Switch Mode

အခန်း(၁၁၁)-သံသယဝင်မှု

“ဟုတ်တယ်” ဖက်တီးကျူသည် ဖရဲသီးအစေ့များကို ထွေးထုတ်ကာ ပြောလိုက်သည် “ဘုရင်ကြီးရဲ့ သက်တော် ၁၅၀ပြည့်ဆိုတော့ စားစရာတွေကရှယ်တွေပဲလို့ငါကြားတယ်၊ မြို့တော်က အဆင့်တစ် စွမ်းအားပိုင်ရှင်တွေအားလုံးတက်ကြမယ်တဲ့၊ နာလန်မျိုးနွယ်ကလည်း သိတဲ့အတိုင်းသွားကြမှာပဲလေ၊ သူတို့တင်မဟုတ်ဘူး၊ အဂ္ဂိရတ်ပညာရှင်အသင်း၊ ထိန်းကျောင်းမှုဝိညာဉ်သခင်အသင်းနဲ့ ဝိညာဉ်သခင်အသင်းတို့လည်း ကိုယ်စားလှယ်တွေလွှတ်ပြီးတက်ကြမှာပဲ၊ ငါတို့လိုလူမျိုးကတော့ မင်းသား၃ ဘေးမှာပဲအလိုက်သင့်နေရမှာပဲ”

ရှီမာယူယူကျောက်စားပွဲအားရိုက်လိုက်သည် “အားကောင်းတဲ့စွမ်းအားပိုင်ရှင်တွေအကုန်သွားကြမယ့်ပုံပဲ”

“ဟုတ်တယ်” ဖက်တီးကျူခေါင်းညိတ်သည် “အမှန်ပြောရရင်၊ ကောင်းတဲ့အတွေ့အကြုံပဲ မင်းသွားပြီးကြည့်တာ မဆိုးလောက်ဘူး”

“အင်း… အဲအချိန်ကျရင်သွားမလားမသိဘူး” ရှီမာယူယူပြောလိုက်သည်။

“မင်းသွားမယ်ဆိုရင် ငါလည်းစကားပြောစရာလူရှိတာပေါ့” ဖက်တီးကျူပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါ့အစ်ကိုကြီးက ငါ့ကို လူဝင်ဆံ့အောင်သွားစေချင်တာ၊ ငါကအဲဒီလိုမျိုးတွေကို စိတ်မဝင်စားဘူး၊ ပြီးတော့ အဲဒီမင်းသား၃ကိုလည်း သဘောကျလှတယ်တော့မဟုတ်ဘူး၊ မင်းသွားမယ်ဆိုရင် ငါလည်းမပျင်းတော့တာပေါ့”

“ကြည့်ကြတာပေါ့”

“အင်း.. ဒါဆို ငါအရင်ပြန်နှင့်မယ်၊ ခုဏကငါပြောတာသတိရနော်၊ ဒီဖက်တီးဆီက လိုချင်တာတစ်ခုခုရှိရင် တိုက်ရိုက်သာပြောလိုက်” ဖက်တီးကျူ မတ်တတ်ရပ်ကာပြောလိုက်သည်။

“ပြောပါ့မယ်” ရှီမာယူယူပြုံးကာပြောလိုက်သည်။

ဖက်တီးကျူအား လိုက်ပို့ပြီးသည်နှင့် ရှီမာယူယူကိုယ်ပိုင်အခန်းသို့ပြန်လာလိုက်သည်။ သူမသည် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို သူတို့သိသော်လည်း သူမပြန်လာချိန်တွင် သူတို့သည် ပြောင်းလဲသွားခြင်းမရှိပေ။ သူမနှင့် ရင်းနှီးသောသူများသာ သူမအရင်နှင့်မတူတော့သည်ကို သိကြသည်။

မြို့တော်ထဲတွင် လူတိုင်းသည် ရှီမာမျိုးနွယ်နှင့် နာလန်မျိုးနွယ်တို့၏ အခြေအနေကို စောင့်ကြည့်နေကြသည်။ တစ်ဖက်မှာ အားကောင်းသောနာလန်မျိုးနွယ်ဖြစ်၍ ကျန်တစ်ဖက်မှာ မျှတသော စစ်သူကြီးအိမ်တော်ဖြစ်သည်။ သူတို့သည် ဘယ်ဘက်ကိုမှမကူညီသော်လည်း ဘက်မှားရွေးပါက သေချာပေါက် ဒုက္ခရောက်မည်ဖြစ်သည်။

