ဝိုင် ကောင်းကောင်း၊ အစားအသောက် ကောင်းကောင်းနဲ့ ထမင်းတနပ်စားရဖို့ ရှားပါး၏။ လူတိုင်းဗိုက်ပြည့်သွား၏။
ဟောင်ရန်မြို့သည် မိုးများပြီး လယ်သမားတွေရဲ့ ရိတ်သိမ်းမှုကလည်း သိပ်မကောင်းပါ။ အခွန်ပေးဆောင်ပြီးရင် စားနပ်ရိက္ခာ များများစားစား မကျန်ရစ်ပေ။
ထို့ကြောင့် လူတိုင်း အလွန်ခြွေတာကြသည်။ အများစုသည် ရေနဲ့ အရသာမရှိတဲ့ စွပ်ပြုတ်ကို စားသုံးကြပြီး ပွဲတော်ကာလအတွင်းပဲ ထမင်းပူပူ ဟင်းပူပူ စားသောက်ကြ၏။
ဒါကလည်း ကလေးတွေ နှစ်သစ်ကို သဘောကျရတဲ့ အကြောင်းအရင်းဖြစ်သည်။
လျန်မိသားစုနဲ့ လီကျန်း(ရွာသူကြီး)တို့ ဇနီးမောင်နှံ ပြန်သွားချိန်တွင် လုရှန်း ပန်းကန်များနဲ့ တူများကို သန့်ရှင်းဆေးကြောသည်။
အစက အမျိုးသမီးဖန်၊ အဒေါ်ယုနဲ့ အမျိုးသမီးချန်းတို့ ကူညီပေးချင်ပေမဲ့ သူမ ငြင်းဆန်ခဲ့တယ်။ ပန်းကန်ဆေးပြီးသည်နှင့် သူမ ကလေးနှစ်ယောက်ကို ရေချိုးဖို့ခေါ်၏။ အပြင်ဘက် မှောင်နေပြီလေ။
လုရှန်း ကုတင်ပေါ်လှဲပြီး ချုယွမ်နဲ့ ချုစစ်ဟန်တို့ ဒီနေ့ပြောခဲ့တဲ့ စကားကို တွေးတောမိသည်။ သူမ လွမ်းဆွတ်ဖွယ်ခံစားချက်ကို ဆက်လက်ခံစားနေခဲ့တယ်။
ချူမိသားစုနဲ့ ရှန်ဂွမ်မိသားစုကို ဖယ်ထားရင် ကန်းမိသားစုသည် ဟောင်ရန်မြို့တွင် အမြင့်ဆုံးအဆင့်အတန်းရှိတယ်။
ယုမိသားစုလည်း ကျော်ကြားသည်။ ပြောရရင် ကန်းမိသားစုရဲ့ ကြွယ်ဝမှုကို လျှော့တွက်လို့မရပါ။
တရားသူကြီးရှန်းကွမ်းနဲ့ ကျန့်ဝေ ပေါင်းကြံသည်ဟု ကန်းရူမား ပြောခဲ့သည်။ အခု ကျန့်ဝေ ထောင်ကျသွားတော့ သဘာဝအတိုင်း ကြောက်စရာမရှိပေ။
သို့သော်လည်း တရားသူကြီးရှန်းကွမ်းသည် တိုင်းပြည်ဘဏ္ဍာတိုက်ထဲကို ငွေအမြောက်အမြား ရောက်သွားခဲ့သည်ကို မြင်ချိန်တွင် မပျော်နိုင်ခဲ့ပါ။
သူမ ခန့်မှန်တာမှန်ရင် ချုစစ်ဟန်က ဒီငွေများကို မြို့တော်သို့ အမြန်ပို့ပေးရန် လင်းဂျန်အိမ်တော်သို့ အလျင်အမြန်ပြန်သွားတာ ဖြစ်ရမည်။
အခု ဒီငွေတွေကို အစီရင်ခံပြီး မြို့တော်ကို လုံခြုံစွာ မပို့ဆောင်ရင် ချုစစ်ဟန်သည် ဧကရာဇ်မင်းအား လှည့်စားခြင်းနဲ့ အပြစ်ရှိနိုင်တယ်။
ခရိုင်တရားသူကြီးသည် ချုစစ်လင်းနဲ့ ပူးပေါင်းပြီး ချုစစ်ဟန်ကို လုပ်ကြံမှာ စိုးမိသည်။ လုပ်ကြံတာအောင်မြင်ခဲ့ရင် သူတို့ ချုစစ်ဟန်ကို ထောင်ချလို့ရနိုင်တယ်။
အဲဒီအခါ ချုစစ်ဟန် ဘာလုပ်မလဲ?
