လုရှန်း ပေါ့ပေါ့ပါးပါး ချောင်းဟန့်ပြီး “သခင်လေးမှာ လုပ်စရာရှိနေသေးရင် ကျွန်မ ဆက်မနေတော့ပါဘူး။ ဒါတွေကို ကျွန်မ ယူသွားလို့ရမလား?”
သူမ ဒီနေရာတွင် အရသာရှိစွာ စားသောက်နေပေမဲ့လည်း သူမရဲ့ မောင်နှမများ ဂျုံယာဂုကို ချက်စားနေရသည်ကို တွေးမိသည်။
“ချုယွမ်၊ အောက်ထပ်ဆင်းပြီး မီးဖိုချောင်ထဲက တခြားဝေစုကိုပါ ယူလာခဲ့ဖို့ပြောလိုက်။”
“သခင်လေး အပိုသုံးစရာ မလိုဘူး။ ဒါတွေက လုံလောက်တယ်။”
သူမ ဟင်းလျာများကို မထိရသေး။ လွှင့်ပစ်လိုက်ရင် ဘယ်လောက်ဖြန်းတီးလိုက်သလဲ?
ချုယွမ်က ချုစစ်ဟန်ကို တစ်ချက်ကြည့်၏။ ချုစစ်ဟန် ခေါင်းညိတ်တာကို ကြည့်ရင်း “ မိန်းကလေးလု ကျေးဇူးပြုပြီး ထိုင်ပါ။ အောက်ထပ်က ကောင်တာမှ လူကို ထုတ်ခိုင်းလိုက်မယ်။”
“ကျေးဇူးတင်ပါတယ်!”
နောက်ဆုံး သူမ ပြုံးတာမြင်မှ ချုစစ်ဟန် သက်ပြင်းချ လိုက်တော့သည်။
“အဲဒီတုန်းက ရှင့်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ သူက ချုစစ်လင်းလား?”
လုရှန်း ပေါ့ပေါ့ပါးပါး မေးတယ်။
ချုစစ်ဟန် သူမကို အံ့သြတကြီး ကြည့်တယ်။ “ချုစစ်လင်းကိုသိလား?”
“ချုယွမ် အခုလေးတင် သူ့နာမည် ပြောလိုက်တာ မဟုတ်ဘူးလား?”
ဒီစကားကို ပြောပြီးနောက် လုရှန်းရဲ့ အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။
ခဏကြာတော့ သူမမျက်နှာကို အုပ်ကာ စကားရပ်လိုက်၏။
‘ဟူး! မတော်တဆ သူမကိုယ်သူမ သစ္စာဖောက်မိလိုက်ပြီ။’
ချုစစ်ဟန် မျက်ခုံးပင့်ပြီး လှောင်ပြောင်တယ်။ “မိန်းကလေးလုက တကယ်ကို အကြားစွမ်းရည် ကောင်းမွန်တာပဲ။”
“ဒါဆို အဲဒါ ကျွန်မ အပြစ်လား?” သူမ အေးစက်စက် လှောင်ပြောင်၏။
ချုစစ်ဟန် ပေါ့ပေါ့ပါးပါး ပြုံးပြီး ခေါင်းယမ်းတယ်။ “မင်းအပြစ် မဟုတ်ဘူး။”
ရုပ်သေးပညာကို သိပြီး ကိုယ်ဖော့သိုင်းကိုလည်း ကောင်းကောင်းသိရုံသာမက ဒီလို အကြားအာရုံကောင်းများလည်း ရှိမည်ဟု သူ မမျှော်လင့်ထားမိ။
သူသာ သူမနေရာ ထိုင်မယ်ဆိုရင် ချုယွမ်ရဲ့စကားကို ကြားဖို့ခက်လိမ့်မယ်။ သူ တကယ်သိချင်မိတယ်။ ဒီမိန်းကလေးမှာ တခြားအံ့အားသင့်စရာတွေ ဘာတွေများကျန်သေးသလဲ?
“ရှင့်နာမည်နဲ့ သူ့နာမည်က အရမ်းဆင်တယ်။ ညီအစ်ကိုတွေလား?” လုရှန်း စိတ်ဝင်တစား မေး၏။
“သူက ငါ့ဝမ်းကွဲ။”
“ဝမ်းကွဲ?”
လုရှန်း မျက်မှောင်ကြုံ့ပြီး “ဒါဆို ရှင့်ကို ဘာလို့လိုက်သတ်နေတာလဲ?”