နာလန်မျိုးနွယ်သည် အဂ္ဂိရတ်ပညာရှင်များအား ဖိတ်ခေါ်ထားပြီး ရှီမာမျိုးနွယ်သည် အဂ္ဂိရတ်ဆရာများနှင့် ဆက်ဆံမှုမပြေလည်ကြောင်းကို အားလုံးသိကြသည်။ ထို့ကြောင့် ဒီတစ်ကြိမ်တွင် ရှီမာမျိုးနွယ်ရှုံးနိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။

ရှီမာမျိုးနွယ်၏ဆိုင်တွင် ဆေးများပြတ်လပ်သွားသည့်သတင်းသည် တောမီးကဲ့သို့ပျံ့နှံ့သွားသောအခါ မျိုးနွယ်ခေါင်းဆောင်များသည် ခေါင်းခါကာ သက်ပြင်းချကြသည်။ ထိုဆေးများသည် မျိုးနွယ်ခေါင်းဆောင်တိုင်းအတွက် အသုံးဝင်သည်။

သို့သော် မကြာလိုက်ပါ၊ ရှီမာမျိုးနွယ်၏ ဆိုင်တွင် ဆေးများရောင်းချတော့သည်။ ထို့အပြင် အရင်နှင့်ယှဉ်လျှင် ဈေးနှုန်းမှာ သုံးဆသက်သာသည်။ နာလန်မျိုးနွယ်မှ ဆေးများထက်ပင် ပိုဈေးသက်သာသည်။

ကြေးစားများအတွက်တော့ ထိုဈေးသည် အလွန်အမင်းအဆင်ပြေနေသည်။ ထို့ကြောင့်ပင် ထိုကြေးစားများသည် ရှီမာမျိုးနွယ်၏ဆိုင်တွင် စတင်ဝယ်ယူတော့သည်။

နာလန်မျိုးနွယ်သည် ထိုသတင်းအား လျင်မြန်စွာကြားသိလိုက်ရသည်။ ရှီမာမျိုးနွယ်၏ ဆိုင်မှ ဆေးများပြတ်လပ်အောင် လူများလွှတ်ကာ ဝယ်ယူခိုင်းသည်မှာ သူတို့ပင်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဆေးများအသုတ်လိုက်ထုတ်ကာ ရောင်းချပြီး ဈေးမှာလည်း သူတို့ထက်ပင် သက်သာလိမ့်မည်ဟု ထင်မထားပေ။ ထို့ကြောင့်ပင် သူတို့ အကြပ်ရိုက်သွားကြလေသည်။

နာလန်မျိုးနွယ်၏ အစည်းအဝေးခန်းမတွင် နာလန်ဟီသည် မျက်နှာမသာမယာဖြင့် ထိုင်ခုံများထိပ်တွင်ထိုင်နေသည်။ ဘေးနားမှ လူကြီးနှစ်ယောကသည် တစ်ဖက်တစ်ချက်တွင်ထိုင်ကြပြီး ကျန်သောသူများသည် နိမ့်ရာတွင်ထိုင်ကြသည်။

“မျိုးနွယ်ခေါင်းဆောင် ရှီမာမျိုးနွယ်မှာ ဆေးတွေရှိနေသေးတာတကယ်ပဲလား” ဒုတိယ လူကြီးကမေးသည်။

“ဟုတ်တယ်” နာလန်ဟီခေါင်းညိတ်သည်။ “သူတို့ဆေးရောင်းနေတယ်ဆိုတာကို ငါတို့လည်းအခုမှသိတာပဲ”

“ဒါပေမယ့် သူတို့ကျန်နေတဲ့ဆေးတွေကို ကျွန်တော်တို့အကုန်ဝယ်ပြီးပြီမလား”

ထိုဆိုင်သည် ရှီမာမျိုးနွယ်အား ဆေးများမသွင်းတော့ပါဘူးဟု သူတို့အားကတိပေးပြီးဖြစ်သည်။ ဒါဆို သူတို့ဆေးတွေဘယ်ကရတာလဲ၊ ဒုတိယလူကြီးသည် မဝေခွဲတတ်ပေ။

“တစ်ယောက်ယောက်က ကျွန်တော်တို့နဲ့ ကတိကဖောက်ပြီး သူတို့ကို သပ်သပ်ဆေးတွေရောင်းနေတာလား” ပထမလူကြီးကပြောသည်။

“အဲလိုတော့ ဟုတ်မယ်မထင်ဘူး” နာလန်ဟီပြောသည် “တစ်ယောက်ယောက်က ကတိမတည်ဘူးဆိုရင်တောင် တစ်ကြိမ်ထဲနဲ့ အဲလောက်အများကြီးဝယ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့ဈေးက သက်သာနေသေးတယ်”

“ဒါဆို မျိုးနွယ်ခေါင်းဆောင်ဆိုလိုချင်တာက…”

