လီကျန်း(ရွာသူကြီး)ရဲ့ စကားကြောင့် လုရှန်းရဲ့ နှလုံးသား နွေးထွေးသွား၏။
“ပိုက်ဆံ အလုံအလောက်ရှိတယ်။ အဖေ မထွက်သွားခင် ပိုက်ဆံပေးခဲ့တယ်။”
ထုံးစံအတိုင်း၊ ချုစစ်ဟန် သူမကိုပေးသည်ကို ပြောလို့မရပါ။
“အဲဒါကောင်းတယ်!”
လီကျန်း(ရွာသူကြီး) ခေါင်းညိတ်တယ်။
“သမီး တစ်ယောက်တည်း သွားမလို့လား?”
လုရှန်း ခေါင်းခါယမ်းပြီး လိမ်ပြောတယ်။ “မဟုတ်ဘူး၊ ကျွန်မမှာ သူငယ်ချင်းနည်းနည်း ရှိသေးတယ်။”
“အဲဒါကောင်းတယ်!”
လုရှန်း လီကျန်း(ရွာသူကြီး)နဲ့ အချိန်အတော်ကြာအောင် လက်ဖက်ရည်သောက်ခဲ့ကာ အိုးတစ်ခုလုံး ကုန်သွားမှပဲ ပြန်ခဲ့သည်။
ဆက်သောက်နေလျှင် ညစာ မမှီမှာကို စိုးမိသည်။ အိမ်ရောက်ချိန် လုရှန်း အဒေါ်ယုကို ရှာဖွေဖို့ ဘေးအိမ်ကို သွားသည်။ ခရီးအဝေးကြီးကို သွားရမည်ဟု ပြောပြကာ လုဂျန်၊ လုရှင်းနဲ့ ဥယျာဉ်ကို ပြုစုပေးဖို့ တောင်းဆိုခဲ့သည်။
အဒေါ်ယု သဘောတူပြီး ဂရုစိုက်ဖို့ ပြောဆိုဆုံးမ၏။
ထိုညတွင် လုရှန်း အဒေါ်ယုကို အိမ်သော့ ပေးခဲ့သည်။ မီးဖိုချောင်ထဲ ထမင်းနဲ့ ခေါက်ဆွဲတွေရှိပြီး ချက်စားလို့ ရတယ်ကြောင်း ပြောခဲ့သေးသည်။
လုရှန်း အိမ်က အသားနဲ့ ဟင်းသီးဟင်းရွက်များကို လျန်မိသားစုဆီ ရွှေ့ပြောင်းပေးခဲ့သည်။
လုဂျန်နဲ့ လုရှင်းတို့လည်း တွယ်ကပ်မနေဘူး။ ထို့ကြောင့် ခရီးအဝေးကြီး သွားနေကြောင်းပြောတော့ သူတို့ ဘာမှပြန်မပြောဘဲ စောစောပြန်လာဖို့သာ ဆိုတယ်။
လုရှန်း တာဝန်များပြီးတာနဲ့ ထိုညမှာပင် မြို့ထဲသို့ ဝင်ရောက်၏။ မြို့တံခါးကို ပိတ်ထားပေမဲ့လည်း သူမအတွက် ပြဿနာမဟုတ်ပေ။
မြို့ထဲသို့ဝင်ပြီးနောက် တည်းခိုရန် တည်းခိုခန်းတစ်ခုကို တွေ့ခဲ့သည်။
နောက်တစ်နေ့ နံနက် လမ်းမကြီးပေါ်မှာ စောင့်ဆိုင်းနေခဲ့သည်။
ချုစစ်ဟန် လင်းဂျန်အိမ်တော်ကို သွားမည်ဆိုပါက ဒီနေရာကို ဖြတ်သွားရလိမ့်မည်။ ဒီလမ်းသည် မြို့ပြင်ကို ထွက်လို့ရတဲ့ တစ်ခုတည်းသောလမ်းလည်း ဖြစ်သည်။
သူမ စောင့်ဆိုင်းနေ၏။ သူမ သုံးနပ်စားပြီး ညဉ့်နက်မှ နောက်ဆုံးတွင် အဖွဲ့တစ်ဖွဲ့ တဖြည်းဖြည်းနီးကပ်လာသည်ကို တွေ့လိုက်ရသည်။
မှေးမှိန်သည့် အလင်းရောင်အောက် မြင်းစီးသူကို ကြည့်လိုက်တယ်။
သူက အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး သူရဲ့ ချောမောသော မျက်နှာပေါ် စိတ်ခံစားချက်မဲ့သည်။
သို့သော် သူ့မျက်လုံးများက သတိရှိ၏။
