ချုစစ်ဟန်သည် သူရဲ့ မူလနေရာမှာ ရပ်ပြီးလုရှန်း ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။
သူမ လမ်းမ မှ ပျောက်ကွယ်သွားပြီးနောက် သူ့အကြည့်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်၏။ ထို့နောက် တော့ ချုယွမ် ကိုခေါ်ပြီး ထွက်ခွာလာခဲ့သည်။
လုရှန်း ရွာသို့ပြန်ရောက်ချိန်တွင် သူမ ပထမဆုံးလုပ်သည်မှာ ဟင်းပွဲများကို အပူပေးပြီး ထမင်းတည်ခြင်းဖြစ်သည်။ ထို့နောက် လုဂျန်နဲ့ လုရှင်းကို ခေါ်ပြီး ဘေးအိမ်ကို သွားသည်။ ထမင်းစားဖို့ သူမ လျန်မိသားစုကို ဖိတ်ခေါ်ခဲ့တယ်။
ပထမတော့ အဒေါ်ယု သဘောမတူဘူး။ အမျိုးသမီးချန်း ထမင်းချက်ဖို့ မီးမွှေးဖို့ပြင်နေသည်လေ။ အဆုံးတွင် သူတို့ကလုရှန်းရဲ့ စိတ်အားထက်သန်မှုကို အနိုင်ယူလို့ မရခဲ့ပါ။
လုရှန်းသည် သူမ အရသာရှိတဲ့ အစားအစာတွေကို ပြန်ယူလာတယ်ဟု ပြောချိန်တွင် အားလုံးက ဒီအတိုင်းစကားဆိုတယ်ပဲ ထင်ခဲ့ကြသည်။ ထို့နောက် အရသာရှိသော အစားအသောက်တွေ ပြည့်နေတဲ့ စားပွဲကို ကြည့်ရင်း လျန်မိသားစု အံ့သြသွား၏။
“ဒီဟင်းပွဲတွေက အများကြီးပဲ။ ပိုက်ဆံအများကြီးကုန်မှာပဲ။ ဟုတ်တယ်မလား။” လျန်ပင်က မေး၏။
အရင်က စားသောက်ဆိုင်၌ လုပ်ခဲ့သူအနေနဲ့ ဒီဟင်းလျာများသည် စားသောက်ဆိုင်ကြီးများတွင်သာ ရနိုင်သည်ကို သဘာဝကျကျ ပြောပြနိုင်တယ်။
လုရှန်းသည် ငန်းကင်၊ ချိုချဉ်ငါး၊ ဝက်သားပြုတ်၊ ခရမ်းချဉ်သီးစွပ်ပြုတ်၊ မြေပဲ တစ်ပန်းကန်၊ ဂေါ်ဖီကြော်တစ်ပန်းကန်၊ ကြက်သွန်ဖြူ ပုဇွန်ပေါင်း၊ ဝက်သားပေါင်းနှင့် ကြက်ပေါင်း တစ်ပန်းကန်တို့ကို ပြန်သယ်လာခဲ့တယ်။
စုစုပေါင်း ဟင်းပွဲ ၈ ပွဲက စားပွဲတစ်ခုလုံး ပြည့်သွားလေသည်။
“ဒီနေ့ သူငယ်ချင်းတစ်ယောက်က တန်ရှန်စားသောက်ဆိုင်မှာ ထမင်းစားဖို့ ဖိတ်တယ်။ မစားရသေးဘူး။ ထို့ကြောင့် ဒီဟင်းပွဲတွေကို ထုတ်ပိုးပြီး ကျွေးဖို့ ခေါ်လိုက်တာ။”
“တန်ရှန် စားသောက်ဆိုင်?”
လျန်ပင် အံ့သြသွား၏။ “ဟောင်ရန်မြို့ရဲ့ အကြီးဆုံး စားသောက်ဆိုင်လေ… ချုမိသားစု ပိုင်တာ။ ဂေါ်ဖီတစ်ပန်းကန်ကို ငွေတုံး ၁ တုံး ပေးရတယ်လို့ ကြားတယ်။”
“ငွေတုံး ၁ တုံး ?!”
အဒေါ်ယုနဲ့ အမျိုးသမီးချန်းတို့ ကြားကြားချင်း တုန်လှုပ်သွား၏။ သူတို့လို သာမာန်မိသားစုတွေအတွက်တော့ သူတို့ရဲ့ စားဝတ်နေရေးစရိတ်က တစ်နှစ်ကို ငွေ ၁၀ တုံးရှိသည်။ ပိုခြိုးခြံချွေတာနိုင်လျှင် အများဆုံး ၅ တုံးမှ ၆ တုံးအထိ ကုန်ကျစရိတ်ရှိတယ်။
ဟင်း ၁ ပွဲကို ငွေတုံး ၁ တုံးဆိုရင် ဒါကိုစားတာနဲ့ ရွှေကိုမျိုချတာ ဘာကွာတော့မှာလဲ?