နာလန်ဟီ ခဏတာတွေးဆပြီးမှ ပြောလိုက်သည် “ငါထင်တာမမှားရင် သူတို့အဂ္ဂိရတ်ဆရာကို ရှာတွေ့တာဖြစ်နိုင်တယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ” ဒုတိယလူကြီးသည် ခေါင်းရမ်းနေသည်။ “ကျွန်တော်တို့လွှတ်လိုက်တဲ့လူကတော့ ရှီမာမျိုးနွယ်တွေ အဂ္ဂိရတ်ပညာရှင်ရှာတာ မအောင်မြင်ဘူးလို့ပြောတာပဲ၊ ဘယ်လိုလုပ်ရုတ်တရက်ကြီး အဂ္ဂိရတ်ဆရာခေါ်နိုင်ရတာလဲ”

“မျိုးနွယ်ခေါင်းဆောင်၊ ပထမ၊ ဒုတိယ လူကြီးမင်း” နှုတ်ခမ်းမွှေးနှင့် ဆိုင်ရှင်သည် ထပြောလေသည် “လူတွေရဲ့ ပြောပုံအရ ရှီမာမျိုးနွယ်မှာ ဆေးပေါင်းထောင်ချီရှိနေတယ်လို့ပြောပါတယ်၊ ဘယ်အဂ္ဂိရတ်ဆရာကမှ တစ်ခါတည်းနဲ့ အဲလောက်အများကြီးဆေးမထုတ်နိုင်ပါဘူး”

“တစ်ထောင်ကျော်တယ်ဟုတ်လား” ထိုအရေအတွက်သည် အမြဲတမ်း တည်ငြိမ်သော ပထမ လူကြီးအား အံ့သြသွားစေသည်။ “မင်းသေချာလား”

“အနည်းဆုံးတော့ တစ်ထောင်ရှိမှာသေချာပါတယ်” နှုတ်ခမ်းမွှေးလူကြီးသည် ပြောလေသည်။ “ပြီးတော့ ကျွန်တော်တို့ဈေးနှုန်းက ဈေးကွက်ဈေးနှုန်းပဲ ဒါပေမယ့်သူတို့က ထပ်ပြီးလျော့လိုက်သေးတယ်”

“အင်..ရှီမာလိုင် ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ဈေးကိုတောင်ဂရုမစိုက်ပဲ ဒီနည်းလမ်းကိုသုံးတယ်၊ သူတို့ကြာကြာခံမယ်မထင်ပါဘူး” ဒုတိယ လူကြီးကပြောလိုက်သည်။

“ကျွန်တော်လည်းအဲလိုထင်တယ်” ပထမလူကြီးကပြောလိုက်သည် “ရွှေဥဥတဲ့ ငန်းကိုသတ်တာက နောက်ဆုံးတော့ ကောင်းတဲ့နည်းဗျူဟာတော့မဟုတ်ဘူး”

“ဒါဆို ကျွန်တော်တို့ဆေးတွေကိုလည်း ဈေးလျော့ဖို့လိုလား” နှုတ်ခမ်းမွှေးလူကြီးကပြောသည်။

“မလိုဘူး” နာလန်ဟီပြောလိုက်သည် “သူတို့ကြာကြာတောင့်မခံနိုင်ပါဘူး၊ သူတို့ဆေးတွေကုန်သွားမှ သူတိုဘယ်လို ဒုက္ခဖြစ်မလဲကြည့်ရတာပေါ့” “သခင်ကြီးဟီက ဆေးဖက်ဝင်ပစ္စည်းတွေများ ပိုက်ဆ့တွေသုံးလိုက်ရတဲ့အတွက် အခုတော့ ပိုက်ဆံမရှိသေးဘူး၊ အခုဈေးထပ်လျော့လိုက်ရင် နောက်ကျရင် ထိခိုက်တာတွေဖြစ်လာလိမ့်မယ်”

“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်”

နာလန်ဟီသည် လွတ်နေသော ဘယ်ဘက်လက်မောင်းအင်္ကျိအားကိုင်ပြီး သူ့မျက်နှာသည် ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေခဲ့သည်။ သက်သေပြစရာမရှိသော်လည်း သူပူလွောင်တောင်တန်းတွင်ကြုံခဲ့ရသော အခြေအနေသည် ရှီမာမျိုးနွယ်ကြောင့်ဆိုသည်မှာ မလွဲပေ။

“မျိုးနွယ် သခင်…ဘုရင်ကြီးရဲ့မွေးနေ့အတွက်လက်ဆောင်ကပြင်ပြီးသွားပါပြီ၊ တန်ဖိုးကြီးပစ္စည်းသိုလှောင်ခန်းကိုဒီနေ့ရောက်ပဲရောက်ပါတယ်”

