ်လိုလဲ?”
လုရှန်း အေးစက်စက်ရယ်မောရင်း “ရှင်နဲ့ ဘာဆိုင်လို့လဲ?”
ထိုလူ ပြက်ရယ်ပြုကာ မတ်တတ်ထရပ်လိုက်သည်။ ထိုလူသည် ဓားရှည်တစ်လက်ကို ကိုင်ထား၏။
“ဒီနေ့ မင်းမျက်နှာကို ငါ မြင်ချင်တယ်။“
“ရှင် တတ်နိုင်ရင် လာခဲ့။”
သူမရဲ့ စကားများထဲ ဒေါသနဲ့ အထင်အမြင်သေးခြင်းများ ပြည့်နှက်နေ၏။
ထိုလူ တကယ် ဒေါသထွက်သွားတော့သည်။ ထိုလူ ဓားထုတ်ကာ လုရှန်းရှေ့ ရောက်လာ၏။
သို့သော်လည်း လုရှန်း ဓားရဲ့ထိပ်ကို လက်ညိုးနှစ်ချောင်းကြား ဖမ်းလိုက်သည်။
ထိုလူ ဘယ်လောက်ပဲ ဆွဲထုတ် ဆွဲထုတ် မတတ်နိုင်ခဲ့ဘူး။
ထွားကြိုက်တဲ့လူ အနောက်ဆုတ်ပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။
သို့သော် လုရှန်း လှောင်ပြောင်တယ်။ “ရှင့်ရဲ့ သနားစရာကောင်းတဲ့ စွမ်းရည်နဲ့ ကျွန်မကို ဘယ်လိုတောင် စော်ကားရဲတာလဲ?”
သူမရဲ့ သွယ်လျသော လက်ကို လှည့်လိုက်ကာ ဓားဖျားက ကျိုးသွား၏။
ဒီတစ်ကြိမ်တွင် ထွားကျိုင်းသော လူသာမက ချုယွမ်နဲ့ ကျန်တဲ့လူများလည်း တုန်လှုပ်သွားကြတော့သည်။
အကယ်၍ သူတို့သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ သူရဲ့ သခင်က ဒီလို ကျွမ်းကျင်ပညာရှင်ကို အရေးယူရန် လိုအပ်ပေလိမ့်မယ်။
“ငယ်ငယ်လေးနဲ့ ကိုယ်ခံပညာမှာ ဒီလိုအောင်မြင်မှုတွေ ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ စောစောက မင်းကို စော်ကားတာ ငါ့အမှားပဲ။ မင်းငါ့ကို ခွင့်လွှတ်လိမ့်မယ်လို့ ငါမျှော်လင့်တယ်!”
ထိုလူ သူမနဲ့ မယှဉ်နိုင်မှန်းသိသဖြင့် ထိုလူက ဆက်မလှည့်စားရဲတော့။ ထို့အစား အလျှော့ပေးပြီး သူမကို တောင်းပန်တယ်။
“သခင်၊ ဒီအမျိုးသမီးက မရိုးရှင်းဘူး။” ချုယွမ် ချုစစ်ဟန် အနားကပ်ပြီး တိုးတိုးလေး ဆို၏။
“ဟုတ်တယ်။”
ချုစစ်ဟန်က တိုးတိုးလေး ပြန်ဖြေပေမဲ့ သူ့အကြည့်တွေက အဖြူရောင် ပုံရိပ်လေးဆီ ကျရောက်နေ၏။
အရွယ်အစားကြီးနေတယ်…
သူမကို မကြည့်တာပိုကောင်းမည်။ သူ ပိုကြည့်လေ၊ သူမနှင့် တူသည်လို့ ပိုခံစားရလေလေ ဖြစ်သည်။
ချုစစ်ဟန် အကြည့်ကို ရုတ်ပြီး စားပွဲပေါ်ရှိ ဝိုင်ကို ကောက်ကိုင်လိုက်ကာ တချိုက်ထဲ မော့လိုက်၏။ ချုစစ်ဟန် ထိုမိန်းကလေးကို မကြည့်ဖို့ သူ့ကိုယ်သူ တွန်းအားပေးခဲ့တယ်။
လုရှန်း ဗိုက်ပြည့်သွားချိန်တွင် တည်းခိုဆောင်မှာ မနေပေ။ စားသောက်ထားသမျှ ပေးချေပြီးထွက်သွားတယ်။
သူမ ထွက်သွားသည်နှင့် တည်းခိုခန်းရှိ လူတိုင်း သက်ပြင်းချလိုက်ကြတယ်။
“အဲဒီမိန်းကလေး ဆယ်ကျော်သက်အရွယ်ပဲ ရှိပုံရတယ်။ ဒီလို မြင့်မားတဲ့ ကိုယ်ခံပညာ အရည်အချင်း ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။“
“ဘာ? သူမအသက်က ၃၀ လောက် ရှိပုံပါပဲ။”
“မဖြစ်နိုင်ဘူး!” တစ်စုံတစ်ယောက်က ပြန်ပြောတယ်။ “ဒီလို နူးညံ့တဲ့ အသားအရေနဲ့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်ကို မင်းတွေ့ဖူးလား။?”
လုရှန်း စောစော လက်မြှောက်လိုက်ချိန်တွင် သူမရဲ့ လက်ကောက်ဝတ် အသားအရည် ပေါ်သွားတာကို အမြင်စူးရှသည့် ဧည့်သည့် မြင်လိုက်သည်။
ထောင့် ၁ ထောင့်က ချောမောတဲ့ လူငယ်တစ်ယောက် ရုတ်တရက် ထရပ်ပြီး တည်းခိုခန်းထဲက ထွက်သွားတော့သည်။
ဒါကိုမြင်သည့် သူ့နောက်လိုက်က ငွေရှင်းပြီးအလျင်အမြန်လိုက်သွားတယ်။
“သခင်လေး ကျွန်တော့်ကို စောင့်ပါဦး!”
ချုစစ်ဟန် လူငယ်ရဲ့ ကျောကို ကြည့်ပြီး မျက်မှောင်ကြုံ့သွား၏။ “သူ့ကို ဘာလို့ ရင်းနှီးနေပါလိမ့်?”
“သခင်၊ အဲဒီလူက လင်းအိမ်တော်ရဲ့ သခင်လေး လင်းဂျန်။”
ချုစစ်ဟန် နားလည်သွား၏။ “ဒါဆို သူက သခင်ကြီးလင်းရဲ့ သားပေါ့။ သူ့ပုံစံကို မြင်ဖူးတယ်လို့ ထင်နေတာ မအံ့ဩတော့ဘူး။”