လုရှန်း ဘာကိုစိတ်ပူနေမှန်း မသိ စိတ်ပူနေမိသည်။
နောက်နေ့မနက် နိုးလာချိန်တွင် လုရှန်းက အဒေါ်ယုရဲ့ ၀က်မွေးမြူရာကို သွားပြီး ဟင်းသီးဟင်းရွက်များကို ရေလောင်းရန်အတွက် ဝက် မစင်နှစ်ပုံး သွားယူတယ်။
“ဒီကလေးက ပိန်ပိန်သေးသေးလေး ဒါပေမယ့် သူက တော်တော်သန်မာတယ်။”
ဝက် မစင် နှစ်ပုံးအပြည့် ထမ်းပြီး ပေါ့ပေါ့ပါးပါး ထွက်သွားသည့် လုရှန်းကို ကြည့်ပြီး အဒေါ်လု ပြောစရာစကားပျောက်ရှ သွားရတယ်။
လုရှန်း အသီးအရွက်များကို ရေလောင်းရင်း ချုစစ်ဟန်ရဲ့ စကားများကို တွေးမိ၏။
နောက်နေ့မှ ထွက်ခွာမယ်လို့ ပြောခဲ့၏။ သို့သော် ဘယ်အချိန် ထွက်မယ်ဆိုသည်ကို သူမ မသိပါ။
လုရှန်း ကဏန်းနှင့် ပုစွန်များကို စစ်ဆေးရန် အိမ်နောက်ဖေးကို သွား၏။ အဆင်ပြေတာမြင်တော့ သက်ပြင်းတစ်ချက် ချလိုက်တယ်။
သူမ အိမ်ရှေ့ဝင်းထဲ ပြန်သွားပြီး လုဂျန်၊ လုရှင်းတို့နဲ့ ခဏတာ စကားစမြည်ပြောတယ်။ ထို့နောက် လီကျန်း(ရွာသူကြီး)ရဲ့ အိမ်ကို မသွားခင် စားစရာအချို့လုပ်တယ်။
“လုရှန်း ရောက်နေတယ်?”
အမျိုးသမီးဖန် သူမကိုမြင်တော့ မျက်လုံးများ အလွန်နူးညံ့သွား၏။
“အဒေါ် စားပြီးပြီလား။ ဉီးလေးကို တစ်ခုခုမေးဖို့ လာခဲ့တာ။”
အမျိုးသမီးဖန် ခေါင်းညိတ် ပြုံးရင်း “အင်း စားပြီးပြီ။ မင်းဦးလေး လက်ဖက်ရည်ကြမ်း သောက်နေတယ်။”
သဘာဝကျစွာ ထောင်မိသားစုသည် ကျန်ရွာသားများထက် ပိုမိုကောင်းမွန်သော ဘဝကို ဦးဆောင်သည့် အပြင်၊ ထောင်ဂျသည် လက်ဖက်ခြောက်လုပ်ငန်းမှာ ပါဝင်နေတာမို့ လီကျန်း(ရွာသူကြီး)ရဲ့ အိမ်မှာ လက်ဖက်ရည်ကောင်းများစွာ သောက်နိုင်သူ ဖြစ်ပေသည်။
“လုရှန်း သမီးလား? လာဝင်ထိုင်။”
လီကျန်း(ရွာသူကြီး) သူမကိုတွေ့တော့ ဝမ်းသာအားရ ထိုင်ဖို့ဖိတ်ခေါ်၏။
လုရှန်း ဝင်ထိုင်ချိန်တွင် လီကျန်း(ရွာသူကြီး) လက်ဖက်ရည်တခွက်ကို သူကိုယ်တိုင် ထည့်ပေးတယ်။
မထင်မှတ်ထားသော အပြုအမူကြောင့် လုရှန်း ခွက်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ တစ်ငုံသောက်ပြီးတာနဲ့ ခုံပေါ်ပြန်တင်၏။
“ဟောင်ရန်မြို့ကနေ လင်းဂျန်အိမ်တော်ကို ဘယ်လောက်ကြာကြာ သွားလာရမလဲဆိုတာ မေးဖို့ ဒီကိုလာခဲ့တာပါ။”
“မဝေးဘူး။ မြင်းရထားနဲ့ဆို ဆယ်ရက်လောက် ကြာမယ်။”
ပြန်ဖြေပြီးနောက် လီကျန်း(ရွာသူကြီး) သံသယစိတ်ဖြင့် “သမီး ဘာလို့ ဒီလိုမေးတာလဲ။ လင်းဂျန်အိမ်တော်ကို သွားမို့လား?”
လုရှန်း ခေါင်းညိတ်၏။ “ကျွန်မမှာ ကိစ္စတစ်ခုရှိတယ်။”
လီကျန်း(ရွာသူကြီး) ခေါင်းညိတ်ပြီး “သမီးမှာ ပိုက်ဆံအလုံအလောက် ရှိလား။ မရှိရင်ပြောပါ ငါ မချမ်းသာပေမယ့် ဒါဇင်အနည်းငယ်လောက်ပေးဖို့ တတ်နိုင်သေးတယ်။”