လုရှန်း ပြုံးပြီး လူတိုင်းကို ပြောလိုက်သည်။ “မြန်မြန်စားပါ။ အေးသွားရင် အရသာရှိမှာ မဟုတ်ဘူး။”
သူတို့ ထမင်းစားခါနီးချိန်တွင် တံခါးခေါက်သံကိုကြားရ၏။
“အရင်စားကြ။ ကျွန်မ တံခါးသွားဖွင့်လိုက်မယ်။”
လုရှန်း မတ်တပ်ထရပ်ပြီး တံခါးကို ဖွင့်လိုက်၏။
အမျိုးသမီးဖန် ဝိုင်ပုလင်း ပြန်လာပေးတာဖြစ်တယ်။
လုရှန်း ပြုံးပြီးပြောတယ် “အဒေါ်ဖန် အချိန်မှန်ရောက်လာတာပဲ။ ဝင်စားပါဉီး။ ဒီနေ့ ဟင်းတော်တော် များများ ပြန်ယူလာခဲ့တယ်။”
“ဟုတ်ပါပြီ စားကြပါ!” အမျိုးသမီးဖန် အပြုံးဖြင့် ဆိုတယ်။ “မင်းဦးလေး ထမင်းချက်ဖို့ ငါ့ အလာကိုစောင့်နေတယ်။”
သူတို့တွင် သားသမီးနှစ်ယောက် ရှိသည်။ သူတို့သမီးသည် အိမ်ထောင်ကျတာ ကြာပြီဖြစ်ပြီး သားဖြစ်သူက ယောက္ခမရဲ့ စီးပွားရေးလုပ်နေတာကြောင့် လအနည်းငယ်အတွင်း တစ်ကြိမ်သာ ပြန်လာဖြစ်သည်။
အိမ်တွင် အမျိုးသမီးဖန်နဲ့ လီကျန်း(ရွာသူကြီး) သာရှိတယ်။
“ဉီးလေးကိုလည်း လာခိုင်းလိုက်ပါ။”
လုရှန်း စကားပြောနေစဉ် အမျိုးသမီးဖန်ကို ဆွဲခေါ်ကာ အပြုံးဖြင့်ပြောလိုက်သည်။ “အဒေါ်ယုနဲ့ ကျန်တဲ့သူတွေလည်း ဒီမှာရှိတယ်။ သူတို့နဲ့ အရင်ထိုင်နှင့်ဉီး။ ဉီးလေးကို သွားခေါ်လိုက်မယ်။”
လျန်မိသားစုသည် အမျိုးသမီးဖန်ကို ကြည့်ရင်း အမြန်ထရပ်ကာ နေရာပေးဖို့ စောင့်ဆိုင်းနေကြသည်။
ဒီရွာမှာ ရွာသူကြီး အရာရှိလီကျန်း (ရွာသူကြီး) က လွဲရင် သြဇာအကြီးဆုံးက လီကျန်း(ရွာသူကြီး)ရဲ့ ဇနီးဖြစ်တယ်။
အစကတော့ အမျိုးသမီးဖန် နည်းနည်းရှက်သွား၏။ ပြောရရင် မိန်းကလေးလု မိသားစုရဲ့ အခြေအနေကို ကောင်းကောင်းသိထားသည်။
ထမင်းတစ်နပ်သည် လုရှန်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ကို နားလည်တယ်။
သို့သော် စားပွဲပေါ်ရှိ ဟင်းလျာများကို မြင်ချိန်တွင် မထိန်းနိုင်ဘဲ တုန်လှုပ်သွားတော့သည်။
အရင်က ရွာရဲ့ အကောင်းဆုံးပွဲမှာတောင် ဒီလိုဟင်းပွဲမျိုး မမြင်ဖူးပါ။
“ဟင်းပွဲတွေ အများကြီး? ဘယ်ကရတာလဲ?”
“သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးတာ။ အရင်လာစားဉီး ဉီးလေးကို သွားခေါ်လိုက်ဦးမယ်။”
လုရှန်း တံခါးအပြင်ကို ထွက်သွား၏။ လုရှန်း ရွာလူကြီးကို ခေါ်မယ်လို့ ပြောတာကို ကြားချိန်တွင် လျန်ပင်က ဝိုင်တချို့သောက်ဖို့ အကြံပေး၏။
အဒေါ်ယုနဲ့ အမျိုးသမီးချန်း မကန့်ကွက်ကြပါ။ လျန်ပင်သည် များသောအားဖြင့် မသောက်တတ်ပေမဲ့ ပွဲတော်ရာသီတွင် တစ်ခွက် သို့မဟုတ် နှစ်ခွက်သောက်လေ့ရှိတယ်။
လုရှန်း ရွာသူကြီးကို သွားခေါ်နေချိန်တွင် လျန်ပင် ဝိုင်တချို့ သွားယူဖို့ ထွက်သွားသည်ကိုကြည့်ရင်း အမျိုးသမီးဖန် လက်လျော့လိုက်တော့တယ်။