ချုစစ်ဟန် ပေါ့ပေါ့ပါးပါး ပြုံးတယ်။ သူ့အကြည့်တွေက အနည်းငယ် တည်ငြိမ်လာပြီး အနည်းငယ် အေးစက်တဲ့ လေသံဖြင့် “ငါက ရာထူးကြီးတယ်။ အဖေက ချုမိသားစု ခေါင်းဆောင်။ ငါတို့ သူ့လမ်းထဲရောက်နေသလိုဖြစ်နေတာ။”
လုရှန်း ဒီစကားကို ကြားချိန်တွင် မကျေမနပ် ဖြစ်သွား၏။ “ရှင်တို့ ချမ်းသာတဲ့သူတွေမှာ ရှုပ်ယှက်ခတ်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။”
အချင်းချင်း ရန်ဖြစ်ရန် ကြံစည်ခြင်း ဒါမှမဟုတ် သေသည်အထိ တိုက်ခိုက်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့လွန်းသည်။
ချုစစ်ဟန် ပြုံးကာ ခေါင်းညိတ် သဘောတူတယ်။ “ငါလည်း အဲလိုထင်တယ်။”
သို့သော် ရွေးချယ်စရာမရှိပါ။ သူ့ကို ချူမိသားစုမှာ မွေးဖွားဖို့ ဘယ်သူက တောင်းဆိုလို့လဲ?
ချူမိသားစုက အဆင်ပြေနေသေးသည်။ လူရွှင်တော်က ချုစစ်လင်း တစ်ယောက်တည်းသာ ရှိသည်လေ။
သူ့အမေရဲ့ မိသားစုက ရှုပ်ပွတယ်။ ချူမိသားစုထက် ပိုဆိုးရွားသည်။
ချုယွမ် ဘူး ၂ ခု ယူလာပြီး ချုစစ်ဟန်က မထိရသေးသည့် ပန်းကန်များကို ထည့်ပေးဖို့ ကူညီ၏။
“သဘက်ခါ သွားတော့မယ်။ ဘယ်တော့ ပြန်ဆုံကြမလဲလို့ တွေးမိတယ်။”
အစားအသောက်တွေကို ဘူးတွေထဲ ကောင်းကောင်းထည့်ပြီးနောက် လုရှန်းကို မော့ကြည့်လိုက်ပြီး “ မိန်းကလေးလု ငါ့နောက်ခံကို သိပြီး တခြားအတွေးတွေ ရှိလာမှာကိုလည်း ကြောက်တဲ့အတွက် ဖုံးကွယ်ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပါ!”
“ဘယ်လိုအတွေးမျိုး ကျွန်မတွေးနိုင်မှာလဲ?” လုရှန်း ပေါ့ပေါ့ပါးပါး ပြုံးပြီး နောက်ဆုံးပန်းကန်ကို သေတ္တာလေးထဲ ထည့်လိုက်တယ်။ “ရှင့်နောက်ခံကို စောစောစီးစီးသိခဲ့ရင် ကျွန်မ ဒီလောက် သတ္တိမဲ့ပြီး ဆင်ခြင်တုံတရားမဲ့နေမှာ မဟုတ်ဘူး။”
“တောင်းပန်ပါတယ်!”
ချုစစ်ဟန် ရိုးရိုးသားသားဆို၏။
လုရှန်း ခေါင်းယမ်းပြီး နှုတ်ခမ်းကို ဖွဖွ ပြုံးကာ “ဒါဆို နောက်တစ်ခါတွေ့မယ်။ ဘေးကင်းသောခရီး ဖြစ်ပါစေ သခင်လေး။”
ဆိုရိုးစကားအတိုင်း လက်ဆောင်တွေက မျက်စိကို ကန်းစေသည်။ ထို့အပြင် သူမ စားသောက်ရုံမက အစားအစာများကို ယူဆောင်သွားသေးသည်။
သူ့ကို အပြစ်ပုံချခြင်းက သူမကို ဆင်ခြင်တုံတရားမဲ့ သွားစေလိမ့်မည်။
ချုစစ်ဟန် သူမကို အောက်ထပ်ထိ လိုက်ပို့ပေး၏။ သူ သူမကို ရွာကို ကိုယ်တိုင်ပြန်ပို့ချင်ပေမယ့် သူမ ငြင်းပယ်ခဲ့တယ်။
ရွာရှိ ကောလာဟလများကို စဉ်းစားရင်း လုရှန်း ကူရာမဲ့ဖြစ်နေ၏။
သူမ နောက်တစ်ကြိမ် ခွင့်ပြုလိုက်ရင် သူ့ကို တစ်သက်လုံး တာဝန်ယူပေးဖို့ တောင်းဆိုရုံကလွဲလို့ ရွေးချယ်စရာ ရှိမည်မဟုတ်။
သို့သော် သူက ချမ်းသာတဲ့ မိသားစုက အရာရှိတစ်ဦးဖြစ်သည်။ မိသားစုငယ်လေးကနေ ဆင်းသက်လာတဲ့ သူမကို သူဘယ်လိုစိတ်ဝင်စားပါ့မလဲ?
လုရှန်း သူမကိုယ်သူမ ရယ်မောမိတယ်။ ရိက္ခာသေတ္တာလေးတွေကို ဝှေ့ယမ်းပြီး နောက်ပြန်မလှည့်ဘဲ ထွက်လာခဲ့တော့သည်။