လုရှန်း ပြုံးတယ်။ သူမ လှည့်ကာ တိုင်နောက်ကွယ်တွင် ပုန်းနေလိုက်၏။ သူမ ရထားများနဲ့ အကွာအဝေးတစ်ခုမှာ စောင့်ဆိုင်းနေပြီး သူမ မလိုက်သွားခင် အနက်ရောင် ပုံရိပ် ၂၀ လောက်က သူတို့ အနောက်လိုက်ကို လိုက်သွားကြသည်။
သူမမှာ Imperial Sky Talisman ရှိတာမို့ သူတို့ကို မဖမ်းခင် အချိန်အနည်းငယ်သာ လိုအပ်သည်။
အနောက်မှ လိုက်လာသော လူများမှာ ကောင်းပုံ မပေါ်ပါ။ သို့ပေမဲ့ သူမ တိုက်ခိုက်ဖို့ အလျင်မလိုဘူး။
ချုစစ်ဟန် ဒီလူနည်းစုကို မဖြေရှင်းနိုင်ရင် သူ အားနည်းလွန်းလို့ပဲ။
အမှန်တိုင်းပြောရရင် ရထားလုံးများ တောထဲသို့ ဝင်လာတာနဲ့ တပြိုင်နက် အနက်ရောင် ၀တ်စုံ ယောက်ျားများ တိုက်ခိုက်ကြသည်။
သို့သော် သူတို့အားလုံးကို ချုစစ်ဟန်ရဲ့ လူများက တိတ်တိတ်ဆိတ်ဆိတ် ဖြေရှင်းခဲ့ကြသည်။ နေထွက်သည့်တိုင်အောင် ချုစစ်ဟန်နဲ့ သူရဲ့ လူများက အနက်ရောင်ဝတ်ထားတဲ့ လူငါးယောက်ထက်မနည်း ဖမ်းဆီးခဲ့ကြသည်။
သို့သော် ချုစစ်ဟန်ရဲ့ လူများကို အနိုင်မယူနိုင်ခဲ့ပေ။ သူတို့ လင်းဂျန်အိမ်တော် ခရီးကို ချောမွေ့စွာ ဖြတ်သန်းနေပုံပေါ်သည်။
မနက်မိုးလင်းချိန်တွင် ချုစစ်ဟန်နဲ့ သူ့လူတွေဟာ တည်းခိုခန်းတစ်ခု၌ ရပ်လိုက်ကြသည်။
သူတို့ အနားယူရန် ပြင်ဆင်နေပုံရတယ်။
လုရှန်း အဖြူရောင်ဝတ်စုံနဲ့ အဖြူရောင်ခေါင်းဆောင်း ဝတ်ဆင်ထား၏။ သတ္တုဆိုင်က ဝယ်လာတဲ့ ကျိုးနေတဲ့ ဓားကို ကိုင်ထား၏။
သူမရဲ့ ခေါင်းဆောင်းသည် မျက်နှာကို ကွယ်ထားပြီး သူမကလည်း သူရဲကောင်းတစ်ယောက်လို ၀တ်ဆင်ထားသည်။ တည်းခိုခန်းထဲ ဝင်ချိန်တွင် သူမ လူအများရဲ့ အာရုံစိုက်မှုကို ခံရ၏။
“စားပွဲထိုး၊ အရံဟင်းအနည်းငယ်နဲ့ ဝိုင်တစ်အိုး ယူလာပေးပါ။”
သူမ တင်းကျပ်သော အသံဖြင့် အော်ပြောလိုက်၏။
“ကောင်းပြီ!”
စားပွဲထိုး အသိအမှတ်ပြုပြီး ထွက်သွား၏။
ချုယွမ်နဲ့ ကျန်လူများ နိုးကြားသော မျက်လုံးများနဲ့ သူမကို စိုက်ကြည့်နေကြသည်။ ထိုမိန်းကလေးသည်
သူတို့ ဝင်လာချိန် လိုက်ဝင်တယ်။ ထို့ကြောင့် သူတို့အနောက်လိုက်လာသည်ဟု သူတို့သံသယ ဖြစ်မိသည်။
ချုစစ်ဟန်ရဲ့ စူးရှသောအကြည့် လွှမ်းမိုးသွား၏။ သို့သော် ထိုပုံရိပ်ကို မြင်ချိန်တွင် အနည်းငယ်ရင်းနှီးနေတယ်လို့ ခံစားရသည်။ သူသည် ထိုပုံရိပ်များကို စိုက်ကြည့်ကာ မျက်ဝန်းကျဉ်းမြောင်းသွား၏။ ထို့နောက် သူ့ကိုယ်သူ ရယ်မောမိသည်။
အဲလူ ဘာလို့ဒီမှာရှိနေတာလဲ?
သူမ ဘာလို့ အခုလို ဝတ်စားထားတာလဲ? သူ တစ်ညအိပ်ရေးပျက်လိုက်လို့ ထင်ယောင်ထင်မှား မြင်တာများလား?