ရှီမာမျိုးနွယ်ကိစ္စနှင့်ယှဉ်လျှင် မြို့တော်၏ဘုရင် မွေးနေ့သည် လက်တလောတွင် အရေးအကြီးဆုံးဖြစ်သည်။

“ရောက်ပြီလား..ဒါဆိုသွားကြည့်ရအောင်လေ..မင်းပြန်သွားတာနဲ့ အဲမှာဘာတွေဖြစ်သွားလဲဆိုတာ ဆက်စောင့်ကြည့်ထား” နာလန်ဟီသည် အောက်တွင်ထိုင်နေသော ဆိုင်ရှင်အားပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

“လူကြီးမင်းနှစ်ယောက် မွေးနေ့လက်ဆောင်ကိုသွားကြည့်ရအောင်…”

ရှီမာမျိုးနွယ်ဆိုင်တွင် ဈေးသက်သာသောဆေးများရောင်းချနေသည့် သတင်းသည် ကြေးစားများအကြားပျံ့နှံ့သွားပြီး အပြေးလာဝယ်ကြတော့သည်။ ထို့အပြင် ဈေးသက်သာသောကြောင့် ခါတိုင်းဝယ်နေကျထက်ပင် နှစ်ဆဝယ်ကြလေသည်။ ရက်အနည်းငယ်အတွင်းမှာပင် ထိုဆေးများသည် လျင်မြန်စွာရောင်းထွက်သွားကြသည်။

အားလုံးသည် ရှီမာမျိုးနွယ်မှ ဆေးများသွင်းကုန်မရခြင်းကို ထိုင်စောင့်နေကြချိန်တွင် သူတို့သည် ဆေးနောက်တစ်သုတ်ကို ထုတ်ကာ ဈေးနှုန်းမှာလည်း မူလအတိုင်းပင်ဖြစ်သည်။

ထိုရွေ့ကွက်သည် မြို့တော်ရှိလူများအား တုန်လှုပ်သွားစေသည်။ အဲဒါဘာအဓိပ္ပာယ်လဲ၊ ရှီမာမျိုးနွယ်မှာ အဂ္ဂိရတ်ဆရာရှိတယ်ဆိုတဲ့ သဘောလား၊ ပြီးတော့ အခုရောင်းနေတဲ့ဆေးတွေကိုကြည့်ဦး… အနည်းဆုံးတော့ ဆေးဖော်တဲ့သူက အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်ပဲ။

ထိုသတင်းသည် နာလန်ဟီအား တစ်ခဏတာမျှတုန်လှုပ်သွားစေသော်လည်း သူလက်မလျော့ပေ။ ရှီမာမျိုးနွယ်အား ဆေးဖက်ဝင်ပစ္စည်းများသွင်းနေသော ဆိုင်အားစုံစမ်းရန်နှင့် ထိုသွင်းကုန်များကို ဖြတ်တောက်ရန်လူလွှတ်လိုက်လေသည်။ သို့သော် ရရှိလာသောသတင်းမှာ ရှီမာမျိုးနွယ်သည် ဘယ်သူ့ဆီကမှ ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူခြင်းမရှိဟု…

“ဒါဆို သူတို့ဆေးတွေက မိုးပေါ်ကကျလာတာလား” ဒုတိယလူကြီးမင်းသည် အဖြေရှာမရဖြစ်နေသည် “သူတို့နောက်ကွယ်ကလူက ပါဝါကြီးနေတာလား”

နာလန်ဟီခေါင်းရမ်းသည် “အဂ္ဂိရတ်ပညာရှင်ကလွဲရင် အဲလောက်များတဲ့ ပမာဏကို ရှီမာမျိုးနွယ်ကိုဘယ်သူက ကူညီမှာလဲ၊ ဒါပေမယ့် ရှီမာလိုင်နဲ့ အဂ္ဂိရတ်ပညာရှင်အသင်းတို့ရဲ့ ဆက်ဆံရေးကိုလည်းငါတို့သိတာပဲ၊ သူတို့ကျရှုံးနေတဲ့အချိန်မှာ ကန်မထုတ်တာပဲကံကောင်း၊ အဲတော့ သူတို့ကိုကူညီတာက လုံးဝမဖြစ်နိုင်ဘူး”

“ဒါဆို ရှီမာမျိုးနွယ်မှာဘာတွေဖြစ်နေလဲဆိုတာ ဘယ်လိုရှင်းပြမလဲ”

နာလန်ဟီအေးစက်စွာရယ်မောလိုက်သည် “မြို့တော်စားပွဲကရောက်တော့မယ်၊ အဲအချိန်ကျရင် အဲဒီရေကြက်အိုကြီး ရှီမာလိုင်ပါးစပ်ကနေ အကုန်လုံးပြောထွက်အောင်လုပ်ရမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset